< ထွက်မြောက်ရာ 11 >
1 ၁ ထာဝရဘုရားက မောရှေအား``ငါသည်အီဂျစ် ဘုရင်နှင့်အီဂျစ်ပြည်သားတို့အားနောက်ဆုံး ဒဏ်ခတ်မည်။ ထိုနောက်သူသည်သင်တို့အား သွားခွင့်ပြုလိမ့်မည်။ စင်စစ်အားဖြင့်သင်တို့ အားလုံးကိုဤပြည်မှနှင်ထုတ်လိမ့်မည်။-
TUHAN berkata kepada Musa, “Masih ada satu bencana lagi yang akan Aku datangkan pada raja Mesir dan rakyatnya. Sesudah itu, raja akan membiarkan kalian pergi. Waktu dia melepas kalian pergi, dia benar-benar akan mengusir kalian dari tempat ini.
2 ၂ ဣသရေလအမျိုးသားယောကျာ်းမိန်းမ အပေါင်းတို့သည် မိမိတို့၏အိမ်နီးချင်းတို့ ထံမှ ရွှေ၊ ငွေ၊ တန်ဆာများကိုတောင်းယူ ကြရန်ပြောလော့'' ဟုမိန့်တော်မူ၏။-
Sekarang suruhlah umat Israel meminta perhiasan emas dan perak dari para tetangga mereka yang orang Mesir.”
3 ၃ အီဂျစ်ပြည်သားတို့သည်ဣသရေလအမျိုး သားတို့အား ရိုသေလေးစားစေရန်ထာဝရ ဘုရားပြုပြင်တော်မူ၏။ စင်စစ်အားဖြင့် ဘုရင်၏မှူးမတ်ပြည်သူတို့ကမောရှေ အားအလွန်ကြီးမြတ်သောပ္ဂိုလ်ဖြစ်သည် ဟုခံယူထားကြ၏။
TUHAN membuat orang-orang Mesir bermurah hati kepada umat Israel, bahkan Musa sangat dihormati oleh para pejabat dan rakyat Mesir.
4 ၄ ထိုနောက်မောရှေကဘုရင်အား``ထာဝရ ဘုရားက `သန်းခေါင်ယံအချိန်တွင် ငါသည် အီဂျစ်ပြည်သားတို့ထံသို့ကြွလာ၍၊-
Kemudian Musa menghadap raja dan berkata, “TUHAN mengatakan bahwa sekitar tengah malam nanti, Dia akan mengelilingi seluruh negeri.
5 ၅ အီဂျစ်ပြည်တွင်ဘုရင်၏နန်းလျာသားဦးမှ စ၍ ကြိတ်ဆုံကြိတ်သောကျွန်မ၏သားဦး တိုင်အောင် သားဦးဟူသမျှတို့ကိုသေစေမည်။ တိရစ္ဆာန်အပေါင်းတို့၏သားဦးပေါက်မှန် သမျှကိုလည်းသေစေမည်။-
Setiap anak laki-laki sulung di negeri Mesir akan mati, mulai dari anak sulungmu yang akan duduk di takhtamu, sampai anak sulung budak perempuan yang menggiling gandum. Selain itu, anak sulung jantan dari semua ternak juga akan mati.
6 ၆ ရှေးအခါ၌လည်းမကြုံစဖူး၊ နောင်အခါ၌ လည်းကြုံရမည်မဟုတ်သောဟစ်အော်မြည်တမ်း ခြင်းအသံကို အီဂျစ်တစ်ပြည်လုံးတွင်ကြားရ လိမ့်မည်။-
Di seluruh Mesir akan terdengar ratapan yang begitu keras, yang belum pernah terjadi sebelumnya dan tidak akan pernah terjadi lagi.
7 ၇ သို့သော်လည်းဣသရေလအမျိုးသားလူ သို့မဟုတ်တိရစ္ဆာန်အားခွေးတစ်ကောင်မျှပင် ဟောင်မည်မဟုတ်။ ဤနည်းအားဖြင့်ငါထာဝရ ဘုရားသည်အီဂျစ်အမျိုးသားနှင့် ဣသရေလ အမျိုးသားတို့ကိုခွဲခြားကြောင်းသင်တို့သိရ ကြမည်' ဟုမိန့်တော်မူ၏။-
Tetapi bangsa Israel akan tetap aman, bahkan seekor anjing pun tidak akan menggonggong kepada mereka ataupun hewan mereka, supaya engkau tahu bahwa TUHANlah yang sudah memperlakukan umat Israel berbeda dengan rakyat Mesir.
8 ၈ ထိုအခါသင်၏မှူးမတ်တို့သည်ကျွန်ုပ်ထံသို့ လာ၍ပျပ်ဝပ်လျက်`သင်နှင့်သင်၏လူစုအပေါင်း တို့ထွက်သွားကြပါ' ဟုရှိခိုးတောင်းပန်ကြ လိမ့်မည်။ ထိုနောက်မှကျွန်ုပ်ထွက်သွားပါမည်'' ဟုလျှောက်လေ၏။ ထိုနောက်မောရှေသည် ဒေါသအမျက်ထွက်လျက်ဘုရင်ထံမှ ထွက်သွားလေ၏။
Semua pejabatmu akan datang bersujud di hadapan saya untuk memohon, ‘Tolong pergilah bersama seluruh umat Israel.’ Sesudah itu kami akan pergi.” Lalu dengan sangat marah Musa meninggalkan raja.
9 ၉ ထာဝရဘုရားကမောရှေအား``ငါသည် အီဂျစ်ပြည်တွင်အံ့ဖွယ်သောအမှုများကို များပြားစွာပြနိုင်ရန် ဘုရင်သည်သင်၏ စကားကိုနားမထောင်ဘဲနေလိမ့်မည်'' ဟုမိန့်တော်မူခဲ့၏။-
Sebelumnya, TUHAN sudah berkata kepada Musa, “Raja Mesir tidak akan mempedulikan perkataan kalian berdua. Hal itu terjadi supaya Aku dapat mengadakan banyak keajaiban di Mesir.”
10 ၁၀ မောရှေနှင့်အာရုန်တို့သည်ဘုရင်ရှေ့၌အံ့ ဖွယ်သောအမှုတို့ကိုပြသော်လည်း ထာဝရ ဘုရားသည်သူ့ကိုခေါင်းမာစေသဖြင့် ဣသရေလအမျိုးသားတို့အားတိုင်းပြည် မှထွက်ခွင့်မပြုဘဲနေသတည်း။
Musa dan Harun melakukan semua keajaiban itu di hadapan raja Mesir, tetapi TUHAN mengeraskan hati raja sehingga dia tetap bersikeras untuk tidak membiarkan umat Israel pergi dari negerinya.