< ထွက်မြောက်ရာ 13 >

1 ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သား​ဦး ယောကျာ်း​မှန်​သ​မျှ​တို့​ကို​ငါ့​အား​ဆက်​ကပ် ကြ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် သား​ဦး​ယောကျာ်း၊ တိ​ရစ္ဆာန်​တို့​တွင်​သား​ဦး ပေါက်​ဟူ​သ​မျှ​ကို​ငါ​ပိုင်​၏'' ဟု​မိန့်​တော် မူ​၏။
و خداوند موسی را خطاب کرده، گفت:۱
2
«هر نخست زاده‌ای را که رحم رابگشاید، در میان بنی‌اسرائیل، خواه از انسان خواه از بهایم، تقدیس نما؛ او از آن من است.»۲
3 ထို​နောက်​မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး တော်​ဖြင့် သင်​တို့​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ သင်​တို့​ကို​ထုတ်​ဆောင်​ခဲ့​သော​နေ့​ရက်​ကို သ​တိ​ရ​ကြ​လော့။ ဤ​နေ့​ရက်​တွင်​တ​ဆေး ပါ​သော​မုန့်​ကို​မ​စား​ရ။-
وموسی به قوم گفت: «این‌روز را که از مصر از خانه غلامی بیرون آمدید، یاد دارید، زیرا خداوندشما را به قوت دست، از آنجا بیرون آورد، پس نان خمیر، خورده نشود.۳
4 သင်​တို့​သည်​အ​ဗိ​ဗ​လ​ခေါ်​သော​ပ​ထ​မ​လ အ​တွင်း ဤ​နေ့​ရက်​တွင်​အီ​ဂျစ်​ပြည်​မှ​ထွက် ခွာ​လာ​ရ​ကြ​၏။-
این‌روز، در ماه ابیب بیرون آمدید.۴
5 ထာ​ဝ​ရ​ဘု​ရား​သည်​ခါ​နန်​အ​မျိုး​သား၊ ဟိတ္တိ အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဟိ​ဝိ အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့​နေ​ထိုင် ရာ​ပြည်​ကို သင်​တို့​အား​ပေး​မည်​ဟု​သင်​တို့​၏ ဘိုး​ဘေး​တို့​ကို​ခိုင်​မြဲ​သော​သစ္စာ​က​တိ​ထား တော်​မူ​ခဲ့​၏။ ကိုယ်​တော်​ပို့​ဆောင်​၍​သင်​တို့​သည် အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍​မြေ​သြ​ဇာ​ထက် သန်​သော​ပြည်​သို့​ရောက်​ရှိ​သော​အ​ခါ နှစ်​စဉ် ပ​ထ​မ​လ​တွင်​ဤ​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။-
و هنگامی که خداوند تو را به زمین کنعانیان و حتیان و اموریان و حویان ویبوسیان داخل کند، که با پدران تو قسم خورد که آن را به تو بدهد، زمینی که به شیر و شهد جاری است، آنگاه این عبادت را در این ماه بجا بیاور.۵
6 ခု​နစ်​ရက်​ပတ်​လုံး​တ​ဆေး​မဲ့​မုန့်​ကို​စား​ပြီး လျှင် သတ္တ​မ​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​ပွဲ​တော် ကို​ကျင်း​ပ​ရ​မည်။-
هفت روز نان فطیر بخور، و در روز هفتمین عیدخداوند است.۶
7 ခု​နစ်​ရက်​ပတ်​လုံး​တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ။ ထို​ရက်​အ​တွင်း​သင်​တို့​နေ​ထိုင်​ရာ ပြည်​တစ်​လျှောက်​လုံး​တွင်​တ​ဆေး​ပါ​သော မုန့်​ဖြစ်​စေ၊ တ​ဆေး​ဖြစ်​စေ​မ​ရှိ​စေ​ရ။-
هفت روز نان فطیر خورده شود، و هیچ‌چیز خمیر شده نزد تو دیده نشود، و خمیرمایه نزد تو در تمامی حدودت پیدا نشود.۷
8 ထို​ပွဲ​တော်​စ​တင်​ကျင်း​ပ​သော​နေ့​တွင်​သင် ၏​သား​တို့​အား`အီ​ဂျစ်​ပြည်​မှ​ငါ​တို့​ထွက် ခွာ​လာ​စဉ်​က ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ သော​ကျေး​ဇူး​တော်​ကို​အောက်​မေ့​သည့်​အ​ထိမ်း အ​မှတ်​ပွဲ​တော်​ဖြစ်​သည်' ဟု​ရှင်း​ပြ​ရ​မည်။-
و در آن روز پسر خود را خبر داده، بگو: این است به‌سبب آنچه خداوند به من کرد، وقتی که از مصربیرون آمدم.۸
9 ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် သင်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ သော​ကြောင့် သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တော်​ကို​အ​မြဲ​ရွတ်​ဆို​လေ့​လာ​နေ​စေ ရန် ပွဲ​တော်​သည်​သင်​တို့​၏​လက်​သို့​မ​ဟုတ်​သင် တို့​၏​န​ဖူး​ပေါ်​တွင်​ချည်​ထား​သော​အ​မှတ်​လက္ခ ဏာ​သ​ဖွယ် သင်​တို့​အား​သ​တိ​ရ​စေ​လိမ့်​မည်။-
و این برای تو علامتی بر دستت خواهد بود و تذکره‌ای در میان دو چشمت، تاشریعت خداوند در دهانت باشد. زیرا خداوند تورا به‌دست قوی از مصر بیرون آورد.۹
10 ၁၀ နှစ်​စဉ်​သတ်​မှတ်​သော​အ​ချိန်​၌​ဤ​ပွဲ​တော်​ကို ကျင်း​ပ​ရ​မည်။
و این فریضه را در موسمش سال به سال نگاه دار.۱۰
11 ၁၁ ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့်​သင်​တို့​၏​ဘိုး ဘေး​တို့​အား​ပေး​မည်​ဟု ခိုင်​မြဲ​သော​က​တိ​သစ္စာ ထား​သော​ခါ​နာန်​ပြည်​သို့​သင်​တို့​ကို​ပို့​ဆောင် လိမ့်​မည်။ ထို​ပြည်​သို့​ရောက်​သော​အ​ခါ၊-
«و هنگامی که خداوند تو را به زمین کنعانیان درآورد، چنانکه برای تو و پدرانت قسم خورد، و آن را به تو بخشد.۱۱
12 ၁၂ သင်​တို့​၌​ဖွား​မြင်​သော​သား​ဦး​မှန်​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​မည်။ သင်​တို့ ၏​တိ​ရစ္ဆာန်​များ​မှ သား​ဦး​ပေါက်​အ​ထီး​မှန် သ​မျှ​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော် မူ​၏။-
آنگاه هر‌چه رحم را گشاید، آن را برای خدا جدا بساز، و هرنخست زاده‌ای از بچه های بهایم که از آن توست، نرینه‌ها از آن خداوند باشد.۱۲
13 ၁၃ သို့​ရာ​တွင်​သား​ဦး​ပေါက်​မြည်း​အ​ထီး​ကို​သိုး က​လေး​နှင့်​လဲ​၍​ရွေး​ယူ​ရ​မည်။ ထို​သို့​လဲ​၍ မ​ရွေး​ယူ​လို​လျှင် မြည်း​က​လေး​၏​လည်​ပင်း ကို​ချိုး​ရ​မည်။ သင်​တို့​၏​သား​ဦး​ယောကျာ်း​မှန် သ​မျှ​ကို​ပြန်​၍​ရွေး​ယူ​ကြ​ရ​မည်။-
و هر نخست زاده الاغ را به بره‌ای فدیه بده، و اگر فدیه ندهی گردنش را بشکن، و هر نخست زاده انسان را ازپسرانت فدیه بده.۱۳
14 ၁၄ နောင်​အ​ခါ​၌​သင်​၏​သား​က`အ​ဘယ်​ကြောင့်​ဤ သို့​ပြု​လုပ်​ရ​ပါ​သ​နည်း' ဟု​မေး​လျှင်`ထာ​ဝ​ရ ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ငါ​တို့​ကို ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​တော် မူ​၏။-
و در زمان آینده چون پسرت از تو سوال کرده، گوید که این چیست، اورا بگو، یهوه ما را به قوت دست از مصر، از خانه غلامی بیرون آورد.۱۴
15 ၁၅ အီ​ဂျစ်​ဘု​ရင်​သည်​ခေါင်း​မာ​၍​ငါ​တို့​အား သွား​ခွင့်​မ​ပေး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား သည်​အီ​ဂျစ်​ပြည်​၌​ရှိ​သော​လူ​နှင့်​တိ​ရစ္ဆာန် တို့​၏​သား​ဦး​ပေါက်​မှန်​သ​မျှ​တို့​ကို​သေ ဒဏ်​စီ​ရင်​တော်​မူ​၏။ ထို​အ​ကြောင်း​ကြောင့် ငါ​တို့​သည်​တိ​ရစ္ဆာန်​သား​ဦး​ပေါက်​မှန်​သ​မျှ ကို ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရ​၏။ သို့​သော်​လည်း​ငါ​တို့​၏​သား​ဦး​များ​ကို ပြန်​၍​ရွေး​ယူ​ကြ​သည်။-
و چون فرعون از رها کردن ما دل خود را سخت ساخت، واقع شد که خداوندجمیع نخست زادگان مصر را از نخست زاده انسان تا نخست زاده بهایم کشت. بنابراین من همه نرینه‌ها را که رحم را گشایند، برای خداوند ذبح می‌کنم، لیکن هر نخست زاده‌ای از پسران خود رافدیه می‌دهم.۱۵
16 ၁၆ ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော် ဖြင့် ငါ​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့ ခြင်း​ကြောင့် ဤ​ပွဲ​တော်​သည်​သင်​၏​လက်​သို့ မ​ဟုတ်​သင်​၏​န​ဖူး​ပေါ်​တွင်​ချည်​ထား​သော အ​မှတ်​လက္ခ​ဏာ​သ​ဖွယ် သင်​တို့​အား​သ​တိ ရ​စေ​လိမ့်​မည်' ဟု​ပြန်​ပြော​ရ​မည်'' ဟူ​၍ ပြော​ဆို​လေ​၏။
و این علامتی بر دستت وعصابه‌ای در میان چشمان تو خواهد بود، زیراخداوند ما را بقوت دست از مصر بیرون آورد.»۱۶
17 ၁၇ အီ​ဂျစ်​ဘု​ရင်​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​အား​ထွက်​ခွင့်​ပြု​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ဖိ​လိတ္တိ​မြို့​သို့​သွား​သော​ပင် လယ်​ကမ်း​ခြေ​ဖြတ်​လမ်း​ဖြင့် သူ​တို့​ကို​ပို့ ဆောင်​တော်​မ​မူ။ သူ​တို့​သည်​စစ်​ပွဲ​တိုက်​ရ​မည် ကို​သိ​မြင်​လျှင်​စိတ်​ပြောင်း​၍ အီ​ဂျစ်​ပြည် သို့​ပြန်​သွား​ကြ​မည်​ဖြစ်​ကြောင်း​ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။-
و واقع شد که چون فرعون قوم را رها کرده بود، خدا ایشان را از راه زمین فلسطینیان رهبری نکرد، هرچند آن نزدیکتر بود. زیرا خدا گفت: «مبادا که چون قوم جنگ بینند، پشیمان شوند و به مصر برگردند.»۱۷
18 ၁၈ သို့​ဖြစ်​၍​သူ​တို့​အား​တော​ကန္တာ​ရ​ခ​ရီး ဖြင့် ဧ​ဒုံ​ပင်​လယ်​ဘက်​သို့​လှည့်​ပတ်​လျက် သွား​စေ​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​တွင်​စစ်​ပွဲ​ဝင်​ရန်​လက်​နက်​အ​ပြည့်​အ​စုံ ပါ​ရှိ​ကြ​၏။
اما خدا قوم را از راه صحرای دریای قلزم دور گردانید. پس بنی‌اسرائیل مسلح شده، از زمین مصر برآمدند.۱۸
19 ၁၉ ယော​သပ်​က​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား က​တိ​သစ္စာ​ထား​စေ​ခဲ့​သည့်​အ​တိုင်း မော​ရှေ သည်​ယော​သပ်​၏​အ​ရိုး​တို့​ကို​ယူ​ဆောင်​ခဲ့ လေ​သည်။ ယော​သပ်​က``ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​ကယ်​တင်​ထုတ်​ဆောင်​သော​အ​ခါ ငါ့​အ​ရိုး​တို့​ကို​ဤ​အ​ရပ်​မှ​ယူ​ဆောင် သွား​ရ​မည်'' ဟု​ခိုင်​မြဲ​သော​က​တိ​ပြု စေ​၏။
و موسی استخوانهای یوسف را با خود برداشت، زیرا که او بنی‌اسرائیل را قسم سخت داده، گفته بود: «هرآینه خدا از شما تفقد خواهد نمود واستخوانهای مرا از اینجا با خود خواهید برد.»۱۹
20 ၂၀ သူ​တို့​သည်​သု​ကုတ်​မြို့​မှ​ခ​ရီး​ဆက်​ခဲ့​ကြ ရာ တော​ကန္တာ​ရ​အ​စပ်​ရှိ​ဧ​သံ​မြို့​တွင်​စ​ခန်း ချ​ကြ​၏။-
و از سکوت کوچ کرده، در ایتام به کنار صحرااردو زدند.۲۰
21 ၂၁ နေ့​နှင့်​ည​အ​ချိန်​တွင်​သူ​တို့​အား​လမ်း​ပြ​ရန် ထာ​ဝ​ရ​ဘု​ရား​သည်​နေ့​အ​ချိန်​၌​မိုး​တိမ် တိုင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ည​အ​ချိန်​၌ အ​လင်း​ရောင်​ပေး​ရန်​မီး​တိုင်​အ​ဖြစ်​ဖြင့် လည်း​ကောင်း သူ​တို့​၏​ရှေ့​က​ကြွ​တော်​မူ​၏။-
و خداوند در روز، پیش روی قوم در ستون ابر می‌رفت تا راه را به ایشان دلالت کند، و شبانگاه در ستون آتش، تا ایشان را روشنایی بخشد، و روز و شب راه روند.۲۱
22 ၂၂ နေ့​အ​ချိန်​၌​မိုး​တိမ်​တိုင်၊ ည​အ​ချိန်​၌​မီး တိုင်​သည်​သူ​တို့​ရှေ့​က​အ​စဉ်​မ​ပြတ်​သွား လေ​၏။
و ستون ابر را درروز و ستون آتش را در شب، از پیش روی قوم برنداشت.۲۲

< ထွက်မြောက်ရာ 13 >