< ထွက်မြောက်ရာ 17 >
1 ၁ ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏အမိန့်တော်အတိုင်းသိန် ဟုခေါ်သောတောကန္တာရမှထွက်၍ စခန်း တစ်ထောက်ပြီးတစ်ထောက်နားလျက်ခရီး သွားကြ၏။ သူတို့သည်ရေဖိဒိမ်အရပ်သို့ ရောက်၍စခန်းချကြ၏။ သို့ရာတွင်ထို အရပ်၌သောက်စရာရေမရှိ။-
Ainsi toute la multitude des enfants d’Israël étant partie du désert de Sin, et ayant fait des séjours, selon les paroles du Seigneur, ils campèrent à Raphidim, où il n’y avait pas d’eau à boire pour le peuple,
2 ၂ ထိုအခါသူတို့သည်မောရှေအား``အကျွန်ုပ် တို့သောက်စရာရေပေးပါ'' ဟုညည်းညူ တောင်းဆိုကြ၏။ မောရှေက``အဘယ်ကြောင့်ညည်းညူကြ သနည်း။ ထာဝရဘုရားကိုအဘယ်ကြောင့် စုံစမ်းကြသနည်း'' ဟုပြန်၍ပြောလေ၏။
Qui querellant Moïse, dit: Donne-nous de l’eau, afin que nous buvions. Moïse leur répondit: Pourquoi me querellez-vous? pourquoi tentez-vous le Seigneur?
3 ၃ သို့ရာတွင်လူတို့သည်အလွန်ရေငတ်သဖြင့် မောရှေအားညည်းညူလျက်``အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏သားသမီးများ၊ တိရစ္ဆာန်များ ကိုရေငတ်စေခြင်းငှာ အဘယ်ကြောင့်အီဂျစ် ပြည်မှထုတ်ဆောင်ခဲ့ပါသနည်း'' ဟုဆို ကြ၏။
Là donc le peuple eut soif à cause de la pénurie d’eau, et il murmura contre Moïse, disant: Pourquoi nous as-tu fait sortir de l’Egypte, pour nous faire mourir de soif, nous, nos enfants et nos bêtes?
4 ၄ ထိုအခါမောရှေသည် ထာဝရဘုရား ကို``အကျွန်ုပ်သည်ဤလူတို့အတွက်မည်ကဲ့ သို့ဖြေရှင်းပေးရပါမည်နည်း။ သူတို့သည် မကြာမီအကျွန်ုပ်အားခဲနှင့်ပစ်သတ်ကြ ပါလိမ့်မည်'' ဟုတောင်းပန်လျှောက်ထား လေ၏။
Or Moïse cria au Seigneur, disant: Que ferai-je à ce peuple-ci? encore un peu, et il me lapidera.
5 ၅ ထာဝရဘုရားက မောရှေကို``သင်နှင့်ဣသ ရေလအမျိုးသားခေါင်းဆောင်အချို့တို့သည် လူအပေါင်းတို့ကိုဦးဆောင်၍ရှေ့သို့သွား လော့။ နိုင်းမြစ်ကိုရိုက်သောတောင်ဝှေးကိုယူ ၍သွားလော့။-
Et le Seigneur répondit à Moïse: Marche devant le peuple, et prends avec toi des anciens d’Israël; et la verge dont tu as frappé le fleuve, prends-la en ta main, et va.
6 ၆ သိနာတောင်၌ရှိသောကျောက်ဆောင်အနီး တွင်ငါရပ်နေမည်။ သင်သည်ကျောက်ဆောင် ကိုရိုက်လော့။ ထိုကျောက်ဆောင်မှလူတို့ သောက်ရန်ရေစီးထွက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။ မောရှေသည်ဣသရေလအမျိုး သားခေါင်းဆောင်တို့ရှေ့မှောက်တွင် ထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်းကျောက် ဆောင်ကိုရိုက်လေ၏။
Voilà que moi, je me tiendrai là devant toi sur la pierre d’Horeb; et tu frapperas la pierre, et il en sortira de l’eau, afin que le peuple boive. Moïse fit ainsi devant les anciens d’Israël:
7 ၇ ဣသရေလအမျိုးသားတို့က``ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိပါသလား'' ဟုမေးလျက်မောရှေအားညည်းညူ၍ထာဝရ ဘုရားကိုစုံစမ်းကြသဖြင့် ထိုအရပ်ကို``မဿာ'' ဟူ၍လည်းကောင်း``မေရိဘ'' ဟူ၍လည်းကောင်း ခေါ်ဝေါ်သမုတ်ကြသတည်း။
Et il appela ce lieu du nom de Tentation, à cause de la querelle des enfants d’Israël, et parce qu’ils avaient tenté le Seigneur, disant: Le Seigneur est-il parmi nous, ou non?
8 ၈ အာမလက်အမျိုးသားတို့သည် ရေဖိဒိမ် အရပ်သို့လာရောက်၍ ဣသရေလအမျိုး သားတို့ကိုတိုက်ခိုက်ကြ၏။-
Or Amalec vint, et il combattait contre Israël à Raphidim.
9 ၉ မောရှေကယောရှုအား``သင်သည်နက်ဖြန်နေ့ တွင်အာမလက်အမျိုးသားတို့ကိုစစ်ချီ တိုက်ခိုက်ရန်လူအချို့ကိုရွေးလော့။ ငါသည် ထာဝရဘုရားအပ်နှင်းထားတော်မူသော တောင်ဝှေးကိုကိုင်လျက် တောင်ထိပ်ပေါ်တွင် ရပ်နေမည်'' ဟုဆို၏။-
Et Moïse dit à Josué: Choisis des hommes, et étant sorti, combats contre Amalec; demain moi, je me tiendrai au sommet de la colline, ayant la verge de Dieu en ma main.
10 ၁၀ ယောရှုသည်မောရှေမှာကြားသည့်အတိုင်း အာမလက်အမျိုးသားတို့ကိုတိုက်ခိုက်ရန် စစ်ချီသွားနေစဉ်မောရှေ၊ အာရုန်နှင့်ဟုရ တို့သည်တောင်ထိပ်ပေါ်သို့တက်ကြ၏။-
Josué fit comme avait dit Moïse, et il combattait contre Amalec: mais Moïse et Aaron et Hur montèrent sur le sommet de la colline.
11 ၁၁ မောရှေသည်မိမိ၏လက်များကိုမြှောက်ထား သည့်အခါ ဣသရေလအမျိုးသားတို့ဘက် ကစစ်ရေးသာ၏။ သူ၏လက်များကိုချသည့် အခါအာမလက်အမျိုးသားတို့ဘက်က စစ်ရေးသာ၏။-
Et lorsque Moïse élevait les mains, Israël était victorieux; mais s’il les abaissait un peu, Amalec l’emportait.
12 ၁၂ မောရှေ၏လက်များညောင်းလာသောအခါ အာရုန်နှင့်ဟုရတို့သည် မောရှေအားကျောက် တုံးတစ်ခုပေါ်တွင်ထိုင်စေပြီးလျှင် တစ်ဘက် စီ၌ရပ်လျက်မောရှေ၏လက်များကိုချီပင့် ထားကြ၏။ သူတို့နှစ်ဦးသည်မောရှေ၏ လက်များကိုနေဝင်သည့်တိုင်အောင်ချီပင့် ထားကြသည်ဖြစ်ရာ၊-
Or, les mains de Moïse étaient appesanties; prenant donc une pierre, ils la mirent sous lui; il s’y assit; mais Aaron et Hur soutenaient ses mains des deux côtés. Et il arriva que ses mains ne se lassèrent pas jusqu’au coucher du soleil.
13 ၁၃ ယောရှုသည်အာမလက်တပ်ကိုအောင်မြင် ချေမှုန်းခဲ့လေ၏။
Et Josué mit en fuite Amalec et son peuple, par le tranchant du glaive.
14 ၁၄ ထိုနောက်ထာဝရဘုရားကမောရှေအား``ဤ အောင်ပွဲအကြောင်းကိုအမှတ်တရဖြစ်စေ ရန် ရေး၍မှတ်တမ်းတင်လော့။ ငါသည်အာမလက် အမျိုးသားတို့ကိုလုံးဝဖျက်ဆီးပစ်မည် ဖြစ်ကြောင်းယောရှုအားပြောလော့'' ဟုမိန့် တော်မူ၏။-
Or le Seigneur dit à Moïse: Écris ceci pour souvenir dans le livre, et fais-le entendre à Josué; car j’effacerai la mémoire d’Amalec sous le ciel.
15 ၁၅ မောရှေသည်ယဇ်ပလ္လင်ကိုတည်၍``ထာဝရ ဘုရားသည်ငါ၏အလံဖြစ်၏'' ဟုနာမည် မှည့်လေ၏။-
Et Moïse bâtit un autel et rappela du nom de: Le Seigneur est mon exaltation, disant:
16 ၁၆ ထိုနောက်မောရှေက``ထာဝရဘုရား၏အလံ တော်ကိုမြှောက်ထားလော့။ ထာဝရဘုရားသည် အာမလက်အမျိုးသားတို့အားထာဝစဉ် တိုက်ခိုက်တော်မူမည်'' ဟုဆိုလေ၏။
La main du trône du Seigneur et la guerre du Seigneur seront contre Amalec de génération en génération.