< ထွက်မြောက်ရာ 14 >

1 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ပြန်​လှည့်​၍ ဗာ​လ​ဇေ​ဖုန် မြို့​အ​နီး​မိ​ဂ​ဒေါ​လ​မြို့​နှင့်​ပင်​လယ်​နီ​စပ် ကြား​ရှိ​ပိ​ဟ​ဟိ​ရုတ်​မြို့​ရှေ့​တွင်​စ​ခန်း​ချ ရန်​ပြော​လော့။-
Sa’an nan Ubangiji ya ce wa Musa,
2
“Ka faɗa wa Isra’ilawa, su juya su kafa sansani a Fi Hahirot, a tsakanin Migdol da teku. Za su kafa sansanin kai tsaye kusa da teku, wanda ya fuskanci Ba’al-Zafon.
3 အီ​ဂျစ်​ဘု​ရင်​က`ဣသ​ရေ​လ​အ​မျိုး​သား တို့​သည် တော​ကန္တာ​ရ​ဝန်း​ရံ​လျက်​ရှိ​သော အ​ရပ်​တွင်​လှည့်​လည်​လျက်​ရှိ​ကြ​သည်' ဟု ထင်​လိမ့်​မည်။-
Fir’auna zai yi tsammani, ‘Aha, Isra’ilawa sun rikice cikin ƙasar, hamada kuwa ta yimƙe su.’
4 ငါ​သည်​အီ​ဂျစ်​ဘု​ရင်​ကို​ခေါင်း​မာ​စေ​သ​ဖြင့် သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​လိုက် လံ​တိုက်​ခိုက်​လိမ့်​မည်။ ငါ​သည်​ဘု​ရင်​နှင့်​သူ ၏​စစ်​တပ်​ကို​နှိမ်​နင်း​သ​ဖြင့် ငါ​၏​ဘုန်း​ထင်​ရှား လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​အ​မျိုး​သား​တို့​က ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​သိ​မြင် လာ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း​ဆောင်​ရွက်​ကြ​၏။
Zan kuma taurare zuciyar Fir’auna, zai kuwa bi su. Na shirya wannan domin in nuna ɗaukakata a bisa Fir’auna da ƙungiyar sojansa. Bayan wannan, mutanen Masar za su sani ni ne Ubangiji.” Sai Isra’ilawa suka yi haka.
5 အီ​ဂျစ်​ဘု​ရင်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ပြေး​ကုန်​ကြ​ပြီ​ဖြစ်​ကြောင်း​ကြား​သိ​ရ သော​အ​ခါ သူ​နှင့်​သူ​၏​မှူး​မတ်​တို့​သည်​စိတ် သ​ဘော​ထား​ပြောင်း​လဲ​၍``ငါ​တို့​သည်​ငါ​တို့ ၏​အ​စေ​ခံ​ကျွန်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို လွတ်​မြောက်​ထွက်​ပြေး​သွား​စေ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။-
Sa’ad da aka faɗa wa Fir’auna cewa Isra’ilawa sun gudu, sai Fir’auna da bayinsa suka canja ra’ayinsu game da su, suka ce, “Me muka yi? Mun bar Isra’ilawa suka tafi, mun kuwa rasa hidimarsu!”
6 အီ​ဂျစ်​ဘု​ရင်​သည်​မိ​မိ​၏​စစ်​ရ​ထား​နှင့် စစ်​တပ်​ကို​အ​သင့်​ပြင်​စေ​၏။-
Sai shi da keken yaƙinsa suka shirya, ya kuma ɗauki sojojinsa tare da shi.
7 သူ​သည်​တပ်​မှူး​များ​ဦး​စီး​သော​လက်​ရွေး စင်​စစ်​ရ​ထား​ခြောက်​ရာ​အ​ပါ​အ​ဝင် စစ် ရ​ထား​အား​လုံး​ကို​စု​ရုံး​ချီ​တက်​စေ​၏။-
Ya ɗauki kekunan yaƙi ɗari shida mafi kyau duka, tare da duk sauran keken yaƙin Masar, da shugabanni kuma a kan dukansu.
8 ထာ​ဝ​ရ​ဘု​ရား​သည်​ဘုရင်​ကို​ခေါင်း​မာ​စေ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နောက် သို့​လိုက်​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဝင့်​ကြွား​စွာ​ဖြင့်​ထွက်​ခွာ​လျက်​ရှိ ကြ​၏။-
Ubangiji ya taurare zuciyar Fir’auna sarkin Masar, domin yă bi Isra’ilawa waɗanda suke tafiya ba tsoro.
9 ဘု​ရင်​၏​စစ်​တပ်၊ ရ​ထား​တပ်၊ မြင်း​တပ်​တို့ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​နောက် သို့​လိုက်​ကြ​ရာ​တွင် ဗာ​လ​ဇေ​ဖုန်​မြို့​နှင့် ပိ​ဟ​ဟိ​ရုတ်​မြို့​အ​နီး​ပင်​လယ်​နီ​ကမ်း​နား ၌​စ​ခန်း​ချ​လျက်​ရှိ​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​မီ​လေ​၏။
Masarawa, dukan dawakan Fir’auna da kekunan yaƙi da mahaya da sojoji, suka bi Isra’ilawa suka cin musu yayinda suke a sansani kusa da teku kurkusa da Fi Hahirot, wanda ya fuskanci Ba’al-Zafon.
10 ၁၀ အီ​ဂျစ်​ဘု​ရင်​၏​စစ်​တပ်​ချီ​တက်​လာ​သည်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြင်​ရ​သော​အ​ခါ အ​လွန်​ကြောက်​ရွံ့​၍​ထာ​ဝ​ရ​ဘု​ရား​အား ကယ်​မ​တော်​မူ​ရန်​အော်​ဟစ်​တောင်း​ပန်​ကြ​၏။-
Da Fir’auna ya yi kusa, Isra’ilawa suka ɗaga idanu sai suka hange Masarawa daga nesa suna tā da ƙura suna zuwa. Sai suka tsorata ƙwarai, suka kuwa yi kuka ga Ubangiji.
11 ၁၁ သူ​တို့​က​မော​ရှေ​အား``အီ​ဂျစ်​ပြည်​တွင် သင်္ချိုင်း မ​ရှိ​သော​ကြောင့် တော​ကန္တာ​ရ​ထဲ​၌​သေ​စေ ရန်​အ​ကျွန်ုပ်​တို့​ကို​ခေါ်​ဆောင်​ခဲ့​ပါ​သ​လော။ အ​ကျွန်ုပ်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​သော​ကြောင့် ယ​ခု​မည်​ကဲ့​သို့​သော​အ​ခြေ အ​နေ​မျိုး​သို့​ဆိုက်​ရောက်​ကာ​နေ​သည်​ကို ကြည့်​ပါ​လော့။-
Suka ce wa Musa, “Don babu makabarta a Masar ne, ka kawo mu a hamada mu mutu? Me ka yi mana ke nan da ka fitar da mu daga Masar?
12 ၁၂ အ​ကျွန်ုပ်​တို့​သည်​ထွက်​မ​လာ​မီ​က ဤ​ကဲ့ သို့​ဖြစ်​မည်​ဟု​ပြော​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ အ​ကျွန်ုပ်​တို့​က`အီ​ဂျစ်​အ​မျိုး​သား​တို့​ထံ​၌ ကျွန်​ခံ​မြဲ​ကျွန်​ခံ​နေ​ပါ​ရ​စေ' ဟု​ပြော​ပါ သည်။ ဤ​တော​ကန္တာ​ရ​ထဲ​၌​သေ​ရ​သည်​ထက် ကျွန်​ခံ​နေ​ရ​ခြင်း​က​သာ​၍​ကောင်း​ပါ​သည်'' ဟု​ပြော​လေ​၏။
Ba mu faɗa maka a Masar ba, cewa ‘Ka bar mu mu bauta wa Masarawa’? Ai, da ya fi mana mu bauta wa Masarawa, da a ce mu mutu a hamada!”
13 ၁၃ ထို​အ​ခါ​မော​ရှေ​က``မ​ကြောက်​ကြ​နှင့်။ ကြံ့ ကြံ့​ခိုင်​ခိုင်​ရှိ​စေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား သည်​ယ​နေ့​တွင် သင်​တို့​အား​မည်​ကဲ့​သို့​ကယ် တင်​တော်​မူ​မည်​ကို​မြင်​ရ​လိမ့်​မည်။ သင်​တို့ ယ​နေ့​မြင်​ရ​သော​အီ​ဂျစ်​အ​မျိုး​သား​တို့ ကို နောင်​မည်​သည့်​အ​ခါ​မျှ​မြင်​ရ​လိမ့်​မည် မ​ဟုတ်။-
Musa ya amsa wa mutane ya ce, “Kada ku ji tsoro. Ku tsaya dai ku ga ceton da Ubangiji zai kawo muku yau. Masarawan da kuke gani yau, ba za ku ƙara ganinsu ba.
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​စစ် တိုက်​တော်​မူ​လိမ့်​မည်။ စိတ်​မ​ပူ​ကြ​နှင့်'' ဟု ပြန်​ပြော​လေ​၏။
Ubangiji zai yi yaƙi dominku, ku dai tsaya kurum.”
15 ၁၅ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အ​ဘယ် ကြောင့်​သင်​တို့​ဟစ်​အော်​နေ​ကြ​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ရှေ့​သို့ ချီ​တက်​စေ​လော့။-
Sa’an nan Ubangiji ya ce wa Musa, “Don me kake mini kuka? Ka faɗa wa Isra’ilawa su ci gaba da tafiya.
16 ၁၆ သင်​၏​တောင်​ဝှေး​ကို​ကိုင်​၍​ပင်​လယ်​ပေါ်​တွင် လက်​ကို​ဆန့်​လော့။ ထို​အ​ခါ​ပင်​လယ်​ရေ​သည် နှစ်​ခြမ်း​ကွဲ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ခြောက်​သွေ့​သော​မြေ​ပေါ်​မှာ​ဖြတ် ၍​လျှောက်​သွား​ရ​ကြ​မည်။-
Ka ɗaga sandanka, ka miƙa shi bisa teku don ruwa yă rabu domin Isra’ilawa su wuce cikin teku a kan busasshiyar ƙasa.
17 ၁၇ ငါ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​ကို​ခေါင်း မာ​စေ​သ​ဖြင့် သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နောက်​သို့​ဆင်း​လိုက်​ကြ လိမ့်​မည်။ ငါ​သည်​ဘု​ရင်​နှင့်​တ​ကွ​သူ​၏ စစ်​တပ်၊ ရ​ထား​တပ်​နှင့်​မြင်း​တပ်​တို့​ကို နှိမ်​နင်း​အောင်​မြင်​ခြင်း​အား​ဖြင့် ငါ​၏ ဘုန်း​ထင်​ရှား​လိမ့်​မည်။-
Zan taurare zukatan Masarawa su shiga don su bi su. Ta haka zan ci nasara bisa Fir’auna da rundunansa, da keken yaƙinsa, da mahayan dawakansa.
18 ၁၈ ထို​သို့​ဘု​ရင်​နှင့်​သူ​၏​တပ်​ကို​နှိမ်​နင်း​အောင် မြင်​သ​ဖြင့် ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် ကြောင်း​အီ​ဂျစ်​အ​မျိုး​သား​တို့​သိ​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Masarawa za su sani ni ne Ubangiji sa’ad da na sami nasara bisa kan Fir’auna, da keken yaƙinsa, da mahayan dawakansa.”
19 ၁၉ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ရှေ့​က​ကြွ သွား​သော ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန် သည်​အ​နောက်​ဘက်​သို့​နေ​ရာ​ပြောင်း​၍​လိုက် ပါ​လာ​၏။ သူ​တို့​၏​အ​ရှေ့​၌​ရှိ​သော​မိုး​တိမ် တိုင်​သည်​လည်း အ​နောက်​ဘက်​သို့​နေ​ရာ ပြောင်း​သ​ဖြင့်၊-
Sai mala’ikan Allah wanda yake tafiya a gaban sojojin Isra’ila, ya janye, ya koma bayansu. Al’amudin girgije shi ma ya koma, ya tsaya a bayansu,
20 ၂၀ အီ​ဂျစ်​တပ်​နှင့်​ဣသ​ရေ​လ​တပ်​တို့​အ​ကြား သို့​ရောက်​ရှိ​လေ​၏။ မိုး​တိမ်​တိုင်​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​ဘက်​တွင်​အ​မှောင်​ကျ​စေ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘက်​တွင်​မူ အ​လင်း​ရောင်​ရ​စေ​၏။ သို့​ဖြစ်​၍​ထို​ည တစ်​ည​လုံး​တစ်​တပ်​နှင့်​တစ်​တပ်​မ​ချဉ်း ကပ်​နိုင်​ကြ​ချေ။
ya dawo tsakanin sojojin Masar da na Isra’ila. Duk dare, girgijen ya jawo duhu ga gefe ɗaya, haske kuma ga ɗaya gefen; saboda haka ba wanda ya kusaci wani duk dare.
21 ၂၁ မော​ရှေ​သည်​ပင်​လယ်​ပေါ်​သို့​လက်​ကို​ဆန့် လိုက်​ရာ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​ဘက် မှ​လေ​ပြင်း​ကို​တစ်​ည​လုံး​တိုက်​ခတ်​စေ သ​ဖြင့် ပင်​လယ်​ရေ​ကွဲ​၍​အောက်​ခြေ​၌ ခြောက်​သွေ့​သော​မြေ​ပေါ်​စေ​တော်​မူ​၏။-
Da Musa ya miƙa hannunsa a bisa teku, sai Ubangiji ya tura teku baya da iskar gabas mai ƙarfi duk dare, ya maishe shi busasshiyar ƙasa. Ruwa ya rabu,
22 ၂၂ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရေ​တံ​တိုင်း​နှစ်​ခု​အ​ကြား​ခြောက်​သွေ့​သော မြေ​ပေါ်​မှာ​လျှောက်​၍​ပင်​လယ်​ကို​ဖြတ်​၍ သွား​ကြ​လေ​၏။-
sai Isra’ilawa suka wuce cikin teku a kan busasshiyar ƙasa, ruwan ya zama musu katanga dama da hagu.
23 ၂၃ အီ​ဂျစ်​ဘု​ရင်​၏​စစ်​တပ်၊ ရ​ထား​တပ်၊ မြင်း​တပ် တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နောက် သို့​ဆင်း​လိုက်​ကြ​၏။-
Masarawa suka bi su da dukan dawakan Fir’auna, da kekunan yaƙi, da mahayan, suka bi su cikin teku.
24 ၂၄ နံ​နက်​အ​ရုဏ်​မ​တက်​မီ​အ​ချိန်​တွင် ထာ​ဝ​ရ ဘု​ရား​သည်​မီး​တိုင်​နှင့်​မိုး​တိမ်​တိုင်​တို့​မှ​နေ ၍ အီ​ဂျစ်​စစ်​တပ်​ကို​ကြည့်​ရှု​တော်​မူ​ပြီး လျှင်​သူ​တို့​ကို​ဖ​ရို​ဖ​ရဲ​ဖြစ်​စေ​တော်​မူ​၏။-
Da asubahin fāri, sai Ubangiji ya dubi ƙasa a kan sojojin Masarawa daga al’amudin wuta da kuma girgije, sai ya sa suka ruɗe.
25 ၂၅ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ရ​ထား​ဘီး များ​ကို​ကျွတ်​ထွက်​စေ​တော်​မူ​သ​ဖြင့် သူ​တို့ ၏​ရ​ထား​များ​ကို​အ​သွား​ရ​ခက်​စေ​တော် မူ​၏။ ထို့​ကြောင့်​အီ​ဂျစ်​အ​မျိုး​သား​တို့​က``ထာ ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘက်​မှ​နေ​၍ ကျွန်ုပ်​တို့​ကို​တိုက်​ခိုက်​လျက် ရှိ​တော်​မူ​၏။ ထွက်​ပြေး​ကြ​စို့'' ဟု​ဆို​ကြ​၏။
Ya sa ƙafafun keken yaƙinsu suka fita don su kāsa tuƙi. Sai Masarawa suka ce, “Bari mu gudu daga Isra’ilawa gama Ubangiji yana yaƙi dominsu gāba da Masar.”
26 ၂၆ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင်​၏​လက် ကို​ပင်​လယ်​ပေါ်​သို့​ဆန့်​၍ အီ​ဂျစ်​အ​မျိုး​သား နှင့်​သူ​တို့​၏​ရ​ထား​တပ်၊ မြင်း​တပ်​တို့​အ​ပေါ် သို့​ရေ​ပြန်​၍​စီး​စေ​လော့'' ဟု​မိန့်​တော်​မူ​၏။-
Sa’an nan Ubangiji ya ce wa Musa, “Miƙa hannunka bisa teku don ruwa yă koma kan Masarawa, da keken yaƙinsu, da kuma mahayansu.”
27 ၂၇ သို့​ဖြစ်​၍​မော​ရှေ​သည်​ပင်​လယ်​ပေါ်​သို့​လက် ကို​ဆန့်​သ​ဖြင့် နံ​နက်​မိုး​လင်း​သည့်​အ​ခါ​ရေ သည်​ပုံ​မှန်​အ​တိုင်း​ပြန်​လည်​စီး​လေ​၏။ ရေ ပြန်​တက်​လာ​စဉ်​အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ထွက်​ပြေး​ကြ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​အား​ပင်​လယ်​ထဲ​၌​နစ်​မြုပ်​စေ တော်​မူ​၏။-
Musa ya miƙa hannunsa a bisa tekun, da wayewar gari kuwa teku ya koma wurinsa na dā. Masarawa suka yi ƙoƙari su gudu, sai Ubangiji ya tura su cikin teku.
28 ၂၈ ရေ​သည်​ပုံ​မှန်​အ​တိုင်း​ပြန်​စီး​သ​ဖြင့်​ပင် လယ်​ထဲ​သို့​ဆင်း​လိုက်​လာ​ကြ​သော​ရ​ထား တပ်၊ မြင်း​တပ်​နှင့်​အီ​ဂျစ်​ဘု​ရင်​၏​တပ်​အား လုံး​တို့​သည်​တစ်​ယောက်​မျှ​မ​ကျန်​ရေ​နစ်​၍ သေ​ကုန်​ကြ​၏။-
Ruwan ya komo ya rufe keken yaƙin da mahayan, dukan sojojin Fir’aunan da suka bi bayan Isra’ilawa cikin teku, ba ko ɗaya da ya tsira.
29 ၂၉ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား တစ်​ဘက် တစ်​ချက်​ရှိ​ရေ​တံ​တိုင်း​နှစ်​ခု​အ​ကြား​ခြောက် သွေ့​သော​မြေ​ပေါ်​မှာ လျှောက်​၍​ပင်​လယ်​ကို ဖြတ်​ကူး​ခဲ့​ရ​ကြ​လေ​၏။
Amma Isra’ilawa suka wuce cikin teku a busasshiyar ƙasa, ruwa kuwa ya yi musu katanga dama da hagu.
30 ၃၀ ထို​နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​အ​မျိုး​သား​တို့ ၏​လက်​မှ​ကယ်​တင်​တော်​မူ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အီ​ဂျစ်​အ​မျိုး​သား​တို့ ၏​အ​လောင်း​များ​ကို​ပင်​လယ်​ကမ်း​ပေါ်​၌ အ​တုံး​အ​ရုံး​ရှိ​သည်​ကို​တွေ့​မြင်​ကြ လေ​၏။-
A rana nan Ubangiji ya cece Isra’ila daga hannuwan Masarawa, Isra’ilawa kuwa suka ga gawawwakin Masarawa a bakin teku.
31 ၃၁ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​က​အ​နန္တ တန်​ခိုး​တော်​ဖြင့် အီ​ဂျစ်​အ​မျိုး​သား​တို့ အား​နှိမ်​နင်း​လိုက်​သည်​ကို​တွေ့​မြင်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​လာ ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​နှင့်​ထာ​ဝ​ရ ဘု​ရား​၏​ကျွန်​မော​ရှေ​တို့​ကို​ယုံ​ကြည် ကိုး​စား​လာ​ကြ​၏။
Sa’ad da Isra’ilawa suka ga iko mai girma da Ubangiji ya yi gāba da Masarawa, sai mutanen suka ji tsoron Ubangiji, suka amince da shi, da kuma bawansa Musa.

< ထွက်မြောက်ရာ 14 >