< ထွက်မြောက်ရာ 14 >
1 ၁ ထာဝရဘုရားကမောရှေအား``ဣသရေလ အမျိုးသားတို့သည်ပြန်လှည့်၍ ဗာလဇေဖုန် မြို့အနီးမိဂဒေါလမြို့နှင့်ပင်လယ်နီစပ် ကြားရှိပိဟဟိရုတ်မြို့ရှေ့တွင်စခန်းချ ရန်ပြောလော့။-
Ja Herra puhui Mosekselle sanoen:
Puhu Israelin lapsille, että he palajaisivat ja sioittaisivat heitänsä Hiirotin laakson kohdalle, Migdolin ja meren vaiheelle, BaalZephonin eteen ja sen kohdalle sioittaen heitänsä meren tykö.
3 ၃ အီဂျစ်ဘုရင်က`ဣသရေလအမျိုးသား တို့သည် တောကန္တာရဝန်းရံလျက်ရှိသော အရပ်တွင်လှည့်လည်လျက်ရှိကြသည်' ဟု ထင်လိမ့်မည်။-
Ja Pharao sanoo Israelin lapsista: he käyvät eksyksissä maalla, korpi on heidät sulkenut.
4 ၄ ငါသည်အီဂျစ်ဘုရင်ကိုခေါင်းမာစေသဖြင့် သူသည်ဣသရေလအမျိုးသားတို့ကိုလိုက် လံတိုက်ခိုက်လိမ့်မည်။ ငါသည်ဘုရင်နှင့်သူ ၏စစ်တပ်ကိုနှိမ်နင်းသဖြင့် ငါ၏ဘုန်းထင်ရှား လိမ့်မည်။ ထိုအခါအီဂျစ်အမျိုးသားတို့က ငါသည်ထာဝရဘုရားဖြစ်ကြောင်းသိမြင် လာကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းဆောင်ရွက်ကြ၏။
Ja minä paadutan Pharaon sydämen, ja hän ajaa heitä takaa; ja minä voitan kunnian Pharaosta ja kaikesta hänen sotaväestänsä. Ja Egyptiläisten pitää tietämän, että minä olen Herra. Ja he tekivät niin.
5 ၅ အီဂျစ်ဘုရင်သည်ဣသရေလအမျိုးသားတို့ ထွက်ပြေးကုန်ကြပြီဖြစ်ကြောင်းကြားသိရ သောအခါ သူနှင့်သူ၏မှူးမတ်တို့သည်စိတ် သဘောထားပြောင်းလဲ၍``ငါတို့သည်ငါတို့ ၏အစေခံကျွန်ဣသရေလအမျိုးသား တို့ကို လွတ်မြောက်ထွက်ပြေးသွားစေပါသည် တကား'' ဟုဆိုကြ၏။-
Ja kuin sanottiin Egyptin kuninkaalle, että kansa pakeni, tuli hänen ja hänen palveliainsa sydän käännetyksi kansaa vastaan, ja he sanoivat: miksi me olemme niin tehneet, että me päästimme Israelin palvelemasta meitä?
6 ၆ အီဂျစ်ဘုရင်သည်မိမိ၏စစ်ရထားနှင့် စစ်တပ်ကိုအသင့်ပြင်စေ၏။-
Ja hän valmisti vaununsa, ja otti väkensä myötänsä.
7 ၇ သူသည်တပ်မှူးများဦးစီးသောလက်ရွေး စင်စစ်ရထားခြောက်ရာအပါအဝင် စစ် ရထားအားလုံးကိုစုရုံးချီတက်စေ၏။-
Ja otti kuusisataa parasta vaunua, niin myös kaikki muut Egyptin vaunut, ja päämiehet niiden kaikkein päälle.
8 ၈ ထာဝရဘုရားသည်ဘုရင်ကိုခေါင်းမာစေ သဖြင့် ဣသရေလအမျိုးသားတို့နောက် သို့လိုက်လေ၏။ ဣသရေလအမျိုးသားတို့ သည်ဝင့်ကြွားစွာဖြင့်ထွက်ခွာလျက်ရှိ ကြ၏။-
Ja Herra paadutti Pharaon Egyptin kuninkaan sydämen, ja hän ajoi takaa Israelin lapsia, jotka kuitenkin olivat korkian käden kautta lähteneet.
9 ၉ ဘုရင်၏စစ်တပ်၊ ရထားတပ်၊ မြင်းတပ်တို့ သည်ဣသရေလအမျိုးသားတို့၏နောက် သို့လိုက်ကြရာတွင် ဗာလဇေဖုန်မြို့နှင့် ပိဟဟိရုတ်မြို့အနီးပင်လယ်နီကမ်းနား ၌စခန်းချလျက်ရှိသောဣသရေလ အမျိုးသားတို့ကိုမီလေ၏။
Niin Egyptiläiset ajoivat heitä takaa, ja saavuttivat heidät meren tykönä, kussa he itsensä sioittaneet olivat, kaikki Pharaon vaunuhevoset, hänen ratsasmiehensä, ja hänen sotajoukkonsa: Hiirotin laaksossa, BaalZephonin kohdalla.
10 ၁၀ အီဂျစ်ဘုရင်၏စစ်တပ်ချီတက်လာသည်ကို ဣသရေလအမျိုးသားတို့မြင်ရသောအခါ အလွန်ကြောက်ရွံ့၍ထာဝရဘုရားအား ကယ်မတော်မူရန်အော်ဟစ်တောင်းပန်ကြ၏။-
Ja kuin Pharao lähestyi heitä, nostivat Israelin lapset silmänsä, ja katso, Egyptiläiset tulivat heidän perässänsä; ja Israelin lapset pejästyivät sangen suuresti, ja huusivat Herran tykö.
11 ၁၁ သူတို့ကမောရှေအား``အီဂျစ်ပြည်တွင် သင်္ချိုင်း မရှိသောကြောင့် တောကန္တာရထဲ၌သေစေ ရန်အကျွန်ုပ်တို့ကိုခေါ်ဆောင်ခဲ့ပါသလော။ အကျွန်ုပ်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့သောကြောင့် ယခုမည်ကဲ့သို့သောအခြေ အနေမျိုးသို့ဆိုက်ရောက်ကာနေသည်ကို ကြည့်ပါလော့။-
Ja sanoivat Mosekselle: Eikö hautoja ollut Egyptissä, ettäs rupesit meitä johdattamaan korpeen kuolemaan? Miksis meille niin olet tehnyt: ettäs meitä johdatit Egyptistä?
12 ၁၂ အကျွန်ုပ်တို့သည်ထွက်မလာမီက ဤကဲ့ သို့ဖြစ်မည်ဟုပြောခဲ့သည်မဟုတ်ပါလော။ အကျွန်ုပ်တို့က`အီဂျစ်အမျိုးသားတို့ထံ၌ ကျွန်ခံမြဲကျွန်ခံနေပါရစေ' ဟုပြောပါ သည်။ ဤတောကန္တာရထဲ၌သေရသည်ထက် ကျွန်ခံနေရခြင်းကသာ၍ကောင်းပါသည်'' ဟုပြောလေ၏။
Eikö tämä se ole, kuin me puhuimme Egyptissä, sanoen: anna meidän olla, että me palvelisimme Egyptiläisiä; sillä meidän olis parempi palvella Egyptiläisiä, kuin kuolla korvessa.
13 ၁၃ ထိုအခါမောရှေက``မကြောက်ကြနှင့်။ ကြံ့ ကြံ့ခိုင်ခိုင်ရှိစေကြလော့။ ထာဝရဘုရား သည်ယနေ့တွင် သင်တို့အားမည်ကဲ့သို့ကယ် တင်တော်မူမည်ကိုမြင်ရလိမ့်မည်။ သင်တို့ ယနေ့မြင်ရသောအီဂျစ်အမျိုးသားတို့ ကို နောင်မည်သည့်အခါမျှမြင်ရလိမ့်မည် မဟုတ်။-
Moses sanoi kansalle: älkäät peljätkö, seisokaat ja katsokaat minkä autuuden Herra tänäpänä tekee teille; sillä näitä Egyptiläisiä, jotka te tänäpänä näette, ei teidän pidä ikänänsä enempi näkemän ijankaikkisesti,
14 ၁၄ ထာဝရဘုရားသည်သင်တို့အတွက်စစ် တိုက်တော်မူလိမ့်မည်။ စိတ်မပူကြနှင့်'' ဟု ပြန်ပြောလေ၏။
Herra sotii teidän puolestanne, ja teidän pitää alallanne oleman.
15 ၁၅ ထာဝရဘုရားကမောရှေအား``အဘယ် ကြောင့်သင်တို့ဟစ်အော်နေကြသနည်း။ ဣသရေလအမျိုးသားတို့အားရှေ့သို့ ချီတက်စေလော့။-
Ja Herra sanoi Mosekselle: mitäs huudat minun tyköni? Sano Israelin lapsille, että he vaeltaisivat.
16 ၁၆ သင်၏တောင်ဝှေးကိုကိုင်၍ပင်လယ်ပေါ်တွင် လက်ကိုဆန့်လော့။ ထိုအခါပင်လယ်ရေသည် နှစ်ခြမ်းကွဲသဖြင့် ဣသရေလအမျိုးသား တို့သည်ခြောက်သွေ့သောမြေပေါ်မှာဖြတ် ၍လျှောက်သွားရကြမည်။-
Mutta nosta sinä sauvas, ja ojenna kätes meren ylitse, ja eroita se yhdestä, että Israelin lapset kävisivät keskeltä merta kuivaa myöten.
17 ၁၇ ငါသည်အီဂျစ်အမျိုးသားတို့ကိုခေါင်း မာစေသဖြင့် သူတို့သည်ဣသရေလ အမျိုးသားတို့နောက်သို့ဆင်းလိုက်ကြ လိမ့်မည်။ ငါသည်ဘုရင်နှင့်တကွသူ၏ စစ်တပ်၊ ရထားတပ်နှင့်မြင်းတပ်တို့ကို နှိမ်နင်းအောင်မြင်ခြင်းအားဖြင့် ငါ၏ ဘုန်းထင်ရှားလိမ့်မည်။-
Ja katso, minä paadutan Egyptiläisten sydämet, ja he seuraavat teidän jälissänne; niin minä voitan kunnian Pharaosta ja kaikesta hänen sotajoukostansa, hänen vaunuistansa ja ratsasmiehistänsä.
18 ၁၈ ထိုသို့ဘုရင်နှင့်သူ၏တပ်ကိုနှိမ်နင်းအောင် မြင်သဖြင့် ငါသည်ထာဝရဘုရားဖြစ် ကြောင်းအီဂျစ်အမျိုးသားတို့သိရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
Ja Egyptiläisten pitää tietämän, että minä olen Herra, koska minä olen kunnian voittanut Pharaosta, ja hänen vaunuistansa ja ratsasmiehistänsä.
19 ၁၉ ဣသရေလအမျိုးသားတို့၏ရှေ့ကကြွ သွားသော ဘုရားသခင်၏ကောင်းကင်တမန် သည်အနောက်ဘက်သို့နေရာပြောင်း၍လိုက် ပါလာ၏။ သူတို့၏အရှေ့၌ရှိသောမိုးတိမ် တိုင်သည်လည်း အနောက်ဘက်သို့နေရာ ပြောင်းသဖြင့်၊-
Niin Jumalan enkeli nousi, joka Israelin joukon edellä kävi, ja meni heidän takansa: ja pilven patsas siirsi itsensä heidän kasvoinsa edestä, ja seisoi heidän takanansa,
20 ၂၀ အီဂျစ်တပ်နှင့်ဣသရေလတပ်တို့အကြား သို့ရောက်ရှိလေ၏။ မိုးတိမ်တိုင်သည်အီဂျစ် အမျိုးသားတို့ဘက်တွင်အမှောင်ကျစေ၍ ဣသရေလအမျိုးသားတို့ဘက်တွင်မူ အလင်းရောင်ရစေ၏။ သို့ဖြစ်၍ထိုည တစ်ညလုံးတစ်တပ်နှင့်တစ်တပ်မချဉ်း ကပ်နိုင်ကြချေ။
Ja tuli Egyptiläisten ja Israelin joukkoin vaiheelle, ja oli pimiä pilvi, ja valaisi (näille) yön: niin ettei he koko yönä toinen toistansa taitaneet lähestyä.
21 ၂၁ မောရှေသည်ပင်လယ်ပေါ်သို့လက်ကိုဆန့် လိုက်ရာ ထာဝရဘုရားသည်အရှေ့ဘက် မှလေပြင်းကိုတစ်ညလုံးတိုက်ခတ်စေ သဖြင့် ပင်လယ်ရေကွဲ၍အောက်ခြေ၌ ခြောက်သွေ့သောမြေပေါ်စေတော်မူ၏။-
Koska Moses ojensi kätensä meren ylitse, antoi Herra vedet juosta pois vahvalla itätuulella koko sen yön; ja teki meren kuiville, ja vedet erkanivat.
22 ၂၂ ထိုအခါဣသရေလအမျိုးသားတို့သည် ရေတံတိုင်းနှစ်ခုအကြားခြောက်သွေ့သော မြေပေါ်မှာလျှောက်၍ပင်လယ်ကိုဖြတ်၍ သွားကြလေ၏။-
Ja Israelin lapset kävivät keskeltä merta kuivaa myöten, ja vedet olivat heille niinkuin muuri heidän oikialla ja vasemmalla puolellansa.
23 ၂၃ အီဂျစ်ဘုရင်၏စစ်တပ်၊ ရထားတပ်၊ မြင်းတပ် တို့သည်ဣသရေလအမျိုးသားတို့နောက် သို့ဆင်းလိုက်ကြ၏။-
Ja Egyptiläiset ajoivat heitä takaa ja seurasivat heidän perässänsä, ja kaikki Pharaon hevoset, hänen vaununsa ja ratsasmiehensä keskelle merta.
24 ၂၄ နံနက်အရုဏ်မတက်မီအချိန်တွင် ထာဝရ ဘုရားသည်မီးတိုင်နှင့်မိုးတိမ်တိုင်တို့မှနေ ၍ အီဂျစ်စစ်တပ်ကိုကြည့်ရှုတော်မူပြီး လျှင်သူတို့ကိုဖရိုဖရဲဖြစ်စေတော်မူ၏။-
Koska aamuvartio tuli, katsahti Herra Egyptiläisten joukon päälle tulen patsaasta ja pilvestä hukuttaaksensa Egyptiläisten joukon,
25 ၂၅ ထာဝရဘုရားသည်သူတို့၏ရထားဘီး များကိုကျွတ်ထွက်စေတော်မူသဖြင့် သူတို့ ၏ရထားများကိုအသွားရခက်စေတော် မူ၏။ ထို့ကြောင့်အီဂျစ်အမျိုးသားတို့က``ထာ ဝရဘုရားသည်ဣသရေလအမျိုးသား တို့ဘက်မှနေ၍ ကျွန်ုပ်တို့ကိုတိုက်ခိုက်လျက် ရှိတော်မူ၏။ ထွက်ပြေးကြစို့'' ဟုဆိုကြ၏။
Ja hän syöksi pyörät erinänsä heidän vaunuistansa, niin että he työläästi vetivät niitä. Niin sanoivat Egyptiläiset: paetkaamme Israelia, sillä Herra sotii heidän puolestansa Egyptiläisiä vastaan.
26 ၂၆ ထာဝရဘုရားကမောရှေအား``သင်၏လက် ကိုပင်လယ်ပေါ်သို့ဆန့်၍ အီဂျစ်အမျိုးသား နှင့်သူတို့၏ရထားတပ်၊ မြင်းတပ်တို့အပေါ် သို့ရေပြန်၍စီးစေလော့'' ဟုမိန့်တော်မူ၏။-
Mutta Herra sanoi Mosekselle: ojenna kätes meren ylitse, että vedet juoksisivat Egyptiläisten ylitse, heidän vaunuinsa ja ratsasmiestensä ylitse.
27 ၂၇ သို့ဖြစ်၍မောရှေသည်ပင်လယ်ပေါ်သို့လက် ကိုဆန့်သဖြင့် နံနက်မိုးလင်းသည့်အခါရေ သည်ပုံမှန်အတိုင်းပြန်လည်စီးလေ၏။ ရေ ပြန်တက်လာစဉ်အီဂျစ်အမျိုးသားတို့သည် ထွက်ပြေးကြသော်လည်း ထာဝရဘုရား သည်သူတို့အားပင်လယ်ထဲ၌နစ်မြုပ်စေ တော်မူ၏။-
Niin ojensi Moses kätensä meren ylitse, ja meri palasi ennen huomenta voimaansa. Ja koska Egyptiläiset pakenivat, kohtasi heitä vesi, ja Herra syöksi heidät keskelle merta.
28 ၂၈ ရေသည်ပုံမှန်အတိုင်းပြန်စီးသဖြင့်ပင် လယ်ထဲသို့ဆင်းလိုက်လာကြသောရထား တပ်၊ မြင်းတပ်နှင့်အီဂျစ်ဘုရင်၏တပ်အား လုံးတို့သည်တစ်ယောက်မျှမကျန်ရေနစ်၍ သေကုန်ကြ၏။-
Ja vedet palasivat ja kävivät vaunuin, ja ratsasmiesten, ja koko Pharaon sotajoukon ylitse, jotka heitä olivat seuranneet mereen: niin ettei yksikään heistä päässyt.
29 ၂၉ ဣသရေလအမျိုးသားတို့မူကား တစ်ဘက် တစ်ချက်ရှိရေတံတိုင်းနှစ်ခုအကြားခြောက် သွေ့သောမြေပေါ်မှာ လျှောက်၍ပင်လယ်ကို ဖြတ်ကူးခဲ့ရကြလေ၏။
Mutta Israelin lapset kävivät kuivaa myöten keskeltä merta, ja vedet olivat heille niinkuin muuri heidän oikialla ja vasemmalla puolellansa.
30 ၃၀ ထိုနေ့တွင်ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကိုအီဂျစ်အမျိုးသားတို့ ၏လက်မှကယ်တင်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် အီဂျစ်အမျိုးသားတို့ ၏အလောင်းများကိုပင်လယ်ကမ်းပေါ်၌ အတုံးအရုံးရှိသည်ကိုတွေ့မြင်ကြ လေ၏။-
Ja niin Herra vapahti Israelin sinä päivänä Egyptiläisten kädestä: ja Israel näki Egyptiläiset kuolleina meren reunalla.
31 ၃၁ သူတို့သည်ထာဝရဘုရားကအနန္တ တန်ခိုးတော်ဖြင့် အီဂျစ်အမျိုးသားတို့ အားနှိမ်နင်းလိုက်သည်ကိုတွေ့မြင်သဖြင့် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေလာ ကြကုန်၏။ ထာဝရဘုရားနှင့်ထာဝရ ဘုရား၏ကျွန်မောရှေတို့ကိုယုံကြည် ကိုးစားလာကြ၏။
Ja Israel näki myös sen suuren voiman, jonka Herra oli osottanut Egyptiläisten päälle. Ja kansa pelkäsi Herraa, ja he uskoivat Herran ja hänen palveliansa Moseksen.