< ထွက်မြောက်ရာ 21 >
1 ၁ ``ဣသရေလအမျိုးသားတို့အား အောက်ဖော် ပြပါပညတ်ချက်တို့ကိုသတ်မှတ်ပေးလော့။-
Šīs nu ir tās tiesas, ko tev viņiem būs likt priekšā.
2 ၂ ဟေဗြဲအမျိုးသားကျွန်တစ်ယောက်ကိုဝယ် လျှင် သူသည်ခြောက်နှစ်ကျွန်ခံစေရမည်။ သတ္တမ နှစ်သို့ရောက်သော်သူသည်ကြေးမပေးရဘဲ လွတ်လပ်ခွင့်ရရှိစေရမည်။-
Ja tu pirksi Ebreju kalpu, tad tam būs sešus gadus kalpot, bet septītā tam par velti būs iziet svabadam.
3 ၃ တစ်စုံတစ်ယောက်သည်ကျွန်ဖြစ်ပြီးမှအိမ် ထောင်ကျလျှင်၊ လွတ်မြောက်သည့်အခါသူ့ ဇနီးကိုခေါ်ဆောင်မသွားရ။ သို့ရာတွင်သူ သည်အိမ်ထောင်ရှိပြီးမှကျွန်ဖြစ်လာလျှင်၊ သူလွတ်မြောက်သည့်အခါသူ့ဇနီးလည်း လွတ်စေရမည်။-
Ja tas viens pats ir nācis, tad tam būs vienam pašam iziet, ja viņš bijis laulāts vīrs, tad viņa sievai būs iziet līdz ar viņu.
4 ၄ သူ၏သခင်ကမိန်းမနှင့်စုံဖက်ပေးသဖြင့် သားသမီးများမွေးဖွားလျှင်၊ ထိုမိန်းမနှင့် သားသမီးတို့ကိုသခင်ပိုင်၏။ ထို့ကြောင့်သူ တစ်ယောက်တည်းသာလွတ်မြောက်စေရမည်။-
Ja viņa kungs viņam sievu devis, un tā viņam dzemdējusi dēlus vai meitas, tad tai sievai un viņas bērniem būs palikt kungam, un viņam būs iziet vienam pašam.
5 ၅ သို့ရာတွင်ထိုကျွန်ကသူ၏သခင်၊ သူ၏ ဇနီးနှင့်သားသမီးတို့ကိုချစ်၍လွတ် မြောက်ခွင့်မယူလိုပါက၊-
Bet ja tas kalps pats sacīs: es mīlēju savu kungu, savu sievu un savus bērnus, es negribu svabads iziet,
6 ၆ သခင်ကသူ့ကိုဘုရားရှိခိုးရာဌာနသို့ခေါ် ဆောင်ခဲ့ရမည်။ ထိုကျွန်အားတံခါးသို့မဟုတ် တံခါးတိုင်အထိခေါ်ဆောင်ပြီးလျှင် သူ၏နား ရွက်ကိုစူးဖြင့်ဖောက်ရမည်။ ထိုနောက်သူသည် သခင်ထံ၌တစ်သက်ပတ်လုံးကျွန်ခံရ မည်။
Tad lai viņa kungs to ved Dieva priekšā, un tad lai to ved pie durvīm vai pie stenderes, un lai viņa kungs tam ausi izdur ar īlenu, un lai tas viņam kalpo mūžam.
7 ၇ ``တစ်စုံတစ်ယောက်သောသူသည်သမီးကိုကျွန် အဖြစ်ရောင်းလျှင်၊ ထိုကျွန်မိန်းမသည်ကျွန် ယောကျာ်းတို့ကဲ့သို့လွတ်မြောက်ခွင့်မရနိုင်။-
Un kad kas savu meitu pārdevis par kalponi, tad tai nebūs iziet, kā tie kalpi iziet.
8 ၈ သခင်ကထိုမိန်းမကိုမနှစ်သက်သဖြင့် မယားအဖြစ်မပေါင်းလိုလျှင်၊ သူ့ဖခင်က သူ့ကိုပြန်၍ရွေးယူစေရမည်။ သခင်သည် ဝတ္တရားပျက်ကွက်သဖြင့်ကျွန်မကိုအခြား အမျိုးသားများလက်သို့ရောင်းခွင့်မရှိစေ ရ။-
Ja viņa savam kungam nepatīk, ka viņš to neņem par sievu, tad viņam būs ļaut, lai to izpērk; viņš viltīgi ar to darīdams to nevar pārdot svešai tautai.
9 ၉ တစ်စုံတစ်ယောက်သောသူသည်မိမိဝယ်သော ကျွန်မကိုသူ၏သားနှင့်စုံဖက်ပေးလျှင်၊ ထို မိန်းမကိုသမီးကဲ့သို့ပြုစုထားရမည်။-
Bet ja viņš to savam dēlam dod par sievu, tad lai viņai ir meitas tiesa.
10 ၁၀ တစ်စုံတစ်ယောက်သောသူသည်ဒုတိယမိန်းမ တစ်ယောက်နှင့်စုံဖက်လျှင် ပထမဇနီးသည် အစားအစာ၊ အဝတ်အထည်နှင့်အခွင့် အရေးတို့ကိုယခင်အတိုင်းရရှိစေရ မည်။-
Ja viņš tam citu ved, tad lai viņai nekā neatrauj no viņas barības, no viņas apsega un piedzīvošanas.
11 ၁၁ အဆိုပါဝတ္တရားများပျက်ကွက်ခဲ့လျှင်သူ သည်ငွေအလျော်မတောင်းဘဲ ထိုမိန်းမကို လွတ်မြောက်ခွင့်ပေးရမည်။
Un ja viņš šās trīs lietas nedarīs, tad viņai būs velti(brīvai) iziet bez naudas.
12 ၁၂ ``လူတစ်ယောက်ကိုရိုက်နှက်၍ သေစေသူအား သေဒဏ်ခံစေရမည်။-
Kas cilvēku sit, ka tas mirst, tam būs tapt nokautam.
13 ၁၃ သေစေရန်မရည်ရွယ်ဘဲနှင့်မတော်တဆ သတ်မိလျှင် သတ်သောသူသည်ငါသတ်မှတ် ပေးမည့်လုံခြုံရာအရပ်သို့ရှောင်တိမ်းနေ နိုင်၏။-
Bet kad viņš ar viltu uz to nav glūnējis, bet Dievs ļāvis caur viņa roku tā notikt, tad es tev nosacīšu kādu vietu, kurp tam būs bēgt.
14 ၁၄ သို့ရာတွင်ဒေါသထွက်၍သေစေရန်ရည်ရွယ် ချက်ဖြင့် လူတစ်ယောက်ကိုသတ်သောသူသည်၊ ငါ၏ယဇ်ပလ္လင်၌ပင်ခိုလှုံနေစေကာမူ သူ့အားဆွဲထုတ်၍သေဒဏ်ခံစေရမည်။
Bet ja kas blēdīgi darījis pret savu tuvāko, viņu viltīgi nokaudams, tad arī no mana altāra tev to būs ņemt, ka tas tiek nokauts.
15 ၁၅ ``မိဘကိုရိုက်နှက်သောသူအား သေဒဏ် ခံစေရမည်။
Ja kas savu tēvu vai savu māti sit, tam būs tapt nokautam.
16 ၁၆ ``လူတစ်ယောက်ကိုရောင်းစားရန်ဖြစ်စေ၊ မိမိ ထံ၌ကျွန်စေစားရန်ဖြစ်စေအဋ္ဌမ္မဖမ်းဆီး သူအားသေဒဏ်ခံစေရမည်။
Ja kas cilvēku zog un viņu pārdod, un tas pie viņa top atrasts, tam būs tapt nokautam.
17 ၁၇ ``မိဘကိုကျိန်ဆဲသောသူအားသေဒဏ်ခံ စေရမည်။
Arī kas savu tēvu vai savu māti lād, tam būs tapt nokautam.
18 ၁၈ ``လူအချင်းချင်းခိုက်ရန်ဖြစ်ပွားရာ၌တစ် ယောက်သောသူက အခြားတစ်ယောက်အား ကျောက်ခဲနှင့်ဖြစ်စေ၊ လက်သီးနှင့်ဖြစ်စေ ဒဏ်ရာရစေသော်လည်း အသက်မသေဘဲ၊ အကယ်၍အရိုက်ခံရသူသည်အိပ်ရာထဲ ၌နေရလျှင်သော်လည်းကောင်း၊-
Un ja vīri baras, un viens otru sit ar akmeni vai ar dūri, ka tas nemirst, bet tam uz gultas jāguļ;
19 ၁၉ ထ၍တောင်ဝှေးဖြင့်လမ်းလျှောက်နိုင်လျှင် သော်လည်းကောင်း၊ ထိုသူကိုအပြစ်ဒဏ် မစီရင်ရ၊ ထိုသူအလုပ်ပျက်သည့်အချိန် အတွက် ဒဏ်ရာရစေသူကလျော်ကြေးကို ပေး၍၊ အနာပျောက်ကင်းသည့်အချိန်အထိ ဒဏ်ရာရသူအားတာဝန်ယူစောင့်ရှောက် ရမည်။
Ja tas atkal uzceļas un iet ārā ar savu spieķi, tad tam, kas viņu sita, būs būt nenoziedzīgam; viņam tikai būs maksāt, ko tas ir aizkavējis un būs to it labi likt dziedināt.
20 ၂၀ ``တစ်စုံတစ်ယောက်သောသူသည် ကျွန်ယောကျာ်း ကိုဖြစ်စေ၊ ကျွန်မိန်းမကိုဖြစ်စေတုတ်နှင့် ရိုက်သဖြင့်၊ ထိုကျွန်သေလျှင်ထိုသူသည် အပြစ်ဒဏ်ကိုခံစေရမည်။-
Un ja kas savu kalpu vai kalponi ar koku sit, ka tas apakš viņa rokas mirst, pie tā to it tiešām būs atriebt.
21 ၂၁ သို့ရာတွင်ထိုကျွန်သည်တစ်ရက်နှစ်ရက်မျှ နာလျက်မသေလျှင်၊ ထိုသူကိုအပြစ်ဒဏ် မစီရင်ရ။ အဘယ်ကြောင့်ဆိုသော်ကျွန်ဟူ သည်မှာသခင်ပိုင်ပစ္စည်းမျှသာဖြစ်သော ကြောင့်တည်း။
Bet ja viņš vienu vai divas dienas paliek pie dzīvības, tad to nebūs atriebt, jo tas ir ar viņa naudu pirkts.
22 ၂၂ ``လူတို့အချင်းချင်းခိုက်ရန်ဖြစ်ပွားနေစဉ် ကိုယ်ဝန်ဆောင်မိန်းမကိုထိခိုက်မိသဖြင့် ကိုယ် ဝန်ပျက်သော်လည်းဒဏ်ရာမရစေလျှင်၊ ထိ ခိုက်နာကျင်စေသောသူကထိုမိန်းမ၏လင် ယောကျာ်းတောင်းဆိုသမျှလျော်ကြေးကို တရားသူကြီးများ၏သဘောတူညီချက် ဖြင့်ပေးရမည်။-
Un kad vīri baras un sit grūtu sievu, ka viņas auglis noiet, bet tomēr viņai pašai nekāda vaina nenotiek, tad to ar naudu būs sodīt, cik tās sievas vīrs viņam noprasa un tam to būs dot pēc soģu sprieduma.
23 ၂၃ သို့ရာတွင်မိန်းမအားအနာတရဖြစ်စေလျှင် အသက်အစားအသက်၊-
Bet ja tai kāda nelaime būs, tad tam būs dot dvēseli pret dvēseli,
24 ၂၄ မျက်စိအစားမျက်စိ၊ သွားအစားသွား၊ လက်အစားလက်၊ ခြေအစားခြေ၊-
Aci pret aci, zobu pret zobu, roku pret roku,
25 ၂၅ မီးလောင်ခြင်းအစားမီးလောင်ခြင်း၊ ထိရှ ခြင်းအစားထိရှခြင်း၊ ဒဏ်ရာအစားဒဏ် ရာကိုခံစေရမည်။
Kāju pret kāju, degunu pret degunu, vāti pret vāti, trumu(rētu) pret trumu.
26 ၂၆ ``သခင်ကကျွန်ယောကျာ်းသို့မဟုတ်ကျွန်မိန်းမ ၏မျက်စိကိုရိုက်သဖြင့် မျက်စိပျက်လျှင်မျက်စိ အတွက်လျော်ကြေးအဖြစ်ကျွန်ကိုလွတ်မြောက် ခွင့်ပေးစေ။-
Un ja kas savu kalpu vai savu kalponi acī sit un to samaitā, tam būs viņu svabadu atlaist tās acs labad.
27 ၂၇ သခင်ကကျွန်ကိုရိုက်၍ကျွန်၏သွားကျိုးလျှင် သွားအတွက်လျော်ကြေးအဖြစ်ကျွန်ကိုလွတ် မြောက်ခွင့်ပေးစေ။
Un ja viņš sava kalpa vai savas kalpones zobu izsit, tad tam viņu būs atlaist tā zoba labad.
28 ၂၈ ``နွားတစ်ကောင်သည်လူတစ်ယောက်ကိုဦးချိုဖြင့် ဝှေ့သတ်လျှင် ထိုနွားကိုကျောက်ခဲနှင့်ပစ်သတ်ရ မည်။ ထိုနွား၏အသားကိုမစားရ။ သို့ရာတွင် နွားပိုင်ရှင်ကိုအပြစ်ဒဏ်မပေးရ။-
Un ja kāds vērsis vai vīru vai sievu sabada, ka mirst, tad to vērsi akmeņiem būs nomētāt un viņa gaļu nebūs ēst, bet tā vērša kungam būs būt nenoziedzīgam.
29 ၂၉ အကယ်၍နွားသည်လူကိုဝှေ့တတ်ကြောင်း နွား ပိုင်ရှင်အားသတိပေးပါလျက်နှင့်ချည်နှောင် ၍မထားသောကြောင့် လူတစ်ယောက်ကိုဝှေ့ သတ်ခဲ့လျှင်ထိုနွားကိုကျောက်ခဲနှင့်ပစ်၍ သတ်ရမည်။ နွားရှင်ကိုလည်းသေဒဏ်ပေးရ မည်။-
Bet ja tas vērsis jau papriekš bijis badīgs, un tas viņa kungam ir teikts, un viņš to nav sargājis, un tas nobada vai vīru vai sievu, tad tam vērsim akmeņiem būs tapt nomētātam un viņa kungam arīdzan būs tapt nokautam.
30 ၃၀ အကယ်၍နွားပိုင်ရှင်သည်မိမိအသက် ချမ်းသာရန်အတွက်လျော်ကြေးပေးခွင့် ရလျှင် တောင်းဆိုသမျှလျော်ကြေးကိုပေး ဆောင်ရမည်။-
Ja viņam top nospriesta izpirkšana, tad tam par savas dvēseles izglābšanu būs dot visu, kas viņam top nospriests.
31 ၃၁ နွားသည်ယောကျာ်းကလေးသို့မဟုတ်မိန်း ကလေးတစ်ဦးကိုဝှေ့သတ်လျှင် ထိုနည်း အတိုင်းစီရင်ရမည်။-
Ja tas (vērsis) dēlu vai meitu ir badījis, tad tam būs darīt pēc šīs tiesas.
32 ၃၂ နွားသည်ကျွန်ယောကျာ်းသို့မဟုတ်ကျွန်မိန်းမ တစ်ဦးကိုဝှေ့သတ်လျှင် နွားပိုင်ရှင်ကကျွန် ပိုင်ရှင်အားငွေသားသုံးဆယ်လျော်ကြေးပေး ဆောင်ရမည်။ နွားကိုလည်းကျောက်ခဲနှင့်ပစ် သတ်ရမည်။
Ja tas vērsis kalpu vai kalponi bada, tad lai viņa kungs dod trīsdesmit sudraba sēķeļus, un to vērsi akmeņiem lai nomētā.
33 ၃၃ ``လူတစ်ဦးသည်တွင်းတူး၍မဖုံးဘဲထား သဖြင့် နွားသို့မဟုတ်မြည်းတစ်ကောင်ထိုတွင်း သို့ကျလျှင်၊-
Un ja kas aku attaisa, vai ja kas aku rok un neapsedz, un tur kāds vērsis vai ēzelis krīt iekšā,
34 ၃၄ ပိုင်ရှင်အားတိရစ္ဆာန်အသေကောင်အတွက် လျော်ကြေးပေးဆောင်၍တိရစ္ဆာန်အသေ ကောင်ကိုပိုင်စေ။-
Tad lai tās akas kungs to maksā, lai atdod (tā lopa) kungam to naudu, bet to maitu lai patur.
35 ၃၅ လူတစ်ဦး၏နွားကအခြားလူတစ်ဦး၏နွား ကိုဝှေ့သတ်လျှင် အသက်ရှင်သောနွားကိုရောင်း ၍နွားပိုင်ရှင်နှစ်ဦးကငွေကိုခွဲဝေယူရမည်။ နွားသေ၏အသားကိုလည်းခွဲဝေယူရကြ မည်။-
Un ja kaut kāda vērsis bada sava tuvākā vērsi, ka tas mirst, tad to dzīvo vērsi būs pārdot un to naudu dalīt, un to maitu būs arī dalīt.
36 ၃၆ သို့ရာတွင်နွားပိုင်ရှင်ကမိမိ၏နွားသည်ဝှေ့ တတ်ကြောင်းကိုသိလျက်နှင့် ချည်နှောင်၍မ ထားခဲ့လျှင်နွားသေအတွက်နွားတစ်ကောင် ကိုအစားလျော်၍နွားသေကိုပိုင်စေ။
Bet ja tas bijis zināms, ka tas vērsis papriekš bijis badīgs, un viņa kungs to nav sargājis, tad lai vērsi pret vērsi atdod, bet to maitu lai patur.