< ထွက်မြောက်ရာ 19 >
1 ၁ ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည် မှထွက်ခွာလာပြီးနောက် တတိယလ၊ တစ်ရက် နေ့တွင်သိနာဟုခေါ်သောတောကန္တာရသို့ ရောက်ရှိလာကြ၏။-
၁ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည် မှ ထွက်သွား သောနောက်၊ တတိယ လ တရက်နေ့ ၌ သိနာ တော သို့ ရောက် ကြ၏။
2 ၂ သူတို့သည်ရေဒိမ်အရပ်မှထွက်ခွာလာပြီး နောက် သိနာတောကန္တာရသို့ဝင်ရောက်ကြ ပြီးတောင်ခြေရင်းတွင်စခန်းချကြသည်။-
၂ရေဖိဒိမ် အရပ်က ထွက်သွား ပြီးမှ သိနာ တော သို့ ရောက် ၍ ၊ ထိုတော ၌ တောင် ရှေ့ မှာ တပ်ချ ကြ၏။
3 ၃ မောရှေသည်ဘုရားသခင်ကိုဖူးတွေ့ရန် တောင်ပေါ်သို့တက်လေ၏။ တောင်ပေါ်တွင်ထာဝရဘုရားသည်မောရှေ ကိုခေါ်၍၊ ယာကုပ်၏အဆက်အနွယ်ဣသ ရေလအမျိုးသားတို့အားဆင့်ဆိုခိုင်း သည်ကား၊-
၃မောရှေ သည် ဘုရား သခင့်ထံ တော်သို့ တက် သွားလျှင် ၊ ထာဝရဘုရား သည် တောင် ပေါ်က ခေါ် တော်မူ၍၊ သင်သည် ယာကုပ် အမျိုး ၊ ဣသရေလ သား တို့အား ပြန်ပြော ရသော အမိန့် တော်ဟူမူကား ၊
4 ၄ ``ငါသည်အီဂျစ်အမျိုးသားတို့အားမည်ကဲ့သို့ ဒဏ်ခတ်ခဲ့ပုံကိုလည်းကောင်း၊ လင်းယုန်ငှက်၏ အတောင်များဖြင့်သယ်ဆောင်သကဲ့သို့၊ ငါသည် သင်တို့ကိုဘေးမဲ့လုံခြုံစွာသယ်ဆောင်ခဲ့ပုံ ကိုလည်းကောင်းသင်တို့မြင်ရကြပြီ။-
၄ငါသည် အဲဂုတ္တု လူတို့၌ ပြု သော အကြောင်း၊ သင် တို့ကို ရွှေလင်းတ အတောင် ဖြင့် ထမ်း ၍ ကိုယ် ဘို့ သိမ်းယူ သောအကြောင်းကို သင် တို့သည် သိ မြင်ရကြပြီ။
5 ၅ သင်တို့သည်ငါ၏စကားကိုနားထောင်၍၊ ငါ ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင်ငါပိုင်သော လူမျိုးဖြစ်ကြလိမ့်မည်။ ဤကမ္ဘာမြေကြီး အလုံးစုံကိုငါပိုင်တော်မူသည်။ သို့သော် သင်တို့သည်ငါရွေးကောက်တော်မူသော သူများဖြစ်ရကြမည်။-
၅ထိုကြောင့် ယခု တွင် သင်တို့သည် ငါ့ စကား ကို အမှန်နားထောင် ၍ ငါ့ ပဋိညာဉ် ကို စောင့်ရှောက် လျှင် အခြားသောလူမျိုး တကာ တို့ထက် သင်တို့သည် ငါ ပိုင်ထိုက်သော ဘဏ္ဍာ တော်ဖြစ် ရကြလိမ့်မည်။ မြေကြီး ရှိသမျှ သည် ငါ ၏ ဥစ္စာဖြစ်၏။
6 ၆ သင်တို့သည်ငါ့အတွက်သီးသန့်ထားသော လူမျိုး၊ ငါ၏အမှုတော်ကိုဆောင်ရွက်သော ယဇ်ပုရောဟိတ်များဖြစ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အားပြောလော့'' ဟုမိန့်တော်မူ၏။-
၆သင် တို့သည်လည်း မင်း စည်းစိမ်ရှိသောယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်း သောလူမျိုး ဖြစ် ရကြလိမ့်မည် ဟူသောအမိန့် တော်ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆို လော့ဟု မိန့်တော်မူ၏။
7 ၇ သို့ဖြစ်၍မောရှေသည်တောင်ပေါ်ကဆင်းလာ ခဲ့ပြီးလျှင် ခေါင်းဆောင်များကိုဆင့်ခေါ်၍ ထာဝရဘုရားမိန့်မှာတော်မူသမျှကို ပြောကြားလေ၏။-
၇မောရှေ သည် ပြန်လာ ၍ လူ တို့တွင် အသက်ကြီး သူတို့ကို ခေါ် ပြီးလျှင် ၊ ထာဝရဘုရား မှာ ထားတော်မူသော စကား အလုံးစုံ တို့ကို ပြန်ပြောလေ ၏။
8 ၈ ထိုအခါလူအပေါင်းတို့က``အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်မှာတော်မူသမျှကိုလိုက် နာပါမည်'' ဟုတညီတညွတ်တည်းပြောကြား ကြ၏။ မောရှေသည်လည်းလူအပေါင်းတို့၏ ဖြေကြားချက်ကိုထာဝရဘုရားထံလျှောက် ထားလေ၏။
၈လူ အပေါင်း တို့ကလည်း ထာဝရဘုရား မိန့် တော်မူသမျှ တို့ကို အကျွန်ုပ်တို့သည် ပြု ပါမည်ဟု တညီ တညွတ်တည်း ပြန် ပြောကြ၏။ မောရှေ သည်လည်း သူ တို့၏စကား ကို ထာဝရဘုရား အား ပြန်လျှောက် လေ၏။
9 ၉ ထာဝရဘုရားက မောရှေအား``သင်နှင့်ငါ ပြောသောစကားကိုလူတို့သည်ကြား၍၊ သင့် ကိုယခုမှစ၍ယုံကြည်လာကြစေရန် ငါ သည်ထူထပ်သောမိုးတိမ်တိုက်ဖြင့်သင့်ထံ ကြွလာမည်'' ဟုမိန့်တော်မူ၏။ မောရှေသည်လူတို့ဖြေကြားချက်ကို ထာဝရ ဘုရားထံလျှောက်ထားလေ၏။-
၉ထာဝရဘုရား ကလည်း ကြည့်ရှု လော့။ သင် နှင့် ငါ ပြော သောအခါ လူ များတို့သည် ကြား ၍ အစဉ်အမြဲ သင့် ကို ယုံ မည်အကြောင်း ၊ မိုဃ်းတိမ် တိုက် ၌ သင့် ဆီ သို့ ငါ လာ မည်ဟု မောရှေ အား မိန့် တော်မူ၏။ မောရှေ သည်လည်း ထာဝရဘုရား ၏ စကား တော်ကို လူ များတို့အား ပြန်ပြော လေ၏။
10 ၁၀ ထာဝရဘုရားကမောရှေအား``လူအပေါင်း တို့အား ထာဝရဘုရားကိုဝတ်ပြုကိုးကွယ် ရန်ပြင်ဆင်သည့်အနေဖြင့် ယနေ့နှင့်နက်ဖြန် နေ့တွင်မိမိတို့ကိုယ်ကိုသန့်စင်စေရန်ပြော လော့။ သူတို့သည်မိမိတို့အဝတ်များကို ဖွပ်လျှော်၍၊-
၁၀ထာဝရဘုရား ကလည်း လူ တို့ရှိရာသို့ သွား ၍ ၊ ယနေ့ နှင့် နက်ဖြန် ၌ သူ တို့ကို သန့်ရှင်း စေလော့။ သူ တို့အဝတ် ကို လျှော် စေ၍၊
11 ၁၁ တတိယနေ့တွင်ဝတ်ပြုကိုးကွယ်ရန် အသင့် ရှိစေရမည်။ ထိုနေ့၌လူအပေါင်းတို့ရှေ့တွင် ငါထာဝရဘုရားသည်သိနာတောင်ပေါ် သို့ကြွဆင်းတော်မူမည်။-
၁၁သုံး ရက်မြောက်သောနေ့ ၌ အသင့် ရှိ နေစေလော့။ အကြောင်း မူကား၊ သုံး ရက်မြောက်သောနေ့ ၌ ထာဝရဘုရား သည် လူ အပေါင်း တို့ရှေ့ ၊ သိနာ တောင် ပေါ် သို့ ဆင်းသက် တော်မူမည်။
12 ၁၂ သင်သည်တောင်၏ပတ်လည်တွင်လူတို့ကို မကျော်ဖြတ်စေရန်စည်းသတ်မှတ်၍၊ သူတို့ အားတောင်ပေါ်သို့မတက်ရန်နှင့်တောင်အနီး သို့မချဉ်းကပ်ရန်ပညတ်လော့။ တောင်ကို နင်းမိသောသူအားသေဒဏ်ခံစေရမည်။-
၁၂လူတို့မကျော်ရသောအဆီးအကာတို့ကို တောင်ပတ်လည် ၌ စီရင် ၍၊ သင်တို့သည် တောင် ပေါ်သို့ မတက် ၊ တောင် ခြေရင်း ကို မထိ ရအောင် သတိပြု ကြဟု ပြော လော့။ တောင် ကို ထိမိ သောသူ မည်သည်ကား၊ ဧကန်အမှန် အသေ ခံစေ။
13 ၁၃ ထိုသူကိုမည်သူမျှလက်နှင့်မထိရဘဲ ကျောက်ခဲနှင့်ဖြစ်စေ၊ မြားနှင့်ဖြစ်စေပစ်၍ သတ်ရမည်။ အဆိုပါပညတ်ချက်ကိုကူး လွန်ခဲ့လျှင်လူသော်လည်းကောင်း၊ တိရစ္ဆာန် သော်လည်းကောင်းသေဒဏ်ခံရမည်။ တံပိုး မှုတ်သံကိုကြားရသောအခါလူတို့သည် တောင်သို့လာရကြမည်'' ဟုမိန့်တော်မူ ၏။
၁၃ထိုသူ ကို လက် နှင့်မ ထိ ရ။ အကယ်စင်စစ်ကျောက်ခဲနှင့်ပစ် ရမည်။ သို့မဟုတ် လှံနှင့်ထိုး ရမည်။ လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ ၊ အသက် မ ရှင်ရ။ တံပိုး သည် ကြာကြာမြည် သောအခါ ၊ လူ များတို့သည် တောင် သို့ လာ ရ ကြမည်ဟု မောရှေ အား မိန့် တော်မူ၏။
14 ၁၄ ထိုနောက်မောရှေသည်တောင်ပေါ်မှဆင်းလာ ၍ လူတို့အားဝတ်ပြုကိုးကွယ်ရန်ပြင်ဆင် စေ၏။ ထိုကြောင့်သူတို့သည်အဝတ်များ ကိုဖွပ်လျှော်ကြ၏။-
၁၄မောရှေ သည် တောင် ပေါ်မှ လူ တို့ရှိရာသို့ ဆင်းသက် ၍ ၊ သူ တို့ကို သန့်ရှင်း စေ၏။ သူတို့သည် မိမိ အဝတ် များကို လျှော် ကြ၏။
15 ၁၅ မောရှေကသူတို့အား``တတိယနေ့တွင် အသင့်ရှိစေကြလော့။ ဤအတောအတွင်း မယားနှင့်မဆက်ဆံကြနှင့်'' ဟုပြော ကြားလေ၏။
၁၅မောရှေကလည်း၊ သုံး ရက်မြောက်သောနေ့ ၌ အသင့် ရှိ စေကြလော့။ မယား ကို မ ချဉ်း ကြနှင့်ဟု လူ တို့အား ဆို လေ၏။
16 ၁၆ တတိယနေ့တွင်တောင်ပေါ်၌မိုးချုန်း၍ လျှပ်စီးလက်ပြီးလျှင်ထူထပ်သောမိုးတိမ် ကျရောက်လေသည်။ အလွန်ကျယ်လောင်သော တံပိုးမှုတ်သံလည်းထွက်ပေါ်လာ၏။ ထို အခါစခန်းထဲရှိလူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြ၏။-
၁၆သုံး ရက်မြောက်သောနေ့ ၊ နံနက် အချိန်၌ တောင် ပေါ် မှာ မိုဃ်းချုန်း ခြင်း၊ လျပ်ပြက် ခြင်းနှင့်တကွ မိုဃ်းတိမ် တိုက် လွှမ်းမိုး ၍ ကြီး သောအသံနှင့် တံပိုး မြည် သဖြင့် ၊ တပ် ၌ ရှိသော လူ အပေါင်း တို့သည် တုန်လှုပ် ကြ၏။
17 ၁၇ ဘုရားသခင်ကိုဖူးတွေ့ရန်မောရှေသည် လူတို့ကိုစခန်းမှခေါ်ဆောင်လာသဖြင့်၊ သူတို့သည်တောင်ခြေ၌ရပ်နေကြ၏။-
၁၇မောရှေ သည်လည်း ဘုရား သခင်နှင့် တွေ့ စေခြင်းငှာ ၊ လူ များတို့ကို တပ် ထဲက ဆောင် ခဲ့သဖြင့် ၊ သူတို့သည် တောင် ခြေ ရင်းအောက်၌ ရပ် နေကြ၏။
18 ၁၈ ထာဝရဘုရားသည်သိနာတောင်ပေါ်သို့ မီးတောက်မီးလျှံအသွင်ဖြင့်ကြွဆင်းလာ သည်ဖြစ်၍၊ တောင်တစ်ခုလုံးမီးခိုးဖြင့်ဖုံး လွှမ်းလျက်ရှိလေ၏။ မီးဖိုမှမီးခိုးတက် သကဲ့သို့မီးခိုးသည်အထက်သို့တက်၍ တစ်တောင်လုံးပြင်းစွာမြေငလျင်လှုပ် လေ၏။-
၁၈ထာဝရဘုရား သည် မီး ဖြင့် လွှမ်းလျက်၊ သိနာ တောင်ပေါ် သို့ ဆင်းသက် တော်မူသောကြောင့် ၊ တတောင်လုံး မီးခိုး ထွက်လေ၏။ မီးခိုး သည်လည်း မီးဖို ၏မီးခိုး ကဲ့သို့ တက် ၍ တတောင် လုံး ပြင်းစွာ လှုပ် လေ၏။
19 ၁၉ တံပိုးမှုတ်သံသည်လည်းပို၍ကျယ်လာ၏။ မောရှေလျှောက်ဆိုသည့်အခါ ဘုရားသခင် သည်မိုးကြိုးသံဖြင့်ဖြေကြားတော်မူ၏။-
၁၉တံပိုး မြည် သံသည် ကြာကြာမြည် လျက် ၊ အသံတိုး ၍ ကြီး သောအခါ၊ မောရှေ သည် ခေါ် ၍ ၊ ဘုရား သခင်သည် စကား သံနှင့် ထူး တော်မူ၏။
20 ၂၀ ထာဝရဘုရားသည်သိနာတောင်ထိပ်ပေါ် သို့ကြွဆင်းလာ၍ မောရှေအားတောင်ထိပ် ပေါ်သို့ခေါ်တော်မူလျှင်မောရှေတက်သွား လေ၏။-
၂၀ထာဝရဘုရား သည်လည်း သိနာ တောင် ထိပ် ပေါ် သို့ ဆင်းသက် ၍ ၊ မောရှေ ကို တောင် ထိပ် ပေါ် သို့ ခေါ် တော်မူလျှင် ၊ မောရှေ သည် တက် လေ၏။
21 ၂၁ ထာဝရဘုရားကမောရှေအား``သင်သည် တောင်အောက်သို့ဆင်း၍၊ လူတို့ငါ့ကိုဖူး မြင်ရန်သတ်မှတ်ထားသောစည်းကိုကျော် ဖြတ်၍မလာရန်သတိပေးလော့။ ဖြတ် ကျော်လျှင်လူအများသေကြလိမ့်မည်။-
၂၁ထာဝရဘုရား ကလည်း ၊ လူ တို့သည် ကြည့်ရှု ခြင်းငှာ ထာဝရဘုရား ထံ သို့ကျော် ဝင်၍ ၊ အများ တို့သည် သေ ကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့်ဆင်း ၍ သတိပေး လော့။
22 ၂၂ ငါ့အနီးသို့ချဉ်းကပ်လာသောယဇ်ပုရော ဟိတ်များပင်လျှင် မိမိတို့ကိုယ်ကိုသန့်စင် စေရမည်။ ထိုသို့မပြုလျှင်ငါသည်သူတို့ အားဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
၂၂ထာဝရဘုရား ထံသို့ ချဉ်းကပ် သော ယဇ် ပုရောဟိတ်တို့သည်လည်း ၊ ကိုယ်ကိုကိုယ်သန့်ရှင်း စေရမည်။ သို့မဟုတ် ထာဝရဘုရား သည် ဒဏ်ခတ် တော်မူမည်ဟု မောရှေ အား မိန့် တော်မူ၏။
23 ၂၃ ထိုအခါမောရှေက ထာဝရဘုရားအား``ကိုယ် တော်သည်တောင်ကိုသန့်ရှင်းရာဌာနအဖြစ် သတ်မှတ်၍ ပတ်လည်တွင်စည်းတားထားစေ သောကြောင့်လူတို့သည်တောင်ပေါ်သို့မတက် နိုင်ကြပါ'' ဟုလျှောက်ထားလေ၏။
၂၃မောရှေ ကလည်း ၊ လူ တို့သည် သိနာ တောင် သို့ မ တက် နိုင် ကြပါ။ အကြောင်း မူကား၊ မကျော်ရသောအဆီး အကာတို့ကို တောင် ပတ်လည်၌ စီရင်၍ ၊ သန့်ရှင်း စေလော့ဟု မှာ ထားတော်မူပြီဟု ထာဝရဘုရား အား ပြန်လျှောက် လေ၏။
24 ၂၄ ထာဝရဘုရားက``သင်သည်တောင်အောက် သို့ဆင်း၍ အာရုန်ကိုခေါ်ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်များနှင့်လူတို့ကိုမူကား ငါ့ထံ သို့ဝင်ခြင်းငှာစည်းကိုမဖြတ်ကျော်စေရ။ စည်းကိုဖောက်ဖျက်လျှင်သူတို့ကိုဒဏ်ခတ် မည်'' ဟုမိန့်တော်မူ၏။-
၂၄ထာဝရဘုရား ကလည်း ၊ ဆင်း သွားလော့။ သင် နှင့် အာရုန် သာလျှင် တက် ရမည်။ ယဇ် ပုရောဟိတ်များ၊ လူ များတို့သည် ထာဝရဘုရား ထံ သို့တက် ခြင်းငှာ မ ကျော် မဝင်စေနှင့်။ သို့မဟုတ်သူ တို့ကို ဒဏ်ခတ် တော်မူမည် ဟု မိန့် တော်မူ၏။
25 ၂၅ ထိုအခါမောရှေသည်တောင်အောက်သို့ဆင်း ၍ ထာဝရဘုရားမိန့်မှာသမျှကိုလူတို့ အားပြောကြားလေ၏။
၂၅မောရှေ သည်လည်း လူ များတို့ရှိရာသို့ ဆင်း ၍ ကြားပြော လေ၏။