< ထွက်မြောက်ရာ 22 >

1 ``လူ​တစ်​ဦး​သည်​နွား၊ သို့​မ​ဟုတ်​သိုး​တစ် ကောင်​ကို​ခိုး​၍​သတ်​သည်​ဖြစ်​စေ၊ ရောင်း​သည် ဖြစ်​စေ​နွား​တစ်​ကောင်​အ​တွက်​နွား​ငါး​ကောင်၊ သိုး​တစ်​ကောင်​အ​တွက်​သိုး​လေး​ကောင်​ကို အ​စား​လျော်​ရ​မည်။-
And if one steal an ox or a sheep, and kill it or sell it, he shall pay five calves for a calf, and four sheep for a sheep.
2 သူ​သည်​ခိုး​သည့်​တိ​ရစ္ဆာန်​အ​တွက်​လျော်​ရ မည်။ သူ​၌​လျော်​စ​ရာ​မ​ရှိ​လျှင်​မိ​မိ​ကိုယ်​ကို ရောင်း​၍​လျော်​ကြေး​ပေး​ရ​မည်။ ခိုး​ရာ​ပါ​သိုး၊ နွား၊ မြည်း​ကို​သူ့​ထံ​၌​အ​ရှင်​တွေ့​ရ​လျှင်​သူ သည်​နှစ်​ဆ​ပြန်​လျော်​ရ​မည်။ ``အိမ်​ကို​ည​အ​ချိန်​ဖောက်​ထွင်း​နေ​သော​သူ​ခိုး ကို​သတ်​သော​သူ​သည် လူ​သတ်​မှု​ကို​ကူး​လွန် ရာ​မ​ရောက်​ချေ။ သို့​ရာ​တွင်​နေ့​အ​ချိန်​၌​ဖောက် ထွင်း​မှု​ကြောင့်​သူ​ခိုး​ကို​သတ်​လျှင် သတ်​သော သူ​သည်​လူ​သတ်​မှု​ကို​ကူး​လွန်​၏။
And if the thief be found in the breach [made by himself] and be struck and die, there shall not be blood shed for him.
3
But if the sun be risen upon him, he is guilty, he shall die instead; and if a thief have nothing, let him be sold in compensation for what he has stolen.
4
And if the thing stolen be left and be in his hand alive, whether ox or sheep, he shall restore them two-fold.
5 ``လူ​တစ်​ဦး​သည်​မိ​မိ​၏​တိ​ရစ္ဆာန်​များ​ကို လယ် သို့​မ​ဟုတ်​စ​ပျစ်​ဥ​ယျာဉ်​ထဲ​တွင်​ထိန်း​ကျောင်း နေ​စဉ် သူ​တစ်​ပါး​၏​လယ်​ထဲ​သို့​ကူး​ကျော် ကျက်​စား​စေ​လျှင်၊ မိ​မိ​၏​လယ်​သို့​မ​ဟုတ် စ​ပျစ်​ဥ​ယျာဉ်​မှ​ထွက်​သော​အ​ကောင်း​ဆုံး အ​သီး​အ​နှံ​ဖြင့်​အ​စား​လျော်​စေ​ရ​မည်။
And if any one should feed down a field or a vineyard, and should send in his beast to feed down another field, he shall make compensation of his own field according to his produce; and if he shall have fed down the whole field, he shall pay for compensation the best of his own field and the best of his vineyard.
6 ``လူ​တစ်​ဦး​မိ​မိ​၏​လယ်​ကို​မီး​ရှို့​သည့်​အ​ခါ ပေါင်း​ပင်​များ​ကို​မီး​စွဲ​လောင်​၍၊ သူ​တစ်​ပါး လယ်​ထဲ​ရှိ​ကောက်​လှိုင်း​ပုံ​များ​နှင့်​စ​ပါး​ပင် တို့​ကို​မီး​ကူး​စက်​လျှင် မီး​ရှို့​သူ​သည်​ပျက်​စီး ဆုံး​ရှုံး​သူ​အ​တွက်​လျော်​စေ​ရ​မည်။-
And if fire have gone forth and caught thorns, and should also set on fire threshing-floors or ears of corn or a field, he that kindled the fire shall make compensation.
7 လူ​တစ်​ဦး​က​အ​ခြား​လူ​တစ်​ဦး​ထံ​၌၊ ငွေ သို့​မ​ဟုတ်​အ​ဖိုး​တန်​ပစ္စည်း​များ​ကို​အပ်​နှံ ထား​သော​အ​ခါ၊ ထို​ပစ္စည်း​များ​ခိုး​ယူ​ခြင်း ခံ​ရ​သော်​ခိုး​သူ​ကို​မိ​လျှင် ခိုး​သူ​က​နှစ်​ဆ ပြန်​လျော်​စေ​ရ​မည်။-
And if any one give to his neighbour money or goods to keep, and they be stolen out of the man's house, if the thief be found he shall repay double.
8 ခိုး​သူ​ကို​မ​မိ​လျှင်​မူ​ကား၊ ပစ္စည်း​အပ်​နှံ​ခြင်း ခံ​ရ​သူ​သည် ကိုယ်​တိုင်​ပစ္စည်း​ကို​ခိုး​သည်၊ မ​ခိုး သည်​သိ​နိုင်​ရန်​သူ့​ကို​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​သို့​ခေါ်​ဆောင်​၍​ကျိန်​ဆို​စေ​ရ​မည်။
But if the thief be not found, the master of the house shall come forward before God, and shall swear that surely he has not wrought wickedly in regard of any part of his neighbour's deposit,
9 ``သိုး၊ နွား၊ မြည်း၊ အ​ဝတ်​အ​စ​ရှိ​သော​ပျောက် ဆုံး​သည့်​ပစ္စည်း​ကို​ပိုင်​ဆိုင်​မှု​နှင့်​ပတ်​သက်​၍ လူ​နှစ်​ဦး​အ​ငြင်း​ပွား​ခဲ့​သည်​ရှိ​သော်၊ ထို​သူ နှစ်​ဦး​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ အ​စစ်​ခံ​၍၊ တ​ရား​ရှုံး​သူ​က​နှစ်​ဆ​လျော် ရ​မည်။
according to every injury alleged, both concerning a calf, and an ass, and a sheep, and a garment, and every alleged loss, whatever in fact it may be, —the judgement of both shall proceed before God, and he that is convicted by God shall repay to his neighbour double.
10 ၁၀ ``လူ​တစ်​ဦး​က သိုး၊ နွား၊ မြည်း​အ​စ​ရှိ​သော တိ​ရစ္ဆာန်​တစ်​ကောင်​ကို​တစ်​စုံ​တစ်​ယောက်​သော သူ​ထံ​၌​အပ်​နှံ​ထား​သော​အ​ခါ၊ ထို​တိ​ရစ္ဆာန် သေ​လျှင်​ဖြစ်​စေ၊ ထိ​ခိုက်​ဒဏ်​ရာ​ရ​လျှင်​ဖြစ် စေ၊ လု​ယူ​သွား​ခြင်း​ခံ​ရ​လျှင်​ဖြစ်​စေ သက်​သေ​မ​ရှိ​ခဲ့​သော်၊-
And if any one give to his neighbour to keep a calf or sheep or any beast, and it be wounded or die or be taken, and no one know,
11 ၁၁ အပ်​နှံ​ခြင်း​ခံ​ရ​သူ​သည်​မိ​မိ​မ​ခိုး​ကြောင်း ဘု​ရား​သ​ခင်​ရှေ့​တော်​တွင်​ကျိန်​ဆို​ရ​မည်။ ကျိန်​ဆို​သည့်​အ​တိုင်း​ပိုင်​ရှင်​လက်​ခံ​ရ​မည်။ အပ်​နှံ​ခြင်း​ခံ​ရ​သူ​သည်​မ​ခိုး​ခဲ့​လျှင် ပြန်​လျော်​ရန်​မ​လို။-
an oath of God shall be between both, [each swearing] that he has surely not at all been guilty in the matter of his neighbour's deposit; and so his master shall hold him guiltless, and he shall not make compensation.
12 ၁၂ အ​ကယ်​၍​ခိုး​ခဲ့​သော်​ပြန်​လျော်​ရ​မည်။
And if it be stolen from him, he shall make compensation to the owner.
13 ၁၃ သား​ရဲ​ကိုက်​သတ်​ခံ​ရ​သည်​ဟု​ဆို​လျှင်​အ​သေ ကောင်​ကို​သက်​သေ​အ​ဖြစ်​ပြ​နိုင်​ရ​မည်။ သား ရဲ​ကိုက်​သတ်​သည်​မှန်​လျှင်​မ​လျော်​စေ​ရ။
And if it be seized of beasts, he shall bring him to [witness] the prey, and he shall not make compensation.
14 ၁၄ ``လူ​တစ်​ဦး​သည်​အ​ခြား​တစ်​ဦး​ထံ​မှ တိ​ရစ္ဆာန်​တစ်​ကောင်​ကို​ငှား​၍၊ ပိုင်​ရှင်​၏​မျက် ကွယ်​တွင် ထို​တိ​ရစ္ဆာန်​သည်​ထိ​ခိုက်​ဒဏ်​ရာ​ရ လျှင်​ဖြစ်​စေ၊ သေ​လျှင်​ဖြစ်​စေ​ငှား​သူ​က လျော်​ရ​မည်။-
And if any one borrow [ought] of his neighbour, and it be wounded or die or be carried away, and the owner of it be not with it, he shall make compensation.
15 ၁၅ သို့​ရာ​တွင်​ပိုင်​ရှင်​ရှေ့​၌​ဒဏ်​ရာ​ရ​သေ​ဆုံး​ခဲ့ သော်​ငှား​သူ​က​မ​လျော်​ရ။ အ​ကယ်​၍​တိ​ရစ္ဆာန် ကို​အ​ခ​နှင့်​ငှား​လျှင်၊ ဒဏ်​ရာ​ရ​သေ​ဆုံး​မှု အ​တွက်​ပိုင်​ရှင်​အား​လျော်​ရန်​မ​လို။ ငှား​ခ ကို​သာ​ပေး​စေ​ရ​မည်။
But if the owner be with it, he shall not make compensation: but if it be a hired thing, there shall be [a compensation] to him instead of his hire.
16 ၁၆ ``လူ​တစ်​ဦး​သည်​စေ့​စပ်​ကြောင်း​လမ်း​၍​မ​ထား သော​မိန်း​မ​ပျို​တစ်​ယောက်​ကို​သွေး​ဆောင်​ပေါင်း သင်း​ခဲ့​လျှင်၊ သူ​သည်​မင်္ဂ​လာ​လက်​ဖွဲ့​ကြေး​ပေး ၍​ထို​မိန်း​မ​ကို​လက်​ထပ်​ယူ​ရ​မည်။-
And if any one deceive a virgin that is not betrothed, and lie with her, he shall surely endow her for a wife to himself.
17 ၁၇ အ​ကယ်​၍​မိန်း​မ​ပျို​၏​ဖ​ခင်​က​ထို​သူ​နှင့် သ​ဘော​မ​တူ​လျှင်၊ သူ​သည်​မိန်း​မ​ပျို​တစ်​ဦး အ​တွက်​တင်​တောင်း​ရ​သော​မင်္ဂလာ​လက်​ဖွဲ့​ကြေး ကို​ဖ​ခင်​အား​ပေး​လျော်​ရ​မည်။
And if her father positively refuse, and will not consent to give her to him for a wife, he shall pay compensation to her father according to the amount of the dowry of virgins.
18 ၁၈ ``စုံး​မ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။
You shall not save the lives of sorcerers.
19 ၁၉ ``တိ​ရစ္ဆာန်​နှင့်​ကာ​မ​စပ်​ယှက်​သူ​ကို​သေ​ဒဏ်​စီ ရင်​ရ​မည်။
Every one that lies with a beast you shall surely put to death.
20 ၂၀ ``ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး​အ​ခြား​သော ဘု​ရား​ကို​ယဇ်​ပူ​ဇော်​သူ​အား​သေ​ဒဏ်​စီ​ရင် ရ​မည်။
He that sacrifices to any gods but to the Lord alone, shall be destroyed by death.
21 ၂၁ ``သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ဧည့်​သည်​အ​ဖြစ် နေ​ထိုင်​ခဲ့​ဖူး​ကြောင်း သ​တိ​ရ​လျက်​အ​ခြား အ​မျိုး​သား​များ​ကို​မ​နှိပ်​စက်​မ​ညှင်း​ဆဲ​ရ။-
And you shall not hurt a stranger, nor afflict him; for you were strangers in the land of Egypt.
22 ၂၂ မု​ဆိုး​မ​နှင့်​မိ​ဘ​မဲ့​က​လေး​ကို​မ​နှိပ်​စက် ရ။-
You shall hurt no widow or orphan.
23 ၂၃ သင်​တို့​သည်​ထို​သူ​တို့​ကို​နှိပ်​စက်​သ​ဖြင့်၊ သူ​တို့​က​ငါ့​ထံ​အ​သ​နား​ခံ​လျှင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည်​နား​ညောင်း​မည်။
And if you should afflict them by ill-treatment, and they should cry aloud to me, I will surely hear their voice.
24 ၂၄ ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​ကို​စစ်​ပွဲ တွင်​ကျ​ဆုံး​စေ​မည်။ ထို​အ​ခါ​သင်​တို့​၏​မ​ယား တို့​သည်​မု​ဆိုး​မ​ဖြစ်​၍​သင်​တို့​၏​သား​သ​မီး များ​သည်​ဘ​သက်​ဆိုး​ဖြစ်​ကြ​လိမ့်​မည်။
And I will be very angry, and will kill you with the sword, and your wives shall be widows and your children orphans.
25 ၂၅ ``သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ထဲ​မှ​ဆင်း​ရဲ သော​သူ​တို့​အား ငွေ​ချေး​လျှင်၊ ငွေ​ချေး​စား​သူ ကဲ့​သို့​အ​တိုး​မ​ယူ​ရ။-
And if you should lend money to your poor brother who is by you, you shall not be hard upon him you shall not exact usury of him.
26 ၂၆ သင်​သည်​တစ်​စုံ​တစ်​ယောက်​ထံ​မှ​ခြုံ​ထည် ကို​အ​ပေါင်​ပစ္စည်း​အ​ဖြစ်​လက်​ခံ​ထား​လျှင်၊ နေ​မ​ဝင်​မီ​သူ့​အား​ပြန်​ပေး​ရ​မည်။-
And if you take your neighbour's garment for a pledge, you shall restore it to him before sunset.
27 ၂၇ သူ​၏​ကိုယ်​ကို​ခြုံ​စ​ရာ​ဟူ​၍​ထို​ခြုံ​ထည်​တစ်​ခု တည်း​သာ​ရှိ​သည်​ဖြစ်​သော​ကြောင့်​သူ​သည်​ခြုံ စ​ရာ​မ​ရှိ​လျှင်​အ​ဘယ်​သို့​အိပ်​နိုင်​မည်​နည်း။ ငါ​သည်​သ​နား​ကြင်​နာ​သော​အ​ရှင်​ဖြစ်​၍ သူ​သည်​ငါ့​အား​လျှောက်​ထား​သော​အ​ခါ ငါ​နား​ညောင်း​မည်။
For this is his clothing, this is the only covering of his nakedness; wherein shall he sleep? If then he shall cry to me, I will listen to him, for I am merciful.
28 ၂၈ ``သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြော ဆို​ခြင်း​မ​ပြု​ရ။ သင်​တို့​၏​လူ​မျိုး​ခေါင်း​ဆောင် ကို​မ​ကျိန်​ဆဲ​ရ။
You shall not revile the gods, nor speak ill of the ruler of your people.
29 ၂၉ ``သင်​တို့​၏​အ​ဦး​ဆုံး​ရိတ်​သိမ်း​သော​အ​သီး အ​နှံ၊ အ​ဦး​ဆုံး​ညှစ်​သော​စ​ပျစ်​ရည်​ကို​ငါ့ အား​ဆက်​ကပ်​ရ​မည်။ ``သင်​တို့​၏​သား​ဦး​များ​ကို​ငါ့​အား​ဆက်​ကပ် ရ​မည်။-
You shall not keep back the first fruits of your threshing floor and press. The firstborn of your sons you shall give to me.
30 ၃၀ သင်​တို့​၏​သိုး၊ နွား​တို့​မှ​သား​ဦး​ပေါက်​များ​ကို လည်း​ငါ့​အား​ဆက်​ကပ်​ရ​မည်။ သိုး​နွား​သား​ဦး ပေါက်​များ​သည်​သူ​တို့​၏​မိ​ခင်​နှင့်​အ​တူ​ခု​နစ် ရက်​နေ​စေ​၍ အ​ဋ္ဌ​မ​နေ့​တွင်​ထို​သိုး​နွား​များ ကို​ငါ့​အား​ဆက်​ကပ်​ရ​မည်။
So shall you do with your calf and your sheep and your ass; seven days shall it be under the mother, and the eighth day you shall give it to me.
31 ၃၁ ``သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော​ကြောင့် သား​ရဲ​များ​ကိုက်​သတ်​သော​တိ​ရစ္ဆာန်​၏​အ​သား ကို​မ​စား​ရ။ ထို​အ​သား​ကို​ခွေး​တို့​အား​ကျွေး လော့။
And you shall be holy men to me; and you shall not eat flesh taken of beasts, you shall cast it to the dog.

< ထွက်မြောက်ရာ 22 >