< ထွက်မြောက်ရာ 2 >
1 ၁ လေဝိအမျိုးသားတစ်ယောက်သည် လေဝိ အမျိုးသမီးတစ်ဦးနှင့်အိမ်ထောင်ပြု၍၊-
Kwasekusuka indoda yendlu yakoLevi, yathatha indodakazi yakoLevi.
2 ၂ သားတစ်ယောက်ကိုရ၏။ ထိုသားသည်ချစ်ဖွယ် ကောင်းသည်ကိုမိခင်မြင်လျှင်၊ သုံးလကြာ မျှဝှက်ထားလေ၏။-
Owesifazana wasethatha isisu, wazala indodana; eseyibonile ukuthi inhle, wayifihla inyanga ezintathu.
3 ၃ မိခင်သည်သားကိုဆက်လက်၍မဝှက်ထား နိုင်တော့သဖြင့်၊ ကူရိုးများနှင့်ခြင်းတောင်း တစ်လုံးကိုရက်လုပ်၍၊ ကတ္တရာနှင့်သစ်စေး သုတ်ပြီးနောက်၊ ကလေးကိုခြင်းထဲ၌ထည့် ပြီးလျှင်မြစ်ကမ်းစပ်ရှိကိုင်းတောတွင်ချ ထားလေ၏။-
Kwathi engaselakuyifihla wayithathela isitsha semizi, wasibhada ngengcino langethara, wafaka umntwana kuso, wasibeka emihlangeni ekhunjini lomfula.
4 ၄ ထိုသားငယ်၏အစ်မသည်မလှမ်းမကမ်းနေ ရာမှ ကလေး၏အရိပ်အခြေကိုစောင့်ကြည့် နေလေ၏။
Udadewabo wasezimisa khatshana ukuze azi okuzakwenziwa kuye.
5 ၅ ဖာရောဘုရင်၏သမီးတော်သည်ရေချိုးရန် မြစ်ထဲသို့ဆင်းလာစဉ်၊ သူ၏အခြွေအရံတို့ ကမြစ်ကမ်းပေါ်တွင်လမ်းလျှောက်၍စောင့်ကြပ် နေကြ၏။ သမီးတော်သည်ကိုင်းတောထဲ၌ ခြင်းတောင်းကိုမြင်လျှင်၊ ကျွန်မတစ်ယောက် ကိုလွှတ်၍ထိုခြင်းတောင်းကိုယူခဲ့စေ၏။-
Kwasekusehla indodakazi kaFaro ukuyageza emfuleni; lamantombazana ayo ahamba eceleni komfula. Isibonile isitsha phakathi kwemihlanga, yathuma incekukazi yayo yasithatha.
6 ၆ ဖာရောဘုရင်၏သမီးတော်သည်ခြင်းတောင်း ကိုဖွင့်ကြည့်သောအခါ၊ ငိုလျက်နေသောသူ ငယ်ကိုမြင်ရသော်ကလေးကိုသနားကြင် နာ၍``ဤကလေးသည်ဟေဗြဲအမျိုးသား ကလေးဖြစ်ပါသည်တကား'' ဟုဆိုလေ၏။
Kwathi isivula, yabona umntwana, khangela-ke, umfanyana wakhala inyembezi. Yasimhawukela yathi: Lo ngomunye wabafana bamaHebheru.
7 ၇ ထိုအခါကလေး၏အစ်မက``အရှင်မ အတွက် ဟေဗြဲနို့ထိန်းတစ်ဦးခေါ်ပေးရ ပါမည်လော'' ဟုမေးလျှင်၊
Udadewabo wasesithi endodakazini kaFaro: Ngihambe yini ngiyekubizela umfazi omunyisayo kumaHebherukazi ukuze akumunyisele umfana?
8 ၈ မင်းသမီးက``သွား၍ခေါ်လော့'' ဟုဆိုလေ ၏။ ထိုကြောင့်မိန်းမငယ်သည်ကလေး၏ မိခင်ကိုခေါ်ခဲ့ရာ၊-
Indodakazi kaFaro yasisithi kuye: Hamba. Intombi yasihamba, yabiza unina womfana.
9 ၉ မင်းသမီးက``ဤကလေးကိုငါ့အတွက်နို့ တိုက်မွေးပေးပါ။ သင့်အားအခပေးမည်'' ဟု ကလေး၏မိခင်အားဆိုလေ၏။ ထို့ကြောင့် မိခင်သည်ကလေးကိုယူ၍ထိန်းလေ၏။-
Indodakazi kaFaro yasisithi kuye: Thatha uhambe lalo umntwana, ungimunyisele yena; njalo mina ngizakupha iholo lakho. Owesifazana wasemthatha umntwana, wammunyisa.
10 ၁၀ မင်းသမီးအားပြန်အပ်နိုင်သည့်အရွယ်သို့ ရောက်သောအခါ၊ မိခင်သည်ကလေးကိုမင်း သမီးထံသို့ပြန်အပ်ရာ၊ မင်းသမီးက ထို ကလေးငယ်ကိုသားအဖြစ်မွေးစား၍``ငါ သည်သူငယ်ကိုရေထဲမှထုတ်ယူရသည်'' ဟု ဆိုလျက်မောရှေဟုနာမည်မှည့်လေ၏။
Umfana esekhulile, wamletha endodakazini kaFaro, wasesiba yindodana yayo. Yasisitha ibizo layo yathi nguMozisi, yathi: Ngoba ngamkhupha emanzini.
11 ၁၁ ကာလအတန်ကြာ၍မောရှေသည်အရွယ် ရောက်လာသောအခါ၊ သူ၏အမျိုးသားတို့ ထံသို့သွားရောက်လည်ပတ်လေ၏။ သူသည် မိမိ၏အမျိုးသားများဆင်းရဲပင်ပန်းစွာ အလုပ်ကြမ်းလုပ်နေရသည်ကိုတွေ့မြင်ရ၏။ အီဂျစ်အမျိုးသားတစ်ဦးကသူ၏အမျိုး သားဟေဗြဲလူမျိုးတစ်ယောက်အားရိုက်နှက် နေသည်ကိုမြင်ရသောအခါ၊-
Kwasekusithi ngalezonsuku, uMozisi esekhulile, waphuma waya kubafowabo, wakhangela imithwalo yabo; futhi wabona umGibhithe etshaya umHebheru kubafowabo.
12 ၁၂ သူသည်ဟိုဟိုသည်သည်ကြည့်၍ မည်သူတစ် စုံတစ်ယောက်ကိုမျှမမြင်ရလျှင်၊ အီဂျစ် အမျိုးသားကိုသတ်၍အလောင်းကိုသဲထဲ ၌မြှုပ်ထားခဲ့လေသည်။-
Wathalaza ngapha langapha; esebonile ukuthi kakulamuntu, wamtshaya umGibhithe, wamfihla etshebetshebeni.
13 ၁၃ နောက်တစ်နေ့တွင်သူသည်ထွက်လာပြန်ရာ ဟေဗြဲအမျိုးသားနှစ်ယောက်တို့သည် အချင်း ချင်းရိုက်ပုတ်ထိုးသတ်နေကြသည်ကိုမြင် ရလေ၏။ သူကမတရားသဖြင့်ပြုကျင့်နေ သူအား``သင်သည်အဘယ်ကြောင့်ကိုယ့်အမျိုး သားချင်းကိုရိုက်နှက်နေရသနည်း'' ဟုမေး လေ၏။
Waphuma langosuku lwesibili, khangela-ke, amaHebheru amabili esilwa; wasesithi kowonileyo: Umtshayelani umakhelwane wakho?
14 ၁၄ ထိုသူက``ငါတို့အမှုကိုစီရင်ရန်မည်သူ က သင့်အားတရားသူကြီးအဖြစ်ခန့်ထား သနည်း။ သင်သည်အီဂျစ်အမျိုးသားကို သတ်သကဲ့သို့ ငါ့ကိုသတ်ချင်သေးသလော'' ဟုပြန်ပြောလေ၏။ ထိုအခါမောရှေသည်မိမိ ပြုလုပ်ခဲ့သောအမှုကိုလူတို့သိကုန်ကြ ပြီဟူ၍ဆိုလျက်ထိတ်လန့်လေ၏။-
Wasesithi: Ngubani okubeke ube yisiphathamandla lomahluleli phezu kwethu? Wena uzimisele ukungibulala yini njengalokho ubulele umGibhithe? UMozisi wasesesaba wathi: Isibili udaba luyaziwa.
15 ၁၅ ဖာရောဘုရင်သည်ထိုသတင်းကိုကြားရသော အခါ မောရှေအားသတ်ရန်ကြံစည်လေ၏။ သို့ ရာတွင်မောရှေသည်ထွက်ပြေး၍မိဒျန်ပြည် ၌နေထိုင်လေ၏။ တစ်နေ့သ၌မောရှေသည်ရေတွင်းအနီး၌ထိုင် နေစဉ် မိဒျန်ပြည်၌နေထိုင်သောယဇ်ပုရောဟိတ် ယေသရော၏သမီးခုနစ်ယောက်တို့သည် ဖခင် ၏သိုးနှင့်ဆိတ်များအတွက်ရေတွင်းမှရေခပ် ပြီးလျှင် ရေသောက်ခွက်တွင်ရေဖြည့်ရန်လာ ကြ၏။-
Kwathi uFaro eseluzwile udaba, wadinga ukumbulala uMozisi. Kodwa uMozisi wabalekela ubuso bukaFaro, wahlala elizweni leMidiyani; wahlala emthonjeni.
Njalo umpristi weMidiyani wayelamadodakazi ayisikhombisa; eza ukukha, agcwalisa imikolo ukunathisa umhlambi kayise.
17 ၁၇ သို့ရာတွင်သိုးထိန်းအချို့တို့သည်ယေသရော ၏သမီးတို့ကိုနှင်ပစ်လေ၏။ ထိုအခါမောရှေ သည်အမျိုးသမီးတို့ကိုကူညီသည့်အနေ ဖြင့်၊ သူတို့၏သိုးနှင့်ဆိတ်များကိုသူကိုယ် တိုင်ရေတိုက်လေ၏။-
Kwasekufika abelusi, bawaxotsha; kodwa uMozisi wasukuma, wawasiza wanathisa umhlambi wawo.
18 ၁၈ အမျိုးသမီးတို့သည်ဖခင်ယေသရောထံသို့ ပြန်ရောက်လာကြသောအခါ၊ ဖခင်က``သင်တို့ ယနေ့အိမ်သို့အပြန်စောလှချည့်လား'' ဟု ဆိုလေ၏။
Lapho efika kuRehuweli uyise, wathi: Kungani libuye masinyane kangaka lamuhla?
19 ၁၉ သူတို့က``အီဂျစ်ပြည်သားတစ်ယောက်က ကျွန်မတို့အား သိုးထိန်းတို့ရန်မှကာကွယ် ပေးသည့်အပြင်ကျွန်မတို့၏သိုးဆိတ်များ အတွက်ရေခပ်၍တိုက်ပါသည်'' ဟုပြန်ဖြေ ကြ၏။
Asesithi: Indoda engumGibhithe isophulile esandleni sabelusi; futhi yasikhela lokusikhela, yanathisa umhlambi.
20 ၂၀ ဖခင်က``ထိုသူယခုအဘယ်မှာရှိသနည်း။ အဘယ်ကြောင့်သူ့ကိုထားခဲ့ကြသနည်း။ သူ့ ကိုဧည့်ဝတ်ပြုရန်သွား၍ဖိတ်ခေါ်လော့'' ဟု စေခိုင်းလေ၏။
Wasesithi emadodakazini akhe: Kambe ingaphi? Kanti liyitshiyeleni indoda? Ibizeni, ukuze idle isinkwa.
21 ၂၁ မောရှေသည်ယေသရောနှင့်အတူနေထိုင်၍၊ ယေသရော၏သမီးဇိပေါရနှင့်အိမ်ထောင် ဘက်ပြုလေ၏။-
UMozisi wasevuma ukuhlala lendoda; wasemnika uMozisi uZipora indodakazi yakhe.
22 ၂၂ ဇိပေါရသည်သားတစ်ယောက်ကိုဖွားမြင်သော အခါ၊ မောရှေက``ငါသည်တစ်ရပ်တစ်ကျေးတွင် ဧည့်သည်ဖြစ်ရပါသည်'' ဟုဆို၍ထိုသားကို ဂေရရှုံဟုနာမည်မှည့်လေ၏။
Wasezala indodana; wayitha ibizo layo uGereshoma, ngoba wathi: Ngangingowemzini elizweni lemzini.
23 ၂၃ ကာလအတန်ကြာသော် အီဂျစ်ပြည်ဘုရင် အနိစ္စရောက်လေ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် ကျွန်ခံရသောဒဏ်ကြောင့် ညည်းညူလျက်ရှိရကြသေး၏။ ကျွန်ခံရ သောဘဝမှလွတ်မြောက်ရေးအတွက် သူတို့ အော်ဟစ်တောင်းလျှောက်သောအသံသည် ဘုရားသခင်ထံတော်သို့ရောက်လေ၏။-
Kwasekusithi emva kwalezinsuku ezinengi, inkosi yeGibhithe yafa. Labantwana bakoIsrayeli babubula ngenxa yobugqili, bakhala; lokukhala kwabo kwenyukela kuNkulunkulu ngenxa yobugqili.
24 ၂၄ ထာဝရဘုရားသခင်သည်သူတို့၏ညည်း ညူသံကိုကြားတော်မူ၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုထားသောပဋိညာဉ်ကို သတိရလျက်၊-
UNkulunkulu wasesizwa ukububula kwabo, uNkulunkulu wakhumbula isivumelwano sakhe loAbrahama, loIsaka, njalo loJakobe.
25 ၂၅ ဣသရေလအမျိုးသားတို့ခံရသောဒုက္ခ ဆင်းရဲခြင်းကို ရှုမြင်သိမှတ်တော်မူ၏။
UNkulunkulu wasebona abantwana bakoIsrayeli, uNkulunkulu wabazi.