< ထွက်မြောက်ရာ 1 >
1 ၁ အီဂျစ်ပြည်သို့ယာကုပ်နှင့်အတူ သွားရောက်ကြသောယာကုပ်၏သားများမှာ၊-
Sau đây là tên các con trai Gia-cốp đã đem gia đình theo cha vào Ai Cập:
2 ၂ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊-
Ru-bên, Si-mê-ôn, Lê-vi, Giu-đa,
3 ၃ ဣသခါ၊ ဇာဗုလုန်၊ ဗင်္ယာမိန်၊ ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာတို့ဖြစ်ကြ၏။ သူတို့၏မိသားစုများလည်းလိုက်ပါသွားကြ၏။-
Y-sa-ca, Sa-bu-luân, Bên-gia-min,
Đan, Nép-ta-li, Gát, và A-se.
5 ၅ ဤသူတို့သည်ယာကုပ်မှတိုက်ရိုက်ဆင်းသက်၍ ဦးရေအားဖြင့်စုစုပေါင်းခုနစ်ဆယ်ရှိသတည်း။ ယောသပ်သည်အီဂျစ်ပြည်သို့ရောက်နှင့်ပြီးဖြစ်၏။-
Tổng số con cháu Gia-cốp theo ông lúc ấy là bảy mươi, còn Giô-sép đã ở Ai Cập từ trước.
6 ၆ အချိန်တန်သော်ယောသပ်နှင့်သူ၏ညီအစ်ကိုများနှင့်တကွ သူတို့၏ခေတ်ကဆွေမျိုးသားချင်းအပေါင်းတို့သည်ကွယ်လွန်ကြကုန်၏။-
Giô-sép và các anh em lần lượt qua đời.
7 ၇ သို့ရာတွင်ဣသရေလအမျိုးသားတို့သည်သားသမီးမြောက်မြားစွာမွေးဖွား၍ အလွန်တိုးပွားများပြားလာသဖြင့်၊ တစ်တိုင်းတစ်ပြည်လုံးတွင်အနှံ့အပြားနေထိုင်ကြလေသည်။
Nhưng con cháu họ sinh sôi nẩy nở rất nhanh chóng, trở thành một dân tộc lớn mạnh, tràn lan khắp vùng.
8 ၈ ထိုနောက်အီဂျစ်ပြည်တွင် ယောသပ်အကြောင်းကိုလုံးဝမကြားဘူးသောဘုရင်တစ်ပါးနန်းတက်လာလေ၏။-
Lúc đó, Ai Cập có một vua mới. Vua này không biết gì về Giô-sép cả.
9 ၉ ထိုဘုရင်ကသူ၏ပြည်သားတို့အား``ဤဣသရေလအမျိုးသားတို့သည် လူဦးရေအလွန်များပြား၍အင်အားကြီးမားလာသဖြင့် ငါတို့အားအန္တရာယ်ပြုနိုင်၏။-
Vua nói với dân chúng: “Người Ít-ra-ên có thể còn đông và mạnh hơn dân ta nữa.
10 ၁၀ သူတို့၏လူဦးရေယခုထက်မတိုးပွားလာစေရန် လိမ္မာစွာငါတို့ပြုရကြမည်။ အကယ်၍စစ်မက်ဖြစ်ပွားလာလျှင် သူတို့သည်ငါတို့၏တစ်ဘက်ရန်သူနှင့်ပူးပေါင်း၍ငါတို့ကိုတိုက်ခိုက်ပြီးလျှင် တိုင်းပြည်မှထွက်ပြေးကြလိမ့်မည်'' ဟုမိန့်ကြားလေ၏။-
Nếu ta không khôn khéo đối phó và chặn đứng việc gia tăng dân số của họ, một mai chiến tranh bùng nổ, họ sẽ theo địch chống ta rồi kéo nhau đi hết.”
11 ၁၁ သို့ဖြစ်၍အီဂျစ်အမျိုးသားတို့သည်ဣသရေလအမျိုးသားတို့အပေါ်တွင် အုပ်ချုပ်ရေးအရာရှိချုပ်များကိုခန့်ထား၍ စိတ်ဋ္ဌာတ်ကိုချိုးနှိမ်ရန်အလုပ်ကြမ်းကိုအတင်းအကြပ်ခိုင်းကြ၏။ ဤနည်းအားဖြင့်ဖာရောဘုရင်၏ရိက္ခာသိုလှောင်ရာ ပိသုံမြို့နှင့်ရာမသက်မြို့တို့ကိုဣသရေလအမျိုးသားတို့အားတည်ဆောက်စေ၏။-
Vậy, người Ai Cập đặt ra cấp cai dịch để đốc thúc việc sưu dịch, bắt người Ít-ra-ên làm việc nặng nhọc, xây thành Phi-thông và Ram-se dùng làm kho của Pha-ra-ôn, vua Ai Cập.
12 ၁၂ သို့သော်လည်းအီဂျစ်ပြည်သားတို့က ဣသရေလအမျိုးသားတို့ကိုနှိပ်စက်ညှဉ်းဆဲလေ၊ သူတို့၏လူဦးရေတိုးပွားပျံ့နှံ့လာလေဖြစ်၏။ အီဂျစ်ပြည်သားတို့သည်ဣသရေလအမျိုးသားတို့ကိုကြောက်ရွံ့လာကြ၏။-
Nhưng càng bị hành hạ, họ càng sinh sôi nảy nở.
13 ၁၃ ထို့ကြောင့် ဣသရေလအမျိုးသားတို့အား ကျွန်အဖြစ်အတင်းအကြပ်စေခိုင်း၍ညှဉ်းဆဲကြ၏။
Người Ai Cập lo hoảng, bắt họ làm việc càng thêm nhọc nhằn, làm cho đời họ đắng cay.
14 ၁၄ ဆောက်လုပ်ရေး၌လည်းကောင်း၊ လယ်ယာလုပ်ငန်း၌လည်းကောင်း မညှာမတာဘဲပင်ပန်းကြီးစွာလုပ်ဆောင်စေကြ၏။
Trong công việc nhồi đất, nung gạch và mọi việc đồng áng, họ bị đối xử cách cay nghiệt, bạo tàn.
15 ၁၅ အီဂျစ်ဘုရင်က ရှိဖရနှင့်ပုအာနာမည်ရှိသောဟေဗြဲဝမ်းဆွဲနှစ်ဦးတို့အား၊-
Pha-ra-ôn, vua Ai Cập, ra lệnh cho các cô đỡ của người Hê-bơ-rơ là Siếp-ra và Phu-a
16 ၁၆ ``ဟေဗြဲအမျိုးသမီးတို့ကိုသားဖွားပေးရသည့်အခါ ယောကျာ်းကလေးဖြစ်လျှင်သတ်ပစ်လော့။ မိန်းကလေးဖြစ်လျှင်အသက်ချမ်းသာခွင့်ပေးလော့။'' ဟုအမိန့်ပေးလေ၏။-
phải giết tất cả các con trai sơ sinh của người Hê-bơ-rơ, còn con gái thì tha cho sống.
17 ၁၇ သို့ရာတွင်ဝမ်းဆွဲအမျိုးသမီးတို့သည် ထာဝရဘုရားကိုကြောက်ရွံ့သူများဖြစ်သောကြောင့် ဘုရင်၏အမိန့်ကိုမနာခံဘဲယောကျာ်းကလေးများကိုအသက်ချမ်းသာစေကြ၏။-
Nhưng các cô đỡ kính sợ Đức Chúa Trời, bất tuân lệnh vua, không sát hại các con trai sơ sinh nhưng vẫn cứ để cho chúng sống.
18 ၁၈ ထို့ကြောင့်ဘုရင်သည်ဝမ်းဆွဲတို့အားဆင့်ခေါ်လျက်``သင်တို့သည်ငါ၏အမိန့်ကိုမနာခံဘဲ အဘယ်ကြောင့်ယောကျာ်းကလေးများကိုအသက်ချမ်းသာစေရသနည်း'' ဟုမေးလေ၏။-
Vua Ai Cập đòi các cô đỡ đến để tra hỏi lý do.
19 ၁၉ ထိုအခါဝမ်းဆွဲတို့က``ဟေဗြဲအမျိုးသမီးတို့သည် အီဂျစ်အမျိုးသမီးတို့နှင့်မတူပါ။ သူတို့သည်သားဖွားလွယ်ကြသဖြင့်ဝမ်းဆွဲမရောက်မီ ကလေးကိုဖွားနှင့်ပြီးဖြစ်ပါသည်'' ဟုလျှောက်ထားကြ၏။-
Các cô tâu: “Đàn bà Hê-bơ-rơ sinh nở rất dễ, không như đàn bà Ai Cập; khi chúng tôi đến nơi, họ đã sinh rồi.”
20 ၂၀ ဝမ်းဆွဲတို့သည်ထာဝရဘုရားကိုကြောက်ရွံ့သူများဖြစ်သောကြောင့် ထာဝရဘုရားကသူတို့ကိုကျေးဇူးပြု၍ သူတို့၌အိမ်ထောင်မိသားစုများရှိစေတော်မူ၏။ ဣသရေလအမျိုးသားတို့၏ဦးရေသည်လည်းတိုးပွားများပြားလာ၏။-
Đức Chúa Trời ban phước cho các cô đỡ. Còn người Ít-ra-ên thì cứ gia tăng, ngày càng đông đúc.
Và vì các cô đỡ kính sợ Đức Chúa Trời, Ngài cho họ có gia đình phước hạnh.
22 ၂၂ သို့ဖြစ်၍ဖာရောဘုရင်သည်``ဟေဗြဲအမျိုးသမီးတို့မှဖွားမြင်သော သားယောကျာ်းမှန်သမျှတို့ကိုနိုင်းမြစ်ထဲသို့ပစ်ချရမည်။ သမီးမိန်းကလေးများကိုမူအသက်ချမ်းသာပေးရမည်'' ဟုမိမိ၏ပြည်သူပြည်သားတို့အားအမိန့်ပေးလေ၏။
Sau đó, Pha-ra-ôn truyền lệnh cho toàn dân Ai Cập: “Ném tất cả các con trai sơ sinh của người Hê-bơ-rơ xuống sông Nin, nhưng tha cho con gái được sống.”