< ထွက်မြောက်ရာ 16 >

1 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဧ​လိမ်​အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ကြ​သည်။ အီ​ဂျစ် ပြည်​မှ​ထွက်​လာ​ပြီး​နောက်​ဒု​တိ​ယ​လ​တစ် ဆယ်​ငါး​ရက်​နေ့​တွင် ဧ​လိမ်​အ​ရပ်​နှင့်​သိ​နာ တောင်​စပ်​ကြား​ရှိ​သိန်​ဟု​ခေါ်​သော​တော ကန္တာ​ရ​သို့​ရောက်​ရှိ​ကြ​၏။-
And they took their journey from Elim, and all the congregation of the children of Israel came unto the wilderness of Sin, which is between Elim and Sinai, on the fifteenth day of the second month after their departing out of the land of Egypt.
2 ထို​တော​ကန္တာ​ရ​၌​ထို​သူ​တို့​က​မော​ရှေ​နှင့် အာ​ရုန်​တို့​အား၊-
And the whole congregation of the children of Israel murmured against Moses and Aaron in the wilderness:
3 ``ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​ကို အီ​ဂျစ်​ပြည်​၌ သေ​စေ​ခဲ့​လျှင်​သာ​၍​ကောင်း မည်။ ထို​ပြည်​တွင်​အ​ကျွန်ုပ်​တို့​သည်​အ​မဲ ဟင်း​နှင့်​မုန့်​ကို​ဝ​အောင်​စား​ရ​ကြ​၏။ ယ​ခု မှာ​မူ​အ​ကျွန်ုပ်​တို့​အား​လုံး​အ​စာ​ငတ်​၍ သေ​စေ​ခြင်း​ငှာ၊ ဤ​တော​ကန္တာ​ရ​သို့​ပို့​ဆောင် ခဲ့​ပါ​သည်​တ​ကား'' ဟု​ညည်း​ညူ​အ​ပြစ် တင်​ကြ​၏။
And the children of Israel said unto them, Would to God that we had died by the hand of the Lord in the land of Egypt, when we sat by the flesh-pot, when we ate bread to the full; for ye have brought us forth into this wilderness, to kill this whole assembly with hunger.
4 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ အား``ငါ​သည်​သင်​တို့​အား​လုံး​အ​တွက်​မိုး ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​မည်။ သူ​တို့​သည် နေ့​စဉ်​ထွက်​၍​တစ်​နေ့​စာ​အ​တွက်​မုန့်​ကို​စု သိမ်း​ရ​ကြ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့ သည် ငါ​၏​မိန့်​မှာ​ချက်​အ​တိုင်း​လိုက်​နာ သည်၊ မ​လိုက်​နာ​သည်​ကို​ငါ​သိ​ရ​မည်။-
Then said the Lord unto Moses, Behold, I will let rain for you bread from heaven; and the people shall go out and gather a certain portion every day, in order that I may prove it, whether it will walk in my law, or not.
5 ဆ​ဋ္ဌ​မ​နေ့​တွင်​သူ​တို့​သည်​ခါ​တိုင်း​နေ့ ထက်​မုန့်​နှစ်​ဆ​ကို​စု​သိမ်း​ထား​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
And it shall come to pass, on the sixth day, when they prepare what they shall have brought in, that it shall be twice as much as they shall gather daily.
6 ထို​ကြောင့်​မော​ရှေ​နှင့်​အာ​ရုန်​တို့​က ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အား``သင်​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​အ​ရှင်​သည် ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​သင်​တို့​ယ​နေ့ ည​နေ​တွင်​သိ​ရ​လိမ့်​မည်။-
And Moses and Aaron said unto all the children of Israel, At evening, then shall ye know that it is the Lord who hath brought you out from the land of Egypt:
7 နံ​နက်​အ​ချိန်​သို့​ရောက်​လျှင် သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​တော် ကို​မြင်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​သင် တို့​အ​ပြစ်​တင်​ညည်း​ညူ​သံ​ကို​ကိုယ်​တော် ကြား​တော်​မူ​ပြီ။ ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ရ​သူ​များ ဖြစ်​သ​ဖြင့် သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို သာ​အ​ပြစ်​တင်​ကြ​ခြင်း​ဖြစ်​သည်'' ဟု​ဆို လေ​၏။-
And in the morning, then shall ye see the glory of the Lord; since he heareth your murmurings against the Lord; and what are we, that ye should murmur against us?
8 တစ်​ဖန်​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​၏​အ​ပြစ်​တင်​ညည်း​ညူ​သံ​ကို​ကြား​တော် မူ​သ​ဖြင့် သင်​တို့​စား​ရန်​ည​နေ​တွင်​အ​သား ကို​လည်း​ကောင်း၊ နံ​နက်​တွင်​လို​သ​မျှ​မုန့်​ကို လည်း​ကောင်း​ပေး​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် ငါ​တို့​အား​အ​ပြစ်​တင်​ညည်း​ညူ​ကြ​ခြင်း သည်​စင်​စစ်​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​အား အ​ပြစ်​တင်​ညည်း​ညူ​ကြ​ခြင်း​ပင်​ဖြစ်​၏'' ဟု​ဆို​လေ​၏။
And Moses said, When the Lord giveth you in the evening flesh to eat, and bread in the morning to the full; since the Lord heareth your murmurings which ye murmur against him: —what are we then? not against us are your murmurings, but against the Lord.
9 မော​ရှေ​က​အာ​ရုန်​အား``ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​သို့ လာ​ရောက်​ကြ​ရန်​ဆင့်​ဆို​လော့။ ကိုယ်​တော် သည်​သူ​တို့​၏​အ​ပြစ်​တင်​ညည်း​ညူ​သံ ကို​ကြား​ရ​ပြီ'' ဟု​ဆို​လေ​၏။-
And Moses said unto Aaron, Say unto all the congregation of the children of Israel, Come near before the Lord; for he hath heard your murmurings.
10 ၁၀ အာ​ရုန်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အား မော​ရှေ​မှာ​ကြား​သည့်​အ​တိုင်း​ဆင့်​ဆို နေ​စဉ် သူ​တို့​သည်​တော​ကန္တာ​ရ​ဘက်​သို့​မျှော် ကြည့်​လိုက်​သော​အ​ခါ မိုး​တိမ်​၌​ထာ​ဝ​ရ ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ တော်​ရုတ်​တ​ရက်​ပေါ်​လာ​သည်​ကို​ဖူး​မြင် ရ​ကြ​လေ​၏။-
And it came to pass, as Aaron was speaking unto the whole congregation of the children of Israel, that they turned round toward the wilderness, and, behold, the glory of the Lord appeared in the cloud.
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
And the Lord spoke unto Moses, saying,
12 ၁၂ ``ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ညည်း​ညူ​အ​ပြစ်​တင်​သံ​ကို​ကြား​ရ​ပြီ။ သူ တို့​သည်​ည​ဦး​ယံ​၌​အ​သား​ကို​စား​ရ​ကြ မည်။ နံ​နက်​တွင်​မုန့်​ကို​လို​သ​မျှ​ရ​ကြ​မည်။ ထို​အ​ခါ​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ ၏​ဘု​ရား​သ​ခင်​ဖြစ်​သည်​ကို သူ​တို့​သိ​ရ ကြ​လိမ့်​မည်​ဖြစ်​ကြောင်း​သူ​တို့​အား​ဆင့် ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။
I have heard the murmurings of the children of Israel: speak unto them, saying, Toward evening ye shall eat flesh, and in the morning ye shall be filled with bread; and ye shall know that I am the Eternal your God.
13 ၁၃ ထို​နေ့​ည​နေ​တွင်​စ​ခန်း​တစ်​ခု​လုံး​နေ​ရာ အ​နှံ့​အ​ပြား​၌ ငုံး​ငှက်​များ​ဆင်း​သက်​လာ ၏။ နံ​နက်​တွင်​စ​ခန်း​ပတ်​လည်​၌​နှင်း​ကျ လေ​၏။-
And it came to pass, that at evening the quails came up, and covered the camp; and in the morning there was a layer of dew round about the camp.
14 ၁၄ နှင်း​ကွဲ​သော​အ​ခါ​တော​ကန္တာ​ရ​၏​မြေ​ပေါ် တွင် ပါး​လွှာ​သော​အ​ချပ်​က​လေး​များ​ကျန် ရစ်​ခဲ့​၏။ ထို​အ​ချပ်​က​လေး​များ​သည်​ဆီး နှင်း​ပေါက်​ကဲ့​သို့​နူး​ညံ့​၏။-
And when the layer of dew was gone up, behold, there was upon the face of the wilderness something fine in grains, small as the hoar-frost, on the ground.
15 ၁၅ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ချပ် က​လေး​များ​ကို​မြင်​လျှင် မည်​သည့်​အ​ရာ ဖြစ်​ကြောင်း​မ​သိ​သ​ဖြင့်``ဤ​အ​ရာ​ဘာ လဲ'' ဟူ​၍​အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။ မော​ရှေ​က​သူ​တို့​အား``ဤ​အ​ရာ​သည်​ကား ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​စား​ရန်​ပေး​သော မုန့်​ဖြစ်​၏။-
And when the children of Israel saw it, they said one to another, It is manna, for they knew not what it was; and Moses said unto them, This is the bread which the Lord hath given you to eat.
16 ၁၆ လူ​တိုင်း​မိ​မိ​လို​သ​မျှ​ကို​စု​သိမ်း​ရ​မည်။ လူ တစ်​ဦး​စီ​က မိ​မိ​အိမ်​၌​ရှိ​သ​မျှ​သော​သူ အား​လုံး​တို့​အ​တွက် တစ်​ယောက်​လျှင်​တစ်​ပြည် ကျ​စု​သိမ်း​ရ​မည်​ဖြစ်​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်'' ဟု​ဆို​လေ​၏။
This is the thing which the Lord hath commanded, Gather of it every man according to his eating: an omer for every head, according to the number of your persons that every man hath in his tent, shall ye take.
17 ၁၇ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​မိန့် တော်​အ​တိုင်း​စု​သိမ်း​ကြ​ရာ​၌​အ​ချို့​တို့ က​ပို​၍​လည်း​ကောင်း၊ အ​ချို့​တို့​က​လျော့ ၍​လည်း​ကောင်း​စု​သိမ်း​ကြ​၏။-
And the children of Israel did so; and they gathered, some much, some little.
18 ၁၈ သို့​ရာ​တွင်​တောင်း​နှင့်​ခြင်​ကြည့်​သော​အ​ခါ ပို ၍​စု​သိမ်း​သူ​က​များ​များ​မ​ပို၊ လျော့​၍​စု သိမ်း​သူ​လည်း​များ​များ​မ​လျော့​ဘဲ​ရ​ရှိ ကြ​၏။ အ​သီး​သီး​မိ​မိ​လို​သ​မျှ​စု​သိမ်း ရ​ရှိ​လေ​၏။-
And when they measured it with an omer, he that had gathered much had nothing over, and he that had gathered little had no lack: every man according to his eating, had they gathered.
19 ၁၉ မော​ရှေ​က​သူ​တို့​အား``မည်​သူ​မျှ​နက်​ဖြန် နေ့​အ​တွက်​ချန်​မ​ထား​ရ'' ဟု​မှာ​ကြား​၏။-
And Moses said, Let no man leave of it till the morning.
20 ၂၀ သို့​သော်​လည်း​အ​ချို့​သော​သူ​တို့​သည်​မော​ရှေ ၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ မုန့်​အ​ချို့​ကို နောက်​တစ်​နေ့​အ​ထိ​ချန်​ထား​ကြ​၏။ နောက် တစ်​နေ့​နံ​နက်​တွင်​ထို​မုန့်​၌​ပိုး​ကျ​၍​ပုပ် သိုး​သွား​၏။ သို့​ဖြစ်​၍​မော​ရှေ​သည်​ထို​သူ တို့​အား​အ​မျက်​ထွက်​၏။-
But they hearkened not unto Moses; but some men left of it until morning, and it bred worms, and stank; and Moses was wroth with them.
21 ၂၁ နံ​နက်​တိုင်း​သူ​တို့​သည်​မိ​မိ​တို့​တစ်​ဦး​စီ​လို သ​မျှ​မုန့်​ကို​စု​သိမ်း​ကြ​၏။ နေ​ပူ​လာ​သော အ​ခါ​မြေ​ပြင်​ပေါ်​တွင်​ကျန်​ရှိ​သော​မုန့်​တို့ သည်​အ​ရည်​ပျော်​ကုန်​၏။
And so they gathered it every morning, every man according to his eating; and when the sun waxed hot, it melted.
22 ၂၂ ဆ​ဋ္ဌ​မ​နေ့​တွင်​သူ​တို့​သည်​တစ်​ဦး​လျှင် နှစ် ပြည်​ကျ​ဖြင့်​ရိက္ခာ​နှစ်​ဆ​စု​သိမ်း​ရ​ကြ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ခေါင်း​ဆောင် အား​လုံး​တို့​က ထို​အ​ကြောင်း​ကို​မော​ရှေ အား​ပြော​ပြ​ကြ​သော​အ​ခါ၊-
And it came to pass on the sixth day, that they gathered twofold bread, two omers for every one; all the rulers of the congregation came and told it to Moses.
23 ၂၃ မော​ရှေ​က``နက်​ဖြန်​နေ့​သည်​သင်​တို့​အ​လုပ် မှ​ရပ်​နား​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​တွက် ဆက်​ကပ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်။ ယ​နေ့ တွင်​မုန့်​ဖုတ်​စ​ရာ​ရှိ​သည်​ကို​ဖုတ်​လော့။ ချက် ပြုတ်​စ​ရာ​ရှိ​သည်​ကို​ချက်​ပြုတ်​လော့။ ယ​နေ့ စား​ပြီး​နောက်​ကျန်​ရှိ​သ​မျှ​ကို​နက်​ဖြန်​နေ့ အ​တွက်​ချန်​ထား​လော့။ ဤ​သို့​ပြု​လုပ်​ရန် ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​သည်'' ဟု ဆို​လေ​၏။-
And he said unto them. This is what the Lord hath spoken, A rest, a holy rest is unto the Lord tomorrow: that which ye will bake bake today, and what ye will seethe seethe today; and all the remaining lay up for you to be kept until the morning.
24 ၂၄ သူ​တို့​သည်​မော​ရှေ​မှာ​ကြား​သည့်​အ​တိုင်း စား​စ​ရာ​ကို နက်​ဖြန်​နေ့​အ​ထိ​ချန်​ထား ရာ​ပိုး​မ​ကျ၊ မ​ပုပ်​သိုး​ဘဲ​ရှိ​လေ​၏။-
And they laid it up till the morning, as Moses had bidden; and it did not stink, nor was there any worm therein.
25 ၂၅ မော​ရှေ​က``ယ​နေ့​သည်​သင်​တို့​အ​လုပ်​မှ​ရပ် နား​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ် သော​ဥ​ပုသ်​နေ့​ဖြစ်​သ​ဖြင့် ယ​မန်​နေ့​က​ချန် ထား​သော​စား​စ​ရာ​ကို​စား​ကြ​လော့။ စ​ခန်း အ​ပြင်​ဘက်​၌​စား​စ​ရာ​ရှာ​တွေ့​နိုင်​မည် မ​ဟုတ်။-
And Moses said, Eat it today; for a sabbath is this day unto the Lord: today ye will not find it in the field.
26 ၂၆ ထို့​ကြောင့်​သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး မုန့်​ကို​စု​သိမ်း​ရ​မည်။ နား​ရက်​ဖြစ်​သော​သတ္တမ နေ့​တွင်​စား​စ​ရာ​ရ​ရှိ​နိုင်​မည်​မ​ဟုတ်'' ဟု ဆို​လေ​၏။
Six days shall ye gather it; but on the seventh day, the sabbath, on it there shall be none.
27 ၂၇ သတ္တ​မ​နေ့​တွင်​အ​ချို့​သော​သူ​တို့​သည် မုန့် ထွက်​ရှာ​ကြ​သော်​လည်း​မ​တွေ့​ရ​ချေ။-
And it came to pass on the seventh day, that there went out some of the people to gather; but they found nothing.
28 ၂၈ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် တို့​သည် ငါ​၏​ပ​ညတ်​များ​ကို​မည်​မျှ​လောက် ကြာ​အောင်​မ​လိုက်​နာ​ဘဲ​နေ​ကြ​မည်​နည်း။-
And the Lord said unto Moses, How long refuse ye to keep my commandments and my laws?
29 ၂၉ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​နား​ရက် ကို​ပေး​ပြီ။ သို့​ဖြစ်​၍​ဆ​ဋ္ဌ​မ​နေ့​တွင်​နှစ်​ရက် စာ​မုန့်​ကို​သင်​တို့​အား​ငါ​ပေး​မည်။ သတ္တမ​နေ့ တွင်​လူ​တိုင်း​မိ​မိ​ရှိ​ရာ​အ​ရပ်​၌​နေ​ရ​မည်။ မည်​သူ​မျှ​အိမ်​မှ​မ​ထွက်​ခွာ​ရ'' ဟု​မိန့်​တော် မူ​၏။-
See, that the Lord hath given you the sabbath, therefore he giveth you on the sixth day bread for two days; remain ye, every man in his place, let no man go out of his place on the seventh day.
30 ၃၀ ထို​ကြောင့်​လူ​တို့​သည်​သတ္တမ​နေ့​တွင်​အ​လုပ်​မှ ရပ်​နား​ကြ​၏။
So the people rested on the seventh day.
31 ၃၁ ဣသ​ရေ​လ​အ​မျိုး​သား​တို့​က ထို​စား​စ​ရာ ကို​မန္န​မုန့်​ဟူ​၍​နာ​မည်​မှည့်​ခေါ်​ကြ​၏။ ထို မုန့်​သည်​နံ​နံ​စေ့​နှင့်​တူ​၏။ အ​ရောင်​ဖြူ​၍ ပျား​ရည်​နှင့်​လုပ်​သော​မုန့်​ချပ်​ကဲ့​သို့​အ​ရ သာ​ရှိ​၏။-
And the house of Israel called the name thereof Manna, [[Man]]; and it was like coriander-seed, white, and its taste was like wafers made with honey.
32 ၃၂ မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ရာ​၌ တော​ကန္တာ​ရ တွင်​ငါ​တို့​အား​ကျွေး​မွေး​တော်​မူ​သော​မန္န မုန့်​ကို ငါ​တို့​၏​နောင်​လာ​နောက်​သား​များ တွေ့​မြင်​နိုင်​စေ​ရန် မန္န​မုန့်​အ​နည်း​ငယ်​ကို သိမ်း​ဆည်း​ထား​ရ​မည်​ဖြစ်​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည်'' ဟု​ဆို​လေ​၏။-
And Moses said, This is the thing which the Lord hath commanded, One omer-full of it is to be kept for your generations; in order that they may see the bread which I gave you to eat in the wilderness, when I brought you forth out of the land of Egypt.
33 ၃၃ ထို​နောက်​မော​ရှေ​က​အာရုန်​ကို``မန္န​မုန့်​တစ် ပြည်​ကို​အိုး​တစ်​လုံး​တွင်​ထည့်​၍ ငါ​တို့ ၏​နောင်​လာ​နောက်​သား​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ထား​လော့'' ဟု​ဆို​၏။-
And Moses said unto Aaron, Take a flask, and put therein an omer-full of manna, and lay it up before the Lord, to be kept for your generations.
34 ၃၄ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​ကို မိန့်​ကြား​သည့် အ​တိုင်း အာ​ရုန်​သည်​ထို​အိုး​ကို​သိမ်း​ဆည်း ထား​ရန်​အ​တွက်​ပ​ဋိ​ညာဉ်​သေတ္တာ​ရှေ့​တွင် ချ​ထား​လေ​၏။-
As the Lord had commanded Moses, so did Aaron lay it up before the Testimony, to be kept.
35 ၃၅ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သူ​တို့ နေ​ထိုင်​မည့်​ပြည်​သို့​ရောက်​သည့်​တိုင်​အောင် မန္န​မုန့်​ကို​နှစ်​ပေါင်း​လေး​ဆယ်​စား​သုံး​ရ ကြ​၏။ သူ​တို့​သည်​ခါ​နာန်​ပြည်​နယ်​စပ် သို့​ရောက်​သည်​အ​ထိ​မန္န​မုန့်​ကို​စား​ရ ကြ​၏။-
And the children of Israel ate the manna forty years, until they came to an inhabited land; the manna they did eat, until they came unto the borders of the land of Canaan.
36 ၃၆ (ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ချင်​ခွက် ဖြစ်​သော​တစ်​သြ​မဲ​မှာ​ပြည်​ဝက်​ခန့် ဖြစ်​၏။)
But the omer is a tenth part of an ephah.

< ထွက်မြောက်ရာ 16 >