< ထွက်မြောက်ရာ 18 >
1 ၁ မိဒျန်ပြည်မှယဇ်ပုရောဟိတ်ဖြစ်သူမောရှေ ၏ယောက္ခမယေသရောသည် ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်တော်မူ ခဲ့စဉ်က မောရှေနှင့်ဣသရေလအမျိုးသား တို့အားထာဝရဘုရားမည်ကဲ့သို့ကျေးဇူး ပြုတော်မူကြောင်းကိုကြားသိရ၏။-
摩西的岳父,米甸祭司葉忒羅,聽見上帝為摩西和上帝的百姓以色列所行的一切事,就是耶和華將以色列從埃及領出來的事,
2 ၂ သို့ဖြစ်၍သူသည်ယောက္ခမအိမ်သို့ဇနီးဇိပေါရ ကိုစေလွှတ်ခဲ့ရာ ယေသရောသည်ဇိပေါရနှင့် သားနှစ်ယောက်ဖြစ်သော ဂေရရှုံနှင့်ဧလျေဇာ တို့ကိုလက်ခံ၏။ (မောရှေက``ငါသည်နိုင်ငံခြား ၌ဧည့်သည်ဖြစ်သည်'' ဟုဆို၍သားတစ်ယောက် ကိုဂေရရှုံဟုနာမည်ပေးခဲ့၏။-
便帶着摩西的妻子西坡拉,就是摩西從前打發回去的,
又帶着西坡拉的兩個兒子,一個名叫革舜,因為摩西說:「我在外邦作了寄居的」;
4 ၄ တစ်ဖန်``ငါ့အဖ၏ထာဝရဘုရားသည်ငါ့ ကိုအီဂျစ်ဘုရင်၏ဋ္ဌားဘေးမှကယ်တင်တော် မူ၏'' ဟုဆို၍အခြားသောသားတစ်ယောက် ကိုဧလျေဇာဟုနာမည်ပေးခဲ့၏။-)
一個名叫以利以謝,因為他說:「我父親的上帝幫助了我,救我脫離法老的刀。」
5 ၅ ယေသရောသည်မောရှေ၏ဇနီးနှင့်သား များတို့ကို တောကန္တာရရှိထာဝရဘုရား ၏တောင်တွင်စခန်းချလျက်ရှိသောမောရှေ ထံသို့ခေါ်ဆောင်လာ၏။-
摩西的岳父葉忒羅帶着摩西的妻子和兩個兒子來到上帝的山,就是摩西在曠野安營的地方。
6 ၆ သူသည်မောရှေ၏ဇနီးနှင့်သားနှစ်ယောက် တို့နှင့်အတူ လာရောက်မည်ဖြစ်ကြောင်း မောရှေထံသတင်းပို့ခဲ့၏။-
他對摩西說:「我是你岳父葉忒羅,帶着你的妻子和兩個兒子來到你這裏。」
7 ၇ သို့ဖြစ်၍မောရှေသည်ထွက်လာ၍ယောက္ခမ ကိုဦးညွှတ်လျက်နမ်းရှုပ်ကြိုဆိုလေ၏။ သူ တို့အချင်းချင်းနှုတ်ခွန်းဆက်ကြပြီး နောက်မောရှေ၏တဲထဲသို့ဝင်ကြ၏။-
摩西迎接他的岳父,向他下拜,與他親嘴,彼此問安,都進了帳棚。
8 ၈ မောရှေကထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကိုကယ်တင်ရန်အလို့ငှါ အီဂျစ်ဘုရင်နှင့်အီဂျစ်အမျိုးသားတို့ အပေါ်ပြုတော်မူပုံအကြောင်းအရာအားလုံး ကို ယေသရောအားပြောပြ၏။ ထို့အပြင် ဣသရေလအမျိုးသားတို့ရင်ဆိုင်ခဲ့ရ သောအခက်အခဲများနှင့်တကွ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ ကိုကယ်တင်ခဲ့ကြောင်းကိုပြောပြ၏။-
摩西將耶和華為以色列的緣故向法老和埃及人所行的一切事,以及路上所遭遇的一切艱難,並耶和華怎樣搭救他們,都述說與他岳父聽。
9 ၉ ယေသရောသည်အီဂျစ်အမျိုးသားများ လက်မှ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရားကယ်တင်တော်မူခဲ့သည့် သတင်းကိုကြားရလျှင် အလွန်ဝမ်းသာ အားရဖြစ်လေ၏။-
葉忒羅因耶和華待以色列的一切好處,就是拯救他們脫離埃及人的手,便甚歡喜。
10 ၁၀ ယေသရောက``အီဂျစ်အမျိုးသားတို့နှင့် အီဂျစ်ဘုရင်၏လက်မှ သင်တို့ကိုကယ်တင် တော်မူသောထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ကျွန်ဘဝမှမိမိလူမျိုး တော်အား ကယ်တင်တော်မူသောထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။-
葉忒羅說:「耶和華是應當稱頌的;他救了你們脫離埃及人和法老的手,將這百姓從埃及人的手下救出來。
11 ၁၁ ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အပေါ် မာနထောင်လွှားခဲ့သော အီဂျစ်အမျိုးသားတို့အပေါ်ပြုမူပုံ ကြောင့် ထာဝရဘုရားသည်ဘုရားအပေါင်း တို့ထက်ပို၍ဘုန်းတန်ခိုးကြီးတော်မူ ကြောင်းယခုငါသိပြီ'' ဟုဆို၏။-
我現今在埃及人向這百姓發狂傲的事上得知,耶和華比萬神都大。」
12 ၁၂ ထိုနောက်ယေသရောသည်ထာဝရဘုရား အားပူဇော်ရန် မီးရှို့ရာယဇ်နှင့်အခြားပူ ဇော်ရာယဇ်များကိုဆောင်ခဲ့၏။ အာရုန်နှင့် ဣသရေလအမျိုးသားခေါင်းဆောင်အပေါင်း တို့သည်ယေသရောနှင့်အတူ ထာဝရဘုရား ၏ရှေ့တော်၌အစားအစာသုံးဆောင်ရန် လာကြ၏။
摩西的岳父葉忒羅把燔祭和平安祭獻給上帝。亞倫和以色列的眾長老都來了,與摩西的岳父在上帝面前吃飯。
13 ၁၃ နောက်တစ်နေ့တွင်မောရှေသည်လူတို့၏ အမှုအခင်းများကို နံနက်ချိန်မှစ၍ မိုးချုပ်သည့်တိုင်အောင်စီရင်ရသည်။-
第二天,摩西坐着審判百姓,百姓從早到晚都站在摩西的左右。
14 ၁၄ လူတို့အတွက်မောရှေဆောင်ရွက်ရသမျှကို ယေသရောမြင်ရသောအခါမောရှေအား``သင် သည်ဤလူတို့အတွက်မည်သည့်အမှုကိစ္စကို ဆောင်ရွက်ပေးနေပါသနည်း။ အဘယ်ကြောင့် တစ်ယောက်တည်းဆောင်ရွက်နေပါသနည်း။ လူ အပေါင်းတို့သည်သင့်ထံ၌တစ်နေကုန်ရပ် လျက်စောင့်နေကြပါသည်တကား'' ဟုဆို လေ၏။
摩西的岳父看見他向百姓所做的一切事,就說:「你向百姓做的是甚麼事呢?你為甚麼獨自坐着,眾百姓從早到晚都站在你的左右呢?」
15 ၁၅ မောရှေက``သူတို့သည်ဘုရားသခင်၏ အလိုတော်ကိုသိလို၍ ကျွန်ုပ်ထံသို့လာ ကြပါ၏။-
摩西對岳父說:「這是因百姓到我這裏來求問上帝。
16 ၁၆ လူနှစ်ဦး၌အငြင်းအခုံဖြစ်ပွားလျှင် ကျွန်ုပ် ၏အဆုံးအဖြတ်ကိုခံယူရန်ကျွန်ုပ်ထံသို့ လာကြပါသည်။ ကျွန်ုပ်သည်သူတို့အားဘုရားသခင်၏အမိန့်နှင့်ပညတ်တော်များကိုလိုက် နာရန် ပြောပြရပါသည်'' ဟုဖြေကြားလေ ၏။
他們有事的時候就到我這裏來,我便在兩造之間施行審判;我又叫他們知道上帝的律例和法度。」
17 ၁၇ ထိုအခါယေသရောကမောရှေအား``သင် ပြုလုပ်နေပုံမှာမတော်မသင့်ပါ။-
摩西的岳父說:「你這做的不好。
18 ၁၈ သင်နှင့်တကွဤသူအားလုံးတို့သည်ပင် ပန်းနွမ်းရိကြလိမ့်မည်။ ဤတာဝန်သည်သင့် အတွက်ကြီးလွန်းလှ၏။ သင်တစ်ဦးတည်း ထမ်းဆောင်နိုင်မည်မဟုတ်။-
你和這些百姓必都疲憊;因為這事太重,你獨自一人辦理不了。
19 ၁၉ ငါသည်သင့်အားအကြံကောင်းပေးပါမည်။ ဘုရားသခင်သည်သင်နှင့်အတူရှိပါစေ သော။ သင်၏တာဝန်မှာလူတို့၏အငြင်းပွား မှုများကို သူတို့၏ကိုယ်စားဘုရားသခင် ထံတော်သို့တင်လျှောက်ပေးခြင်းမှာကောင်း ပေသည်။-
現在你要聽我的話。我為你出個主意,願上帝與你同在。你要替百姓到上帝面前,將案件奏告上帝;
20 ၂၀ သင်သည်သူတို့အားဘုရားသခင်၏အမိန့် နှင့်ပညတ်တော်များကိုသင်ကြားပေး၍ သူ တို့မည်ကဲ့သို့လိုက်နာကျင့်သုံးရမည်ကို ရှင်းလင်းပေးခြင်းမှာလည်းကောင်းပေ သည်။-
又要將律例和法度教訓他們,指示他們當行的道,當做的事;
21 ၂၁ သို့ရာတွင်သင်သည်လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့ကိုခေါင်းဆောင်နိုင် မည့်အရည်အချင်းရှိသူများကိုရွေးချယ် ခန့်ထားသင့်ပါသည်။ ထိုသူတို့သည်ဘုရား ကိုကြောက်ရွံ့၍ရိုးသားဖြောင့်မတ်လျက် အဂတိမလိုက်စားတတ်သူများဖြစ်ရ ကြမည်။-
並要從百姓中揀選有才能的人,就是敬畏上帝、誠實無妄、恨不義之財的人,派他們作千夫長、百夫長、五十夫長、十夫長,管理百姓,
22 ၂၂ သူတို့ကိုအမြဲတမ်းတရားသူကြီးများ အဖြစ် လူတို့၏အမှုအခင်းများကိုစီရင် စေရမည်။ သူတို့သည်ခက်ခဲသောအမှုများ ကိုသင့်ထံသို့တင်ပြ၍ သေးငယ်သောအမှု များကိုသူတို့ကိုယ်တိုင်စီရင်ဆုံးဖြတ်စေ ရမည်။ ဤနည်းအားဖြင့်သူတို့သည် သင်၏ တာဝန်ကိုခွဲဝေထမ်းဆောင်ကြသော ကြောင့်သင့်အတွက်သက်သာလိမ့်မည်။-
叫他們隨時審判百姓,大事都要呈到你這裏,小事他們自己可以審判。這樣,你就輕省些,他們也可以同當此任。
23 ၂၃ ထာဝရဘုရားမိန့်တော်မူသည်နှင့်အညီ ဤနည်းအတိုင်းဆောင်ရွက်လျှင် သင်သည်ပင် ပန်းနွမ်းရိလိမ့်မည်မဟုတ်။ ဤလူအပေါင်း တို့သည်လည်းအမှုအခင်းများပြီးပြတ် လျက် မိမိတို့နေအိမ်သို့ပြန်နိုင်ကြလိမ့် မည်'' ဟုအကြံပေးသည်။
你若這樣行,上帝也這樣吩咐你,你就能受得住,這百姓也都平平安安歸回他們的住處。」
24 ၂၄ မောရှေသည်ယေသရောအကြံပေးသည့် အတိုင်း လိုက်နာဆောင်ရွက်လေ၏။-
於是,摩西聽從他岳父的話,按着他所說的去行。
25 ၂၅ သူသည်ဣသရေလအမျိုးသားအပေါင်း တို့အထဲမှ အရည်အချင်းပြည့်စုံသူတို့ကို ရွေး၍လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့တွင်ခေါင်းဆောင်များအဖြစ် ခန့်ထားလေ၏။-
摩西從以色列人中揀選了有才能的人,立他們為百姓的首領,作千夫長、百夫長、五十夫長、十夫長。
26 ၂၆ ထိုသူတို့သည်လူများကိုတရားစီရင်ရန် အမြဲတမ်းတရားသူကြီးများအဖြစ် ဆောင်ရွက်ရသည်။ သူတို့သည်ခက်ခဲသော အမှုများကိုမောရှေထံသို့တင်ပြ၍ သေး ငယ်သောအမှုများကိုကိုယ်တိုင်ဆုံးဖြတ် ကြ၏။
他們隨時審判百姓,有難斷的案件就呈到摩西那裏,但各樣小事他們自己審判。
27 ၂၇ ထိုနောက်ယေသရောသည် မောရှေအားနှုတ် ခွန်းဆက်သ၍ မိမိ၏နေရပ်သို့ပြန်သွား လေသည်။
此後,摩西讓他的岳父去,他就往本地去了。