< ထွက်မြောက်ရာ 12 >
1 ၁ ထာဝရဘုရားက အီဂျစ်ပြည်တွင်မောရှေ နှင့်အာရုန်တို့အား၊-
Тогава Господ говори на Моисея и Аарона в Египетската земя, казвайки:
2 ၂ ``ဤလသည်သင်တို့၏နှစ်ပထမလဖြစ် စေရမည်။-
Тоя месец ще ви бъде началният месец; ще ви бъде първият месец на годината.
3 ၃ ဣသရေလအမျိုးသားအပေါင်းတို့အား ဤသို့ညွှန်ကြားလော့။ ဤလဆယ်ရက်နေ့တွင် မိသားစုတစ်စုလျှင် သိုးကလေးသို့မဟုတ် ဆိတ်ကလေးတစ်ကောင်ကျစီရွေးယူရမည်။-
Говорете на цялото Израилево общество, като им кажете да си вземат, на десетия ден от тоя месец, всеки по едно агне, според бащините си домове, по едно агне за всеки дом.
4 ၄ အကယ်၍မိမိ၏မိသားစုသည်သိုးကလေး တစ်ကောင် သို့မဟုတ်ဆိတ်ကလေးတစ်ကောင် လုံးကိုစား၍မကုန်နိုင်လျှင် အိမ်နီးချင်း မိသားစုနှင့်ပေါင်းစပ်၍လူတစ်ယောက်စား နိုင်သမျှ စားမည့်သူဦးရေကိုတွက်ချက် ကာတိရစ္ဆာန်တစ်ကောင်ကိုစားသုံးရမည်။-
Но ако домашните са малцина, за агнето, тогава домакинът и най-ближният до къщата му съсед нека вземат, според числото на човеците в тях; смятайте за агнето според онова, което всеки може да изяде.
5 ၅ သင်တို့သည်သိုးသို့မဟုတ်ဆိတ်ကိုရွေးယူ နိုင်သည်၊ သို့သော်ထိုတိရစ္ဆာန်သည်အပြစ်အနာ ကင်းသောတစ်နှစ်သားအထီးဖြစ်ရမည်။-
Агнето или ярето ви нека бъде без недостатък, едногодишно мъжко; от овците или от козите да го вземете.
6 ၆ ဣသရေလအမျိုးသားတို့သည်ထိုသားကောင် များကိုထိန်းကျောင်းထားပြီးလျှင် ပထမလ တစ်ဆယ်လေးရက်နေ့ညဦးပိုင်း၌ယင်းသား ကောင်တို့ကိုသတ်ရမည်။-
И да го пазите до четиринадесетия ден от същия месец; тогава цялото общество на израилтяните, събрани в домовете си да го заколят привечер.
7 ၇ ထိုနောက်အသားကိုစားသုံးသူများနေထိုင် ရာအိမ်၏တံခါးထုပ်နှင့်တံခါးတိုင်နှစ်တိုင် တို့တွင် ထိုသားကောင်၏သွေးကိုသုတ်လိမ်း ရမည်။-
После нека вземат от кръвта и турят на двата стълба и на горния праг на вратата на къщите, гдето ще го ядат.
8 ၈ ထိုညတွင်အသားကိုမီးကင်၍တဆေးမဲ့ မုန့်၊ ခါးသောအရွက်တို့နှင့်စားရကြမည်။-
През същата нощ нека ядат месото, печено на огън; с безквасен хляб и с горчиви треви да го ядат.
9 ၉ အသားကိုအစိမ်းလိုက်ဖြစ်စေ၊ ပြုတ်၍ဖြစ် စေမစားရ။ တိရစ္ဆာန်၏ဦးခေါင်း၊ ခြေလက်၊ ဝမ်း တွင်းသားနှင့်တကွတစ်ကောင်လုံးကိုမီးကင် ရမည်။-
Да не ядат от него сурово нито варено във вода, но изпечено на огън, с главата му, краката му и дреболиите му.
10 ၁၀ နံနက်တိုင်အောင်အသားအကြွင်းအကျန် မရှိစေရ။ အကြွင်းအကျန်ရှိခဲ့လျှင်မီး ရှို့ပစ်ရမည်။-
И да не оставите нищо от него до утринта; ако остане нещо до утринта, изгорете го в огън.
11 ၁၁ သင်တို့သည်ခါးကိုစည်း၍ဖိနပ်ကိုစီး လျက်လက်ထဲတွင်တောင်ဝှေးကိုကိုင်ပြီးလျှင် ထိုအသားကိုအလျင်အမြန်စားကြရမည်။ ထိုပွဲတော်သည်ထာဝရဘုရား၏ပသခါ ပွဲတော်ဖြစ်၏။
И така да го ядете; препасани през кръста си, с обущата на нозете си и тоягите в ръцете си; и да го ядете набързо, понеже е време на Господното минаване.
12 ၁၂ ``ထိုနေ့ညတွင်ငါသည် အီဂျစ်ပြည်ကိုဖြတ် သန်းကြွသွား၍ လူနှင့်တိရစ္ဆာန်တို့၏သားဦး ရှိသမျှတို့ကိုသေဒဏ်ခတ်၍ အီဂျစ်ပြည် ရှိဘုရားအပေါင်းတို့ကိုဒဏ်စီရင်မည်။ ငါသည်ထာဝရဘုရားဖြစ်၏။-
Защото в оная нощ ще мина през Египетската земя, и ще поразя всяко първородно в Египетската земя, и човек и животно; и ще извърша съдби против всичките египетски богове; Аз съм Иеова.
13 ၁၃ သင်တို့နေထိုင်ရာအိမ်တံခါးတိုင်တို့တွင် သုတ်လိမ်းထားသောသွေးသည်အမှတ်အသား ဖြစ်လိမ့်မည်။ ငါသည်သွေးကိုမြင်ရသောအခါ သင်တို့အိမ်ကိုကျော်လွန်သွားမည်။ သို့ဖြစ်၍ ငါသည်အီဂျစ်ပြည်ကိုဒဏ်ခတ်သောအခါ သင်တို့သည်၎င်းဒဏ်မှလွတ်ကင်းကြလိမ့် မည်။-
И кръвта на къщите, гдето сте, ще ви служи за белег, така че, като видя кръвта, ще ви отмина, и когато поразя Египетската земя, няма да нападна върху вас, погубителна язва.
14 ၁၄ ငါထာဝရဘုရားပြုသည့်အမှုကိုသတိရ ရန် ဤနေ့ရက်ကိုပွဲတော်နေ့အဖြစ်ဆင်ယင် ကျင်းပရမည်။ သင်တို့သည်ထိုနေ့ကိုဘုရား ပွဲတော်နေ့အဖြစ်ထာဝစဉ်ကျင်းပရကြ မည်'' ဟုမိန့်တော်မူ၏။
Оня ден ще ви бъде за спомен, и ще го пазите като празник на Господа във всичките си поколения; вечен закон ще ви бъде, да го празнувате.
15 ၁၅ ထာဝရဘုရားက``သင်တို့သည်ခုနစ်ရက် ပတ်လုံးတဆေးပါသောမုန့်ကိုမစားရ။ တဆေးမဲ့မုန့်ကိုသာစားရမည်။ ပထမ နေ့တွင်သင်တို့၏အိမ်များမှတဆေးကို ဖယ်ရှားရမည်။ ထိုခုနစ်ရက်အတွင်း၌တစ် စုံတစ်ယောက်သောသူသည် တဆေးပါသော မုန့်ကိုစားမိလျှင်ထိုသူသည်ငါ၏လူမျိုး တော်မှအပယ်ခံရမည်။-
Седем дни да ядете безквасен хляб; още на първия ден ще дигнете кваса от къщите си; защото, който яде квасно от първия ден до седмия ден, оня човек ще се изтреби от Израиля.
16 ၁၆ ပထမနေ့နှင့်သတ္တမနေ့၌ဝတ်ပြုအစည်း အဝေးကိုကျင်းပရမည်။ ထိုနေ့ရက်များ တွင်စားစရာပြင်ဆင်ခြင်းအလုပ်မှတစ် ပါးအခြားအလုပ်မလုပ်ရ။-
На първия ден ще имате свет събор, и на седмия ден свет събор; никаква работа да не се върши в тях, освен около онова, което е нужно за ядене на всеки; само това може да вършите.
17 ၁၇ ငါသည်ထိုနေ့တွင်သင်တို့ဗိုလ်ခြေများကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သည်ဖြစ်ခြင်း ကြောင့် ဤတဆေးမဲ့မုန့်ပွဲတော်ကိုထာဝ စဉ်ကျင်းပကြလော့။-
Да пазите, прочее, празника на безквасните, защото в същия тоя ден изведох войнствата ви из Египетската земя; заради което ще ви бъде вечен закон да пазите тоя ден във всичките си поколения.
18 ၁၈ သင်တို့သည်ပထမလတစ်ဆယ့်လေးရက် နေ့ညနေမှ နှစ်ဆယ့်တစ်ရက်နေ့ညနေ တိုင်အောင်တဆေးမဲ့မုန့်ကိုစားရမည်။-
От вечерта на четиринадесетия ден от първия месец до вечерта на двадесет и първия ден от месеца ще ядете безквасни хлябове.
19 ၁၉ ခုနစ်ရက်ပတ်လုံးသင်တို့၏အိမ်များတွင် တဆေးမရှိစေရ။ ဣသရေလအမျိုးသား ဖြစ်စေ၊ အခြားအမျိုးသားဖြစ်စေ မည်သူ မဆိုတဆေးပါသောမုန့်ကိုစားမိလျှင် ထို သူသည်ငါ၏လူမျိုးတော်မှအပယ်ခံရမည်။-
Седем дена да се не намира квас в къщите ви; защото който яде квасно, оня човек ще се изтреби отсред обществото на израилтяните, бил той пришелец или туземец.
20 ၂၀ တဆေးပါသည့်မုန့်ကိုလုံးဝမစားရ၊ သင် သည်မည်သည့်အရပ်တွင်နေထိုင်သည်မဆို တဆေးမဲ့မုန့်ကိုသာစားရမည်'' ဟုမိန့်တော် မူ၏။
Нищо квасно да не ядете; във всичките си жилища безквасни хлябове да ядете.
21 ၂၁ မောရှေသည်ဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့ကိုခေါ်၍``သင်တို့၏မိသားစု အသီးသီးသည် ပသခါပွဲတော်ကိုဆင်ယင် ကျင်းပနိုင်ရန် တိရစ္ဆာန်များထဲမှရွေးယူ၍ ပသခါပွဲအတွက်သတ်ကြလော့။-
Тогава на четиринадесетия ден от месеца, Моисей повика всичките Израилеви старейшини и рече им: Идете та си вземете по едно агне според челядите си и заколете пасхата.
22 ၂၂ ထိုနောက်ဟုဿုပ်ညွန့်တစ်စည်းကိုယူ၍အင်တုံ ထဲရှိသိုး၏သွေး၌နှစ်ပြီးလျှင် တံခါးထုပ်နှင့် တံခါးတိုင်နှစ်တိုင်တို့ကိုသုတ်ရမည်။ နံနက် ချိန်သို့ရောက်သည့်တိုင်အောင်မည်သူမျှမိမိ အိမ်အပြင်သို့မထွက်ရ။-
После да вземете китка от исоп и да я потопите в кръвта, която ще приемете в леген, и с кръвта, що е в легена, да ударите по горния праг и двата стълба на къщната врата; и никой от вас да не излиза от къщната си врата до утринта.
23 ၂၃ ထာဝရဘုရားသည်အီဂျစ်အမျိုးသား တို့ကိုသေဒဏ်စီရင်ရန် အီဂျစ်ပြည်ကို ဖြတ်သန်းကြွသွားသည့်အခါတံခါးထုပ်၊ တံခါးတိုင်တို့တွင်သွေးကိုမြင်ရလျှင် သင် တို့အသက်ချမ်းသာရစေရန် သေမင်းတမန် အား သင်တို့၏အိမ်များကိုကျော်သွားစေ တော်မူမည်။ သင်တို့၏အိမ်များထဲသို့ဝင်၍ သင်တို့အားသတ်ခွင့်ပေးမည်မဟုတ်။-
Защото Господ ще мине, за да порази египтяните, и когато види кръвта на горния праг и на двата стълба на вратата, Господ ще отмини вратата, и не ще остави погубителят да влезе в къщите ви, за да ви порази.
24 ၂၄ သင်တို့နှင့်သင်တို့၏သားသမီးများသည် ဤပညတ်ချက်များကိုအစဉ်လိုက်နာ ကျင့်သုံးရကြမည်။-
И ще пазите това като вечен закон за себе си и за синовете си.
25 ၂၅ ထာဝရဘုရားကတိထားတော်မူသော ပြည်သို့ သင်တို့ဝင်ရောက်ကြသောအခါ ဤဝတ်ကိုပြုရမည်။-
Когато влезете в земята, която Господ ще ви даде според обещанието си, ще пазите тая служба.
26 ၂၆ သင်တို့၏သားသမီးများက`ဤသို့ဝတ်ပြု ခြင်းမှာမည်သို့ဆိုလိုပါသနည်း' ဟုမေး လျှင်၊-
И когато чадата ви попитат: Какво искате да кажете с тая служба?
27 ၂၇ သင်တို့က`ထာဝရဘုရားသည်အီဂျစ် ပြည်သားတို့အားသုတ်သင်ဖျက်ဆီးသော အခါ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့၏အိမ်များကိုကျော်၍ ငါတို့အား အသက်ချမ်းသာစေခဲ့သဖြင့် ထာဝရ ဘုရားအားပသခါယဇ်ကိုပူဇော်ခြင်း ဖြစ်သည်' ဟုဖြေကြားရမည်'' ဟုညွှန် ကြားလေ၏။ ထိုအခါဣသရေလအမျိုးသားတို့သည် ဦးညွှတ်၍ထာဝရဘုရားအားရှိခိုး ကြ၏။-
Ще отговорите: Това е жертва в спомен на минаването на Господа, който отмина къщите на израилтяните в Египет, когато поразяваше египтяните, а избави нашите къщи. Тогава людете се наведоха и се поклониха.
28 ၂၈ ထိုနောက်မောရှေနှင့်အာရုန်တို့ညွှန်ကြား သည့်အတိုင်း သူတို့သည်လိုက်နာဆောင်ရွက် ကြ၏။
И израилтяните отидоха та сториха, според както Господ заповяда на Моисея и Аарона; така направиха.
29 ၂၉ သန်းခေါင်အချိန်တွင်ထာဝရဘုရားသည် အီဂျစ်ဘုရင်၏နန်းလျာသားဦးမှစ၍ ထောင်တွင်းရှိ အကျဉ်းသမားသားဦးတိုင် အောင်အီဂျစ်ပြည်ရှိသားဦးမှန်သမျှကို လည်းကောင်း၊ တိရစ္ဆာန်တို့၏သားဦးဟူသမျှ ကိုလည်းကောင်းသေဒဏ်စီရင်တော်မူ၏။-
И по среднощ Господ порази всяко първородно в Египетската земя, от първородния на Фараона, който седеше на престола си, до първородния на пленника, който бе в затвора, както и всяко първородно от добитък.
30 ၃၀ ထိုညတွင်အီဂျစ်ဘုရင်နှင့်မှူးမတ်ပြည်သူ အပေါင်းတို့သည် ထ၍အော်ဟစ်ငိုကြွေးမြည် တမ်းကြလေ၏။ အဘယ်ကြောင့်ဆိုသော်အီဂျစ် တစ်နိုင်ငံလုံးတွင် သားမသေသောအိမ်တစ် အိမ်မျှမရှိသောကြောင့်ဖြစ်သတည်း။-
И Фараон стана през нощта, той и всичките му слуги, и всичките египтяни; и нададе се голям писък в Египет, защото нямаше къща без мъртвец.
31 ၃၁ ထိုညချင်းတွင်ဘုရင်သည်မောရှေနှင့်အာရုန် တို့ကိုခေါ်၍``သင်တို့နှင့်ဣသရေလအမျိုး သားတို့သည် ငါ၏ပြည်မှထွက်သွားကြ လော့။ သင်တို့တောင်းဆိုသည့်အတိုင်းသွား၍ ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ကြ လော့။-
И повика Моисея и Аарона още през нощта та рече: Станете и вие и израилтяните, излезте, изсред людете ми и идете, послужете на Иеова, както рекохте;
32 ၃၂ သင်တို့၏ သိုး၊ ဆိတ်၊ နွားတို့ကိုလည်းယူဆောင် သွားကြလော့။ ငါသည်ကောင်းချီးခံစားရစေ ရန်ဘုရားသခင်ထံဆုတောင်းပေးပါလော့'' ဟုဆိုလေ၏။-
подкарайте и овците си и стадата си, както рекохте, та идете; па благословете и мене.
33 ၃၃ အီဂျစ်အမျိုးသားတို့က``သင်တို့သည်ဤ ပြည်မှမထွက်လျှင် ငါတို့အားလုံးသေရ ပါလိမ့်မည်'' ဟုဆိုလျက်ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှ အလျင်အမြန် ထွက်သွားရန်တိုက်တွန်းကြလေသည်။-
Тоже египтяните принуждаваха людете, за да ги отпратят по-скоро от земята си, защото си рекоха: Ние всички измираме.
34 ၃၄ သို့ဖြစ်၍သူတို့သည်တဆေးမရောသေး သောမုန့်စိမ်းကိုမုန့်နယ်ခွက်များတွင်ထည့်၍ အဝတ်နှင့်ထုတ်ပြီးလျှင်ပခုံးပေါ်၌ထမ်း ယူကြ၏။-
И людете дигнаха тестото си преди да вкисне, като носеха на рамена нощвите обвити в дрехите си.
35 ၃၅ မောရှေမှာကြားထားသည့်အတိုင်းဣသ ရေလအမျိုးသားတို့သည် အီဂျစ်ပြည် သားတို့ထံမှရွှေထည်၊ ငွေထည်၊ အဝတ် အထည်များကိုတောင်းယူကြ၏။-
А израилтяните бяха постъпили както Моисей беше казал, като бяха поискали от египтяните сребърни и златни вещи и дрехи;
36 ၃၆ အီဂျစ်အမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့အားရိုသေလေးစားစေရန် ထာဝရဘုရားပြုတော်မူသဖြင့်သူတို့ တောင်းသမျှကိုပေးကြ၏။ ဤနည်းအား ဖြင့်သူတို့သည် အီဂျစ်အမျိုးသားတို့၏ ပစ္စည်းဥစ္စာများကိုယူဆောင်သွားကြ၏။
и Господ беше дал на людете да придобият благоволението на египтяните, тъй щото те бяха им дали колкото искаха. Така те обраха египтяните.
37 ၃၇ ဣသရေလအမျိုးသားတို့သည်ရာမသက် မြို့မှ သုကုတ်မြို့သို့ခြေလျင်ခရီးဖြင့်ထွက်ခွာ လာခဲ့ကြ၏။ အရေအတွက်အားဖြင့်အမျိုး သမီးနှင့်ကလေးများမပါဘဲ စုစုပေါင်း လူခြောက်သိန်းမျှရှိလေသည်။-
Прочее, израилтяните се дигнаха от Рамесий за Сокхот, на брой около шестстотин хиляди мъже пешаци, освен челядите.
38 ၃၈ သူတို့နှင့်အတူဣသရေလအမျိုးသား မဟုတ်သောသူမြောက်မြားစွာတို့နှင့် သိုး၊ ဆိတ်၊ နွားများစွာတို့လည်းလိုက်ပါသွားကြလေ သည်။-
Още с тях излезе и голямо разноплеменно множество, както и твърде много добитък - овци и говеда.
39 ၃၉ သူတို့သည်အီဂျစ်ပြည်မှယူဆောင်ခဲ့သော တဆေးမရောသည့်မုန့်စိမ်းဖြင့်မုန့်ဖုတ်ကြ ၏။ အီဂျစ်ပြည်မှသူတို့အားရုတ်တရက် နှင်ထုတ်လိုက်ကြသည်ဖြစ်ခြင်းကြောင့် မုန့် စိမ်း၌တဆေးရောရန်အချိန်မရခဲ့ ကြချေ။
А от тестото, което носеха из Египет, изпекоха безквасни пити; защото не беше вкиснало, понеже ги изпъдиха из Египет, и те не можаха да се бавят, нито да си приготвят ястие.
40 ၄၀ ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်တွင် နှစ်ပေါင်းလေးရာသုံးဆယ်နေထိုင် ခဲ့ကြ၏။-
А времето, което израилтяните прекараха като пришълци в Египет, беше четиристотин и тридесет години.
41 ၄၁ နှစ်ပေါင်းလေးရာသုံးဆယ်စေ့သောနေ့၌ ပင်ထာဝရဘုရား၏လူမျိုးတော်သည် အီဂျစ်ပြည်မှထွက်ခွာလာခဲ့ကြ၏။-
И в края на четиристотин и тридесетте години, дори в същия ден, всички войнства Господни излязоха из Египетската земя.
42 ၄၂ ထိုနေ့ညသည်ထာဝရဘုရားကသူတို့ ကိုအီဂျစ်ပြည်မှထုတ်ဆောင်ရန်စောင့်ကြပ် ကြည့်ရှုသောညဖြစ်၏။ သို့ဖြစ်၍ဣသရေလ အမျိုးအစဉ်အဆက်တို့သည် ထိုညကို ထာဝရဘုရားထုတ်ဆောင်တော်မူရာည အထိမ်းအမှတ်ပွဲတော်အဖြစ်နှစ်စဉ် ကျင်းပကြလေသည်။
Това е нощ, която е за особено опазване за Господа, загдето ги изведе из Египетската земя; това е оная нощ, която всичките израилтяни, във всичките си поколения, трябва особено да пазят за Господа.
43 ၄၃ ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အား``ပသခါပွဲတော်နှင့်ဆိုင်သောစည်းကမ်း ဥပဒေသများသည်ကားဤသို့တည်း။ မည် သည့်လူမျိုးခြားကိုမျှထိုပွဲတွင်ပါဝင် စားသောက်ခွင့်မပြုရ။-
И Господ рече на Моисея и Аарона: Ето законът за пасхата: никой чужденец да не яде от нея;
44 ၄၄ သို့သော်အရေဖျားလှီးခြင်းမင်္ဂလာကို ခံ ပြီးသောငွေဝယ်ကျွန်သည်စားနိုင်၏။-
обаче всеки роб купен с пари да яде от нея тогава, когато се обреже.
45 ၄၅ ဧည့်သည်သို့မဟုတ်အခစားအလုပ် သမားများမစားရ။-
Никой пришелец или наемник да не яде от нея.
46 ၄၆ ပသခါစားပွဲကိုပြင်ဆင်သောအိမ်ထဲ၌သာ စားရမည်။ အိမ်ပြင်သို့ယူမသွားရ။ သား ကောင်၏အရိုးများကိုလည်းမချိုးရ။-
В една къща да се изяде; от месото да не изнасяте вън от къщи и кост от нея да не строшите.
47 ၄၇ ဣသရေလအမျိုးတစ်မျိုးလုံးသည်ထိုပွဲ တော်ကိုကျင်းပရမည်။-
Цялото общество израилтяни ще я пазят.
48 ၄၈ လူမျိုးခြားတစ်ဦးဦးသည်သင်နှင့်အတူ နေထိုင်၍ ထာဝရဘုရား၏ပသခါပွဲတော် တွင်ပါဝင်လိုလျှင် သူနှင့်သူ၏အိမ်သားတို့ ကိုဦးစွာအရေဖျားလှီးမင်္ဂလာခံစေပြီး မှ ထိုသူအားဣသရေလအမျိုးသား ကဲ့သို့သတ်မှတ်ကာထိုပွဲတော်၌ပါဝင် စေနိုင်၏။ အရေဖျားလှီးခြင်းမင်္ဂလာ မခံသူမှန်သမျှသည်ထိုပွဲသို့ဝင်၍ မစားရ။-
И ако би някой чужденец да живее като пришелец между тебе и да иска да пази пасхата Господу, нека се обрежат всичките му мъжки, и тогава нека да пристъпи да я пази; той ще бъде като туземец. Но никой необрязан не бива да яде от нея.
49 ၄၉ ဣသရေလအမျိုးသားများသော်လည်း ကောင်း၊ သင်တို့နှင့်အတူနေထိုင်သောလူ မျိုးခြားတို့သည်သော်လည်းကောင်း ဤစည်း ကမ်းဥပဒေသများကိုလိုက်နာရမည်'' ဟုမိန့်တော်မူ၏။-
Един закон ще има за туземеца и за чужденеца, който е пришелец между вас.
50 ၅၀ ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အားမိန့်ကြားသမျှအတိုင်း ဣသရေလ အမျိုးသားတို့လိုက်နာဆောင်ရွက်ကြ၏။-
И всичките израилтяни сториха според както Господ заповяда на Моисея и Аарона; така направиха.
51 ၅၁ ထိုနေ့၌ပင်ထာဝရဘုရားသည် ဣသ ရေလအမျိုးသားအပေါင်းတို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်တော်မူ၏။
И тъй, в същия оня ден Господ изведе израилтяните из Египетската земя според устроените им войнства.