< ဧသတာ 1 >
1 ၁ ဇေရဇ်မင်းသည်ပေရသိပြည်ရှုရှန်မြို့တော် ရာဇပလ္လင်ထက်နန်းစံ၍အိန္ဒိယပြည်မှသည် ဆူဒန်ပြည်တိုင်အောင် တစ်ရာနှစ်ဆယ့်ခုနစ် ပြည်နယ်တို့ကိုအုပ်စိုးတော်မူ၏။
在薛西斯為王時,發生了這樣的事:──這薛西斯當時管轄的版圖,自印度至雇士,共計一百二十七省──
3 ၃ သူသည်နန်းစံတတိယနှစ်၌မိမိ၏မှူးမတ် များနှင့် မင်းအရာရှိအပေါင်းတို့အား စား သောက်ပွဲကြီးကိုတည်ခင်းကျွေးမွေးတော် မူ၏။ ထိုပွဲသို့ပေရသိနှင့်မေဒိတပ်မ တော်များ၊ ပြည်နယ်ဘုရင်ခံများနှင့်မှူး မတ်များလည်းတက်ရောက်ကြလေသည်။-
第三年設宴款待所有的公卿朝臣,波斯與瑪待的將官,各省的賢達與總督,
4 ၄ သူသည်မိမိနန်းတော်၏စည်းစိမ်နှင့်ဘုန်း အသရေကို ခြောက်လတိုင်တိုင်ခင်းကျင်း ပြသထားတော်မူ၏။
一連一百八十天,天天誇耀他帝國的豪華富裕,和他赫赫堂皇的榮耀。
5 ၅ ထိုနောက်မင်းကြီးသည်ဆင်းရဲချမ်းသာမရွေး၊ ရှုရှန်မြို့တော်သူမြို့တော်သားအပေါင်းတို့ အား စားသောက်ပွဲကြီးကိုတည်ခင်းကျွေးမွေး တော်မူ၏။ ထိုစားသောက်ပွဲကြီးကိုဘုရင့် နန်းတော်ဥယျာဉ်အတွင်း၌ ခုနစ်ရက်ပတ် လုံးကျင်းပတော်မူ၏။-
這些日子過了以後,王又在官內的御苑裏,一連七天,歡宴穌撒禁城的全體人民,不分尊卑,都來參加。
6 ၆ ဥယျာဉ်တော်ဝင်းတွင်ငွေကွင်းတပ်ထား သည့်ကျောက်ဖြူတိုင်များ၌ ပိတ်ချောအဖြူ အပြာကန့်လန့်ကာများကိုမရမ်းစေ့ရောင် ပိတ်ကြိုးများဖြင့်ချည်၍တန်ဆာဆင်ထား ၏။ ကျောက်ဖြူ၊ ကျောက်သလင်း၊ ကနုကမာ၊ စိမ်းပြာကျောက်များနှင့်အကွက်ဖော်၍ခင်း ထားသည့်ဥယျာဉ်တော်ဝင်းအတွင်း၌ ရွှေ နှင့်ငွေတို့ဖြင့်ပြီးသောညောင်စောင်းများ ကိုလည်းထားရှိလေသည်။-
庭院各處裝飾著白色和紫紅色的壁氈,繫著純白色和朱紅色的彩帶,懸在白大理石柱的銀環子上;在碧玉、白玉、珍珠和寶石舖砌的地面上,陳設了金銀的床榻。
7 ၇ မင်းကြီးသည်စပျစ်ရည်ကိုရွှေဖလားများ နှင့်ထည့်၍တိုက်စေတော်မူ၏။ ထိုဖလားတို့ သည်တစ်ခုနှင့်တစ်ခုဆင်သည်ဟူ၍မရှိ ပေ။ စပျစ်ရည်ကိုရက်ရောစွာတိုက်စေတော် မူ၏။-
進飲的器皿,都是金銀製的,大小俱全;御釀豐美,以示王家的厚贈。
8 ၈ အကန့်အသတ်မရှိဘဲ လူတိုင်းအလိုရှိ သလောက်သောက်သုံးနိုင်စေရန် နန်းတော် အစေခံတို့အားမိန့်မှာထားတော်မူ၏။
飲酒隨意,無須強勸,因為王已命宮內侍役,應隨各人所好,善加招待。
9 ၉ ထိုအတောအတွင်း၌ဝါရှတိမိဖုရားသည် လည်းနန်းတွင်း၌ အမျိုးသမီးများအားစား သောက်ပွဲကြီးကိုတည်ခင်းကျွေးမွေးလျက် နေပေသည်။
同時瓦市提皇后,在薛西斯王的後宮,也擺設盛宴,款待婦女。
10 ၁၀ ပွဲတော်သတ္တမနေ့ရက်ရောက်သောအခါ မင်း ကြီးသည်စပျစ်ရည်သောက်၍ရွှင်လန်းသော အခါ အပါးတော်မြဲမိန်းမစိုးခုနစ်ယောက် ဖြစ်ကြသောမဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာ၊ ကာကတ်တို့ ကိုခေါ်ယူကာ၊-
至第七日,君王一時酒酣耳熱,就命默胡曼、彼次達、哈波納、彼革達、阿巴革達、則塔爾和加爾加斯,──七個侍從薛西斯王的宦官──
11 ၁၁ မိဖုရားဝါရှတိအားရာဇသရဖူဆောင်း စေ၍ ရှေ့တော်သို့သွင်းရန်အမိန့်ပေးတော် မူ၏။ မိဖုရားသည်အဆင်းလှသောအမျိုး သမီးဖြစ်သဖြင့် မင်းကြီးသည်သူ၏အဆင်း ကိုမှူးမတ်များနှင့်ဧည့်သည်တော်အပေါင်း တို့အားပြစားလိုပေသည်။-
去召瓦市提王后,叫她頭戴后冠,到君王跟前來,讓眾百姓與朝臣瞻仰她的美麗,因為她的容貌,嬌媚可愛。
12 ၁၂ သို့ရာတွင်ဝါရှတိသည်ဘုရင့်အမိန့်တော် ကိုဖီဆန်၍ ရှေ့တော်သို့မဝင်ဘဲနေသဖြင့် မင်းကြီးသည်အမျက်ဒေါသခြောင်းခြောင်း ထွက်တော်မူလေသည်။
但是瓦市提王后拒絕前來,不肯遵行宦官傳來的王命。於是君王勃然大怒,五內如焚,
13 ၁၃ ဘုရင်တို့မည်သည် ငြိမ်ဝပ်ပိပြားရေးဆိုင် ရာပြဿနာများနှင့်ပတ်သက်၍ တရား ဥပဒေသကျွမ်းကျင်သူတို့၏အကြံ ဉာဏ်ကိုတောင်းခံကြစမြဲဖြစ်သည်နှင့် အညီ မင်းကြီးသည်ဤအမှုကိစ္စတွင် အဘယ်သို့ဆောင်ရွက်သင့်သည်ကိုမေး မြန်းရန်အကြံပေးအရာရှိများကို ခေါ်ယူတော်မူ၏။-
遂與通達時務的朝臣商議說:──因為當時君王要辦一事,必與精通法律民情的朝臣商議;
14 ၁၄ မင်းကြီးအများဆုံးတိုင်ပင်လေ့ရှိသော သူများမှာ ပေရသိနှင့်မေဒိအမတ်များ ဖြစ်ကြသောကာရှေန၊ ရှေသာ၊ အာဒ မာသ၊ တာရှိရှ၊ မေရက်၊ မာသေန၊ မမုကန် တို့ဖြစ်ပေသည်။ သူတို့သည်ကားနိုင်ငံတော် တွင်အမြင့်ဆုံးရာထူးများဖြင့်ချီးမြှင့် ခြင်းခံရသူများဖြစ်သတည်း။-
那時在王身傍有加爾舍納、舍塔爾、阿德瑪達、塔爾史士、默勒斯、瑪色納、默慕干,七位波斯和瑪待的公卿;他們常在君王左右,分居國家的高位──「
15 ၁၅ မင်းကြီးကသူတို့အား``ငါဇေရဇ်မင်း သည်ငါ၏အစေခံတို့ကိုဝါရှတိမိ ဖုရားထံသို့စေလွှတ်၍ ငါ၏အမိန့်ကို ဆင့်ဆိုစေရာသူသည်ငါ၏အမိန့်တော် ကိုမနာခံပါ။ သို့ဖြစ်၍ငါသည်သူ့အား တရားဥပဒေအရအဘယ်သို့ပြုသင့် ပါသနည်း'' ဟုမေးတော်မူ၏။
按法律應如何處置瓦市提王后呢﹖因為沒有覆行宦官傳下的王命。」
16 ၁၆ ထိုအခါမမုကန်သည်မင်းကြီးနှင့်မှူး မတ်တို့အား``ဝါရှတိမိဖုရားသည်ဘုရင် မင်းမြတ်ကိုသာလျှင်စော်ကားသည်မဟုတ် ပါ။ ဘုရင့်မှူးကြီးမတ်ရာတို့ကိုလည်းစော် ကားပေသည်။ အကယ်စင်စစ်သူသည်အင် ပါယာနိုင်ငံတစ်ဝှမ်းလုံးရှိအမျိုးသား အပေါင်းတို့ကိုစော်ကားပါ၏။-
默慕干在君王及公卿前建議說:「瓦市提王后不但得罪了君王,並且還得罪了薛西斯王各省的諸候與人民,
17 ၁၇ အင်ပါယာနိုင်ငံတစ်ဝှမ်းလုံးရှိအမျိုး သမီးအပေါင်းသည် မိဖုရားပြုသည့်အမှု ကိုကြားသိလျှင် မိမိတို့ခင်ပွန်းများအား အထင်သေးကြပါလိမ့်မည်။ သူတို့က``ဇေရဇ် မင်းသည်ဝါရှတိမိဖုရားအားအမိန့်ပေး ၍ခေါ်ယူပါသော်လည်း မိဖုရားကအမိန့် တော်ကိုမနာခံပါဟုပြောဆိုကြပါ လိမ့်မည်။-
因為王后的這種行為,一傳到所有的婦女耳中,她們必將效尤,輕視自己的丈夫,而且說:薛西斯王命人召瓦市提王后到他跟前,她卻沒有來;
18 ၁၈ မိဖုရား၏အပြုအမူကိုကြားသိရ သည့်ပေရသိနှင့် မေဒိမှူးမတ်ကတော်တို့ သည်နေမဝင်မီမှူးမတ်တို့အား ထိုအကြောင်း ကိုပြောကြားကြပါလိမ့်မည်။ အမျိုးသမီး များသည်မိမိတို့ခင်ပွန်းတို့အားမထီ မဲ့မြင်ပြု၍ အမျိုးသားတို့သည်မိမိတို့ ၏ဇနီးတို့အားဒေါသအမျက်ထွက်ကြ လိမ့်မည်။-
今日凡聽到王后這種舉動的波斯與瑪待的公主貴婦,也必說同樣的話,對一切王家公卿,也照樣輕視忿怒。
19 ၁၉ အရှင်မင်းကြီးသဘောတူတော်မူပါလျှင် ဝါရှတိမိဖုရားအားနောင်အဘယ်အခါ ၌မျှ ရှေ့တော်သို့ဝင်ခွင့်မပြုကြောင်းရာဇ အမိန့်ကြေငြာချက်ကိုထုတ်ပြန်တော်မူ ပါ။ ထိုအမိန့်တော်ကိုနောင်အဘယ်အခါ ၌မျှမပြောင်းမလဲနိုင်စိမ့်သောငှာ ပေရသိ၊ မေဒိဋ္ဌမ္မသတ်များတွင်ထည့်သွင်းရေးမှတ် ၍ထားတော်မူပါ။ ထိုနောက်မိဖုရား၏ ရာထူးကို သူ့ထက်သာသည့်အမျိုးသမီး တစ်ဦးအားချီးမြှင့်တော်မူပါ။-
陛下如果贊成,可下一道上諭,附於波斯與瑪待的法典內,成為法律,禁止瓦市提后今後朝見薛西斯王;至於她的后位,王可賜與另一位比她賢淑的國妃。
20 ၂၀ အရှင်၏အမိန့်တော်ကို ဤကျယ်ဝန်းသည့် အင်ပါယာနိုင်ငံတော်တစ်လျှောက်လုံးတွင် ကြေညာလိုက်သောအခါ အမျိုးသမီး အပေါင်းတို့သည်မိမိတို့၏ခင်ပွန်းများ အားဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေရိုသေကြပါလိမ့်မည်'' ဟုလျှောက် ၏။
當君王下的這道命令,傳遍整個版圖廣闊的國土時,全國的婦女,不拘尊卑,對自己的丈夫必表示尊敬。」
21 ၂၁ မင်းကြီးနှင့်မှူးမတ်တို့သည် ဤစကားကို နှစ်သက်သဘောကျကြ၏။ သို့ဖြစ်၍မင်း ကြီးသည်မမုကန်အကြံပေးသည့် အတိုင်းပြုတော်မူ၏။-
對這建議,君王和公卿都表示贊成;王就依照默慕干的建議施行,
22 ၂၂ သူသည်မိမိ၏နယ်ပယ်ရှိသမျှတို့သို့သံ တမန်များကိုစေလွှတ်၍ ဒေသဆိုင်ရာဘာ သာစကားဖြင့်``ခင်ပွန်းဖြစ်သူသည် မိမိအိမ် ထောင်တွင်ဦးစီးခေါင်းဆောင်ဖြစ်စေရမည်။ သူ၏စကားကိုမလွန်ဆန်ရ'' ဟူ၍အမိန့် ထုတ်ပြန်တော်မူ၏။
向全國各省,傳遞文告,依各省的文字和各民族的語言,敕令天下所有的丈夫,應為一家之主,可隨意發號施令。