< ထွက်မြောက်ရာ 13 >
1 ၁ ထာဝရဘုရားက မောရှေအား``သားဦး ယောကျာ်းမှန်သမျှတို့ကိုငါ့အားဆက်ကပ် ကြရမည်။ ဣသရေလအမျိုးသားတို့တွင် သားဦးယောကျာ်း၊ တိရစ္ဆာန်တို့တွင်သားဦး ပေါက်ဟူသမျှကိုငါပိုင်၏'' ဟုမိန့်တော် မူ၏။
Господ говори още на Моисея казвайки:
Посвети на Мене всяко първородно, всяко, което отваря утроба между израилтяните - и човек и животно; то е Мое.
3 ၃ ထိုနောက်မောရှေက ဣသရေလအမျိုးသား တို့အား``ထာဝရဘုရားသည်မဟာတန်ခိုး တော်ဖြင့် သင်တို့ကျွန်ခံရာအီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်ခဲ့သောနေ့ရက်ကို သတိရကြလော့။ ဤနေ့ရက်တွင်တဆေး ပါသောမုန့်ကိုမစားရ။-
Тогава рече Моисей на людете: Помнете тоя ден, в който излязохте из Египет, из дома на робството; защото със силна ръка Господ ви избави от там. Никой да не яде квасно.
4 ၄ သင်တို့သည်အဗိဗလခေါ်သောပထမလ အတွင်း ဤနေ့ရက်တွင်အီဂျစ်ပြည်မှထွက် ခွာလာရကြ၏။-
Вие излизате днес в месец Авив.
5 ၅ ထာဝရဘုရားသည်ခါနန်အမျိုးသား၊ ဟိတ္တိ အမျိုးသား၊ အာမောရိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင် ရာပြည်ကို သင်တို့အားပေးမည်ဟုသင်တို့၏ ဘိုးဘေးတို့ကိုခိုင်မြဲသောသစ္စာကတိထား တော်မူခဲ့၏။ ကိုယ်တော်ပို့ဆောင်၍သင်တို့သည် အစာရေစာပေါကြွယ်ဝ၍မြေသြဇာထက် သန်သောပြည်သို့ရောက်ရှိသောအခါ နှစ်စဉ် ပထမလတွင်ဤပွဲတော်ကိုကျင်းပရမည်။-
И когато Господ те въведе в земята на ханаанците, хетейците, аморейците, евейците и евусейците, за която се кле на бащите ти, че ще ти я даде, земя гдето текат мляко и мед, тогава ще пазиш тая служба в тоя месец.
6 ၆ ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားပြီး လျှင် သတ္တမနေ့၌ထာဝရဘုရားပွဲတော် ကိုကျင်းပရမည်။-
Седем дни ще ядеш безквасно; и седмият ден ще бъде празник Господу.
7 ၇ ခုနစ်ရက်ပတ်လုံးတဆေးပါသောမုန့်ကို မစားရ။ ထိုရက်အတွင်းသင်တို့နေထိုင်ရာ ပြည်တစ်လျှောက်လုံးတွင်တဆေးပါသော မုန့်ဖြစ်စေ၊ တဆေးဖြစ်စေမရှိစေရ။-
Безквасно ще се яде през седем дни; и да се не намери у тебе квас, из всичките твои предели.
8 ၈ ထိုပွဲတော်စတင်ကျင်းပသောနေ့တွင်သင် ၏သားတို့အား`အီဂျစ်ပြည်မှငါတို့ထွက် ခွာလာစဉ်က ထာဝရဘုရားပြုတော်မူ သောကျေးဇူးတော်ကိုအောက်မေ့သည့်အထိမ်း အမှတ်ပွဲတော်ဖြစ်သည်' ဟုရှင်းပြရမည်။-
И в оня ден ще обясниш на сина си, като речеш: Това правя поради онова, което Господ ми стори, когато излязох от Египет.
9 ၉ ထာဝရဘုရားသည်မဟာတန်ခိုးတော်ဖြင့် သင်တို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သောကြောင့် သင်တို့သည်ထာဝရဘုရား၏ ပညတ်တော်ကိုအမြဲရွတ်ဆိုလေ့လာနေစေ ရန် ပွဲတော်သည်သင်တို့၏လက်သို့မဟုတ်သင် တို့၏နဖူးပေါ်တွင်ချည်ထားသောအမှတ်လက္ခ ဏာသဖွယ် သင်တို့အားသတိရစေလိမ့်မည်။-
Това ще ти бъде за белег на ръката, и за спомен между очите, за да бъде Господният закон в устата ти; защото със силна ръка Господ те изведе из Египет.
10 ၁၀ နှစ်စဉ်သတ်မှတ်သောအချိန်၌ဤပွဲတော်ကို ကျင်းပရမည်။
Прочее, ще пазиш тая наредба всяка година на времето й.
11 ၁၁ ``ထာဝရဘုရားသည်သင်တို့နှင့်သင်တို့၏ဘိုး ဘေးတို့အားပေးမည်ဟု ခိုင်မြဲသောကတိသစ္စာ ထားသောခါနာန်ပြည်သို့သင်တို့ကိုပို့ဆောင် လိမ့်မည်။ ထိုပြည်သို့ရောက်သောအခါ၊-
А когато Господ те въведе в Ханаанската земя, както се закле на тебе и на бащите ти, и ти я даде,
12 ၁၂ သင်တို့၌ဖွားမြင်သောသားဦးမှန်သမျှကို ထာဝရဘုရားအားဆက်ကပ်ရမည်။ သင်တို့ ၏တိရစ္ဆာန်များမှ သားဦးပေါက်အထီးမှန် သမျှကိုလည်းထာဝရဘုရားပိုင်တော် မူ၏။-
тогава ще отделяш за Господа всичко, което отваря утроба, и всяко твое първородно от животно; мъжките да бъдат на Господа.
13 ၁၃ သို့ရာတွင်သားဦးပေါက်မြည်းအထီးကိုသိုး ကလေးနှင့်လဲ၍ရွေးယူရမည်။ ထိုသို့လဲ၍ မရွေးယူလိုလျှင် မြည်းကလေး၏လည်ပင်း ကိုချိုးရမည်။ သင်တို့၏သားဦးယောကျာ်းမှန် သမျှကိုပြန်၍ရွေးယူကြရမည်။-
А всяко първородно от осел ще откупиш с агне или яре; и ако не искаш да го откупиш, тогава ще му пресечеш врата. Ще откупиш и всеки първороден човек между синовете си.
14 ၁၄ နောင်အခါ၌သင်၏သားက`အဘယ်ကြောင့်ဤ သို့ပြုလုပ်ရပါသနည်း' ဟုမေးလျှင်`ထာဝရ ဘုရားသည်မဟာတန်ခိုးတော်ဖြင့် ငါတို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့တော် မူ၏။-
После, като те запита синът ти, казвайки: Що е това? ще му казваш: Със силна ръка ни изведе Господ из Египет, из дома на робството;
15 ၁၅ အီဂျစ်ဘုရင်သည်ခေါင်းမာ၍ငါတို့အား သွားခွင့်မပေးသောအခါ ထာဝရဘုရား သည်အီဂျစ်ပြည်၌ရှိသောလူနှင့်တိရစ္ဆာန် တို့၏သားဦးပေါက်မှန်သမျှတို့ကိုသေ ဒဏ်စီရင်တော်မူ၏။ ထိုအကြောင်းကြောင့် ငါတို့သည်တိရစ္ဆာန်သားဦးပေါက်မှန်သမျှ ကို ထာဝရဘုရားအားယဇ်ပူဇော်ရ၏။ သို့သော်လည်းငါတို့၏သားဦးများကို ပြန်၍ရွေးယူကြသည်။-
понеже, когато Фараон не скланяше да ни пусне, Господ уби всяко първородно в Египетската земя, първородно на човек и първородно на животно; а всеки първороден от синовете си откупувам.
16 ၁၆ ထာဝရဘုရားသည်မဟာတန်ခိုးတော် ဖြင့် ငါတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ ခြင်းကြောင့် ဤပွဲတော်သည်သင်၏လက်သို့ မဟုတ်သင်၏နဖူးပေါ်တွင်ချည်ထားသော အမှတ်လက္ခဏာသဖွယ် သင်တို့အားသတိ ရစေလိမ့်မည်' ဟုပြန်ပြောရမည်'' ဟူ၍ ပြောဆိုလေ၏။
Това ще бъде за белег на ръката ти и за надчелие между очите ти; понеже със силна ръка Господ ни изведе из Египет.
17 ၁၇ အီဂျစ်ဘုရင်သည်ဣသရေလအမျိုးသား တို့အားထွက်ခွင့်ပြုသောအခါ ထာဝရ ဘုရားသည်ဖိလိတ္တိမြို့သို့သွားသောပင် လယ်ကမ်းခြေဖြတ်လမ်းဖြင့် သူတို့ကိုပို့ ဆောင်တော်မမူ။ သူတို့သည်စစ်ပွဲတိုက်ရမည် ကိုသိမြင်လျှင်စိတ်ပြောင်း၍ အီဂျစ်ပြည် သို့ပြန်သွားကြမည်ဖြစ်ကြောင်းဘုရားသခင်သိတော်မူ၏။-
А когато Фараон пусна людете, Бог не ги преведе през пътя за Филистимската земя, при все че това беше близкият път; защото Бог рече: Да не би да се разкаят людете, като видят война и да се върнат в Египет.
18 ၁၈ သို့ဖြစ်၍သူတို့အားတောကန္တာရခရီး ဖြင့် ဧဒုံပင်လယ်ဘက်သို့လှည့်ပတ်လျက် သွားစေတော်မူ၏။ ဣသရေလအမျိုးသား တို့တွင်စစ်ပွဲဝင်ရန်လက်နက်အပြည့်အစုံ ပါရှိကြ၏။
Но Бог поведе людете по околен път през пустинята към Червеното море. А израилтяните излязоха от Египетската земя въоръжени.
19 ၁၉ ယောသပ်ကဣသရေလအမျိုးသားတို့အား ကတိသစ္စာထားစေခဲ့သည့်အတိုင်း မောရှေ သည်ယောသပ်၏အရိုးတို့ကိုယူဆောင်ခဲ့ လေသည်။ ယောသပ်က``ဘုရားသခင်သည် သင်တို့ကိုကယ်တင်ထုတ်ဆောင်သောအခါ ငါ့အရိုးတို့ကိုဤအရပ်မှယူဆောင် သွားရမည်'' ဟုခိုင်မြဲသောကတိပြု စေ၏။
И Моисей взе със себе си костите на Иосифа; защото той беше строго заклел израилтяните, като каза: Бог непременно ще ви посети; тогава ще занесете със себе си костите ми от тука.
20 ၂၀ သူတို့သည်သုကုတ်မြို့မှခရီးဆက်ခဲ့ကြ ရာ တောကန္တာရအစပ်ရှိဧသံမြို့တွင်စခန်း ချကြ၏။-
И като тръгнаха от Сикхот, разположиха се на стан в Етам, към краищата на пустинята.
21 ၂၁ နေ့နှင့်ညအချိန်တွင်သူတို့အားလမ်းပြရန် ထာဝရဘုရားသည်နေ့အချိန်၌မိုးတိမ် တိုင်အဖြစ်ဖြင့်လည်းကောင်း၊ ညအချိန်၌ အလင်းရောင်ပေးရန်မီးတိုင်အဖြစ်ဖြင့် လည်းကောင်း သူတို့၏ရှေ့ကကြွတော်မူ၏။-
И Господ вървеше пред тях, денем в облачен стълб, за да ги управя из пътя, а нощем в огнен стълб, за да им свети, та да пътуват денем и нощем.
22 ၂၂ နေ့အချိန်၌မိုးတိမ်တိုင်၊ ညအချိန်၌မီး တိုင်သည်သူတို့ရှေ့ကအစဉ်မပြတ်သွား လေ၏။
Той не отнемаше отпред людете облачния стълб денем, нито огнания стълб нощем.