< ဧ​သ​တာ 7 >

1 ဤ​သို့​ဖြင့်​မင်း​ကြီး​နှင့်​ဟာ​မန်​သည် ဧ​သ​တာ ၏​ည​စာ​စား​ပွဲ​သို့-
So the king and Haman went to dine with Esther the queen,
2 ဒု​တိ​ယ​အ​ကြိမ်​သွား​ရောက်​ကြ​၏။ မင်း​ကြီး သည်​စ​ပျစ်​ရည်​သောက်​လျက်​နေ​စဉ်​ဧ​သ​တာ အား``မိ​ဖု​ရား​ဧ​သ​တာ၊ အ​ဘယ်​ဆု​ကို​တောင်း လို​ပါ​သ​နည်း။ ငါ့​အား​ပြော​ကြား​လော့။ သင့် အား​ငါ​ပေး​မည်။ ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တော် တစ်​ဝက်​တိုင်​အောင်​သင့်​အား​ငါ​ပေး​မည်'' ဟု မိန့်​တော်​မူ​၏။
and as they drank their wine on that second day, the king asked once more, “Queen Esther, what is your petition? It will be given to you. What is your request? Even up to half the kingdom, it will be fulfilled.”
3 မိ​ဖု​ရား​ဧ​သ​တာ​က``အ​ရှင်​မင်း​ကြီး​ကျွန် တော်​မ​သည်​စိတ်​တော်​နှင့်​တွေ့​၍​တောင်း​လျှောက် သည်​ကို​ပေး​တော်​မူ​မည်​ဆို​ပါ​လျှင် ကျွန်​တော် မ​၏​အ​သက်​နှင့်​ကျွန်​တော်​မ​၏​အ​မျိုး​သား ချင်း​တို့​၏​အ​သက်​ကို​ချမ်း​သာ​ပေး​တော် မူ​ပါ။-
Queen Esther replied, “If I have found favor in your sight, O king, and if it pleases the king, grant me my life as my petition, and the lives of my people as my request.
4 ကျွန်​တော်​မ​နှင့်​ကျွန်​တော်​မ​၏​အ​မျိုး​သား ချင်း​တို့​အား​ရောင်း​စား​လိုက်​ကြ​ပြီ​ဖြစ်​၍ ကျွန်​တော်​မ​တို့​သည်​သေ​ရ​ကြ​ပါ​တော့​မည်။ အ​ကယ်​၍​ကျွန်​ဘ​ဝ​သို့​ရောက်​ရ​ကြ​ရုံ​သာ ဆို​လျှင်​ကျွန်​တော်​မ​သည်​အ​ရှင်​မင်း​ကြီး အား​အ​နှောင့်​အ​ယှက်​မ​ပေး​ဘဲ​ကြိတ်​၍​ခံ မည်​သာ​ဖြစ်​ပါ​၏။ ယ​ခု​မှာ​မူ​ကျွန်​တော် မ​တို့​သည်​အ​မျိုး​ပြုတ်​အောင်​သုတ်​သင် ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ကြ​ပါ​တော့​မည်'' ဟု​လျှောက်​၏။
For my people and I have been sold out to destruction, death, and annihilation. If we had merely been sold as menservants and maidservants, I would have remained silent, because no such distress would justify burdening the king.”
5 ထို​အ​ခါ​ဧ​က​ရာဇ်​မင်း​က``ဤ​သို့​သော အ​မှု​မျိုး​ကို​အ​ဘယ်​သူ​ပြု​ရဲ​သ​နည်း။ ထို​သူ​ကား​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု မေး​တော်​မူ​၏။
Then King Xerxes spoke up and asked Queen Esther, “Who is this, and where is the one who would devise such a scheme?”
6 ဧ​သ​တာ​က``ကျွန်​တော်​မ​တို့​၏​ရန်​သူ၊ ကျွန် တော်​မ​တို့​အား နှိပ်​စက်​ညှင်း​ပန်း​သူ​မှာ​ဤ သူ​ယုတ်​မာ​ဟာ​မန်​ပင်​ဖြစ်​ပါ​သည်'' ဟု ပြန်​၍​လျှောက်​လေ​၏။ ထို​အ​ခါ​ဟာ​မန်​သည်​ကြောက်​လန့်​တုန်​လှုပ် လျက်​နေ​တော့​၏။-
Esther replied, “The adversary and enemy is this wicked man—Haman!” And Haman stood in terror before the king and queen.
7 မင်း​ကြီး​သည်​အ​မျက်​ထွက်​၍​ည​စာ​စား ပွဲ​မှ​ထ​ပြီး​လျှင်​ဥ​ယျာဉ်​တော်​သို့​ကြွ​တော် မူ​၏။ ဟာ​မန်​သည်​ဤ​အ​မှု​ကိစ္စ​အ​တွက် မိ​မိ​အား​ဧ​ကန်​မု​ချ​မင်း​ကြီး​အ​ပြစ်​ပေး တော်​မူ​မည်​ကို​သိ​သ​ဖြင့် မိ​မိ​၏​အ​သက် ကို​ချမ်း​သာ​ပေး​ပါ​မည့်​အ​ကြောင်း ဧ​သ​တာ​အား​အ​သ​နား​ခံ​ရန်​နေ ရစ်​ခဲ့​၏။-
In his fury, the king arose from drinking his wine and went to the palace garden, while Haman stayed behind to beg Queen Esther for his life, for he realized that the king was planning a terrible fate for him.
8 သူ​သည်​ဧ​သ​တာ​၏​သ​လွန်​ထက်​သို့​လှဲ​ချ ကာ​အ​သ​နား​ခံ​မည်​အ​ပြု​တွင်​မင်း​ကြီး သည် ဥ​ယျာဉ်​တော်​မှ​ပြန်​လည်​ရောက်​ရှိ​ကာ ည​စာ​ခန်း​မ​ဆောင်​သို့​ဝင်​လာ​လေ​သည်။ ဟာ​မန်​၏​အ​မူ​အ​ရာ​ကို​မြင်​သော​အ​ခါ မင်း​ကြီး​က``ဤ​သူ​သည်​မိ​ဖု​ရား​အား​နန်း တော်​အ​တွင်း​ငါ့​ရှေ့​မှောက်​၌​ပင်​မ​တ​ရား ပြု​ကျင့်​မည်​လော'' ဟု​ဟစ်​အော်​မိန့်​မြွက် တော်​မူ​၏။ ယင်း​သို့​မင်း​ကြီး​မိန့်​မြွက်​လိုက်​သည့်​အ​ခါ မိန်း​မ​စိုး​တို့​သည်​ဟာ​မန်​၏​မျက်​နှာ​ကို ဖုံး​အုပ်​ကြ​လေ​သည်။
Just as the king returned from the palace garden to the banquet hall, Haman was falling on the couch where Esther was reclining. The king exclaimed, “Would he actually assault the queen while I am in the palace?” As soon as the words had left the king’s mouth, they covered Haman’s face.
9 ထို​နောက်​မိန်း​မ​စိုး​ဟာ​ဗော​န​က``ဟာ​မန် သည်​အ​ရှင်​မင်း​ကြီး​၏​အ​သက်​ကို​ကယ် ဆယ်​သူ​မော်​ဒ​ကဲ​အား​သတ်​ရန် မိ​မိ​၏ အိမ်​၌​လည်​ဆွဲ​စိုက်​ထူ​ထား​ပါ​သည်။ ထို လည်​ဆွဲ​တိုင်​သည်​ခု​နစ်​ဆယ့်​ငါး​ပေ​မြင့် ပါ​၏'' ဟု​လျှောက်​လေ​၏။ မင်း​ကြီး​က``ဟာ​မန်​ကို​ထို​တိုင်​၌​ဆွဲ​ထား ကွပ်​မျက်​စေ'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။
Then Harbonah, one of the eunuchs attending the king, said: “There is a gallows fifty cubits high at Haman’s house. He had it built for Mordecai, who gave the report that saved the king.” “Hang him on it!” declared the king.
10 ၁၀ သို့​ဖြစ်​၍​ဟာ​မန်​သည်​မော်​ဒ​ကဲ​အ​တွက် မိ​မိ​စိုက်​ထူ​ထား​သည့်​လည်​ဆွဲ​တိုင်​၌​ပင် ကွပ်​မျက်​ခြင်း​ခံ​ရ​လေ​တော့​၏။ ထို​နောက် မှ​မင်း​ကြီး​သည်​အ​မျက်​တော်​ပြေ​သွား လေ​သည်။
So they hanged Haman on the gallows he had prepared for Mordecai. Then the fury of the king subsided.

< ဧ​သ​တာ 7 >