< ဧ​သ​တာ 8 >

1 ထို​နေ့​၌​ပင်​လျှင်​ဇေ​ရဇ်​မင်း​သည်​ယု​ဒ အ​မျိုး​သား​တို့​၏​ရန်​သူ​ဟာ​မန်​ပိုင်​သည့် အိမ်​ရာ​ပစ္စည်း​မှန်​သ​မျှ​ကို မိ​ဖု​ရား​ဧ​သ​တာ အား​ပေး​တော်​မူ​၏။ ဧ​သ​တာ​က​မိ​မိ​သည် မော်​ဒ​ကဲ​နှင့်​ဆွေ​မျိုး​တော်​စပ်​ကြောင်း​ကို မင်း​ကြီး​အား​လျှောက်​ထား​သ​ဖြင့် မော်​ဒ​ကဲ သည်​ထို​နေ့​မှ​အ​စ​ပြု​၍​မင်း​ကြီး​၏​ရှေ့ တော်​သို့​ဝင်​ခွင့်​ရ​ရှိ​လေ​သည်။-
A wannan rana, Sarki Zerzes ya ba wa Esta mallakar Haman, abokin gāban Yahudawa. Mordekai kuma ya zo gaban sarki, gama Esta ta faɗa yadda ta haɗa dangi da shi.
2 မင်း​ကြီး​သည်​ဟာ​မန်​၏​ထံ​မှ​ပြန်​သိမ်း​သည့် တံ​ဆိပ်​လက်​စွပ်​တော်​ကို​ချွတ်​၍​မော်​ဒ​ကဲ အား​ပေး​တော်​မူ​၏။ ဧ​သ​တာ​သည်​လည်း ဟာ​မန်​၏​အိမ်​ရာ​ပစ္စည်း​များ​ကို​မော်​ဒ​ကဲ အား​အုပ်​ထိန်း​စေ​၏။
Sarki ya cire zobensa na hatimi, wanda ya karɓo daga Haman ya ba Mordekai. Esta kuma ta naɗa shi a kan mallakar Haman.
3 ထို​နောက်​ဧ​သ​တာ​သည်​မင်း​ကြီး​၏​ခြေ တော်​ရင်း​တွင်​ပျပ်​ဝပ်​လျက်​ငို​ယို​ကာ ယု​ဒ အ​မျိုး​သား​တို့​အား​ကွပ်​မျက်​ရန်​အ​တွက် အာ​ဂတ်​မှ​ဆင်း​သက်​သူ​ဟာ​မန်​ကြံ​စည် ခဲ့​သည့်​ဘေး​အန္တ​ရာယ်​ဆိုး​ကို​တား​ဆီး ပေး​တော်​မူ​ရန်​တောင်း​ပန်​လေ​သည်။-
Esta ta sāke roƙon sarki, ta fāɗi a ƙafafunsa tana kuka. Ta roƙe shi yă kawo ƙarshen mugun shirin nan na Haman, mutumin Agag; wanda ya shirya a kan Yahudawa.
4 မင်း​ကြီး​သည်​သူ့​အား​ရွှေ​ရာ​ဇ​လှံ​တံ ကို​ကမ်း​ပေး​တော်​မူ​သ​ဖြင့် ဧ​သ​တာ သည်​ထ​၍​ရပ်​ပြီး​လျှင်၊-
Sai sarki ya miƙa wa Esta sandan sarauta na zinariya, ta kuwa tashi ta tsaya a gabansa.
5 ``အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော်​မူ​လျှင် လည်း​ကောင်း၊ ကျွန်​တော်​မ​ကို​စိတ်​တော်​နှင့် တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ လျောက်​ပတ် သည်​ဟု​ယူ​ဆ​တော်​မူ​လျှင်​လည်း​ကောင်း အင်​ပါ​ယာ​နိုင်ငံ​တော်​အ​တွင်း​ရှိ​ယု​ဒ အ​မျိုး​သား​အ​ပေါင်း​တို့​အား​ကွပ်​မျက် ရန်​အာ​ဂတ် မှ​ဆင်း​သက်​သူ​ဟမ္မေဒါ​သ​၏​သား​ဟာ​မန် စီ​ရင်​ခဲ့​သည့်​အ​မိန့်​စာ​များ​ကို​ပယ်​ဖျက် သည့်​အ​မိန့်​ကြေ​ငြာ​ချက်​ကို​ထုတ်​ပြန် တော်​မူ​ပါ။-
Ta ce, “In sarki ya yarda, in kuma na sami tagomashi daga gare shi, idan kuma ya gamshe shi yă yi abin da yake daidai, idan yana jin daɗina, bari a rubuta umarni a soke hukuncin saƙonin da Haman ɗan Hammedata, mutumin Agag, ya shirya ya kuma rubuta domin a hallaka Yahudawa a dukan lardunan sarki.
6 ကျွန်​တော်​မ​၏​အ​မျိုး​သား​ချင်း​များ​သည် ဤ​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​ရ​လျက် ကျွန်​တော်​မ​၏​ဆွေ​မျိုး​အ​ရင်း​အ​ချာ​များ သည်​လည်း​အ​သတ်​ခံ​ကြ​ရ​ပါ​မူ​ကျွန်​တော် မ​သည်​အ​ဘယ်​သို့​ရှု​စိမ့်​နိုင်​ပါ​အံ့​နည်း'' ဟု​လျှောက်​လေ​၏။
Gama yaya zan jure da ganin masifa ta faɗa a kan mutanena? Yaya zan jure in ga an hallaka iyalina?”
7 ထို​အ​ခါ​ဇေ​ရဇ်​မင်း​သည်​ဧ​သ​တာ​နှင့် ယု​ဒ​အမျိုး​သား​မော်​ဒ​ကဲ​အား``ငါ​သည် ဟာ​မန်​အား​ယု​ဒ​အ​မျိုး​သား​များ​ကို သတ်​ဖြတ်​ရန်​ကြံ​စည်​သည့်​အ​တွက်​လည်​ဆွဲ တိုင်​၌​ကွပ်​မျက်​စေ​ခဲ့​ပြီ။ သူ​၏​အိမ်​ရာ​ပစ္စည်း များ​ကို​လည်း​ဧ​သ​တာ​အား​ပေး​ခဲ့​ပြီ။-
Sarki Zerzes ya amsa wa Esta da Mordekai mutumin Yahuda, “Domin Haman ya kai wa Yahudawa hari, na ba da mallakarsa ga Esta, an kuma rataye shi a wurin rataye mai laifi.
8 သို့​ရာ​တွင်​ဘု​ရင့်​အ​မည်​ဖြင့်​ရေး​၍​လက်​စွပ် တော်​တံ​ဆိပ်​ခတ်​နှိပ်​ထား​သည့်​အ​မိန့်​တော် စာ​ကို​မူ​မ​ဖျက်​မ​ပယ်​နိုင်။ သို့​သော်​လည်း သင်​တို့​အ​လို​ရှိ​သည့်​အ​တိုင်း​ယု​ဒ​အ​မျိုး သား​များ​ထံ​သို့​ငါ​၏​နာ​မည်​ဖြင့်​စာ​ရေး ၍​ဘု​ရင့်​လက်​စွပ်​တော်​တံ​ဆိပ်​ကို​ခတ်​နှိပ် လော့'' ဟု​မိန့်​တော်​မူ​၏။
Yanzu ku rubuta wata doka, a sunan sarki, a madadin Yahudawa, yadda kuka ga ya fi kyau ku kuma hatimce ta da zoben hatimin sarki, gama babu takardar da aka rubuta da sunan sarki, aka kuma hatimce da zobensa da za a iya sokewa.”
9 ဤ​သို့​ဖြစ်​ပျက်​သည်​မှာ​သိ​ဝန်​ခေါ်​တ​တိ​ယ လ၊ နှစ်​ဆယ့်​သုံး​ရက်​နေ့​၌​ဖြစ်​၏။ မော်​ဒ​ကဲ သည်​မင်း​ကြီး​၏​အ​တွင်း​ဝန်​များ​ကို​ခေါ် ယူ​ကာ​ယု​ဒ​အ​မျိုး​သား​တို့​ထံ​သို့​လည်း ကောင်း၊ အိန္ဒိ​ယ​ပြည်​မှ​အဲ​သ​ရော​ပိ​ပြည် တိုင်​အောင်​တစ်​ရာ့​နှစ်​ဆယ့်​ခု​နစ်​ပြည်​နယ် ရှိ​ဘု​ရင်​ခံ​များ၊ အုပ်​ချုပ်​ရေး​မှူး​များ နှင့်​မင်း​အ​ရာ​ရှိ​များ​ထံ​သို့​အ​မှာ​စာ များ​ရေး​သား​ရန်​နှုတ်​တိုက်​ချ​ပေး​လေ သည်။ ထို​စာ​များ​ကို​ပြည်​နယ်​အ​သီး​သီး တွင်​အ​သုံး​ပြု​သည့်​ဘာ​သာ​စ​ကား များ​ဖြင့်​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​သား တို့​အ​တွက်​ယု​ဒ​ဘာ​သာ​ဖြင့်​လည်း ကောင်း​ရေး​သား​ထား​သ​တည်း။-
Nan da nan aka kira magatakardun fada, a ranar ashirin da uku ga watan uku, wato, watan Siban. Suka rubuta dukan umarnan Mordekai ga Yahudawa, da kuma ga shugabanni, da gwamnoni, da hakiman larduna 127 tun daga Indiya har zuwa Kush. Aka rubuta waɗannan umarnan a rubutun kowane lardi, da kuma cikin harshen kowane mutane. Aka kuma rubuta ga Yahudawa a rubutunsu da harshensu.
10 ၁၀ မော်​ဒ​ကဲ​သည်​ထို​စာ​တို့​ကို​ဇေ​ရဇ်​မင်း​၏ အ​မည်​ဖြင့်​ရေး​လျက် ဘု​ရင့်​လက်​စွပ်​တော် တံ​ဆိပ်​ခတ်​နှိပ်​ပြီး​လျှင်​စာ​ပို့​လု​လင်​တို့ အား ဘု​ရင့်​မြင်း​ဇောင်း​မှ​လျင်​မြန်​သည့် မြင်း​များ​ဖြင့်​သွား​ရောက်​ပေး​ပို့​စေ​၏။
Mordekai ya yi rubutu da sunan Sarki Zerzes, ya hatimce saƙonin da zoben hatimin sarki, ya kuma aika da su ta hannun masu’yan aika a kan dawakai, waɗanda sukan hau dawakai masu gudu sosai, da aka yi kiwonsu musamman saboda sarki.
11 ၁၁ ထို​အ​မိန့်​စာ​များ​တွင်​မင်း​ကြီး​သည်​ယု​ဒ အ​မျိုး​သား​တို့​အား မိ​မိ​တို့​၏​အ​သက် ဘေး​ကို​ကာ​ကွယ်​ရန်​အ​တွက်​စု​ရုံး​ခွင့်​ပြု တော်​မူ​ကြောင်း​ပါ​ရှိ​လေ​သည်။ မည်​သည့် ပြည်​နယ်​၌​မ​ဆို​ယု​ဒ​ယောကျာ်း​နှင့်​ဇ​နီး သား​သ​မီး​များ​ကို​လက်​နက်​စွဲ​ကိုင်​တိုက် ခိုက်​လာ​သော​အ​ဘယ်​လူ​မျိုး​ကို​မ​ဆို ပြန်​လည်​တိုက်​ခိုက်​နိုင်​ခွင့်​ရှိ​ကြ​၏။ သူ တို့​အား​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် ပြီး​လျှင်​သူ​တို့​၏​ပစ္စည်း​များ​ကို​လု​ယူ နိုင်​လေ​သည်။-
Dokar sarki ta ba wa Yahudawa a kowace birni izini su taru, su kuma kāre kansu, domin su hallaka, su kashe, su kuma hallaka kowace ƙungiyar mayaƙa, na kowace ƙasa, ko lardi, da wataƙila za su kai musu, da matansu, da yaransu hari; su kuma washe mallakar abokan gābansu.
12 ၁၂ ထို​အ​မိန့်​တော်​သည်​ပေ​ရ​သိ​အင်​ပါ​ယာ နိုင်​ငံ​တစ်​ဝှန်း​လုံး​၌​ယု​ဒ​အ​မျိုး​သား တို့​အား သတ်​ဖြတ်​ရန်​သတ်​မှတ်​ထား​သည့် အာ​ဒါ​ခေါ်​ဒွါ​ဒ​သ​မ​လ​ဆယ့်​သုံး​ရက် နေ့​မှ​အ​စ​ပြု​၍​အ​တည်​ဖြစ်​စေ​ရ​မည်။-
Ranar da aka shirya domin Yahudawa su yi wannan a dukan lardunan Sarki Zerzes, ita ce ranar goma sha uku ga watan goma sha biyu, wato, watan Adar.
13 ၁၃ ထို​နေ့​ကျ​ရောက်​လာ​သော​အ​ခါ​ယု​ဒ​အ​မျိုး သား​တို့​သည်​ရန်​သူ​များ​အား​လက်​စား​ချေ ရန်​အ​သင့်​ရှိ​နိုင်​ကြ​စေ​ရန် ထို​အ​မိန့်​တော် ကို​ဥ​ပ​ဒေ​အ​ဖြစ်​ပြ​ဋ္ဌာန်း​ကာ​ပြည်​နယ် တိုင်း​တွင်​လူ​အ​ပေါင်း​တို့​အား​ကြေ​ညာ​ရန် ဖြစ်​သည်။-
Za a ba da kofi na rubutacciyar dokar a matsayin ƙa’ida a kowane lardi, a kuma sanar wa mutanen kowace ƙasa, domin Yahudawa su zauna da shiri a ranar, domin su ɗau fansa a kan maƙiyansu.
14 ၁၄ သို့​ဖြစ်​၍​မြင်း​စီး​စာ​ပို့​လု​လင်​တို့​သည်​မင်း ကြီး​၏​အ​မိန့်​တော်​အ​ရ ဘု​ရင့်​မြင်း​တော် များ​ကို​စီး​၍​ခ​ရီး​ပြင်း​နှင်​ကြ​ကုန်​၏။ မြို့ တော်​ရှု​ရှန်​၌​လည်း​ထို​အ​မိန့်​ကို​ကြေ​ညာ ကြ​လေ​သည်။
’Yan aikan, a kan dawakan fada, suka fita a guje, umarnin sarki yana iza su. Aka kuma ba da dokar a mazaunin masarauta wadda take Shusha.
15 ၁၅ မော်​ဒ​ကဲ​သည်​မင်း​မြောက်​တန်​ဆာ​တည်း​ဟူ သော​ဝတ်​လဲ​အ​ဖြူ​နှင့်​အ​ပြာ​ကို​လည်း​ကောင်း၊ ခ​ရမ်း​ရောင်​ပိတ်​ချော​ဝတ်​လုံ​ကို​လည်း​ကောင်း ဝတ်​ဆင်​ကာ​ခန့်​ညား​သည်​ရွှေ​သ​ရ​ဖူ​ကို ဆောင်း​၍ နန်း​တော်​မှ​ထွက်​ခွာ​သွား​လေ​သည်။ ထို​အ​ခါ​ရှု​ရှန်​မြို့​တစ်​မြို့​လုံး​သည်​သြ​ဘာ သံ​များ၊ ရွှင်​လန်း​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် သံ​များ​နှင့်​ဆူ​ညံ​သွား​၏။-
Mordekai kuwa ya fita a gaban sarki da rigunan sarauta, masu ruwan shuɗi, da fari, da babban kambi na zinariya, da alkyabba ta lilin mai ruwan shunayya. Aka yi sowa don murna a birnin Shusha.
16 ၁၆ ယု​ဒ​အ​မျိုး​သား​တို့​သည်​စိတ်​သက်​သာ ရွှင်​လန်း​ဝမ်း​မြောက်​လျက်​အ​သ​ရေ​မြင့် လာ​ကြ​၏။-
Ga Yahudawa kuwa, lokaci ne na murna da farin ciki, da jin daɗi da bangirma.
17 ၁၇ မင်း​ကြီး​၏​အ​မိန့်​ကြေ​ညာ​ချက်​ရောက်​ရှိ သည့်​ပြည်​နယ်​နှင့်​မြို့​အ​ပေါင်း​တို့​တွင် ယု​ဒ​အ​မျိုး​သား​တို့​သည် ဝမ်း​မြောက်​စွာ စား​သောက်​လျက်​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ကို ကျင်း​ပ​ကြ​ကုန်​၏။ အ​ခြား​အ​မျိုး​သား အ​မြောက်​အ​မြား​သည်​ယု​ဒ​အ​မျိုး သား​တို့​ကို​ကြောက်​သော​ကြောင့်​ယု​ဒ ဘာ​သာ​သို့​ကူး​ပြောင်း​လာ​ကြ​လေ သည်။
A kowane lardi da kowace birni, ko’ina da dokar sarki ta kai, aka yi farin ciki a cikin Yahudawa, cike da bukukkuwa. Yawan mutane da waɗansu ƙasashe suka zama Yahudawa, don tsoron Yahudawa ya kama su.

< ဧ​သ​တာ 8 >