< ထွက်မြောက်ရာ 25 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အောက်​ပါ ပ​ညတ်​ချက်​များ​ကို​မိန့်​မြွက်​တော်​မူ​၏။-
Na ka korero a Ihowa ki a Mohi, ka mea,
2 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​အား လှူ​ဖွယ်​ပစ္စည်း​တို့​ကို​ဆက်​သ​ရ​မည်​ဟူ​၍ ပြော​ကြား​လော့။ သင်​သည်​အ​မျိုး​သား​တိုင်း ထံ​မှ​စေ​တ​နာ​အ​လျောက် ပေး​လှူ​သ​မျှ ပစ္စည်း​တို့​ကို​လက်​ခံ​ရ​မည်။-
Korero atu ki nga tama a Iharaira, kia maua mai e ratou he whakahere maku: me tango e koutou te whakahere maku i nga tangata katoa e hihiko noa mai ana o ratou ngakau.
3 သင်​လက်​ခံ​ရ​မည့်​လှူ​ဖွယ်​ပစ္စည်း​များ​သည် ကား ရွှေ၊ ငွေ၊ ကြေး​ဝါ၊-
Ko te whakahere ano tenei e tangohia e koutou i a ratou; he koura, he hiriwa, he parahi,
4 ပိတ်​ချော၊ သိုး​မွေး​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်၊ ဆိတ်​မွေး​အ​ထည်၊-
Me te kakahu puru, me te papaura, me te ngangana, me te rinena pai, me te huruhuru koati,
5 အ​နီ​ဆိုး​သော​သိုး​ထီး​သား​ရေ၊ သား​ရေ​ချော၊ အ​ကာ​ရှ​သစ်​သား၊-
Me nga hiako hipi kua oti te whakawhero, me nga hiako pateri, me etahi rakau, he hitimi;
6 မီး​ထွန်း​ရန်​ဆီ၊ ဘိ​သိက်​သွန်း​ရန်​ဆီ​နှင့်​မီး​ရှို့ ရာ​နံ့​သာ​ပေါင်း​အ​တွက်​အ​မွှေး​အ​ကြိုင်၊-
Te hinu mo te whakamarama, nga mea kakara mo te hinu whakawahi, mo te whakakakara reka hoki,
7 ယဇ်​ပု​ရော​ဟိတ်​မင်း​၏​သင်​တိုင်း နှင့်​ရင်​ဖုံး​တို့​တွင်​စီ​ချယ်​သည့်​မ​ဟူ​ရာ​ကျောက် နှင့် အ​ခြား​သော​ကျောက်​မျက်​ရ​တ​နာ​များ ဖြစ်​၏။-
Nga kohatu onika, me nga kohatu hei whakanoho ki te epora, ki te kouma.
8 ငါ​သည်​သူ​တို့​နှင့်​အ​တူ​နေ​နိုင်​ရန် ငါ့​အ​တွက် တဲ​တော်​ကို​တည်​ဆောက်​ရ​ကြ​မည်။-
A kia hanga e ratou he wahi tapu moku; kia noho ai ahau i waenganui i a ratou.
9 တဲ​တော်​နှင့်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​တို့​ကို ငါ​ပြ​မည့်​ပုံ​စံ​အ​တိုင်း​ပြု​လုပ်​ရ​မည်။
Kia rite a koutou e hanga ai ki nga mea katoa e whakakitea nei e ahau ki a koe, ki te tauira o te tapenakara, ki te tauira hoki o ona mea katoa.
10 ၁၀ ``အ​လျား​လေး​ဆယ့်​ငါး​လက်​မ၊ အ​နံ​နှစ်​ဆယ့် ခု​နစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​လက်​မ​ရှိ သော​သေတ္တာ​တစ်​လုံး​ကို​အ​ကာ​ရှ​သစ်​သား ဖြင့်​ပြု​လုပ်​လော့။-
Me hanga ano hoki e ratou he aaka, ki te hitimi te rakau: kia rua nga whatianga me te hawhe te roa, kia kotahi whatianga me te hawhe te whanui, a kia kotahi whatianga me te hawhe te teitei.
11 ၁၁ သေတ္တာ​အ​တွင်း​အ​ပြင်​ကို​ရွှေ​ချ​၍​အ​နား​ပတ် လည်​ကို​ရွှေ​ကွပ်​ထား​ရ​မည်။-
A me whakakikorua e koe ki te koura parakore; me whakakikorua e koe taua mea, a roto, a waho, me hanga ano hoki e koe he niao koura a tawhio noa.
12 ၁၂ သေတ္တာ​ကို​သယ်​ဆောင်​ရန်​ရွှေ​ကွင်း​လေး​ကွင်း​ကို သွန်း​လုပ်​၍၊ ခြေ​လေး​ထောင့်​တွင်​တစ်​ဘက်​လျှင် နှစ်​ကွင်း​စီ​တပ်​ထား​ရ​မည်။-
Kia wha ano nga mowhiti koura e whakarewaia mo taua aaka, ka whakanoho ai ki nga poti e wha; kia rua mowhiti ki tetahi taha ona, kia rua mowhiti ki tetahi taha ona.
13 ၁၃ အ​ကာ​ရှ​သစ်​သား​ဖြင့်​ထမ်း​ပိုး​များ​ပြု​လုပ်​၍ ရွှေ​ချ​ထား​ရ​မည်။-
Me hanga ano e koe etahi rakau amo, ki te hitimi te rakau, ka whakakikorua hoki ki te koura;
14 ၁၄ သေတ္တာ​ကို​သယ်​ဆောင်​ရန်​ထမ်း​ပိုး​များ​ကို​သေတ္တာ တစ်​ဘက်​တစ်​ချက်​ရှိ​ကွင်း​များ​တွင်​လျှို​ထား ရ​မည်။-
Ka kuhu ai i nga rakau amo ki roto ki nga mowhiti i nga taha o te aaka, kia ai aua mea hei maunga mo te aaka.
15 ၁၅ ထမ်း​ပိုး​များ​ကို​ကွင်း​များ​မှ​မ​ထုတ်​ရ။ အ​မြဲ​လျှို​သွင်း​ထား​ရ​မည်။-
Hei nga mowhiti o te aaka nga amo mau ai; kaua e unuhia ki waho.
16 ၁၆ ပ​ညတ်​တော်​များ​ကို​အက္ခ​ရာ​တင်​ထား​သည့် ကျောက်​ပြား​နှစ်​ပြား​ကို​ငါ​ပေး​မည်။ ထို​ကျောက် ပြား​များ​ကို​သေတ္တာ​ထဲ​၌​ထည့်​ထား​ရ​မည်။
A me hoatu e koe ki roto ki te aaka te whakaaturanga e hoatu e ahau ki a koe.
17 ၁၇ ``အ​လျား​လေး​ဆယ့်​ငါး​လက်​မ​နှင့် အ​နံ​နှစ်​ဆယ့် ခု​နစ်​လက်​မ​ရှိ​သော​သေတ္တာ​အ​ဖုံး​ကို​ရွှေ​စင်​ဖြင့် ပြု​လုပ်​ရ​မည်။-
Me hanga ano e koe te taupoki ki te koura parakore: kia rua nga whatianga me te hawhe tona roa, kia kotahi hoki whatianga me te hawhe tona whanui.
18 ၁၈ အ​ဖုံး​အ​စွန်း​တစ်​ဘက်​စီ​တွင်​ရွှေ​ခေ​ရု​ဗိမ် နှစ်​ပါး​ကို​ရွှေ​စင်​ဖြင့်​ထု​လုပ်​ရ​မည်။ ထို​ခေ​ရု ဗိမ်​ရုပ်​တု​များ​သည် အ​ဖုံး​နှင့်​တစ်​သား​တည်း ရှိ​စေ​ရ​မည်။-
Me hanga ano etahi kerupima, kia rua, he mea patu te koura e hanga ai aua mea a puta noa, mo nga pito e rua o te taupoki.
19 ၁၉
Me hanga hoki tetahi kerupi ki tetahi pito, me tetahi kerupi ki tetahi pito: me hono nga kerupima ki te taupoki, ki ona pito e rua.
20 ၂၀ ခေ​ရု​ဗိမ်​များ​၏​ဖြန့်​ထား​သော​အ​တောင်​များ သည် သေတ္တာ​အ​ဖုံး​ကို​ဖြန့်​မိုး​ထား​စေ​ရ​မည်။ သူ​တို့​သည်​မျက်​နှာ​ချင်း​ဆိုင်​၍​သေတ္တာ​ဖုံး​ကို ကြည့်​နေ​စေ​ရ​မည်။-
A ka roha whakarunga nga parirau o nga kerupima, me te uhi ano i te taupoki ki o raua parirau, ka anga ano o raua mata ki a raua; ka anga ki te taupoki nga mata o nga kerupima.
21 ၂၁ သေတ္တာ​ထဲ​တွင်​ကျောက်​ပြား​နှစ်​ပြား​ကို​ထည့်​၍ သေတ္တာ​ဖုံး​ဖြင့်​ဖုံး​အုပ်​ထား​ရ​မည်။-
A me whakanoho e koe te taupoki ki runga ki te aaka; me hoatu ano ki roto ki te aaka te whakaaturanga e hoatu e ahau ki a koe.
22 ၂၂ ထို​နေ​ရာ​၌​ငါ​သည်​သင်​တို့​နှင့်​တွေ့​ဆုံ​မည်။ ငါ သည်​ခေ​ရု​ဗိမ်​နှစ်​ပါး​အ​ကြား​အ​ဖုံး​ပေါ်​မှ​နေ တော်​မူ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရန်​ရှိ​သ​မျှ​ကို​သင့်​အား​ငါ​မြွက် ဆို​မည်။
A ka tutaki ahau ki a koe ki reira, ka korerotia ano ki a koe i runga i te taupoki i waenganui i nga kerupima e rua, i era i runga i te aaka o te whakaaturanga, nga mea katoa e whakahau ai ahau ki a koe mo nga tama a Iharaira.
23 ၂၃ ``အ​လျား​သုံး​ဆယ့်​ခြောက်​လက်​မ၊ အ​နံ တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ် လက်​မ​ရှိ​သော​စား​ပွဲ​တစ်​လုံး​ကို​အကာ​ရှ သစ်​သား​ဖြင့်​ပြု​လုပ်​လော့။-
Me hanga ano e koe tetahi tepu, ki te hitimi te rakau: kia rua nga whatianga te roa, kia kotahi whatianga te whanui, kia kotahi whatianga me te hawhe te teitei.
24 ၂၄ စား​ပွဲ​ကို​ရွှေ​ချ​၍​အ​နား​ကို​ရွှေ​ကွပ်​ထား​ရ​မည်။-
Me whakakikorua taua mea ki te koura parakore, ka hanga ai i tetahi niao koura mona a tawhio noa.
25 ၂၅ စား​ပွဲ​ပတ်​လည်​တွင်​သုံး​လက်​မ​ဗြက်​ရှိ​သော ဘောင်​တပ်​၍​အ​နား​ကို​ရွှေ​ကွပ်​ရ​မည်။-
Me hanga ano he awhi mo taua mea, hei te whanui ringa a tawhio noa; me hanga ano he niao koura mo tona awhi a tawhio noa.
26 ၂၆ စား​ပွဲ​ခြေ​လေး​ထောင့်​တွင်​စား​ပွဲ​ကို​သယ်​ယူ ရန် ရွှေ​ကွင်း​လေး​ကွင်း​တပ်​ထား​ရ​မည်။-
Me hanga ano etahi mowhiti koura, kia wha, mo taua mea, ka whakanoho ai i nga mowhiti ki nga poti e wha i ona waewae e wha.
27 ၂၇ ထမ်း​ပိုး​လျှို​ရန်​ကွင်း​များ​ကို​ဘောင်​အ​နီး​၌ ကပ်​၍​တပ်​ဆင်​ရ​မည်။-
Hei te taha tonu ake o te awhi nga mowhiti, hei kuhunga atu mo nga amo hei maunga mo te tepu.
28 ၂၈ ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု လုပ်​၍​ရွှေ​ချ​ထား​ရ​မည်။-
He hitimi te rakau e hanga ai e koe nga amo; me whakakikorua ano ki te koura; a ka ai aua mea hei maunga mo te tepu.
29 ၂၉ စား​ပွဲ​နှင့်​ဆိုင်​သော​လင်​ပန်း၊ ခွက်၊ ခ​ရား​နှင့်​စ​ပျစ် ရည်​ဖ​လား​များ​ကို​ရွှေ​ဖြင့်​ပြုလုပ်​ရ​မည်။-
Me hanga ano ona rihi, ona koko, ona kapu, me nga peihana mo nga ringihanga: me hanga ki te koura parakore.
30 ၃၀ ပ​ဋိ​ညာဉ်​သေတ္တာ​၏​အ​ရှေ့​တွင်​စား​ပွဲ​ကို​ထား ရ​မည်။ ထို​စား​ပွဲ​ပေါ်​မှာ​ရှေ့​တော်​တင်​မုန့်​အမြဲ ရှိ​စေ​ရ​မည်။
Me whakatakoto tonu te taro aroaro ki te tepu, ki toku aroaro.
31 ၃၁ ``ဆီ​မီး​ခုံ​ကို​ရွှေ​ဖြင့်​ပြု​လုပ်​လော့။ ဆီ​မီး​ခုံ တိုင်​နှင့်​အောက်​ခံ​ခုံ​တို့​ကို​ရွှေ​ဖြင့်​ထု​လုပ်​လော့။ ဆီ​မီး​ခုံ​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​အ​စ​ရှိ​သော အ​လှ​ပန်း​များ​သည် ဆီ​မီး​ခုံ​တိုင်​နှင့်​တစ်​သား တည်း​ရှိ​စေ​ရ​မည်။-
Me hanga ano te turanga rama ki te koura parakore: me patu te mahina o te turanga rama tae noa ki tona take, ki ona peka; ko ona kapu, ko ona puku, me ona puawai he kotahi me ia.
32 ၃၂ ဆီ​မီး​ခုံ​တိုင်​တစ်​ဘက်​တစ်​ချက်​မှ​အ​လက် သုံး​လက်​စီ၊ ပေါင်း​ခြောက်​လက်​ဖြာ​ထွက်​စေ ရ​မည်။-
A kia ono nga peka e puta ake i ona taha; e toru nga peka o te turanga rama i tetahi taha, e toru hoki nga peka o te turanga rama i tetahi taha:
33 ၃၃ အ​လက်​ခြောက်​လက်​မှ​တစ်​လက်​စီ​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​ပါ​ရှိ​သော​ဗာ​ဒံ​ပွင့်​ပုံ​အ​လှ​ပန်း​သုံး ပွင့်​ရှိ​စေ​ရ​မည်။-
Kia toru nga kapu, he mea rite ki te puawai aramona, te puku, me te puawai, ki te peka kotahi; me nga kapu e toru, he mea rite ki te puawai aramona ki tetahi atu peka, te puku, me te puawai: me pera tonu i nga peka e ono e puta ake ana i te tura nga rama.
34 ၃၄ ဆီ​မီး​ခုံ​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​များ​ပါ​ရှိ သော​ဗာ​ဒံ​ပွင့်​ပုံ​ပန်း​လေး​ပွင့်​ရှိ​စေ​ရ​မည်။-
Kia wha ia nga kapu o te turanga rama, kia rite ki te puawai aramona, te puku, me te puawai, o tetahi, o tetahi.
35 ၃၅ အ​လက်​သုံး​စုံ​တွင်​တစ်​စုံ​စီ​ကြား​၌​ပွင့်​ဖူး တစ်​ဖူး​ရှိ​စေ​ရ​မည်။-
A e rua ona peka, kia kotahi puku o raro ake, he mea kotahi; e rua ona peka, kia kotahi puku o raro ake, he mea kotahi; e rua ona peka, kia kotahi puku o raro ake, he mea kotahi ano, o nga peka e ono e puta mai ana i te turanga rama.
36 ၃၆ ပွင့်​ဖူး​အ​လက်​နှင့်​ဆီ​မီး​ခုံ​တိုင်​တို့​ကို​ရွှေ ဖြင့်​တစ်​သား​တည်း​ထု​လုပ်​ရ​မည်။-
No te mea kotahi nga puku, nga peka: ko taua mea katoa, he mea patu, kotahi tonu, he korua parakore.
37 ၃၇ ဆီ​မီး​ခုံ​အ​တွက်​မီး​ခွက်​ခု​နစ်​လုံး​ကို​ပြု​လုပ် လော့။ ထို​မီး​ခွက်​များ​မှ​ရှေ့​သို့​အ​လင်း​ရောင် ထွက်​လာ​စေ​ရန်​စီ​မံ​လော့။-
Me hanga ona rama e whitu: a me tahu ona rama, hei whakamarama i tona hangaitanga atu.
38 ၃၈ မီးညှပ်​နှင့်​မီး​ခံ​ခွက်​တို့​ကို​လည်း​ရွှေ​ဖြင့်​ပြု​လုပ် ရ​မည်။-
Me koura parakore ano ona kuku me ona oko ngarahu.
39 ၃၉ ဆီ​မီး​တိုင်​နှင့်​ကိ​ရိ​ယာ​တန်​ဆာ​ရှိ​သ​မျှ​တို့ ကို​ရွှေ​ခု​နစ်​ဆယ့်​ငါး​ပေါင်​အ​ချိန်​ဖြင့်​ပြု လုပ်​ရ​မည်။-
Kia kotahi taranata koura parakore e hanga ai taua mea, me ena oko katoa.
40 ၄၀ တောင်​ပေါ်​တွင်​သင့်​အား​ငါ​ပြ​သော​ပုံ​စံ​နှင့် အ​ညီ​ပြု​လုပ်​ရန်​သ​တိ​ပြု​လော့။
Kia tupato ano kia hanga aua mea kia rite ki te tauira i whakakitea ki a koe i te maunga.

< ထွက်မြောက်ရာ 25 >