< ထွက်မြောက်ရာ 10 >

1 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင် သည်​ဘု​ရင်​ထံ​သို့​သွား​လော့။ ငါ​သည်​အံ့​ဖွယ် သော​အ​မှု​တို့​ကို အီ​ဂျစ်​အ​မျိုး​သား​တို့​တွင် ပြ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ​တို့​အား​ပြ​သည့် အံ့​ဖွယ်​သော​အ​မှု​များ​အ​ကြောင်း​ကို သင် တို့​၏​သား​မြေး​တို့​အား​ပြော​ပြ​နိုင်​ခြင်း ငှာ​လည်း​ကောင်း ငါ​သည်​ဘု​ရင်​နှင့်​သူ​၏ မှူး​မတ်​တို့​ကို​ခေါင်း​မာ​စေ​၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​သင်​တို့ အား​လုံး​သိ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
E IL Signore disse a Mosè: Entra da Faraone; perciocchè io ho aggravato il suo cuore, e il cuore dei suoi servitori, acciocchè io ponga questi miei segni in mezzo del suo paese;
2
e acciocchè tu racconti al tuo figliuolo, e al figliuolo del tuo figliuolo, ciò che io avrò operato in Egitto, e i segni che avrò fatti fra loro; e che voi conosciate che io [sono] il Signore.
3 မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ဘု​ရင်​ထံ​သို့​သွား ၍ ``သင်​သည်​ငါ​၏​အ​မိန့်​ကို​မည်​မျှ​ကြာ​အောင် မ​နာ​ခံ​ဘဲ​နေ​မည်​နည်း။ ငါ​၏​လူ​မျိုး​တော် သည်​ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​သူ​တို့​ကို​သွား ခွင့်​ပြု​လော့။-
Mosè adunque ed Aaronne entrarono da Faraone, e gli dissero: Così ha detto il Signore Iddio degli Ebrei: Fino a quando ricuserai d'umiliarti davanti alla mia faccia? lascia andare il mio popolo, acciocchè mi serva.
4 သင်​သည်​ငါ​၏​လူ​မျိုး​တော်​တို့​အား​သွား​ခွင့် မ​ပေး​လျှင် နက်​ဖြန်​နေ့​၌​ငါ​သည်​သင်​၏​တိုင်း ပြည်​တွင်​ကျိုင်း​ကောင်​များ​ရောက်​ရှိ​လာ​စေ မည်။-
Perciocchè, se tu ricusi di lasciarlo andare, ecco, io fo venir domane delle locuste nelle tue contrade.
5 ထို​ကျိုင်း​ကောင်​တို့​သည်​မြေ​တစ်​ပြင်​လုံး​ကို ဖုံး​လွှမ်း​မည်။ ယင်း​တို့​သည်​မိုး​သီး​ဒဏ်​ကြောင့် မ​ပျက်​စီး​ဘဲ​ကျန်​ရှိ​သ​မျှ​ကို​ကိုက်​စား ကြ​လိမ့်​မည်။ အ​ပင်​ရှိ​သ​မျှ​တို့​ကို​လည်း စား​ပစ်​ကြ​လိမ့်​မည်။-
Ed esse copriranno la faccia della terra, talchè la terra non si potrà vedere; e mangeranno il rimanente ch'è scampato, quel che vi è restato dalla gragnuola; mangeranno ancora ogni albero che vi germoglia fuori ne' campi.
6 သင်​၏​နန်း​အ​ဆောင်​များ၊ မှူး​မတ်​တို့​၏​အိမ် များ၊ ပြည်​သူ​အ​ပေါင်း​တို့​၏​အိမ်​များ​ထဲ​သို့ ကျိုင်း​ကောင်​အုပ်​များ​ဝင်​ရောက်​လိမ့်​မည်။ အီ​ဂျစ် နိုင်​ငံ​သ​မိုင်း​တစ်​လျှောက်​တွင် ဤ​မျှ​လောက် ဆိုး​ရွား​သော​ကပ်​မျိုး​ကို​လူ​တို့​တစ်​ခါ​မျှ မ​တွေ့​ကြုံ​ခဲ့​ရ​သေး' ဟု​ဟေ​ဗြဲ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏'' ဟု​ဆို​လေ​၏။ ထို​နောက်​မော​ရှေ​သည် ဘု​ရင်​ထံ​မှ​ထွက်​သွား​လေ​၏။
Ed empieranno le tue case, e le case di tutti i tuoi servitori, e le case di tutti gli Egizj; il che nè i tuoi padri nè i padri de' tuoi padri, [giammai] non videro, dal giorno che furono in su la terra, infino ad oggi. [Detto questo], egli si rivoltò indietro, e uscì d'appresso a Faraone.
7 မှူး​မတ်​တို့​က​ဘု​ရင်​အား``ဤ​သူ​တို့​သည် အ​ကျွန်ုပ်​တို့​ကို​မည်​မျှ​ကြာ​အောင်​ဒုက္ခ​ရောက် စေ​ပါ​မည်​နည်း။ ထို​သူ​တို့​သည်​သူ​တို့​၏​ဘု​ရား ဖြစ်​သော​ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​နိုင်​ရန် သွား​ခွင့်​ပေး​တော်​မူ​ပါ။ အ​ရှင်​မင်း​ကြီး၊ ယ​ခု ပင်​အီ​ဂျစ်​ပြည်​ပျက်​စီး​နေ​ပြီ​မ​ဟုတ်​ပါ လော'' ဟု​လျှောက်​ကြ​၏။
E i servitori di Faraone gli dissero: Fino a quando ci sarà costui per laccio? lascia andar questi uomini acciocchè servano al Signore Iddio loro; non sai tu ancora che l'Egitto è perito?
8 ထို့​ကြောင့်​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ အား​ပြန်​ခေါ်​လျက်``သင်​တို့​ဘု​ရား​ဖြစ်​သော ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရန်​သွား​ကြ လော့။ သို့​သော်​မည်​သူ​တို့​သွား​ကြ​မည်​နည်း'' ဟု​မေး​လေ​၏။
Allora Mosè ed Aaronne furono fatti tornare a Faraone; ed egli disse loro: Andate, servite al Signore Iddio vostro; [ma] chi e chi [son] coloro che andranno?
9 ထို​အ​ခါ​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ပွဲ​ကို​ကျင်း​ပ​ရ​မည်​ဖြစ်​သော​ကြောင့် ကျွန်ုပ်​တို့​၏​လူ​ကြီး၊ က​လေး၊ သား​သ​မီး၊ သိုး နွား​မှ​စ​၍​အား​လုံး​ကို​ခေါ်​ဆောင်​သွား​ရ ကြ​ပါ​မည်'' ဟု​လျှောက်​လေ​၏။
E Mosè disse: Noi andremo co' nostri fanciulli, e co' nostri vecchi; noi andremo co' nostri figliuoli, e con le nostre figliuole; con le nostre gregge, e co' nostri armenti; perciocchè abbiamo [a celebrare] una festa al Signore.
10 ၁၀ ဘု​ရင်​က``သင်​တို့​၏​အ​မျိုး​သ​မီး​များ​နှင့် က​လေး​များ​ကို ခေါ်​ဆောင်​သွား​ခွင့်​မ​ပြု​နိုင် ဟု​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ဆို​၏။ ပုန်​ကန်​ရန်​ကြံ​စည်​နေ​ကြောင်း​ထင်​ရှား​၏။-
Ed egli disse loro: Così sia il Signore con voi, come io vi lascerò andare con le vostre famiglie; guardate, perciocchè il male [vi] soprastà davanti agli occhi.
11 ၁၁ သင်​တို့​၏​အ​လို​ပြည့်​မည်​ဆို​လျှင်​အ​မျိုး သား​များ​သာ​သွား​၍ ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ကြ​စေ'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​အ​ထံ​တော်​မှ​သူ​တို့​ကို​နှင်​ထုတ် လေ​၏။
E' non [sarà] così; andate ora voi uomini, e servite al Signore; poichè questo [è quel che] voi cercate. E Faraone li cacciò dal suo cospetto.
12 ၁၂ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ ဂျစ်​ပြည်​သို့​ကျိုင်း​ကောင်​များ​ရောက်​ရှိ​လာ​စေ ရန်​သင်​၏​လက်​ကို​ဆန့်​လော့။ ကျိုင်း​ကောင်​များ သည်​ရောက်​လာ​၍​မိုး​သီး​ဒဏ်​ကြောင့်​မ​ပျက် စီး​ဘဲ ကျန်​ရှိ​နေ​သ​မျှ​သော​အ​ပင်​တို့​ကို စား​ပစ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
E il Signore disse a Mosè: Stendi la tua mano sopra il paese di Egitto, per [far venir] le locuste; ed esse saliranno sopra il paese di Egitto, e mangeranno tutta l'erba della terra; tutto quel che la gragnuola ha lasciato di resto.
13 ၁၃ သို့​ဖြစ်​၍​မော​ရှေ​သည်​မိ​မိ​၏​တောင်​ဝှေး ကို​ကိုင်​လျက် လက်​ကို​ဆန့်​လိုက်​ရာ​ထာ​ဝ​ရ ဘု​ရား​သည် ထို​နေ့​နှင့်​တစ်​ည​ပတ်​လုံး​အရှေ့ ဘက်​မှ​လေ​ပြင်း​တိုက်​ခတ်​စေ​တော်​မူ​၏။ နံ​နက်​ရောက်​သော်​ထို​အ​ရှေ့​လေ​ဖြင့် ကျိုင်း​ကောင်​များ​ရောက်​ရှိ​လာ​ကြ​၏။-
E Mosè stese la sua bacchetta sopra il paese di Egitto; e il Signore fece venire un vento orientale in sul paese tutto quel giorno, e tutta quella notte; e, come fu mattina, il vento orientale avea portate le locuste.
14 ၁၄ ကျိုင်း​ကောင်​တို့​သည်​အုပ်​လိုက်​ရောက်​ရှိ​လာ ၍ တစ်​ပြည်​လုံး​ပေါ်​သို့​ရောက်​လေ​၏။ ထို​မျှ လောက်​များ​ပြား​သော​ကျိုင်း​ကောင်​အုပ်​များ သည်​ရှေး​ကာ​လ​က​မ​ပေါ်​စ​ဖူး၊ နောင် အ​ခါ​၌​လည်း​ပေါ်​မည်​မ​ဟုတ်။-
E le locuste salirono sopra tutto il paese di Egitto, e si posarono per tutte le contrade di Egitto, in grandissima moltitudine; avanti quelle non ne furono, e dopo quelle non ne saranno [giammai] di tali.
15 ၁၅ ကျိုင်း​ကောင်​များ​သည်​မြေ​တစ်​ပြင်​လုံး​ကို ဖုံး​လွှမ်း​သ​ဖြင့် မြေ​ပြင်​သည်​ကျိုင်း​ကောင်​များ ဖြင့်​မည်း​နက်​လျက်​ရှိ​၏။ ယင်း​တို့​သည်​တိုင်း ပြည်​၌​မိုး​သီး​ဒဏ်​ကြောင့်​မ​ပျက်​စီး​ဘဲ ကျန် ကြွင်း​သ​မျှ​သော​အ​ပင်​နှင့်​သစ်​သီး​တို့​ကို စား​ကြ​၏။ အီ​ဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင် အ​ပင်​ကြီး​ငယ်​တို့​၌​အ​ရွက်​စိမ်း​ဟူ​၍ မ​ကျန်​တော့​ချေ။
Ed esse copersero la faccia di tutto il paese, talchè il paese [ne] fu scurato, e mangiarono tutta l'erba del paese, e tutti i frutti degli alberi, i quali la gragnuola avea lasciati di resto; e non rimase alcun verdume negli alberi, nè nell'erbe dei campi per tutto il paese di Egitto.
16 ၁၆ ထို​အ​ခါ​ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို အ​လျင်​အ​မြန်​ခေါ်​၍``ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့်​သင်​တို့ ကို​ပြစ်​မှား​မိ​ပါ​ပြီ။-
Allora Faraone fece prestamente chiamar Mosè ed Aaronne, e disse [loro: ] Io ho peccato contro al Signore Iddio vostro, e contro a voi.
17 ၁၇ ယ​ခု​တစ်​ကြိမ်​ငါ​၏​အ​ပြစ်​ကို​လွှတ်​၍ ဤ​ကပ်​ဆိုး​ကြီး​ကို​ဖယ်​ရှား​ပေး​ရန် သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ဆု တောင်း​ပတ္ထ​နာ​ပြု​ပါ​လော့'' ဟု​ဆို​လေ​၏။-
Ma ora perdonami, ti prego, il mio peccato, sol questa volta; e pregate il Signore Iddio vostro, che rimuova d'addosso a me sol questa morte.
18 ၁၈ မော​ရှေ​သည်​ဘု​ရင်​ထံ​မှ​ထွက်​ခဲ့​၍ ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။-
E [Mosè] uscì d'appresso a Faraone, e pregò il Signore.
19 ၁၉ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​လေ​ကို​အ​နောက် လေ​ပြင်း​အ​ဖြစ်​သို့​ပြောင်း​လဲ​တိုက်​ခတ်​စေ သ​ဖြင့် ကျိုင်း​ကောင်​တို့​ကို​လေ​နှင့်​ဆောင်​ယူ​ပြီး လျှင်​ပင်​လယ်​နီ​ထဲ​သို့​ကျ​စေ​၏။ အီ​ဂျစ်​ပြည် တစ်​လျှောက်​လုံး​တွင်​ကျိုင်း​ကောင်​တစ်​ကောင် မျှ​မ​ကျန်​တော့​ချေ။-
E il Signore voltò il vento in un fortissimo vento occidentale, il qual portò via le locuste, e le affondò nel mar rosso; e' non vi restò una sola locusta in tutti i confini di Egitto.
20 ၂၀ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ကို ခေါင်း​မာ​စေ​သ​ဖြင့် သူ​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​သွား​ခွင့်​မ​ပြု​ဘဲ​နေ လေ​၏။
Ma il Signore indurò il cuor di Faraone; ed egli non lasciò andare i figliuoli d'Israele.
21 ၂၁ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ ဂျစ်​ပြည်​တွင်​အ​လွန်​ထူ​ထပ်​သော​အ​မှောင်​ထု ဖုံး​လွှမ်း​စေ​ရန် သင်​၏​လက်​ကို​ကောင်း​ကင်​သို့ ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။-
E IL Signore disse a Mosè: Stendi la tua mano verso il cielo, e verranno tenebre sopra il paese di Egitto, tali che si potranno tastar [con le mani].
22 ၂၂ မော​ရှေ​သည်​မိ​မိ​လက်​ကို​ကောင်း​ကင်​သို့​ဆန့် သ​ဖြင့် အီ​ဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင်​သုံး ရက်​မျှ​မှောင်​အ​တိ​လွှမ်း​လေ​၏။-
E Mosè stese la sua mano verso il cielo, e vennero tenebre caliginose in tutto il paese di Egitto, [per lo spazio di] tre giorni.
23 ၂၃ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​မ​မြင်​နိုင်​ကြ သ​ဖြင့် သုံး​ရက်​ပတ်​လုံး​မည်​သူ​မျှ​မိ​မိ နေ​အိမ်​မှ​မ​ထွက်​ချေ။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​နေ​ထိုင်​ရာ​အ​ရပ်​၌​မူ​ကား အ​လင်း​ရောင်​ရှိ​၏။
L'uno non vedeva l'altro; e niuno si levò dal suo luogo, [per lo spazio di] tre giorni; ma tutti i figliuoli d'Israele ebbero luce nelle loro stanze.
24 ၂၄ ထို​အ​ခါ​ဘု​ရင်​သည်​မော​ရှေ​ကို​ခေါ်​၍``ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ရန်​သွား​ကြ​လော့။ သင်​တို့ ၏​အ​မျိုး​သ​မီး​များ​နှင့်​က​လေး​များ​ကို​လည်း သင်​တို့​နှင့်​အ​တူ​သွား​ကြ​စေ။ သင်​တို့​၏ သိုး၊ ဆိတ်၊ နွား​များ​ကို​သာ​ထား​ခဲ့​ကြ​လော့'' ဟု ဆို​လေ​၏။
E Faraone chiamò Mosè, e disse: Andate, servite al Signore; sol le vostre gregge e i vostri armenti saranno fatti restare; le vostre famiglie eziandio andranno con voi.
25 ၂၅ မော​ရှေ​က``ကျွန်ုပ်​တို့​၏​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရန်​ယဇ်​ကောင်​များ​ရှိ​ရ​ပါ​မည်။-
E Mosè disse: Tu ci concederai pure ancora di prender sacrificii ed olocausti, per offerire al Signore Iddio nostro.
26 ၂၆ ထို့​ကြောင့်​ကျွန်ုပ်​တို့​၏​တိရစ္ဆာန်​များ​ကို တစ်​ကောင် မ​ကျန်​ယူ​ဆောင်​သွား​ရ​ပါ​မည်။ ကျွန်ုပ်​တို့​သည် တိ​ရစ္ဆာန်​များ​ကို​ရွေး​၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​ပါ​မည်။ သို့​ရာ​တွင်​ထို​အ​ရပ်​သို့​ရောက် မှ​မည်​သည့်​အ​ကောင်​ကို​ရွေး​၍ ပူ​ဇော်​ရ​မည် ကို​သိ​နိုင်​ပါ​မည်'' ဟု​လျှောက်​လေ​၏။
Anche il nostro bestiame verrà con noi, senza che ne rimanga pure un'unghia; perciocchè di esso noi abbiamo a prendere da servire al Signore Iddio nostro; e noi non sappiamo [con] che abbiamo a servire al Signore, finchè siamo arrivati là.
27 ၂၇ ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​အား​ခေါင်း​မာ​စေ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​သွား ခွင့်​မ​ပြု​ဘဲ​နေ​ပြန်​၏။-
Ma il Signore indurò il cuor di Faraone, ed egli non volle lasciarli andare.
28 ၂၈ ဘု​ရင်​က​မော​ရှေ​အား``ငါ့​ထံ​မှ​ထွက်​သွား လော့။ သင့်​မျက်​နှာ​ကို​ငါ​နောက်​တစ်​ဖန်​မ​တွေ့ လို။ အ​ကယ်​၍​တွေ့​ခဲ့​လျှင်​သင်​သေ​ရ​မည်'' ဟု​ဆို​လေ​၏။
E Faraone disse a Mosè: Vattene d'appresso a me; guardati che tu non vegga mai più la mia faccia; perciocchè nel giorno che tu vedrai la mai faccia, tu morrai.
29 ၂၉ ထို​အ​ခါ​မော​ရှေ​က``ကိုယ်​တော်​မိန့်​တော်​မူ​သည် အ​တိုင်း ကျွန်ုပ်​သည်​ကိုယ်​တော်​ထံ​သို့​နောက်​တစ် ဖန်​မ​လာ​တော့​ပါ'' ဟု​လျှောက်​လေ​၏။
E Mosè disse: Tu hai parlato bene: io non vedrò più la tua faccia.

< ထွက်မြောက်ရာ 10 >