< ထွက်မြောက်ရာ 22 >
1 ၁ ``လူတစ်ဦးသည်နွား၊ သို့မဟုတ်သိုးတစ် ကောင်ကိုခိုး၍သတ်သည်ဖြစ်စေ၊ ရောင်းသည် ဖြစ်စေနွားတစ်ကောင်အတွက်နွားငါးကောင်၊ သိုးတစ်ကောင်အတွက်သိုးလေးကောင်ကို အစားလျော်ရမည်။-
Ако някой открадне вол или овца та го заколи или го продаде, то да плати пет вола за вола и четири овци за овцата.
2 ၂ သူသည်ခိုးသည့်တိရစ္ဆာန်အတွက်လျော်ရ မည်။ သူ၌လျော်စရာမရှိလျှင်မိမိကိုယ်ကို ရောင်း၍လျော်ကြေးပေးရမည်။ ခိုးရာပါသိုး၊ နွား၊ မြည်းကိုသူ့ထံ၌အရှင်တွေ့ရလျှင်သူ သည်နှစ်ဆပြန်လျော်ရမည်။ ``အိမ်ကိုညအချိန်ဖောက်ထွင်းနေသောသူခိုး ကိုသတ်သောသူသည် လူသတ်မှုကိုကူးလွန် ရာမရောက်ချေ။ သို့ရာတွင်နေ့အချိန်၌ဖောက် ထွင်းမှုကြောင့်သူခိုးကိုသတ်လျှင် သတ်သော သူသည်လူသတ်မှုကိုကူးလွန်၏။
(Ако се завари крадецът когато подкопава, и го ударят та умре, няма да се пролее кръв за него.
Но ако слънцето е било изгряло над него, тогава ще се пролее кръв за него). Крадецът трябва непременно да плати; но ако няма с какво, то да се продаде той за откраднатото.
И ако откраднатото, било вол, осел, или овца, се намери живо в ръката му, ще плати двойно.
5 ၅ ``လူတစ်ဦးသည်မိမိ၏တိရစ္ဆာန်များကို လယ် သို့မဟုတ်စပျစ်ဥယျာဉ်ထဲတွင်ထိန်းကျောင်း နေစဉ် သူတစ်ပါး၏လယ်ထဲသို့ကူးကျော် ကျက်စားစေလျှင်၊ မိမိ၏လယ်သို့မဟုတ် စပျစ်ဥယျာဉ်မှထွက်သောအကောင်းဆုံး အသီးအနှံဖြင့်အစားလျော်စေရမည်။
Ако някой направи да се изяде нива или лозе, като развърже животното си и то се напасе в чужда нива, ще плати от най доброто произведение на нивата си и от най-добрия плод на лозето си.
6 ၆ ``လူတစ်ဦးမိမိ၏လယ်ကိုမီးရှို့သည့်အခါ ပေါင်းပင်များကိုမီးစွဲလောင်၍၊ သူတစ်ပါး လယ်ထဲရှိကောက်လှိုင်းပုံများနှင့်စပါးပင် တို့ကိုမီးကူးစက်လျှင် မီးရှို့သူသည်ပျက်စီး ဆုံးရှုံးသူအတွက်လျော်စေရမည်။-
Ако избухне огън и запали тръни, така че изгорят копни или непожънати класове, или ниви, то който е запалил огъня непременно ще плати.
7 ၇ လူတစ်ဦးကအခြားလူတစ်ဦးထံ၌၊ ငွေ သို့မဟုတ်အဖိုးတန်ပစ္စည်းများကိုအပ်နှံ ထားသောအခါ၊ ထိုပစ္စည်းများခိုးယူခြင်း ခံရသော်ခိုးသူကိုမိလျှင် ခိုးသူကနှစ်ဆ ပြန်လျော်စေရမည်။-
Ако някой даде на ближния си пари или някакви вещи да ги пази, и те бъдат откраднати от къщата на човека, то, ако се намери крадецът той ще плати двойно,
8 ၈ ခိုးသူကိုမမိလျှင်မူကား၊ ပစ္စည်းအပ်နှံခြင်း ခံရသူသည် ကိုယ်တိုင်ပစ္စည်းကိုခိုးသည်၊ မခိုး သည်သိနိုင်ရန်သူ့ကိုထာဝရဘုရား၏ရှေ့ တော်သို့ခေါ်ဆောင်၍ကျိန်ဆိုစေရမည်။
Но ако не се намери крадецът, тогава стопънинът на къщата ще се заведе пред съдиите, за да се издири дали е турил ръка върху имота на ближния си.
9 ၉ ``သိုး၊ နွား၊ မြည်း၊ အဝတ်အစရှိသောပျောက် ဆုံးသည့်ပစ္စည်းကိုပိုင်ဆိုင်မှုနှင့်ပတ်သက်၍ လူနှစ်ဦးအငြင်းပွားခဲ့သည်ရှိသော်၊ ထိုသူ နှစ်ဦးတို့အားထာဝရဘုရားရှေ့တော်၌ အစစ်ခံ၍၊ တရားရှုံးသူကနှစ်ဆလျော် ရမည်။
За всякакъв вид престъпление, - относно вол, осел, овца, дреха, или какво да било загубено нещо, за което би казал някой, че е негово, - делото между двамата ще дойде пред съдиите: и когото осъдят съдиите, той ще плати двойно на ближния си.
10 ၁၀ ``လူတစ်ဦးက သိုး၊ နွား၊ မြည်းအစရှိသော တိရစ္ဆာန်တစ်ကောင်ကိုတစ်စုံတစ်ယောက်သော သူထံ၌အပ်နှံထားသောအခါ၊ ထိုတိရစ္ဆာန် သေလျှင်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရလျှင်ဖြစ် စေ၊ လုယူသွားခြင်းခံရလျှင်ဖြစ်စေ သက်သေမရှိခဲ့သော်၊-
Ако някой даде на ближния си осел, или вол, или овца, или какво да било животно да го пази, и то умре, или се нарани, или бъде откарано, без да види някой,
11 ၁၁ အပ်နှံခြင်းခံရသူသည်မိမိမခိုးကြောင်း ဘုရားသခင်ရှေ့တော်တွင်ကျိန်ဆိုရမည်။ ကျိန်ဆိုသည့်အတိုင်းပိုင်ရှင်လက်ခံရမည်။ အပ်နှံခြင်းခံရသူသည်မခိုးခဲ့လျှင် ပြန်လျော်ရန်မလို။-
то между двамата оня ще се закълне в Господа, че не е турил ръката си върху имота на ближния си, и стопанинът му ще приеме това свидетелство, а другият няма да плаща.
12 ၁၂ အကယ်၍ခိုးခဲ့သော်ပြန်လျော်ရမည်။
Но ако животното бъде откраднато от него, ще плати на стопанина му.
13 ၁၃ သားရဲကိုက်သတ်ခံရသည်ဟုဆိုလျှင်အသေ ကောင်ကိုသက်သေအဖြစ်ပြနိုင်ရမည်။ သား ရဲကိုက်သတ်သည်မှန်လျှင်မလျော်စေရ။
Обаче ако бъде разкъсано от звяр, нека го донесе за свидетелство; за разкъсаното няма да плаща.
14 ၁၄ ``လူတစ်ဦးသည်အခြားတစ်ဦးထံမှ တိရစ္ဆာန်တစ်ကောင်ကိုငှား၍၊ ပိုင်ရှင်၏မျက် ကွယ်တွင် ထိုတိရစ္ဆာန်သည်ထိခိုက်ဒဏ်ရာရ လျှင်ဖြစ်စေ၊ သေလျှင်ဖြစ်စေငှားသူက လျော်ရမည်။-
Ако заеме някой от ближния си животно, и то се нарани или умре в отсъствието на стопанина му, непременно ще го заплати.
15 ၁၅ သို့ရာတွင်ပိုင်ရှင်ရှေ့၌ဒဏ်ရာရသေဆုံးခဲ့ သော်ငှားသူကမလျော်ရ။ အကယ်၍တိရစ္ဆာန် ကိုအခနှင့်ငှားလျှင်၊ ဒဏ်ရာရသေဆုံးမှု အတွက်ပိုင်ရှင်အားလျော်ရန်မလို။ ငှားခ ကိုသာပေးစေရမည်။
Но ако стопанинът му е с него, няма да плаща. ако е било наето с пари, ще отиде за наема си.
16 ၁၆ ``လူတစ်ဦးသည်စေ့စပ်ကြောင်းလမ်း၍မထား သောမိန်းမပျိုတစ်ယောက်ကိုသွေးဆောင်ပေါင်း သင်းခဲ့လျှင်၊ သူသည်မင်္ဂလာလက်ဖွဲ့ကြေးပေး ၍ထိုမိန်းမကိုလက်ထပ်ယူရမည်။-
Ако някой излъсти несгодена девица и легне с нея, непременно ще даде вено за нея и ще я вземе за жена.
17 ၁၇ အကယ်၍မိန်းမပျို၏ဖခင်ကထိုသူနှင့် သဘောမတူလျှင်၊ သူသည်မိန်းမပျိုတစ်ဦး အတွက်တင်တောင်းရသောမင်္ဂလာလက်ဖွဲ့ကြေး ကိုဖခင်အားပေးလျော်ရမည်။
Но ако баща й съвсем откаже да му я даде, то ще плати в пари според веното на девиците.
18 ၁၈ ``စုံးမအားသေဒဏ်စီရင်ရမည်။
Магьосница жена да не оставиш.
19 ၁၉ ``တိရစ္ဆာန်နှင့်ကာမစပ်ယှက်သူကိုသေဒဏ်စီ ရင်ရမည်။
Всеки скотоложник непременно да се умъртви.
20 ၂၀ ``ထာဝရဘုရားမှတစ်ပါးအခြားသော ဘုရားကိုယဇ်ပူဇော်သူအားသေဒဏ်စီရင် ရမည်။
Който жертвува на кой да бил бог, освен само на Господа, ще се обрече на изтребление.
21 ၂၁ ``သင်တို့သည်အီဂျစ်ပြည်တွင်ဧည့်သည်အဖြစ် နေထိုင်ခဲ့ဖူးကြောင်း သတိရလျက်အခြား အမျိုးသားများကိုမနှိပ်စက်မညှင်းဆဲရ။-
Чужденец да не онеправдаваш, нито да го угнетяваш; защото и вие бяхте чужденци в Египетската земя.
22 ၂၂ မုဆိုးမနှင့်မိဘမဲ့ကလေးကိုမနှိပ်စက် ရ။-
Да не угнетявате вдовица или сираче.
23 ၂၃ သင်တို့သည်ထိုသူတို့ကိုနှိပ်စက်သဖြင့်၊ သူတို့ကငါ့ထံအသနားခံလျှင်ငါ ထာဝရဘုရားသည်နားညောင်းမည်။
Защото ако ги угнетявате някак, и те извикат към Мене, непременно ще послушам вика им,
24 ၂၄ ငါသည်အမျက်ထွက်သဖြင့်သင်တို့ကိုစစ်ပွဲ တွင်ကျဆုံးစေမည်။ ထိုအခါသင်တို့၏မယား တို့သည်မုဆိုးမဖြစ်၍သင်တို့၏သားသမီး များသည်ဘသက်ဆိုးဖြစ်ကြလိမ့်မည်။
и гневът Ми ще падне, и ще ви избия с нож; и вашите жени ще бъдат вдовици и вашите чада сирачета.
25 ၂၅ ``သင်တို့သည်ငါ၏လူမျိုးတော်ထဲမှဆင်းရဲ သောသူတို့အား ငွေချေးလျှင်၊ ငွေချေးစားသူ ကဲ့သို့အတိုးမယူရ။-
Ако дадеш в заем пари на някой свой беден съсед между Моите люде, да не постъпваш с него като заемодател, нито да му налагаш лихва.
26 ၂၆ သင်သည်တစ်စုံတစ်ယောက်ထံမှခြုံထည် ကိုအပေါင်ပစ္စည်းအဖြစ်လက်ခံထားလျှင်၊ နေမဝင်မီသူ့အားပြန်ပေးရမည်။-
Ако вземеш в залог дрехата на ближния си, до захождане на слънцето да му я върнеш;
27 ၂၇ သူ၏ကိုယ်ကိုခြုံစရာဟူ၍ထိုခြုံထည်တစ်ခု တည်းသာရှိသည်ဖြစ်သောကြောင့်သူသည်ခြုံ စရာမရှိလျှင်အဘယ်သို့အိပ်နိုင်မည်နည်း။ ငါသည်သနားကြင်နာသောအရှင်ဖြစ်၍ သူသည်ငါ့အားလျှောက်ထားသောအခါ ငါနားညောင်းမည်။
защото това е едничката му завивка, това е дрехата за кожата му; с какво ще спи? и като викне към Мене, Аз ще чуя, защото съм милостив.
28 ၂၈ ``သင်တို့သည်ဘုရားသခင်ကိုပြစ်မှားပြော ဆိုခြင်းမပြုရ။ သင်တို့၏လူမျိုးခေါင်းဆောင် ကိုမကျိန်ဆဲရ။
Да не хулиш съдиите, нито да кълнеш началник на людете си.
29 ၂၉ ``သင်တို့၏အဦးဆုံးရိတ်သိမ်းသောအသီး အနှံ၊ အဦးဆုံးညှစ်သောစပျစ်ရည်ကိုငါ့ အားဆက်ကပ်ရမည်။ ``သင်တို့၏သားဦးများကိုငါ့အားဆက်ကပ် ရမည်။-
Да не забравиш да принесеш първака на гумното си и на жлеба си. Първородния между синовете си ще дадеш на Мене.
30 ၃၀ သင်တို့၏သိုး၊ နွားတို့မှသားဦးပေါက်များကို လည်းငါ့အားဆက်ကပ်ရမည်။ သိုးနွားသားဦး ပေါက်များသည်သူတို့၏မိခင်နှင့်အတူခုနစ် ရက်နေစေ၍ အဋ္ဌမနေ့တွင်ထိုသိုးနွားများ ကိုငါ့အားဆက်ကပ်ရမည်။
Така ще постъпиш и с говедото си и с овцата си; седем дена ще остане малкото с майка си, а на седмия ден ще го дадеш на Мене.
31 ၃၁ ``သင်တို့သည်ငါ၏လူမျိုးတော်ဖြစ်သောကြောင့် သားရဲများကိုက်သတ်သောတိရစ္ဆာန်၏အသား ကိုမစားရ။ ထိုအသားကိုခွေးတို့အားကျွေး လော့။
Бъдете Ми свети човеци; затова не яжте месо разкъсано от зверове на полето; хвърлете го на кучетата.