< ထွက်မြောက်ရာ 19 >
1 ၁ ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည် မှထွက်ခွာလာပြီးနောက် တတိယလ၊ တစ်ရက် နေ့တွင်သိနာဟုခေါ်သောတောကန္တာရသို့ ရောက်ရှိလာကြ၏။-
Prvoga dana treæega mjeseca, pošto izaðoše sinovi Izrailjevi iz Misira, toga dana doðoše u pustinju Sinajsku.
2 ၂ သူတို့သည်ရေဒိမ်အရပ်မှထွက်ခွာလာပြီး နောက် သိနာတောကန္တာရသို့ဝင်ရောက်ကြ ပြီးတောင်ခြေရင်းတွင်စခန်းချကြသည်။-
Krenuvši se iz Rafidina doðoše u pustinju Sinajsku, i stadoše u oko u pustinji, a oko naèiniše Izrailjci ondje pod gorom.
3 ၃ မောရှေသည်ဘုရားသခင်ကိုဖူးတွေ့ရန် တောင်ပေါ်သို့တက်လေ၏။ တောင်ပေါ်တွင်ထာဝရဘုရားသည်မောရှေ ကိုခေါ်၍၊ ယာကုပ်၏အဆက်အနွယ်ဣသ ရေလအမျိုးသားတို့အားဆင့်ဆိုခိုင်း သည်ကား၊-
I Mojsije izaðe na goru k Bogu; i povika mu Gospod s gore govoreæi: ovako kaži domu Jakovljevu, i reci sinovima Izrailjevim:
4 ၄ ``ငါသည်အီဂျစ်အမျိုးသားတို့အားမည်ကဲ့သို့ ဒဏ်ခတ်ခဲ့ပုံကိုလည်းကောင်း၊ လင်းယုန်ငှက်၏ အတောင်များဖြင့်သယ်ဆောင်သကဲ့သို့၊ ငါသည် သင်တို့ကိုဘေးမဲ့လုံခြုံစွာသယ်ဆောင်ခဲ့ပုံ ကိုလည်းကောင်းသင်တို့မြင်ရကြပြီ။-
Vidjeli ste šta sam uèinio Misircima i kako sam vas kao na krilima orlovijem nosio i doveo vas k sebi.
5 ၅ သင်တို့သည်ငါ၏စကားကိုနားထောင်၍၊ ငါ ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင်ငါပိုင်သော လူမျိုးဖြစ်ကြလိမ့်မည်။ ဤကမ္ဘာမြေကြီး အလုံးစုံကိုငါပိုင်တော်မူသည်။ သို့သော် သင်တို့သည်ငါရွေးကောက်တော်မူသော သူများဖြစ်ရကြမည်။-
A sada ako dobro uzaslušate glas moj i ušèuvate zavjet moj, biæete moje blago mimo sve narode, premda je moja sva zemlja.
6 ၆ သင်တို့သည်ငါ့အတွက်သီးသန့်ထားသော လူမျိုး၊ ငါ၏အမှုတော်ကိုဆောင်ရွက်သော ယဇ်ပုရောဟိတ်များဖြစ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အားပြောလော့'' ဟုမိန့်တော်မူ၏။-
I biæete mi carstvo sveštenièko i narod svet. To su rijeèi koje æeš kazati sinovima Izrailjevim.
7 ၇ သို့ဖြစ်၍မောရှေသည်တောင်ပေါ်ကဆင်းလာ ခဲ့ပြီးလျှင် ခေါင်းဆောင်များကိုဆင့်ခေါ်၍ ထာဝရဘုရားမိန့်မှာတော်မူသမျှကို ပြောကြားလေ၏။-
A Mojsije doðe i sazva starješine narodne; i kaza im sve ove rijeèi koje mu Gospod zapovjedi.
8 ၈ ထိုအခါလူအပေါင်းတို့က``အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်မှာတော်မူသမျှကိုလိုက် နာပါမည်'' ဟုတညီတညွတ်တည်းပြောကြား ကြ၏။ မောရှေသည်လည်းလူအပေါင်းတို့၏ ဖြေကြားချက်ကိုထာဝရဘုရားထံလျှောက် ထားလေ၏။
A sav narod odgovori složno i reèe: što je god kazao Gospod èiniæemo. I Mojsije javi Gospodu rijeèi narodne.
9 ၉ ထာဝရဘုရားက မောရှေအား``သင်နှင့်ငါ ပြောသောစကားကိုလူတို့သည်ကြား၍၊ သင့် ကိုယခုမှစ၍ယုံကြည်လာကြစေရန် ငါ သည်ထူထပ်သောမိုးတိမ်တိုက်ဖြင့်သင့်ထံ ကြွလာမည်'' ဟုမိန့်တော်မူ၏။ မောရှေသည်လူတို့ဖြေကြားချက်ကို ထာဝရ ဘုရားထံလျှောက်ထားလေ၏။-
A Gospod reèe Mojsiju: evo, ja æu doæi k tebi u gustom oblaku, da narod èuje kad ti stanem govoriti i da ti vjeruje dovijeka. Jer Mojsije bješe javio Gospodu rijeèi narodne.
10 ၁၀ ထာဝရဘုရားကမောရှေအား``လူအပေါင်း တို့အား ထာဝရဘုရားကိုဝတ်ပြုကိုးကွယ် ရန်ပြင်ဆင်သည့်အနေဖြင့် ယနေ့နှင့်နက်ဖြန် နေ့တွင်မိမိတို့ကိုယ်ကိုသန့်စင်စေရန်ပြော လော့။ သူတို့သည်မိမိတို့အဝတ်များကို ဖွပ်လျှော်၍၊-
I reèe Gospod Mojsiju: idi k narodu, i osveštaj ih danas i sjutra, i neka operu haljine svoje;
11 ၁၁ တတိယနေ့တွင်ဝတ်ပြုကိုးကွယ်ရန် အသင့် ရှိစေရမည်။ ထိုနေ့၌လူအပေါင်းတို့ရှေ့တွင် ငါထာဝရဘုရားသည်သိနာတောင်ပေါ် သို့ကြွဆင်းတော်မူမည်။-
I neka budu gotovi za treæi dan, jer æe u treæi dan siæi Gospod na goru Sinajsku pred svijem narodom.
12 ၁၂ သင်သည်တောင်၏ပတ်လည်တွင်လူတို့ကို မကျော်ဖြတ်စေရန်စည်းသတ်မှတ်၍၊ သူတို့ အားတောင်ပေါ်သို့မတက်ရန်နှင့်တောင်အနီး သို့မချဉ်းကပ်ရန်ပညတ်လော့။ တောင်ကို နင်းမိသောသူအားသေဒဏ်ခံစေရမည်။-
A postaviæeš narodu meðu unaokolo, i reæi æeš: èuvajte se da ne stupite na goru i da se ne dotaknete kraja njezina; što se god dotakne gore, poginuæe;
13 ၁၃ ထိုသူကိုမည်သူမျှလက်နှင့်မထိရဘဲ ကျောက်ခဲနှင့်ဖြစ်စေ၊ မြားနှင့်ဖြစ်စေပစ်၍ သတ်ရမည်။ အဆိုပါပညတ်ချက်ကိုကူး လွန်ခဲ့လျှင်လူသော်လည်းကောင်း၊ တိရစ္ဆာန် သော်လည်းကောင်းသေဒဏ်ခံရမည်။ တံပိုး မှုတ်သံကိုကြားရသောအခါလူတို့သည် တောင်သို့လာရကြမည်'' ဟုမိန့်တော်မူ ၏။
Toga da se niko ne dotakne rukom, nego kamenjem da se zaspe ili da se ustrijeli, bilo živinèe ili èovjek, da ne ostane u životu. Kad rog zatrubi otežuæi onda neka poðu na goru.
14 ၁၄ ထိုနောက်မောရှေသည်တောင်ပေါ်မှဆင်းလာ ၍ လူတို့အားဝတ်ပြုကိုးကွယ်ရန်ပြင်ဆင် စေ၏။ ထိုကြောင့်သူတို့သည်အဝတ်များ ကိုဖွပ်လျှော်ကြ၏။-
I Mojsije siðe s gore k narodu; i osvešta narod, i opraše haljine svoje.
15 ၁၅ မောရှေကသူတို့အား``တတိယနေ့တွင် အသင့်ရှိစေကြလော့။ ဤအတောအတွင်း မယားနှင့်မဆက်ဆံကြနှင့်'' ဟုပြော ကြားလေ၏။
I reèe narodu: budite gotovi za treæi dan, i ne liježite sa ženama.
16 ၁၆ တတိယနေ့တွင်တောင်ပေါ်၌မိုးချုန်း၍ လျှပ်စီးလက်ပြီးလျှင်ထူထပ်သောမိုးတိမ် ကျရောက်လေသည်။ အလွန်ကျယ်လောင်သော တံပိုးမှုတ်သံလည်းထွက်ပေါ်လာ၏။ ထို အခါစခန်းထဲရှိလူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြ၏။-
A treæi dan kad bi ujutru, gromovi zagrmješe i munje zasijevaše, i posta gust oblak na gori, i zatrubi truba veoma jako, da zadrhta sav narod koji bijaše u okolu.
17 ၁၇ ဘုရားသခင်ကိုဖူးတွေ့ရန်မောရှေသည် လူတို့ကိုစခန်းမှခေါ်ဆောင်လာသဖြင့်၊ သူတို့သည်တောင်ခြေ၌ရပ်နေကြ၏။-
Tada Mojsije izvede narod iz okola pred Boga, i stadoše ispod gore.
18 ၁၈ ထာဝရဘုရားသည်သိနာတောင်ပေါ်သို့ မီးတောက်မီးလျှံအသွင်ဖြင့်ကြွဆင်းလာ သည်ဖြစ်၍၊ တောင်တစ်ခုလုံးမီးခိုးဖြင့်ဖုံး လွှမ်းလျက်ရှိလေ၏။ မီးဖိုမှမီးခိုးတက် သကဲ့သို့မီးခိုးသည်အထက်သို့တက်၍ တစ်တောင်လုံးပြင်းစွာမြေငလျင်လှုပ် လေ၏။-
A gora se Sinajska sva dimljaše, jer siðe na nju Gospod u ognju; i dim se iz nje podizaše kao dim iz peæi, i sva se gora tresijaše veoma.
19 ၁၉ တံပိုးမှုတ်သံသည်လည်းပို၍ကျယ်လာ၏။ မောရှေလျှောက်ဆိုသည့်အခါ ဘုရားသခင် သည်မိုးကြိုးသံဖြင့်ဖြေကြားတော်မူ၏။-
I truba sve jaèe trubljaše, i Mojsije govoraše a Bog mu odgovaraše glasom.
20 ၂၀ ထာဝရဘုရားသည်သိနာတောင်ထိပ်ပေါ် သို့ကြွဆင်းလာ၍ မောရှေအားတောင်ထိပ် ပေါ်သို့ခေါ်တော်မူလျှင်မောရှေတက်သွား လေ၏။-
I Gospod sišavši na goru Sinajsku, na vrh gore, pozva Mojsija na vrh gore; i izaðe Mojsije.
21 ၂၁ ထာဝရဘုရားကမောရှေအား``သင်သည် တောင်အောက်သို့ဆင်း၍၊ လူတို့ငါ့ကိုဖူး မြင်ရန်သတ်မှတ်ထားသောစည်းကိုကျော် ဖြတ်၍မလာရန်သတိပေးလော့။ ဖြတ် ကျော်လျှင်လူအများသေကြလိမ့်မည်။-
A Gospod reèe Mojsiju: siði, opomeni narod da ne prestupe meðe da vide Gospoda, da ne bi izginuli od mene.
22 ၂၂ ငါ့အနီးသို့ချဉ်းကပ်လာသောယဇ်ပုရော ဟိတ်များပင်လျှင် မိမိတို့ကိုယ်ကိုသန့်စင် စေရမည်။ ထိုသို့မပြုလျှင်ငါသည်သူတို့ အားဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
I sami sveštenici, koji pristupaju ka Gospodu, neka se osveštaju, da ih ne bi pobio Gospod.
23 ၂၃ ထိုအခါမောရှေက ထာဝရဘုရားအား``ကိုယ် တော်သည်တောင်ကိုသန့်ရှင်းရာဌာနအဖြစ် သတ်မှတ်၍ ပတ်လည်တွင်စည်းတားထားစေ သောကြောင့်လူတို့သည်တောင်ပေါ်သို့မတက် နိုင်ကြပါ'' ဟုလျှောက်ထားလေ၏။
A Mojsije reèe Gospodu: neæe moæi narod izaæi na goru Sinajsku, jer si nas ti opomenuo rekavši: naèini meðu gori i osveštaj je.
24 ၂၄ ထာဝရဘုရားက``သင်သည်တောင်အောက် သို့ဆင်း၍ အာရုန်ကိုခေါ်ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်များနှင့်လူတို့ကိုမူကား ငါ့ထံ သို့ဝင်ခြင်းငှာစည်းကိုမဖြတ်ကျော်စေရ။ စည်းကိုဖောက်ဖျက်လျှင်သူတို့ကိုဒဏ်ခတ် မည်'' ဟုမိန့်တော်မူ၏။-
A Gospod mu reèe: idi, siði, pa onda doði ti i Aron s tobom; a sveštenici i narod neka ne prestupe meðe da se popnu ka Gospodu, da ih ne bi pobio.
25 ၂၅ ထိုအခါမောရှေသည်တောင်အောက်သို့ဆင်း ၍ ထာဝရဘုရားမိန့်မှာသမျှကိုလူတို့ အားပြောကြားလေ၏။
I siðe Mojsije k narodu i kaza im.