< ဧ​သ​တာ 9 >

1 အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နေ့​ကျ​ရောက်​လာ​၏။ ထို​နေ့​ရက်​သည်​ဘု​ရင့်​ကြေ​ညာ​ချက်​စ​တင် အ​တည်​ဖြစ်​သည့်​နေ့၊ မိ​မိ​တို့​လက်​တွင်း​သို့ ယု​ဒ​အ​မျိုး​သား​များ​ရောက်​ရှိ​လာ​ရန်​အ တွက်​ရန်​သူ​တို့​စောင့်​မျှော်​နေ​သော​နေ့​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​မျှော်​လင့်​သည့်​အ​တိုင်း မ​ဖြစ်​ဘဲ​ယု​ဒ​အ​မျိုး​သား​တို့​က​သူ တို့​အား​အ​နိုင်​ရ​ကြ​လေ​သည်။-
And in the twelfth month, that is, the month Adar, on the thirteenth day thereof, when the king's command with his law drew near to he put into execution, on the day that the enemies of the Jews had hoped to have power over them, which had been changed nevertheless, so that the Jews had power over those that hated them,
2 အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​မြို့​တိုင်း​၌ ယု​ဒ​အ​မျိုး​သား​များ​သည် ဘေး​အန္တ​ရာယ် ပြု​မည့်​သူ​တို့​ကို​တိုက်​ခိုက်​ရန်​မိ​မိ​တို့​ရပ် ကွက်​များ​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။ အ​ရပ် ရပ်​ရှိ​လူ​တို့​သည်​သူ​တို့​အား​ကြောက်​လန့် ကြ​၏။ အ​ဘယ်​သူ​မျှ​သူ​တို့​ကို​ခု​ခံ တိုက်​ခိုက်​နိုင်​စွမ်း​မ​ရှိ​ချေ။-
The Jews assembled together in their cities, throughout all the provinces of king Achashverosh, to stretch out their hand against those that had sought their injury: and no man could keep standing before them; for the dread of them had fallen upon all the nations.
3 အ​မှန်​အား​ဖြင့်​ဆို​သော်​အုပ်​ချုပ်​ရေး​မှူး များ၊ ဘု​ရင်​ခံ​များ​နှင့်​ဘု​ရင့်​အ​မှု​တော် ထမ်း​များ​ဖြစ်​သည့်​ပြည်​နယ်​အ​ရာ​ရှိ အ​ပေါင်း​တို့​သည် မော်​ဒ​ကဲ​ကို​ကြောက်​လန့် သ​ဖြင့်​ယု​ဒ​အ​မျိုး​သား​တို့​အား​ကူ​ညီ ကြ​လေ​သည်။-
And all the rulers of the provinces, and the lieutenants, and the governors, and the superintendents of the affairs of the king, elevated the Jews; because the dread of Mordecai had fallen upon them.
4 ယ​ခု​အ​ခါ​မော်​ဒ​ကဲ​သည်​နန်း​တော်​တွင် တန်​ခိုး​ကြီး​သူ​တစ်​ဦး​ဖြစ်​ကြောင်း၊ သူ ၏​တန်​ခိုး​အာ​ဏာ​သည်​တစ်​နေ့​တစ်​ခြား တိုး​တက်​လာ​ကြောင်း​အင်​ပါ​ယာ​နိုင်​ငံ တော်​တွင်​ကျော်​ကြား​လျက်​ရှိ​သ​ဖြင့်၊-
For Mordecai was great in the king's house, and his fame went throughout all the provinces; for the man Mordecai became greater and greater.
5 ယု​ဒ​အ​မျိုး​သား​များ​သည်​ရန်​သူ​များ​ကို ပြု​လို​သ​မျှ​ပြု​နိုင်​ကြ​၏။ ထို့​ကြောင့်​သူ​တို့ သည်​ရန်​သူ​များ​ကို​ဋ္ဌား​ဖြင့်​သတ်​ဖြတ်​ကြ​၏။
And the Jews smote all their enemies with the stroke of the sword, and slaughter, and extermination; and they acted with those that hated them according to their pleasure.
6 မြို့​တော်​ရှု​ရှန်​၌​ပင်​လျှင်​ယု​ဒ​အ​မျိုး​သား တို့​သည် လူ​ပေါင်း​ငါး​ရာ​ကို​သတ်​လိုက်​ကြ လေ​သည်။-
And in Shushan the capital the Jews slew and exterminated five hundred men.
7 ထို​သူ​တို့​အ​ထဲ​တွင်​ယု​ဒ​အ​မျိုး​သား​တို့ ၏​ရန်​သူ၊ ဟမ္မေ​ဒါ​သ​၏​သား​ဟာ​မန်​၏​သား တစ်​ကျိပ်​ဖြစ်​ကြ​သော​ပါ​ရှန္ဒာ​သ၊ ဒါ​လ​ဖုန်၊ အာ​သ​ပါ​သ၊ ပေါ​ရ​သ၊ အာ​ဒ​လိ၊ အာ​ရိ ဒါ​သ၊ ပါ​မ​ရှာ​တ၊ အ​ရိ​သဲ၊ အ​ရိ​ဒဲ၊ ဝါ​အီ ဇာ​သ​တို့​လည်း​ပါ​ကြ​၏။ သို့​ရာ​တွင်​သူ တို့​သည်​လု​ယက်​မှု​ကို​မ​ပြု​ကြ။
And Parshandatha, and Dalphon, and Aspatha,
8
And Poratha, and Adalya, and Aridatha,
9
And Parmashtha, and Arissai, and Aridai, and Vayzatha,
10 ၁၀
The ten sons of Haman the son of Hammedatha, the adversary of the Jews, did they slay; but to the spoil did they not stretch forth their hand.
11 ၁၁ ထို​နေ့​၌​ရှု​ရှန်​မြို့​တွင်​အ​သတ်​ခံ​ရ​သည့် လူ​ဦး​ရေ​ကို မင်း​ကြီး​အား​သံ​တော်​ဦး တင်​ကြ​၏။-
On that same day came the number of those that were slain in Shushan the capital before the king.
12 ၁၂ ထို​အ​ခါ​မင်း​ကြီး​သည်​မိ​ဖု​ရား​ဧ​သ​တာ အား``ရှု​ရှန်​တစ်​မြို့​တည်း​၌​ပင်​ယု​ဒ​အ​မျိုး သား​တို့​သည် ဟာ​မန်​၏​သား​တစ်​ကျိပ်​အ​ပါ အ​ဝင်​လူ​ပေါင်း​ငါး​ရာ​ကို​သတ်​ဖြတ်​လိုက် ကြ​လေ​ပြီ။ သူ​တို့​သည်​ပြည်​နယ်​များ​တွင် အ​ဘယ်​မျှ​သတ်​ဖြတ်​ကြ​ဦး​မည်​နည်း။ ယ​ခု​သင်​သည်​အ​ဘယ်​အ​ရာ​ကို​အ​လို ရှိ​ပါ​သ​နည်း။ ငါ​ပေး​မည်။ အ​ဘယ်​ဆု​ကို တောင်း​လို​ပါ​သေး​သ​နည်း။ ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
Then said the king unto Esther the queen, In Shushan the capital have the Jews slain and exterminated five hundred men, and the ten sons of Haman: what have they done in the rest of the king's provinces? Now what is thy petition? and it shall be granted thee: and what is thy request farther? and it shall be done.
13 ၁၃ ဧ​သ​တာ​က``အ​ရှင်​မင်း​ကြီး​သ​ဘော​တူ တော်​မူ​ပါ​လျှင်​ယ​နေ့​ရှု​ရှန်​မြို့​တွင်​ယု​ဒ အ​မျိုး​သား​များ​ပြု​ခဲ့​သည့်​အ​တိုင်း​နက် ဖြန်​ခါ​၌​လည်း​ပြု​ခွင့်​ပေး​တော်​မူ​ပါ။ ထို နောက်​ဟာ​မန်​၏​သား​တစ်​ကျိပ်​၏​အ​လောင်း များ​ကို​လည်​ဆွဲ​တိုင်​တွင်​ဆွဲ​ထား​စေ​တော် မူ​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။-
Then said Esther, If it please the king, let it tomorrow also be granted to the Jews who are in Shushan to do according to the law of this day, and let the ten sons of Haman be hanged on the gallows.
14 ၁၄ မင်း​ကြီး​သည်​ဧ​သ​တာ​လျှောက်​ထား​သည့် အ​တိုင်း ရှု​ရှန်​မြို့​တွင်​ကြေ​ညာ​ချက်​ထုတ် ပြန်​ကာ ဟာ​မန်​၏​သား​တစ်​ကျိပ်​၏​အ​လောင်း များ​ကို​လည်​ဆွဲ​တိုင်​တွင်​ဆွဲ​ထား​စေ​တော် မူ​၏။-
And the king ordered that it should be done so; and the law was given out at Shushan; and the ten sons of Haman were hanged.
15 ၁၅ အာ​ဒါ​လ​တစ်​ဆယ့်​လေး​ရက်​နေ့​၌​ရှု​ရှန် မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​များ​သည်​စု​ရုံး​၍ လူ​ပေါင်း​သုံး​ရာ​ကို​ထပ်​မံ​သတ်​ဖြတ်​ကြ လေ​သည်။ သို့​ရာ​တွင်​ဤ​တစ်​ကြိမ်​၌​လည်း သူ​တို့​သည်​လု​ယက်​မှု​ကို​မ​ပြု​ကြ။
And the Jews that were in Shushan assembled together also on the fourteenth day of the month Adar, and slew at Shushan three hundred men; but to the spoil they did not stretch forth their hand.
16 ၁၆ ပြည်​နယ်​များ​တွင်​နေ​ထိုင်​သော​ယု​ဒ​အ​မျိုး သား​တို့​သည်​လည်း မိ​မိ​တို့​ကိုယ်​ကို​အ​သက် ဘေး​မှ​ကာ​ကွယ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ အား​မုန်း​ထား​သူ​လူ​ပေါင်း​ခု​နစ်​ထောင့်​ငါး ရာ​ကို​သတ်​ဖြတ်​ခြင်း​အား​ဖြင့် ရန်​သူ​များ ကို​သုတ်​သင်​ပယ်​ရှင်း​ကြ​လေ​သည်။ သို့​ရာ တွင်​လု​ယက်​မှု​ကို​မူ​မ​ပြု​ကြ။-
And the remaining Jews that were in the king's provinces assembled together, and stood forward for their life, and procured rest from their enemies, and slew of those that hated them seventy and five thousand; but to the spoil did they not stretch forth their hand,
17 ၁၇ ထို​နေ့​ကား​အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နေ့ ဖြစ်​သ​တည်း။ ဆယ့်​လေး​ရက်​နေ့​၌​သူ​တို့ သည်​သတ်​ဖြတ်​မှု​ကို​မ​ပြု​ကြ​တော့​ဘဲ ရွှင်​လန်း​သော​စား​သောက်​ပွဲ​ကို​ကျင်း​ပ ကြ​ကုန်​၏။-
On the thirteenth day of the month Adar, and they rested on the fourteenth day thereof, and made it a day of entertainment and joy.
18 ၁၈ ရှု​ရှန်​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​မူ​ကား ဆယ့်​သုံး​ရက်​နှင့်​ဆယ့်​လေး​ရက်​တွင်​ရန်​သူ များ​ကို​သတ်​ဖြတ်​၍ ဆယ့်​ငါး​ရက်​နေ့​တွင် ရပ်​နား​ကာ​ထို​နေ့​၌​ရွှင်​လန်း​သော​စား သောက်​ပွဲ​ကို​ကျင်း​ပ​ကြ​လေ​သည်။-
But the Jews that were at Shushan assembled together on the thirteenth day thereof, and on the fourteenth thereof, and rested on the fifteenth thereof, and made it a day of entertainment and joy.
19 ၁၉ တံ​တိုင်း​မ​ရှိ​သည့်​မြို့​ငယ်​များ​တွင်​နေ​ထိုင် ကြ​သည့်​ယု​ဒ​အ​မျိုး​သား​တို့​သည် အာ​ဒါ လ​ဆယ့်​လေး​ရက်​နေ့​ကို​ပျော်​ရွှင်​ရာ​မင်္ဂ​လာ နေ့၊ အ​ချင်း​ချင်း​အ​စား​အ​စာ​လက်​ဆောင် များ​ပေး​ကမ်း​ရာ​နေ့​အ​ဖြစ်​ကျင်း​ပ​ကြ သ​တည်း။
Therefore do the Jews of the villages, that dwell in the unwalled towns, make the fourteenth day of the month Adar as one of joy and entertainment, and a feast-day, and of sending portions one to another.
20 ၂၀ မော်​ဒ​ကဲ​သည်​ဤ​အ​ဖြစ်​အ​ပျက်​များ​ကို မှတ်​တမ်း​တင်​၍​ထား​စေ​၏။ သူ​သည်​ပေ​ရ​သိ အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရပ်​နီး​ရပ် ဝေး​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​အား၊-
And Mordecai wrote down these events; and he sent letters unto all the Jews that were in all the provinces of king Achashverosh, those nigh and those far away,
21 ၂၁ နှစ်​တိုင်း​အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နှင့်​ဆယ့် လေး​ရက်​နေ့​ကို ပျော်​ရွှင်​ရာ​နေ့​များ​အ​ဖြစ် ကျင်း​ပ​ရန်​အ​မှာ​စာ​များ​ရေး​သား​ပေး ပို့​လိုက်​လေ​သည်။-
To take it on themselves as a duty, that they should celebrate the fourteenth day of the month Adar, and the fifteenth day of the same in each and every year,
22 ၂၂ ထို​နေ့​ရက်​များ​သည်​ရန်​သူ​တို့​အား​ယု​ဒ အ​မျိုး​သား​တို့​သုတ်​သင်​ပယ်​ရှင်း​သည့်​နေ့ များ​ဖြစ်​သည်။ ထို​လ​သည်​သူ​တို့​စိတ်​ပျက် ဝမ်း​နည်း​ခြင်း​မှ​ဝမ်း​မြောက်​ရွှင်​မြူး​ခြင်း​သို့ ကူး​ပြောင်း​ရာ​လ​ဖြစ်​၏။ သို့​ဖြစ်​၍​သူ​တို့ သည်​ထို​နေ့​ရက်​တို့​တွင်​ပျော်​ရွှင်​ပွဲ​များ ကျင်း​ပ​ကာ မိ​မိ​တို့​အ​ချင်း​ချင်း​အား လည်း​ကောင်း၊ ဆင်း​ရဲ​သူ​များ​အား​လည်း ကောင်း​အ​စား​အ​စာ​လက်​ဆောင်​များ ပေး​ကမ်း​ကြ​ရန်​ဖြစ်​ပေ​သည်။-
Like those days whereon the Jews had rest from their enemies, and the month which was changed unto them from sorrow to joy, and from mourning into a feast-day: to make them days of entertainment and joy, and of sending portions one to the other, and gifts to the needy.
23 ၂၃ ယု​ဒ​အ​မျိုး​သား​တို့​သည်​မော်ဒကဲ​၏​ညွှန် ကြား​ချက်​များ​ကို​လိုက်​နာ​ကြ​သ​ဖြင့် ထို ပွဲ​တော်​ကို​နှစ်​စဉ်​နှစ်​တိုင်း​ကျင်း​ပ​သည့် ဋ္ဌ​လေ့​ထုံး​စံ​ဖြစ်​လာ​သည်။
And the Jews took upon themselves that which they had begun already to do, and that which Mordecai had written unto them.
24 ၂၄ အာ​ဂတ်​မှ​ဆင်း​သက်​သူ​ဟ​မ္မေဒါ​သ​၏​သား ဟာမန်​သည်​ပု​ရ​ဟု​ခေါ်​သည့်​မဲ​စ​နစ်​ဖြင့် ယု​ဒ အ​မျိုး​သား​တို့​အား​သတ်​ဖြတ်​ရန်​နေ့​ရက် ကို​ရွေး​ချယ်​ခဲ့​၏။ သူ​တို့​တစ်​မျိုး​လုံး​ကို သုတ်​သင်​ပယ်​ရှင်း​ရန်​ကြံ​စည်​ခဲ့​၏။-
Because Haman the son of Hammedatha, the Agagite, the adversary of all the Jews, had devised against the Jews to exterminate them, and had cast the Pur, that is, the lot, to destroy them, and to exterminate them.
25 ၂၅ သို့​ရာ​တွင်​ဧ​သ​တာ​သည်​မင်း​ကြီး​ထံ​တော် သို့​ဝင်​ရောက်​လျှောက်​ထား​ရာ​မင်း​ကြီး​သည် ကြေ​ညာ​ချက်​ထုတ်​ပြန်​တော်​မူ​သ​ဖြင့် ဟာ​မန် သည်​ယု​ဒ​အ​မျိုး​သား​တို့​အ​တွက်​ကြံ​စည် ခဲ့​သည့်​ဘေး​ဆိုး​ကို​မိ​မိ​ပင်​ကြုံ​တွေ့​ရ​လေ ၏။ သူ​နှင့်​သူ​၏​သား​တစ်​ကျိပ်​သည်​လည်​ဆွဲ တိုင်​၌​ကွပ်​မျက်​ခြင်း​ခံ​ရ​ကြ​၏။-
But when [Esther] came before the king, he ordered by that letter that his wicked device, which he had devised against the Jews, should return upon his own head: and they hanged him and his sons on the gallows.
26 ၂၆ ထို့​ကြောင့်​ထို​ပွဲ​နေ့​များ​ကို​မဲ​ဟု​အ​နက် အ​ဋ္ဌိပ္ပါယ်​ရ​သည့်​ပု​ရ​ဟူ​သော​ပုဒ်​ကို​အ​စွဲ ပြု​၍ ပု​ရ​ပွဲ​တော်​ဟု​ခေါ်​ဆို​ကြ​လေ​သည်။ မော်​ဒ​ကဲ​ပေး​ပို့​လိုက်​သည့်​စာ​ကြောင့်​လည်း ကောင်း၊ ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ ကြောင့်​လည်း​ကောင်း၊-
Therefore did they call these days Purim, after the name of Pur: therefore, because of all the words of this letter, both for that which they had experienced thereby, and for that which had occurred unto them,
27 ၂၇ ယု​ဒ​အ​မျိုး​သား​များ​သည်​မိ​မိ​တို့​ကိုယ် တိုင်​သာ​မ​က သား​မြေး​များ​နှင့်​ယု​ဒ​ဘာ​သာ သို့​ကူး​ပြောင်း​လာ​သူ​များ​အ​တွက် ထုံး​တမ်း​စဉ် လာ​တစ်​ရပ်​အ​နေ​ဖြင့်​နှစ်​စဉ်​နှစ်​တိုင်း​အ​ချိန် ကျ​သော​အ​ခါ ဆို​ခဲ့​သော​နှစ်​ရက်​ကို​မော်​ဒ​ကဲ ၏​ညွှန်​ကြား​ချက်​များ​နှင့်​အ​ညီ​ကျင်း​ပ​ရန် သော်​လည်း​ကောင်း၊-
The Jews confirmed it as a duty, and took upon themselves, and upon their seed, and upon all such as join themselves unto them, so that no one should fail therein, that they would celebrate these two days according to their prescription, and at their appointed time, in each and every year.
28 ၂၈ ပြည်​နယ်​အ​သီး​သီး​နှင့်​မြို့​အ​သီး​သီး​တို့ တွင်​ယု​ဒ​အိမ်​ထောင်​စု​မှန်​သ​မျှ​သည် ထို​ပု​ရ ပွဲ​တော်​ကို​သား​စဉ်​မြေး​ဆက်​သ​တိ​ရ​ကျင်း ပ​ရန်​လည်း​ကောင်း​ဆုံး​ဖြတ်​ကြ​၏။
And these days are remembered and celebrated throughout each and every generation, every family, every province, and every city; and these days of Purim will not pass away from the midst of the Jews, nor will their memorial cease from their seed.
29 ၂၉ ထို​နောက်​အ​ဘိ​ဟဲ​လ​၏​သ​မီး​မိ​ဖု​ရား ဧ​သ​တာ​နှင့်​မော်​ဒ​ကဲ​တို့​သည် ပု​ရ​ပွဲ​တော် နှင့်​ပတ်​သက်​၍​မော်​ဒ​ကဲ​ရေး​သား​ပေး​ပို့​ခဲ့ သည့်​စာ​ကို​ဧ​သ​တာ​၏​အာ​ဏာ​ဖြင့်​အ​တည် ပြု​ရန်​စာ​ရေး​ကြ​၏။-
Then wrote Esther the queen, the daughter of Abichayil, with Mordecai the Jew, with all due strength, to confirm this letter of Purim the second time.
30 ၃၀ ထို​စာ​မိတ္တူ​ကို​ပေ​ရ​သိ​အင်​ပါ​ယာ​နိုင်​ငံ တော်​အ​တွင်း​တစ်​ရာ့​နှစ်​ဆယ်​ခု​နစ်​ပြည်​နယ် များ​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​ထံ ပေး​ပို့​လေ​သည်။ ထို​စာ​တွင်​ယု​ဒ​အ​မျိုး သား​တို့​အား​ဘေး​ရန်​ကင်း​၍​အေး​ချမ်း စေ​ကြောင်း​ဆု​မွန်​တောင်း​ပြီး​နောက်၊-
And he sent letters unto all the Jews, to the hundred and twenty-seven provinces of the kingdom of Achashverosh, word's of peace and truth,
31 ၃၁ အ​ချိန်​ကျ​ရောက်​သော​အ​ခါ​မိ​မိ​တို့ သ​ဘော​တူ​ပြ​ဋ္ဌာန်း​ခဲ့​သည်​နှင့်​အ​ညီ သူ တို့​နှင့်​သူ​တို့​၏​သား​မြေး​များ​သည်​အ​စာ ရှောင်​ခြင်း၊ ဝမ်း​နည်း​မြည်​တမ်း​ခြင်း​တို့​ကို ပြု​သည့်​ပြင်​ပု​ရ​နေ့​များ​ကို​စောင့်​ရန်​ညွှန် ကြား​လေ​သည်။ ဤ​ညွှန်​ကြား​ချက်​သည် မိ​ဖု​ရား​ဧ​သ​တာ​နှင့်​ယု​ဒ​အ​မျိုး​သား မော်​ဒ​ကဲ​တို့​အ​မိန့်​ထုတ်​ပြန်​ချက်​ဖြစ် သည်။-
To confirm these days of Purim in their times, just as Mordecai the Jew and Esther the queen had enjoined on them, and as they had confirmed for themselves and for their seed, the matters of the fastings and their prayers.
32 ၃၂ ပု​ရ​ပွဲ​တော်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​ကို ဧ​သ​တာ​၏​အ​မိန့်​အ​ရ​အ​တည်​ပြု​၍ စာ​လိပ်​တွင်​ရေး​သား​ထား​သ​တည်း။
And the order of Esther confirmed these matters of Purim; and it was written in the book.

< ဧ​သ​တာ 9 >