< ထွက်မြောက်ရာ 15 >

1 ထို​နောက်​မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​က ထာ​ဝ​ရ​ဘု​ရား​အား​အောက်​ပါ ထော​မ​နာ​ပြု​သီ​ချင်း​ကို​ဆို​ကြ​သည်။ ``ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကြီး​ခံ​ရ ပြီ​ဖြစ်​၍ ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ထော​မ​နာ​ပြု ပါ​မည်။ ကိုယ်​တော်​သည်​မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ​တို့​ကို ပင်​လယ်​ထဲ​၌​နစ်​မြုပ်​စေ​တော်​မူ​ပြီ။
Då song Moses og Israels-folket denne lovsongen til Herren: «Eg vil syngja um Herren, for stor er han, stor; hest og ridar i havet han støytte.
2 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ခွန်​အား​ကြီး​သော အ​ကာ​အ​ကွယ်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ ငါ​သည်​ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​သည်​ငါ့​အ​ဖ​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​၍ ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ခြင်း​ကို ကူး​ရင့်​သီ​ဆို​ပါ​မည်။
Han er min styrke, um han er mitt kvæde; for han hev meg berga. Han er min Gud, han vil eg lova, Gud åt far min, han vil eg prisa.
3 ထာ​ဝ​ရ​ဘု​ရား​သည်​စစ်​သူ​ရဲ​ဖြစ်​တော်​မူ​၏။ နာ​မ​တော်​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။
Herren er rette hermannen: Herren heiter han.
4 ``ကိုယ်​တော်​သည်​အီ​ဂျစ်​ဘု​ရင်​၏​ရ​ထား တပ်​နှင့် စစ်​တပ်​ကို​ပင်​လယ်​ထဲ​သို့​ပစ်​ချ​တော်​မူ​၏။ သူ​၏​လက်​ရွေး​စင်​စစ်​ဗိုလ်​တို့​သည်​ပင်​လယ် နီ​ထဲ​၌ ရေ​နစ်​သေ​ဆုံး​ကုန်​၏။
Vognern’ og heren åt Farao tok han og kasta i sjøen. Gjævaste kjemporn’ i Sevhavet sokk;
5 ပင်​လယ်​ရေ​နက်​က​သူ​တို့​ကို​ဖုံး​အုပ်​လျက် သူ​တို့​သည်​ကျောက်​တုံး​ကဲ့​သို့၊အောက်​သို့ စုံး​စုံး​မြုပ်​ကြ​၏။
der bylgja deim gøymde; som stein for dei ned i djupet.
6 ``အို ထာ​ဝ​ရ​ဘု​ရား၊ လက်​ယာ​လက်​တော်​၏​အ​စွမ်း​တန်​ခိုး​တော် သည် အံ့​သြ​ကြောက်​မက်​ဖွယ်​ဖြစ်​ပါ​၏။ လက်​ရုံး​တော်​ဖြင့်​ရန်​သူ​ကို​ချေ​မှုန်း​တော်​မူ ပါ​၏။
Herre, di hand er prydd med kraft; Herre, di hand krys uvener sund.
7 ကိုယ်​တော်​သည်​ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ဖြင့် ရန်​သူ​များ​ကို ချေ​မှုန်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့ တောက်​လောင်​၍ သူ​တို့​ကို​ကောက်​ရိုး​ကဲ့​သို့​လောင်​ကျွမ်း​စေ​ပါ​၏။
Med ditt høge namn slær du fiendar ned; din harm let du loga, då brenn dei som halm.
8 ကိုယ်​တော်​သည်​ပင်​လယ်​ရေ​ကို​မှုတ်​တော်​မူ​သ​ဖြင့်၊ ရေ​သည်​ကြွ​တက်​လာ​၍​တံ​တိုင်း​ကဲ့​သို့ တည့်​မတ်​လျက်​နေ​ပါ​၏။ ပင်​လယ်​အောက်​ခြေ​သည်​လည်း​ခိုင်​မာ​လျက် နေ​၏။
For din ande stokk vatni i hop, som haugar sjøarne stod, i havdjupet bårorne storkna.
9 ရန်​သူ​က`ငါ​သည်​သူ​တို့​ကို​မီ​အောင် လိုက်​လံ​ဖမ်း​ဆီး​မည်။ သူ​တို့​ထံ​မှ​သိမ်း​ဆည်း​ရ​မိ​သော​ဥစ္စာ​ပစ္စည်း ကို ခွဲ​ဝေ​၍​ငါ​လို​ချင်​သ​မျှ​ယူ​မည်။ ငါ​၏​ဋ္ဌား​ကို​ဆွဲ​ထုတ်​၍​သူ​တို့​ကို သုတ်​သင်​ပစ်​မည်' ဟု​ဆို​၏။
«Eg eltar deim, eg tek deim att, eg skiftar feng, » sa’ fienden. «Eg vil metta mitt mod, eg vil svinga mitt sverd, eg vil øyda deim ut.»
10 ၁၀ သို့​သော်​လည်း​ကိုယ်​တော်​သည်​လေ​ကို မှုတ်​တော်​မူ​လိုက်​သ​ဖြင့်၊ ပင်​လယ်​ရေ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​ကို ဖုံး​လွှမ်း​လေ​၏။ သူ​တို့​သည်​လှိုင်း​တံ​ပိုး​ကြား​တွင်​ခဲ​ကဲ့​သို့ နစ်​မြုပ်​ကုန်​၏။
Ut sende du din ande, og havet hulde deim; som bly deg sokk til botnar i ville vatnet djupt.
11 ၁၁ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​နှင့်​တူ​သော အ​ဘယ်​ဘု​ရား​ရှိ​အံ့​နည်း။ ကိုယ်​တော်​ကဲ့​သို့​သန့်​ရှင်း​မြင့်​မြတ်​ဘုန်း ကြီး​သော ဘု​ရား​အ​ဘယ်​မှာ​ရှိ​အံ့​နည်း။ ကိုယ်​တော်​ကဲ့​သို့​နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​နိုင်​သော​ဘု​ရား အ​ဘယ်​မှာ​ရှိ​အံ့​နည်း။
Kvar er, Herre, dei gudar som med deg kunde kappast? Kven er vel lik som du med heilag æra prydd? Kven er so ageleg og hev so fræge verk og store under gjort?
12 ၁၂ ကိုယ်​တော်​သည်​လက်​ယာ​လက်​ကို​ဆန့်​တော်​မူ သ​ဖြင့်၊ မြေ​ကြီး​သည်​အ​ကျွန်ုပ်​တို့​၏​ရန်​သူ​တို့ ကို​မျို​ပါ​၏။
Då handi upp du hov, då gløypte jordi deim.
13 ၁၃ က​တိ​တော်​ရှိ​သည်​အ​တိုင်း​ကိုယ်​တော်​သည် မိ​မိ​ရွေး​နုတ်​သော​လူ​မျိုး​ကို​ပို့​ဆောင်​တော် မူ​၏။ ကိုယ်​တော်​၏​တန်​ခိုး​တော်​ဖြင့်​သူ​တို့​အား ပြည်​တော်​သို့​လမ်း​ပြ​တော်​မူ​၏။
Mild som ein far du fylgjer det folket du hev frelst, du leider deim med handi sterk fram til den heilagdomen der du din heimstad hev.
14 ၁၄ လူ​မျိုး​အ​ပေါင်း​တို့​သည်​ထို​သ​တင်း​ကို​ကြား​၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ထိတ်​လန့်​ကြ​၏။
Folki fær spurt det, og folnar; fælska tek deim som bur i Filistarland.
15 ၁၅ ဧ​ဒုံ​ပြည်​ခေါင်း​ဆောင်​တို့​လည်း​တုန်​လှုပ် ချောက်​ချား​ကြ​၏။ မော​ဘ​ပြည်​အ​ကြီး​အ​ကဲ​တို့​ကြောက်​လန့် ကြ​၏။ ခါ​နာန်​ပြည်​သား​အ​ပေါင်း​တို့​သည်​စိတ်​ပျက် အား​လျော့​ကြ​၏။
Edom-jarlarne ottast for ilt, Moabs-hovdingarn’ støkk so dei skjelv, alle Kana’an-buarne kolnar.
16 ၁၆ ထို​သူ​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​ထိတ်​လန့် ကြ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​၏​လက်​ရုံး​တော်၊ တန်​ခိုး​တော်​ကြောင့် ကျွန်​ဘ​ဝ​မှ​ကိုယ်​တော်​လွတ်​မြောက်​စေ​တော် မူ​သော ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြတ်​သွား​စဉ်​သူ​တို့ သည် ကြောက်​ရွံ့​၍​ကြက်​သေ​သေ​လျက်​နေ​ကြ​ပါ​၏။
Rædsla kjem på deim og rygd; når dei augnar din velduge arm, då tegjer dei stilt som ein stein, medan folket ditt, Herre, fer fram, med det folket fer fram som du vann deg.
17 ၁၇ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​သူ​တို့​ကို​ခေါ်​ဆောင်​၍ ကိုယ်​တော်​စံ​တော်​မူ​ရန်​ရွေး​ချယ်​သော၊တောင် ပေါ်​တွင် နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​တိုင်​တည်​ဆောက်​သော​ဗိ​မာန်​တော်​တွင် နေ​စေ​တော်​မူ​လိမ့်​မည်။
Du tek deim inn og set deim ned på eigedomen din, det berget som du, Herre, tok til bustad åt deg sjølv, den heilagdomen du, min Gud, hev grunna med di hand.
18 ၁၈ ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​မြဲ စိုး​စံ​တော်​မူ​လိမ့်​သ​တည်း။''
I alder og æva skal han råda, Herren min.»
19 ၁၉ ဖာ​ရော​ဘု​ရင်​၏​မြင်း​တပ်​နှင့်​ရ​ထား​တပ်​တို့ သည် ပင်​လယ်​ထဲ​သို့​ဆင်း​သက်​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ရေ​ကို​ပြန်​စီး​စေ​သ​ဖြင့် ရေ​သည်​သူ​တို့​ကို​ဖုံး​လွှမ်း​လေ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​မူ​ကား ခြောက်​သွေ့​သော​မြေ ပေါ်​မှာ​လျှောက်​၍​ပင်​လယ်​ကို​ဖြတ်​သွား ကြ​၏။
For då hestarne åt Farao med vognerne og riddarane hans for ut i havet, då let Herren bårorne fløda i hop yver deim, medan Israels-folket gjekk turrskodde midt igjenom havet.
20 ၂၀ အာ​ရုန်​၏​အစ်​မ​ဖြစ်​သူ​ပ​ရော​ဖက်​မ​မိ​ရိ​အံ သည် ပတ်​သာ​ဗုံ​ကို​ကိုင်​၍​တီး​လေ​၏။ အ​ခြား အ​မျိုး​သ​မီး​အ​ပေါင်း​တို့​က​လည်း​ပတ်​သာ ဗုံ​ကို​တီး​၍ သူ​၏​နောက်​မှ​က​လျက်​လိုက် ကြ​၏။-
Og Mirjam, vismøyi, syster åt Aron, tok trummeringen sin i handi, og alle kvendi gjekk etter henne med trummeslått og dans.
21 ၂၁ မိ​ရိ​အံ​က၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကြီး​ခံ​တော်​မူ ပြီ​ဖြစ်​၍ ဂုဏ်​တော်​ကို​ကူး​ရင့်​သီ​ဆို​ကြ​လော့။ ကိုယ်​တော်​သည်​မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ တို့​ကို ပင်​လယ်​ထဲ​၌​နစ်​မြုပ်​စေ​တော်​မူ​ပြီ'' ဟူ​၍ သီ​ချင်း​စပ်​ဆို​လေ​သည်။
Og Mirjam song fyre og kvad: Syng um Herren, for stor er han, stor! Hest og ridar i havet han støytte.
22 ၂၂ ထို​နောက်​မော​ရှေ​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​ကို ပင်​လယ်​နီ​မှ​ရှု​ရ​ဟု​ခေါ်​သော​တော ကန္တာ​ရ​သို့​ခေါ်​ဆောင်​သွား​လေ​၏။ သူ​တို့​သည် တော​ကန္တာ​ရ​ထဲ​တွင်​သုံး​ရက်​ခ​ရီး​သွား​ခဲ့ ရ​သော်​လည်း​လမ်း​တွင်​ရေ​ကို​မ​တွေ့​ရ။-
Sidan førde Moses folket burt frå Raudehavet, og dei kom ut på Surheidi; der for dei tri dagar i øydemarkerne, og kunde ikkje finna vatn.
23 ၂၃ ထို​နောက်​မာ​ရ​ဟု​ခေါ်​သော​အ​ရပ်​သို့​ရောက် ရှိ​လာ​ကြ​ရာ ရေ​သည်​ခါး​သော​ကြောင့် မ​သောက်​နိုင်​ကြ။ ရေ​ခါး​ထွက်​သ​ဖြင့်​ထို အ​ရပ်​ကို​မာ​ရ​ဟု​ခေါ်​တွင်​လေ​၏။-
So kom dei til Mara, men dei kunde ikkje drikka vatnet i Mara, av di det var beiskt. Difor kalla dei den staden Mara.
24 ၂၄ သူ​တို့​သည်​မောရှေ​အား``အ​ကျွန်ုပ်​တို့​ရေ​ငတ် ၍ သေ​ရ​ပါ​တော့​မည်'' ဟု​ညည်း​ညူ​ကြ​၏။-
Og folket mukka mot Moses og sagde: «Kva skal me drikka?»
25 ၂၅ မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား သည်​သူ့​အား​သစ်​တုံး​တစ်​တုံး​ကို​ညွှန်​ပြ တော်​မူ​၏။ သူ​သည်​သစ်​တုံး​ကို​ရေ​ထဲ​သို့ ပစ်​ချ​လိုက်​သော​အ​ခါ​ရေ​ခါး​သည်​ရေ​ချို ဖြစ်​လာ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​အ​ရပ်​တွင် သူ​တို့ အား​ကျင့်​သုံး​ရန်​ပ​ညတ်​များ​ကို​ပြ​ဋ္ဌာန်း ၍ ထို​အ​ရပ်​၌​ပင်​သူ​တို့​နား​ထောင်​ခြင်း​ရှိ၊ မ​ရှိ​ကို​စစ်​ဆေး​တော်​မူ​၏။-
Då ropa han til Herren, og Herren synte honom eit tre; det kasta han upp i vatnet; då vart vatnet godt. Der sette han deim lov og rett, og der røynde han deim.
26 ၂၆ ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ငါ​၏ စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​နာ​ခံ​၍​ငါ နှစ်​သက်​သော​အ​ကျင့်​ကို​ကျင့်​ပြီး ပ​ညတ် သ​မျှ​တို့​ကို​လိုက်​နာ​လျှင်၊ ငါ​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​အ​ပေါ်​တွင်​ကျ​ရောက်​စေ သော​ရော​ဂါ​မျိုး​များ​ကို သင်​တို့​အ​ပေါ်​တွင် မည်​သည့်​အ​ခါ​မျှ​ကျ​ရောက်​စေ​မည်​မ​ဟုတ်။ ငါ​သည်​သင်​တို့​၏​ရော​ဂါ​ကို​ပျောက်​ကင်း စေ​သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။
Og han sagde: «Høyrer du vel etter ordi åt Herren, din Gud, og gjer det som rett er i hans augo, og lyder du bodi og held alle loverne hans, so skal du sleppa alle dei sjukarne, som eg hev lagt på egyptarane; for eg, Herren, vil vera lækjaren din.»
27 ၂၇ ထို​နောက်​သူ​တို့​သည် စမ်း​ရေ​တွင်း​တစ်​ဆယ့် နှစ်​တွင်း​နှင့်​စွန်​ပ​လွံ​ပင်​ခု​နစ်​ဆယ်​ရှိ​ရာ ဧ​လိမ်​အ​ရပ်​သို့​ရောက်​ရှိ​လာ​ကြ​၍​ရေ ရှိ​ရာ​အ​နီး​တွင်​စ​ခန်း​ချ​ကြ​၏။
Sidan kom dei til Elim. Der var det tolv kjeldor og sytti palmetre, og dei lægra seg der, frammed vatnet.

< ထွက်မြောက်ရာ 15 >