< ထွက်မြောက်ရာ 20 >
1 ၁ ဘုရားသခင်က``ငါသည်သင်တို့အားကျွန် ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် တော်မူ၏။
၁ထိုအခါ ဘုရား သခင်မိန့်တော်မူသောစကား များဟူမူကား၊
၂ငါ သည် သင့် ကို ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ ကယ်နှုတ် ဆောင်ယူခဲ့ပြီးသော သင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
3 ၃ ``ငါမှလွဲ၍ အခြားသောဘုရားကိုမကိုး ကွယ်ရ။
၃ငါ မှတပါး အခြား သောဘုရား ကို မ ကိုးကွယ် နှင့်။
4 ၄ ``မိုးကောင်းကင်သတ္တဝါ၊ မြေကြီးပေါ်ရှိသတ္တဝါ၊ မြေကြီးအောက်ရေထဲရှိသတ္တဝါတို့နှင့် ပုံသဏ္ဌာန် တူသောရုပ်တုကိုသင်တို့အတွက်မထုလုပ်ရ။-
၄အထက် မိုဃ်း ကောင်းကင်၌ ၎င်း ၊ အောက် အရပ် မြေကြီး ပေါ်၌ ၎င်း၊ မြေကြီးအောက် ရေ ထဲ ၌၎င်း ရှိသောအရာနှင့် ပုံသဏ္ဌာန် တူအောင်၊ ရုပ်တု ဆင်းတုကို ကိုယ် အဘို့ မ လုပ် နှင့်။
5 ၅ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၍ ငါနှင့်ပြိုင်ဘက်ဟူ၍မရှိစေရ။ ထို့ကြောင့် ရုပ်တုကိုဦးမချ၊ ဝတ်မပြုရ။ ငါ့ကိုမုန်းသော သူကို သားသမီး၊ မြေး၊ မြစ်တိုင်အောင်ဒဏ်ခတ် မည်။-
၅ဦး မ ချဝတ် မ ပြုနှင့်။ အကြောင်း မူကား၊ သင် ၏ဘုရား သခင်ငါ ထာဝရဘုရား သည်၊ သင်၌အပြစ် ရှိသည် ဟု ယုံလွယ်သောဘုရား ၊ ငါ့ ကို မုန်း သောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယ အဆက်၊ စတုတ္ထ အဆက် တိုင်အောင်၊ အဘ တို့၏ အပြစ် ကို သား တို့၌ ဆပ်ပေး စီရင်သောဘုရား၊
6 ၆ သို့ရာတွင်ငါ့ကိုချစ်၍ငါ့ပညတ်တို့ကိုစောင့် ထိန်းသောသူတို့အား အမျိုးအစဉ်အဆက် ထောင်သောင်းတိုင်အောင်ငါ၏မေတ္တာကိုပြ တော်မူမည်။
၆ငါ့ ကို ချစ် ၍ ငါ့ ပညတ် တို့ကို ကျင့် သောသူတို့၏ အမျိုးအစဉ်အဆက် အထောင် အသောင်းတိုင်အောင် ၊ ကရုဏာ ကို ပြ သော ဘုရားဖြစ်၏။
7 ၇ ``သင်၏ဘုရားသခင်ထာဝရဘုရား၏ နာမကိုအလွဲသုံးစားမပြုရ။ ထိုသို့ အလွဲသုံးစားပြုသူအားငါဒဏ်ခတ် မည်။
၇သင် ၏ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကို မုသာ နှင့်ဆိုင်၍ မ မြွက် မဆိုနှင့်။ အကြောင်း မူကား၊ နာမ တော်ကို မုသာ နှင့်ဆိုင်၍ မြွက်ဆို သောသူ ကို အပြစ် မရှိဟု ထာဝရဘုရား မှတ်တော်မ မူ။
8 ၈ ``ဥပုသ်နေ့ကိုစောင့်ထိန်းလော့။ ထိုနေ့ကိုနေ့ ထူးနေ့မြတ်အဖြစ်သတ်မှတ်လော့။-
၈ဥပုသ် နေ့ကို သန့်ရှင်း စေခြင်းငှာ ၊ ထိုနေ့ရက် ကို အောက်မေ့ လော့။
9 ၉ သင်သည်ခြောက်ရက်ပတ်လုံးအလုပ်ကိုလုပ် လော့။-
၉ခြောက် ရက် ပတ်လုံးအလုပ် မျိုးကို ကြိုးစား ၍ လုပ်ဆောင် လော့။
10 ၁၀ သတ္တမနေ့သည် ထာဝရဘုရားအတွက်သီး သန့်ထားသောနားရက်ဖြစ်၏။ ထိုနေ့တွင်သင် မှစ၍သင်၏သားသမီးများ၊ ကျေးကျွန် များ၊ တိရစ္ဆာန်များ၊ ဧည့်သည်အာဂန္တုများ သည်အလုပ်မလုပ်ရ။-
၁၀သတ္တမ နေ့ရက် သည် သင် ၏ဘုရား သခင်ထာဝရဘုရား ၏ ဥပုသ် နေ့ဖြစ်၏။ ထိုနေ့၌ သင် မှစ၍ သင် ၏သား သမီး ၊ ကျွန် ယောက်ျား မိန်းမ၊ တိရစ္ဆာန် ၊ သင် ၏ တံခါး အတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ် မ လုပ် ရ။
11 ၁၁ ထာဝရဘုရားသည်ခြောက်ရက်အတွင်းမိုး ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့်ထိုအရပ်တို့ ၌ရှိသမျှတို့ကိုဖန်ဆင်း၍သတ္တမနေ့တွင် နားနေတော်မူ၏။ ထို့ကြောင့်ထာဝရဘုရား သည်ထိုနားရက်ကိုကောင်းချီးပေး၍ နေ့ထူး နေ့မြတ်သတ်မှတ်တော်မူ၏။
၁၁အကြောင်း မူကား၊ ထာဝရဘုရား သည် မိုဃ်းကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ ၊ အရပ်ရပ် ၌ ရှိသမျှ တို့ကို ခြောက် ရက် တွင် ဖန်ဆင်း ၍ သတ္တမ နေ့ရက် ၌ ငြိမ်ဝပ် စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရား သည် သတ္တမ နေ့ ရက်ကို ကောင်းကြီး ပေး၍ သန့်ရှင်း စေတော်မူ၏။
12 ၁၂ ``သင်၏ဘုရားသခင်ထာဝရဘုရားပေး တော်မူမည့်ပြည်တွင် အသက်ရှည်စွာနေထိုင် နိုင်ရန်သင်၏မိဘကိုရိုသေလော့။
၁၂သင် ၏ဘုရား သခင်ထာဝရဘုရား ပေး သနားတော်မူသော ပြည် ၌ သင် ၏အသက် တာရှည် မည် အကြောင်း ၊ သင် ၏မိဘ ကို ရိုသေ စွာပြုလော့။
13 ၁၃ ``လူ့အသက်ကိုမသတ်နှင့်။
၁၃လူအသက် ကို မ သတ်နှင့်။
14 ၁၄ ``သူ့သားအိမ်ရာကိုမပြစ်မှားနှင့်။
၁၄သူ့မယားကို မ ပြစ်မှား နှင့်။
15 ၁၅ ``သူ့ဥစ္စာကိုမခိုးနှင့်။
၁၅သူ့ဥစ္စာကို မ ခိုး နှင့်။
16 ၁၆ ``သူတစ်ပါး၏တစ်ဘက်၌မတရားသက်သေ မခံနှင့်။
၁၆ကိုယ် နှင့်စပ်ဆိုင်သောသူတဘက် ၌ မမှန် သောသက်သေ ကို မ ခံ နှင့်။
17 ၁၇ ``သူတစ်ပါး၏အိမ်ကိုလိုချင်တပ်မက်သော စိတ်မရှိနှင့်။ သူတစ်ပါး၏မယား၊ ကျေးကျွန်၊ နွား၊ မြည်းမှစ၍သူပိုင်ဆိုင်သမျှတို့ကို မတပ်မက်နှင့်'' ဟုမိန့်တော်မူသတည်း။
၁၇ကိုယ် နှင့်စပ်ဆိုင်သောသူ၏ အိမ် ကို တပ်မက် လိုချင်သောစိတ်မရှိ စေနှင့်။ ကိုယ် နှင့်စပ်ဆိုင်သောသူ၏ မယား ၊ သူ ၏ကျွန် ယောက်ျား မိန်းမ ၊ နွား ၊ မြည်း မှစ၍ ကိုယ် နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာ တစုံတခု ကိုမျှ တပ်မက် လိုချင်သောစိတ် မရှိ စေနှင့်ဟု မိန့်တော်မူ၏။
18 ၁၈ လူအပေါင်းတို့သည်မိုးချုန်းသံ၊ တံပိုးမှုတ်သံ နှင့်လျှပ်စစ်ပြက်ခြင်း၊ တောင်မှမီးခိုးထွက်ခြင်း တို့ကိုကြားရမြင်ရသောအခါ ကြောက်ရွံ့ တုန်လှုပ်လျက်အဝေး၌ရပ်နေကြ၏။-
၁၈လူ အပေါင်း တို့သည် မိုဃ်းချုန်း ခြင်း၊ လျှပ်ပြက် ခြင်း၊ တံပိုး သံ မြည်ခြင်း၊ တောင် ထဲကမီးခိုး ထွက်ခြင်း အကြောင်းအရာတို့ကို မြင် သောအခါ ၊ ကြောက် သောကြောင့် ရွှေ့၍ အဝေး ၌ ရပ် နေကြ၏။
19 ၁၉ သူတို့ကမောရှေအား``ကိုယ်တော်ကသာ အကျွန်ုပ်တို့အား ထာဝရဘုရား၏အမိန့်ကို ဆင့်ဆိုပါ။ အကျွန်ုပ်တို့နားထောင်ပါမည်။ ထာဝရဘုရားကအကျွန်ုပ်တို့အားတိုက် ရိုက်မိန့်ကြားပါက အကျွန်ုပ်တို့သေမည် ကိုစိုးရိမ်ပါသည်'' ဟုဆိုလေ၏။
၁၉မောရှေ ကို လည်း ၊ အကျွန်ုပ် တို့အား ကိုယ်တော် မိန့် တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင် ပါမည်။ အကျွန်ုပ် တို့အား ဘုရား သခင်မိန့် တော်မ မူပါစေနှင့်။ အကျွန်ုပ်တို့သည် သေ မည်ကို စိုးရိမ်ပါသည်ဟု လျှောက် ဆိုကြ၏။
20 ၂၀ ထိုအခါမောရှေက``မကြောက်ရွံ့ကြနှင့်။ သင် တို့ကိုစုံစမ်းခြင်းငှာလည်းကောင်း၊ သင်တို့ သည်ကိုယ်တော်၏စကားကိုနားထောင်၍ အပြစ်မပြုစေခြင်းငှာလည်းကောင်း ဘုရားသခင်ကြွလာခြင်းဖြစ်သည်'' ဟုဖြေကြား လေ၏။-
၂၀မောရှေ ကလည်း ၊ မ စိုးရိမ် ကြနှင့်။ သင် တို့ကို စုံစမ်း ခြင်းငှာ ၎င်း၊ သင်တို့သည် ပြစ်မှား ခြင်းနှင့် လွတ် မည်အကြောင်း ကိုယ်တော် ကို ကြောက် စေ ခြင်းငှာ ၎င်း၊ ဘုရား သခင်ကြွ လာတော်မူပြီဟု လူ များတို့အား ပြောဆို ၏။
21 ၂၁ သို့ရာတွင်လူတို့သည်အဝေး၌သာရပ်နေ ကြ၏။ မောရှေကသာလျှင်ဘုရားသခင်ရှိ တော်မူရာ မည်းမှောင်သောတိမ်တိုက်အနီးသို့ ချဉ်းကပ်လေ၏။
၂၁လူ များတို့သည်လည်း အဝေး ၌ ရပ် နေကြ၏။ မောရှေ မူကား ၊ ဘုရား သခင်ရှိတော်မူရာ ထူထပ် သော မှောင်မိုက်သို့ ချဉ်းကပ် လေ၏။
22 ၂၂ ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသ ရေလအမျိုးသားတို့အားဤသို့မိန့်တော်မူ ၏။``ငါထာဝရဘုရားသည်သင်တို့အားမိုး ကောင်းကင်မှမိန့်ကြားသည်ကိုသင်တို့သိရ ကြပြီ။-
၂၂ထာဝရဘုရား ကလည်း ၊ ဣသရေလ အမျိုးသား တို့အား ပြန်ပြော ရသော စကားဟူမူကား၊ ငါသည် ကောင်းကင် ဘုံမှ သင် တို့နှင့် နှုတ်ဆက် ကြောင်းကို သင် တို့သည် သိ မြင်ကြပြီ။
23 ၂၃ သင်တို့သည်ငါ့ကိုသာကိုးကွယ်ရမည်။ ငွေ ရုပ်တု၊ ရွှေရုပ်တုဘုရားများကိုပြုလုပ်၍ မကိုးကွယ်နှင့်။-
၂၃ငါ့ ကို ကိုးကွယ်သောအမှု၌ ကိုယ်သုံးဘို့ ငွေ ဘုရား ၊ ရွှေ ဘုရား ကို မ လုပ် ရ။
24 ၂၄ ယဇ်ပူဇော်ရန်အတွက်မြေဖြင့်ပလ္လင်တည်ရမည်။ ထိုယဇ်ပလ္လင်ပေါ်တွင်သင်တို့၏သိုး၊ နွား၊ ဆိတ်ယဇ် ကောင်လုံးကိုသော်လည်းကောင်း၊ မိတ်သဟာယ ယဇ်ကိုသော်လည်းကောင်း မီးရှို့ပူဇော်ရမည်။ ငါ့ အားဝတ်ပြုကိုးကွယ်ရန်သတ်မှတ်ထားသော အရပ်ခပ်သိမ်းသို့ ငါကြွလာ၍သင်တို့ကို ကောင်းချီးပေးမည်။-
၂၄ငါ့ အဘို့ မြေ ယဇ် ပလ္လင်ကို တည် ရမည်။ ထိုပလ္လင် ပေါ် မှာ သင် ၏မီးရှို့ သောယဇ်၊ မိဿဟာယ ယဇ် တည်းဟူသောသင် ၏သိုး နွား တို့ကို ယဇ် ပူဇော်ရမည်။ ငါ့အခွင့်ရှိ၍၊ ငါ့ နာမ ကို ကိုးကွယ် ရာ အရပ် ခပ်သိမ်း တို့၌ ၊ သင့် ဆီ သို့ ငါကြွ လာ၍ ကောင်းကြီး ပေးမည်။
25 ၂၅ သင်တို့သည်ငါ့အတွက်ကျောက်ဖြင့်ယဇ်ပလ္လင် တည်လျှင် ဆစ်သောကျောက်ဖြင့်မတည်ရ။ သံ ကိရိယာကိုသုံး၍ဆစ်ရသောကျောက်ဖြင့် တည်သောယဇ်ပလ္လင်သည် မသန့်ရှင်းပေ။-
၂၅သင်သည် ကျောက် ယဇ် ပလ္လင်ကို ငါ့ အဘို့ တည် လျှင် ၊ ဆစ် သောကျောက်ကို မ တည် ရ။ သံတန်ဆာ ပါ၍ တည်သောယဇ်ပလ္လင်သည် ညစ်ညူး ခြင်းရှိ၏။
26 ၂၆ ယဇ်ပလ္လင်တွင်လှေကားထစ်မရှိစေရ။ အကယ် ၍လှေကားထစ်ရှိခဲ့လျှင်သင်တို့သည်ပလ္လင် သို့တက်သည့်အခါ သင်တို့၏ကိုယ်အင်္ဂါ အစိတ်အပိုင်းကိုမြင်ရလိမ့်မည်။
၂၆သင် ၌ ရှက်စရာ အကြောင်းမ ထင် မပေါ်စေခြင်းငှာ ၊ ယဇ်ပလ္လင် ပေါ် သို့ လှေကား ဖြင့် မ တက် ရဟု မိန့် တော်မူ၏။