< ဧ​သ​တာ 1 >

1 ဇေ​ရဇ်​မင်း​သည်​ပေ​ရ​သိ​ပြည်​ရှု​ရှန်​မြို့​တော် ရာ​ဇ​ပလ္လင်​ထက်​နန်း​စံ​၍​အိန္ဒိ​ယ​ပြည်​မှ​သည် ဆူ​ဒန်​ပြည်​တိုင်​အောင် တစ်​ရာ​နှစ်​ဆယ့်​ခု​နစ် ပြည်​နယ်​တို့​ကို​အုပ်​စိုး​တော်​မူ​၏။
အိန္ဒိယပြည်မှစ၍ ကုရှပြည်တိုင်အောင် တိုင်းပြည်တရာနှစ်ဆယ်ခုနစ်ပြည်တို့ကို အစိုးရသော ရှင်ဘုရင် အာရွှေရုသည်၊
2
ရှုရှန်နန်းတော် ရာဇပလ္လင်ပေါ်မှာ ထိုင်၍ နန်းစံသုံးနှစ်တွင်၊
3 သူ​သည်​နန်း​စံ​တ​တိ​ယ​နှစ်​၌​မိ​မိ​၏​မှူး​မတ် များ​နှင့် မင်း​အ​ရာ​ရှိ​အ​ပေါင်း​တို့​အား စား သောက်​ပွဲ​ကြီး​ကို​တည်​ခင်း​ကျွေး​မွေး​တော် မူ​၏။ ထို​ပွဲ​သို့​ပေ​ရ​သိ​နှင့်​မေ​ဒိ​တပ်​မ တော်​များ၊ ပြည်​နယ်​ဘု​ရင်​ခံ​များ​နှင့်​မှူး မတ်​များ​လည်း​တက်​ရောက်​ကြ​လေ​သည်။-
ပေရသိဗိုလ်၊ မေဒိဗိုလ်များ၊ အပြည်ပြည်သော မှူးမတ်ဝန်မင်းများတို့ကို ခေါ်၍၊ မှူးတော် မတ်တော် ကျွန်တော်အပေါင်းတို့အဘို့ ပွဲလုပ်တော်မူ၏။
4 သူ​သည်​မိ​မိ​နန်း​တော်​၏​စည်း​စိမ်​နှင့်​ဘုန်း အ​သ​ရေ​ကို ခြောက်​လ​တိုင်​တိုင်​ခင်း​ကျင်း ပြ​သ​ထား​တော်​မူ​၏။
ထိုအခါနိုင်ငံတော်စည်းစိမ်၊ ဘုန်းအာနုဘော် တော်ကို အရက်တရာရှစ်ဆယ်ပတ်လုံး ပြတော်မူ၏။
5 ထို​နောက်​မင်း​ကြီး​သည်​ဆင်း​ရဲ​ချမ်း​သာ​မ​ရွေး၊ ရှု​ရှန်​မြို့​တော်​သူ​မြို့​တော်​သား​အ​ပေါင်း​တို့ အား စား​သောက်​ပွဲ​ကြီး​ကို​တည်​ခင်း​ကျွေး​မွေး တော်​မူ​၏။ ထို​စား​သောက်​ပွဲ​ကြီး​ကို​ဘု​ရင့် နန်း​တော်​ဥ​ယျာဉ်​အ​တွင်း​၌ ခု​နစ်​ရက်​ပတ် လုံး​ကျင်း​ပ​တော်​မူ​၏။-
ထိုကာလလွန်ပြီးမှ၊ ရှင်ဘုရင်သည် ရှုရှန် နန်းတော်၌ စည်းဝေးသောသူ အကြီးအငယ်အပေါင်းတို့ အဘို့ နန်းတော်အနားဥယျာဉ်တော်ဝင်းထဲမှာ ခုနစ်ရက် ပတ်လုံးပွဲခံတော်မူ၏။
6 ဥ​ယျာဉ်​တော်​ဝင်း​တွင်​ငွေ​ကွင်း​တပ်​ထား သည့်​ကျောက်​ဖြူ​တိုင်​များ​၌ ပိတ်​ချော​အ​ဖြူ အ​ပြာ​ကန့်​လန့်​ကာ​များ​ကို​မ​ရမ်း​စေ့​ရောင် ပိတ်​ကြိုး​များ​ဖြင့်​ချည်​၍​တန်​ဆာ​ဆင်​ထား ၏။ ကျောက်​ဖြူ၊ ကျောက်​သ​လင်း၊ က​နု​က​မာ၊ စိမ်း​ပြာ​ကျောက်​များ​နှင့်​အ​ကွက်​ဖော်​၍​ခင်း ထား​သည့်​ဥ​ယျာဉ်​တော်​ဝင်း​အ​တွင်း​၌ ရွှေ နှင့်​ငွေ​တို့​ဖြင့်​ပြီး​သော​ညောင်​စောင်း​များ ကို​လည်း​ထား​ရှိ​လေ​သည်။-
ငွေကွင်းတပ်သော ကျောက်ဖြူတိုင်တို့၌ မောင်း သော ပိတ်ချောကြိုးဖြင့် ဆွဲကာသော ပိတ်ချောကုလား အဖြူ အစိမ်းအပြာတို့နှင့်၎င်း၊ ခင်းသောကျောက်ပြား အနီအပြာအဖြူအနက်တို့အပေါ်မှာ ထားသော ရွှေငွေ အနေအထိုင်တို့နှင့်၎င်း ဥယျာဉ်တော်သည် ပြည့်စုံ၏။
7 မင်း​ကြီး​သည်​စ​ပျစ်​ရည်​ကို​ရွှေ​ဖ​လား​များ နှင့်​ထည့်​၍​တိုက်​စေ​တော်​မူ​၏။ ထို​ဖ​လား​တို့ သည်​တစ်​ခု​နှင့်​တစ်​ခု​ဆင်​သည်​ဟူ​၍​မ​ရှိ ပေ။ စ​ပျစ်​ရည်​ကို​ရက်​ရော​စွာ​တိုက်​စေ​တော် မူ​၏။-
ရှင်ဘုရင်စည်းစိမ်နှင့် လျော်စွာ ထူးခြားသော ရွှေဖလားတို့နှင့် များစွာသော စပျစ်ရည်ကို သောက်ကြ ၏။
8 အ​ကန့်​အ​သတ်​မ​ရှိ​ဘဲ လူ​တိုင်း​အ​လို​ရှိ သ​လောက်​သောက်​သုံး​နိုင်​စေ​ရန် နန်း​တော် အ​စေ​ခံ​တို့​အား​မိန့်​မှာ​ထား​တော်​မူ​၏။
စပျစ်ရည် သောက်ခြင်းအမှုသည် တရား အတိုင်း ဖြစ်၏။ အဘယ်သူကိုမျှ အနိုင်မသောက်စေ၊ လူအပေါင်းတို့သည် ကိုယ်အလို အလျောက်ပြုကြမည် အကြောင်း၊ နန်းတော်အရာရှိအပေါင်းတို့ကို ရှင်ဘုရင် မိန့်တော်မူ၏။
9 ထို​အ​တော​အ​တွင်း​၌​ဝါ​ရှ​တိ​မိ​ဖု​ရား​သည် လည်း​နန်း​တွင်း​၌ အ​မျိုး​သ​မီး​များ​အား​စား သောက်​ပွဲ​ကြီး​ကို​တည်​ခင်း​ကျွေး​မွေး​လျက် နေ​ပေ​သည်။
မိဖုရားဝါရှတိသည်လည်း၊ ရှင်ဘုရင် အာရွှေရု နန်းတော်သား မိန်းမတို့အဘို့ ပွဲလုပ်လေ၏။
10 ၁၀ ပွဲ​တော်​သတ္တ​မ​နေ့​ရက်​ရောက်​သော​အ​ခါ မင်း ကြီး​သည်​စ​ပျစ်​ရည်​သောက်​၍​ရွှင်​လန်း​သော အ​ခါ အ​ပါး​တော်​မြဲ​မိန်း​မ​စိုး​ခု​နစ်​ယောက် ဖြစ်​ကြ​သော​မ​ဟု​မန်၊ ဗိ​ဇ​သ၊ ဟာ​ဗော​န၊ ဗိ​ဂ​သ၊ အ​ဗာ​ဂ​သ၊ ဇေ​သာ၊ ကာ​ကတ်​တို့ ကို​ခေါ်​ယူ​ကာ၊-
၁၀မိဖုရားဝါရှတိသည် အဆင်းလှသောကြောင့်၊
11 ၁၁ မိ​ဖု​ရား​ဝါ​ရှ​တိ​အား​ရာ​ဇ​သ​ရ​ဖူ​ဆောင်း စေ​၍ ရှေ့​တော်​သို့​သွင်း​ရန်​အ​မိန့်​ပေး​တော် မူ​၏။ မိ​ဖု​ရား​သည်​အ​ဆင်း​လှ​သော​အ​မျိုး သ​မီး​ဖြစ်​သ​ဖြင့် မင်း​ကြီး​သည်​သူ​၏​အ​ဆင်း ကို​မှူး​မတ်​များ​နှင့်​ဧည့်​သည်​တော်​အ​ပေါင်း တို့​အား​ပြ​စား​လို​ပေ​သည်။-
၁၁ခုနစ်ရက်မြောက်သော နေ့၌ ရှင်ဘုရင်သည် စပျစ်ရည် သောက်၍ ရွှင်လန်းသော စိတ်ရှိသောအခါ၊ ဖိဖုရား အဆင်းလှခြင်း အသရေကို မင်းများနှင့် လူများတို့အား ပြလိုသောငှါ၊ မိဖုရားဝါရှတိကို ရာဇသရဖူဆောင်းစေ၍၊ အထံတော်သို့ ဆောင်ခဲ့ရမည်အကြောင်း၊ မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာ၊ ကာကတ် တည်းဟူသော အမှုတော်ထမ်း မိန်းမစိုးခုနစ်ယောက် တို့ကို မိန့်တော်မူ၏။
12 ၁၂ သို့​ရာ​တွင်​ဝါ​ရှ​တိ​သည်​ဘု​ရင့်​အ​မိန့်​တော် ကို​ဖီ​ဆန်​၍ ရှေ့​တော်​သို့​မ​ဝင်​ဘဲ​နေ​သ​ဖြင့် မင်း​ကြီး​သည်​အ​မျက်​ဒေါ​သ​ခြောင်း​ခြောင်း ထွက်​တော်​မူ​လေ​သည်။
၁၂သို့ရာတွင် မိန်းမစိုးဆင့်ဆိုသော အမိန့်တော်ကို၊ မိဖုရားသည် ငြင်းဆန်၍ မလာဘဲနေ၏။ ထိုကြောင့် ရှင်ဘုရင်သည် အမျက်ထွက်၍၊ ဒေါသမီးလောင်လျက် နေတော်မူ၏။
13 ၁၃ ဘု​ရင်​တို့​မည်​သည် ငြိမ်​ဝပ်​ပိ​ပြား​ရေး​ဆိုင် ရာ​ပြ​ဿ​နာ​များ​နှင့်​ပတ်​သက်​၍ တ​ရား ဥ​ပ​ဒေ​သ​ကျွမ်း​ကျင်​သူ​တို့​၏​အ​ကြံ ဉာဏ်​ကို​တောင်း​ခံ​ကြ​စ​မြဲ​ဖြစ်​သည်​နှင့် အ​ညီ မင်း​ကြီး​သည်​ဤ​အ​မှု​ကိစ္စ​တွင် အ​ဘယ်​သို့​ဆောင်​ရွက်​သင့်​သည်​ကို​မေး မြန်း​ရန်​အ​ကြံ​ပေး​အ​ရာ​ရှိ​များ​ကို ခေါ်​ယူ​တော်​မူ​၏။-
၁၃ထိုအခါကာရှေန၊ ရှေသာ၊ အာဒမာသ၊ တာရှိရှ၊
14 ၁၄ မင်း​ကြီး​အ​များ​ဆုံး​တိုင်​ပင်​လေ့​ရှိ​သော သူ​များ​မှာ ပေ​ရ​သိ​နှင့်​မေ​ဒိ​အ​မတ်​များ ဖြစ်​ကြ​သော​ကာ​ရှေ​န၊ ရှေ​သာ၊ အာ​ဒ မာ​သ၊ တာ​ရှိ​ရှ၊ မေ​ရက်၊ မာ​သေ​န၊ မ​မု​ကန် တို့​ဖြစ်​ပေ​သည်။ သူ​တို့​သည်​ကား​နိုင်​ငံ​တော် တွင်​အ​မြင့်​ဆုံး​ရာ​ထူး​များ​ဖြင့်​ချီး​မြှင့် ခြင်း​ခံ​ရ​သူ​များ​ဖြစ်​သ​တည်း။-
၁၄မေရက်၊ မာသေန၊ မမုကန်တည်းဟူသော ရှင်ဘုရင်၏ မျက်နှာတော်ကို အစဉ်ဖူးမြင်၍၊ နိုင်ငံတော် တွင် အမြတ်ဆုံးသော ပေရသိ၊ မေဒိအတွင်းဝန်မင်း ခုနစ်ပါးတို့သည် အနားတော်၌ထိုင်လျက်ရှိ၍၊ တရားစီရင် ရာလမ်းကို လေ့ကျက်သောသူအပေါင်းတို့နှင့် ရှင်ဘုရင် တိုင်ပင်သော ထုံးစံရှိသည်အတိုင်း၊ အကျိုးအကြောင်းကို နားလည်သောထိုပညာရှိတို့ကိုခေါ်၍၊
15 ၁၅ မင်း​ကြီး​က​သူ​တို့​အား``ငါ​ဇေ​ရဇ်​မင်း သည်​ငါ​၏​အ​စေ​ခံ​တို့​ကို​ဝါ​ရှ​တိ​မိ ဖု​ရား​ထံ​သို့​စေ​လွှတ်​၍ ငါ​၏​အ​မိန့်​ကို ဆင့်​ဆို​စေ​ရာ​သူ​သည်​ငါ​၏​အ​မိန့်​တော် ကို​မ​နာ​ခံ​ပါ။ သို့​ဖြစ်​၍​ငါ​သည်​သူ့​အား တရား​ဥ​ပ​ဒေ​အ​ရ​အ​ဘယ်​သို့​ပြု​သင့် ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
၁၅မိန်းမစိုးဆင့်ဆိုသော ငါရှင်ဘုရင် အာရွှေရု အမိန့်တော်ကို၊ မိဖုရားဝါရှတိသည် နားမထောင်သော ကြောင့်၊ ဓမ္မသတ်အတိုင်းသူ၌ အဘယ်သို့ စီရင်ရမည် နည်းဟု မေးတော်မူလျှင်၊
16 ၁၆ ထို​အ​ခါ​မ​မု​ကန်​သည်​မင်း​ကြီး​နှင့်​မှူး မတ်​တို့​အား``ဝါ​ရှ​တိ​မိ​ဖု​ရား​သည်​ဘု​ရင် မင်း​မြတ်​ကို​သာ​လျှင်​စော်​ကား​သည်​မ​ဟုတ် ပါ။ ဘု​ရင့်​မှူး​ကြီး​မတ်​ရာ​တို့​ကို​လည်း​စော် ကား​ပေ​သည်။ အ​ကယ်​စင်​စစ်​သူ​သည်​အင် ပါ​ယာ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​ရှိ​အ​မျိုး​သား အ​ပေါင်း​တို့​ကို​စော်​ကား​ပါ​၏။-
၁၆မမုကန်က၊ မိဖုရားဝါရှတိသည် အရှင်မင်းကြီး ကိုသာပစ်မှားသည် မဟုတ်ပါ။ အရှင်မင်းကြီး အာရွှေရု အစိုးရတော်မူသော တိုင်းပြည်အရပ်ရပ်၌ ရှိသော မင်းများနှင့် ဆင်းရဲသားများ အပေါင်းတို့ကို ပြစ်မှားပါပြီ။
17 ၁၇ အင်​ပါ​ယာ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​ရှိ​အ​မျိုး သ​မီး​အ​ပေါင်း​သည် မိ​ဖု​ရား​ပြု​သည့်​အ​မှု ကို​ကြား​သိ​လျှင် မိ​မိ​တို့​ခင်​ပွန်း​များ​အား အ​ထင်​သေး​ကြ​ပါ​လိမ့်​မည်။ သူ​တို့​က``ဇေ​ရဇ် မင်း​သည်​ဝါ​ရှ​တိ​မိ​ဖု​ရား​အား​အ​မိန့်​ပေး ၍​ခေါ်​ယူ​ပါ​သော်​လည်း မိ​ဖု​ရား​က​အ​မိန့် တော်​ကို​မ​နာ​ခံ​ပါ​ဟု​ပြော​ဆို​ကြ​ပါ လိမ့်​မည်။-
၁၇ရှင်ဘုရင် အာရွှေရုသည် မိဖုရားဝါရှတိကို ခေါ်၍၊ မိဖုရားမလာဟု အနှံ့အပြားပြောကြသဖြင့်၊ မိဖုရားပြုသော ဤအမှုကိုခပ်သိမ်းသော မိန်းမတို့သည် ကြား၍ မိမိတို့ခင်ပွန်းကို မထီမဲ့မြင်ပြုကြပါလိမ့်မည်။
18 ၁၈ မိ​ဖု​ရား​၏​အ​ပြု​အ​မူ​ကို​ကြား​သိ​ရ သည့်​ပေ​ရ​သိ​နှင့် မေ​ဒိ​မှူး​မတ်​က​တော်​တို့ သည်​နေ​မ​ဝင်​မီ​မှူး​မတ်​တို့​အား ထို​အ​ကြောင်း ကို​ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ အ​မျိုး​သ​မီး များ​သည်​မိ​မိ​တို့​ခင်​ပွန်း​တို့​အား​မ​ထီ မဲ့​မြင်​ပြု​၍ အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ၏​ဇ​နီး​တို့​အား​ဒေါ​သ​အ​မျက်​ထွက်​ကြ လိမ့်​မည်။-
၁၈မိဖုရားပြုသော ဤအမှုကို ပေရသိ၊ မေဒိ မင်းကတော်တို့သည် ကြားသိကြလျှင်၊ မှူးတော်မတ်တော် အပေါင်းတို့အား ထိုနည်းတူ ပြန်ပြောသဖြင့်၊ အားမနာ တတ်သောစိတ်၊ ဒေါသစိတ် တိုးပွားစရာအကြောင်းရှိပါ လိမ့်မည်။
19 ၁၉ အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော်​မူ​ပါ​လျှင် ဝါ​ရှ​တိ​မိ​ဖု​ရား​အား​နောင်​အ​ဘယ်​အ​ခါ ၌​မျှ ရှေ့​တော်​သို့​ဝင်​ခွင့်​မ​ပြု​ကြောင်း​ရာ​ဇ အ​မိန့်​ကြေ​ငြာ​ချက်​ကို​ထုတ်​ပြန်​တော်​မူ ပါ။ ထို​အ​မိန့်​တော်​ကို​နောင်​အ​ဘယ်​အ​ခါ ၌​မျှ​မ​ပြောင်း​မ​လဲ​နိုင်​စိမ့်​သော​ငှာ ပေ​ရ​သိ၊ မေ​ဒိ​ဋ္ဌမ္မ​သတ်​များ​တွင်​ထည့်​သွင်း​ရေး​မှတ် ၍​ထား​တော်​မူ​ပါ။ ထို​နောက်​မိ​ဖု​ရား​၏ ရာ​ထူး​ကို သူ့​ထက်​သာ​သည့်​အ​မျိုး​သ​မီး တစ်​ဦး​အား​ချီး​မြှင့်​တော်​မူ​ပါ။-
၁၉ဝါရှတိသည် အရှင်မင်းကြီး အာရွှေရုထံတော်သို့ နောက်တဖန် မဝင်စေခြင်းငှါ အလိုတော်ရှိလျှင် မဝင်စေ နှင့်ဟု မိန့်တော်မူပါ။ မပြောင်းလဲနိုင်သော အမိန့်တော် ရှိစေခြင်းငှါ ပေရသိ၊ မေဒိဓမ္မသတ်၌သွင်း၍ ရေးစေ တော်မူပါ။ ဝါရှတိထက် ကောင်းသော မိန်းမကိုလည်း မိဖုရားအရာ၌ ချီးမြှောက်တော်မူပါ။
20 ၂၀ အ​ရှင်​၏​အ​မိန့်​တော်​ကို ဤ​ကျယ်​ဝန်း​သည့် အင်​ပါ​ယာ​နိုင်​ငံ​တော်​တစ်​လျှောက်​လုံး​တွင် ကြေ​ညာ​လိုက်​သော​အ​ခါ အ​မျိုး​သ​မီး အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​ခင်​ပွန်း​များ အား​ဆင်း​ရဲ​သည်​ဖြစ်​စေ၊ ချမ်း​သာ​သည် ဖြစ်​စေ​ရို​သေ​ကြ​ပါ​လိမ့်​မည်'' ဟု​လျှောက် ၏။
၂၀သို့ပြုလျှင် ရှင်ဘုရင် ပေးတော်မူသော အမိန့် တော်ကို ကျယ်ဝန်းသော နိုင်ငံတော်တရှောက်လုံး ကြော်ငြာသောအခါ၊ မိန်းမအပေါင်းတို့သည် ကိုယ်ခင်ပွန်း အယုတ်အမြတ်တို့ကို ရိုသေကြပါလိမ့်မည်ဟု ရှင်ဘုရင် နှင့် မှူးမတ်တို့ရှေ့မှာ လျှောက်ထား၏။
21 ၂၁ မင်း​ကြီး​နှင့်​မှူး​မတ်​တို့​သည် ဤ​စ​ကား​ကို နှစ်​သက်​သ​ဘော​ကျ​ကြ​၏။ သို့​ဖြစ်​၍​မင်း ကြီး​သည်​မ​မု​ကန်​အ​ကြံ​ပေး​သည့် အ​တိုင်း​ပြု​တော်​မူ​၏။-
၂၁ထိုစကားကို ရှင်ဘုရင်နှင့် မှူးမတ်တို့သည် နှစ်သက်၍ မမုကန်လျှောက်သည်အတိုင်း ရှင်ဘုရင် ပြုလျက်၊
22 ၂၂ သူ​သည်​မိ​မိ​၏​နယ်​ပယ်​ရှိ​သ​မျှ​တို့​သို့​သံ တ​မန်​များ​ကို​စေ​လွှတ်​၍ ဒေ​သ​ဆိုင်​ရာ​ဘာ သာ​စ​ကား​ဖြင့်``ခင်​ပွန်း​ဖြစ်​သူ​သည် မိ​မိ​အိမ် ထောင်​တွင်​ဦး​စီး​ခေါင်း​ဆောင်​ဖြစ်​စေ​ရ​မည်။ သူ​၏​စ​ကား​ကို​မ​လွန်​ဆန်​ရ'' ဟူ​၍​အ​မိန့် ထုတ်​ပြန်​တော်​မူ​၏။
၂၂လူတိုင်း မိမိအိမ်ကို အုပ်စိုးရမည်အကြောင်း၊ မိမိလူမျိုးစကားကို ပြောရမည်အကြောင်း၊ အတိုင်းတိုင်း အပြည်ပြည် ဘာသာစကား အသီးအသီးကို အနက်ပြန် ၍ နိုင်ငံတော်အရပ်ရပ်သို့ အမိန့်တော်စာကို ပေးလိုက် တော်မူ၏။

< ဧ​သ​တာ 1 >