< ဧသတာ 7 >
1 ၁ ဤသို့ဖြင့်မင်းကြီးနှင့်ဟာမန်သည် ဧသတာ ၏ညစာစားပွဲသို့-
Vậy, vua và Ha-man đến dự tiệc rượu với hoàng hậu Ê-xơ-tê.
2 ၂ ဒုတိယအကြိမ်သွားရောက်ကြ၏။ မင်းကြီး သည်စပျစ်ရည်သောက်လျက်နေစဉ်ဧသတာ အား``မိဖုရားဧသတာ၊ အဘယ်ဆုကိုတောင်း လိုပါသနည်း။ ငါ့အားပြောကြားလော့။ သင့် အားငါပေးမည်။ ငါ၏အင်ပါယာနိုင်ငံတော် တစ်ဝက်တိုင်အောင်သင့်အားငါပေးမည်'' ဟု မိန့်တော်မူ၏။
Ngày thứ hai, trong khi dự tiệc rượu, vua cũng nói với bà Ê-xơ-tê rằng: Hỡi hoàng hậu Ê-xơ-tê, người muốn xin sự gì? tất sẽ ban cho ngươi; muốn cầu gì? dầu cho đến phân nửa nước, tất cũng ban cho.
3 ၃ မိဖုရားဧသတာက``အရှင်မင်းကြီးကျွန် တော်မသည်စိတ်တော်နှင့်တွေ့၍တောင်းလျှောက် သည်ကိုပေးတော်မူမည်ဆိုပါလျှင် ကျွန်တော် မ၏အသက်နှင့်ကျွန်တော်မ၏အမျိုးသား ချင်းတို့၏အသက်ကိုချမ်းသာပေးတော် မူပါ။-
Hoàng hậu Ê-xơ-tê thưa lại rằng: Ôi vua! nếu tôi được ơn trước mặt vua, và nếu vua vừa ý, xin vua hãy nhậm lời cầu khẩn tôi mà ban mạng sống cho tôi, và theo sự nài xin tôi mà ban cho tôi dân tộc tôi.
4 ၄ ကျွန်တော်မနှင့်ကျွန်တော်မ၏အမျိုးသား ချင်းတို့အားရောင်းစားလိုက်ကြပြီဖြစ်၍ ကျွန်တော်မတို့သည်သေရကြပါတော့မည်။ အကယ်၍ကျွန်ဘဝသို့ရောက်ရကြရုံသာ ဆိုလျှင်ကျွန်တော်မသည်အရှင်မင်းကြီး အားအနှောင့်အယှက်မပေးဘဲကြိတ်၍ခံ မည်သာဖြစ်ပါ၏။ ယခုမှာမူကျွန်တော် မတို့သည်အမျိုးပြုတ်အောင်သုတ်သင် ဖျက်ဆီးခြင်းကိုခံရကြပါတော့မည်'' ဟုလျှောက်၏။
Vì tôi và dân tộc tôi đã bị bán để hủy diệt, giết chết, và làm cho hư mất đi. Vả, nếu chúng tôi bị bán để làm nô lệ, tất tôi đã nín lặng, mặc dầu kẻ thù nghịch chẳng bồi thường sự thiệt hại cho vua lại được.
5 ၅ ထိုအခါဧကရာဇ်မင်းက``ဤသို့သော အမှုမျိုးကိုအဘယ်သူပြုရဲသနည်း။ ထိုသူကားအဘယ်မှာရှိသနည်း'' ဟု မေးတော်မူ၏။
Vua A-suê-ru nói với hoàng hậu Ê-xơ-tê rằng: Kẻ dám toan lòng làm như vậy là ai, và nó ở đâu?
6 ၆ ဧသတာက``ကျွန်တော်မတို့၏ရန်သူ၊ ကျွန် တော်မတို့အား နှိပ်စက်ညှင်းပန်းသူမှာဤ သူယုတ်မာဟာမန်ပင်ဖြစ်ပါသည်'' ဟု ပြန်၍လျှောက်လေ၏။ ထိုအခါဟာမန်သည်ကြောက်လန့်တုန်လှုပ် လျက်နေတော့၏။-
Bà Ê-xơ-tê thưa: Kẻ cừu thù, ấy là Ha-man độc ác kia. Ha-man bèn lấy làm khiếp vía trước mặt vua và hoàng hậu.
7 ၇ မင်းကြီးသည်အမျက်ထွက်၍ညစာစား ပွဲမှထပြီးလျှင်ဥယျာဉ်တော်သို့ကြွတော် မူ၏။ ဟာမန်သည်ဤအမှုကိစ္စအတွက် မိမိအားဧကန်မုချမင်းကြီးအပြစ်ပေး တော်မူမည်ကိုသိသဖြင့် မိမိ၏အသက် ကိုချမ်းသာပေးပါမည့်အကြောင်း ဧသတာအားအသနားခံရန်နေ ရစ်ခဲ့၏။-
Vua nổi thạnh nộ, đứng dậy khỏi bữa tiệc, đi ra nơi ngự viện. Còn Ha-man vì thấy rõ vua nhất định giáng họa cho mình, bèn ở lại nài khẩn hoàng hậu Ê-xơ-tê cứu sanh mạng mình.
8 ၈ သူသည်ဧသတာ၏သလွန်ထက်သို့လှဲချ ကာအသနားခံမည်အပြုတွင်မင်းကြီး သည် ဥယျာဉ်တော်မှပြန်လည်ရောက်ရှိကာ ညစာခန်းမဆောင်သို့ဝင်လာလေသည်။ ဟာမန်၏အမူအရာကိုမြင်သောအခါ မင်းကြီးက``ဤသူသည်မိဖုရားအားနန်း တော်အတွင်းငါ့ရှေ့မှောက်၌ပင်မတရား ပြုကျင့်မည်လော'' ဟုဟစ်အော်မိန့်မြွက် တော်မူ၏။ ယင်းသို့မင်းကြီးမိန့်မြွက်လိုက်သည့်အခါ မိန်းမစိုးတို့သည်ဟာမန်၏မျက်နှာကို ဖုံးအုပ်ကြလေသည်။
Khi vua ở ngoài ngự viện trở vào nhà tiệc, thì Ha-man đã phục dưới ghế dài nơi bà Ê-xơ-tê đương ngồi. Vua bèn nói: Trong cung tại trước mặt ta, nó còn dám lăng nhục hoàng hậu sao? Lời vừa ra khỏi miệng vua, người ta liền che mặt Ha-man lại.
9 ၉ ထိုနောက်မိန်းမစိုးဟာဗောနက``ဟာမန် သည်အရှင်မင်းကြီး၏အသက်ကိုကယ် ဆယ်သူမော်ဒကဲအားသတ်ရန် မိမိ၏ အိမ်၌လည်ဆွဲစိုက်ထူထားပါသည်။ ထို လည်ဆွဲတိုင်သည်ခုနစ်ဆယ့်ငါးပေမြင့် ပါ၏'' ဟုလျှောက်လေ၏။ မင်းကြီးက``ဟာမန်ကိုထိုတိုင်၌ဆွဲထား ကွပ်မျက်စေ'' ဟုအမိန့်ပေးတော်မူ၏။
Hạt-bô-na, một hoạn quan chầu chực vua, rằng: Kìa, cây mộc hình, cao năm mươi thước, mà Ha-man đã sắm dựng tại trong nhà mình cho Mạc-đô-chê, là người đã nói trung tín để cứu vua. Vua rằng: Hãy treo nó lên đó!
10 ၁၀ သို့ဖြစ်၍ဟာမန်သည်မော်ဒကဲအတွက် မိမိစိုက်ထူထားသည့်လည်ဆွဲတိုင်၌ပင် ကွပ်မျက်ခြင်းခံရလေတော့၏။ ထိုနောက် မှမင်းကြီးသည်အမျက်တော်ပြေသွား လေသည်။
Người ta bèn treo Ha-man nơi mộc hình mà hắn đã dựng lên cho Mạc-đô-chê. Rồi cơn giận của vua bèn nguôi đi.