< ဧသတာ 6 >
1 ၁ ထိုည၌မင်းကြီးသည်စက်တော်ခေါ်၍မရ သဖြင့် အင်ပါယာနိုင်ငံတော်မှတ်တမ်းများ ကိုတောင်းယူကာဖတ်ပြစေတော်မူ၏။-
၁ထို နေ့ည မှာ ရှင် ဘုရင်သည် စက်တော်ခေါ် ၍ မပျော်နိုင်သောကြောင့် ၊ နန်းတော်မှတ်စာ ကို ယူ ခဲ့ဟု မိန့် တော်မူ၍ ရှေ့ တော်၌ ဘတ် ရကြ၏။
2 ၂ ယင်းမှတ်တမ်းများတွင်အဆောင်တော်စောင့် မိန်းမစိုးဗိဂသန်နှင့်တေရက်တို့သည် မင်း ကြီးအားလုပ်ကြံရန်လျှို့ဝှက်ကြံစည်မှု ကိုအဘယ်သို့မော်ဒကဲတွေ့ရှိရသည့် အကြောင်းပါရှိလေသည်။-
၂ရှင်ဘုရင် အာရွှေရု ကို လုပ်ကြံ မည်ဟု ရှာကြံ သော နန်းတော်မိန်းမစိုး ၊ တံခါး စောင့် နှစ် ယောက်၊ ဗိဂသန် နှင့် တေရက် အကြံကို မော်ဒကဲ ဘော်ပြ ကြောင်း ကိုတွေ့ လျှင်၊
3 ၃ မင်းကြီးက``ဤအမှုအတွက်မော်ဒကဲအား ငါတို့အဘယ်သို့ဂုဏ်ပြုချီးမြှင့်ကာဆု တော်လာဘ်တော်များပေးခဲ့ပါသနည်း'' ဟုမေးတော်မူ၏။ နန်းတွင်းအစေခံများက``ထိုသူ၏အတွက် အဘယ်သို့မျှမပြုရသေးပါ'' ဟုပြန် လည်လျှောက်ထားကြ၏။
၃ရှင် ဘုရင်က၊ ထိုအကြံကို ဘော်ပြသောကြောင့်၊ မော်ဒကဲ အား အဘယ် ဆုအဘယ်အရာကို ပေး ပြီနည်းဟုမေး တော်မူသော် ၊ အထံတော်၌ ခစား သော ကျွန် တော်တို့ က၊ အဘယ်ဆုကို၏မျှ ပေး တော်မ မူပါသေးဟု ပြန် လျှောက် ကြ၏။
4 ၄ မင်းကြီးကလည်း``နန်းတော်တွင်း၌ငါ၏ မှူးမတ်တစ်စုံတစ်ယောက်ရှိပါသလော'' ဟု မေးတော်မူ၏။ ထိုအချိန်၌ဟာမန်သည်နန်းတော်တွင်းသို့ ဝင်ရောက်လာ၏။ သူသည်မိမိစိုက်ထူခဲ့သည့် လည်ဆွဲတိုင်တွင် မော်ဒကဲအားကွပ်မျက်ရန် မင်းကြီးထံခွင့်ပန်မည်အကြံနှင့်ရောက်ရှိ လာခြင်းဖြစ်၏။-
၄ရှင် ဘုရင်ကလည်း ၊ တန်တိုင်း တွင်း၌ အဘယ်သူ ရှိသနည်းဟုမေး တော်မူလျှင်၊ ဟာမန် သည် မိမိလုပ် နှင့် သော လည်ဆွဲ ချတိုင်၌ မော်ဒကဲ ကို လည်ဆွဲ ချရမည် အကြောင်း ၊ နန်းတော် ပြင် တန်တိုင်း တွင်းသို့ ဝင် မိသည် ဖြစ်၍၊
5 ၅ ထိုအခါနန်းတွင်းအစေခံများက``ဟာမန် ရှိပါသည်။ သူသည်ရှေ့တော်သို့ဝင်ရန်စောင့် နေပါသည်'' ဟုလျှောက်ကြ၏။ မင်းကြီးက``သူ့အားဝင်စေ'' ဟုမိန့်တော်မူ၏။
၅ရှင်ဘုရင် ၏ ကျွန် တို့က၊ ဟာမန် သည် တန်တိုင်း တော်တွင်း၌ ရှိ ပါ၏ဟု လျှောက် ကြသော် ၊ အထဲသို့ ဝင် စေ ဟု မိန့် တော်မူ၏။
6 ၆ ထို့ကြောင့်ဟာမန်သည်ရှေ့တော်သို့ဝင်ရောက် လာလေသည်။ ထိုအခါမင်းကြီးကသူ့အား``ငါ ဂုဏ်ပြုချီးမြှင့်လိုသူတစ်ယောက်ရှိသည်။ ထို သူကိုအဘယ်သို့ဂုဏ်ပြုချီးမြှင့်ရပါမည် နည်း'' ဟုမေးတော်မူ၏။ ဟာမန်သည်``အဘယ်သူအားမင်းကြီးဂုဏ်ပြု ချီးမြှင့်လိုပါလိမ့်မည်နည်း။ ငါ့ကိုသာလျှင် ဖြစ်တန်ရာ၏'' ဟုတွေးတောပြီးလျှင်၊-
၆ဟာမန် သည်ဝင် လျှင် ရှင် ဘုရင်က၊ ရှင်ဘုရင်ချီးမြှောက် လို သော သူ ၌ အဘယ်သို့ ပြု သင့်သနည်းဟုမေး တော်မူလျှင် ၊ ဟာမန် က ငါ မှတပါး ၊ ရှင်ဘုရင် သာ၍ ချီးမြှောက် လိုသောသူ တစုံ တယောက်ရှိနိုင်သလောဟုစိတ်ထဲမှာ အောက်မေ့ လျက်၊
7 ၇ မင်းကြီးက``ဘုရင်မင်းကြီးဆင်ယင်တော် မူသောမင်းမြောက်တန်ဆာ၊ စီးတော်မူသော မြင်းတော်၊ ဆောင်းတော်မူသောရာဇသရဖူ ကိုယူခဲ့စေတော်မူပါ။-
၇
၈ရှင်ဘုရင် ချီးမြှောက် ခြင်းငှါအလို တော်ရှိသော သူ အဘို့၊ ရှင်ဘုရင် ဝတ်ဆင် တော်မူသော မင်းမြောက်တန်ဆာ ၊ ရှင်ဘုရင် စီး တော်မူသော မြင်း တော်၊ ဆောင်း တော်မူသောရာဇ သရဖူ ကိုယူ ခဲ့၍၊
9 ၉ ထိုနောက်မှူးကြီးမတ်ကြီးတစ်ပါးကို ထိုသူ အားထိုတန်ဆာတော်များကိုဝတ်ဆင်ပေး စေပြီးလျှင် မြင်းပေါ်တွင်တင်၍မြင်းကို ဆွဲကာမြို့ကိုလှည့်လည်လျက်`ဘုရင်မင်းမြတ် သည်မိမိဂုဏ်ပြုချီးမြှင့်လိုသူအားအဘယ် သို့ချီးမြှင့်တော်မူသည်ကိုကြည့်ကြလော့' ဟု ကြွေးကြော်စေတော်မူပါ'' ဟုလျှောက်၏။
၉ထိုတန်ဆာ တော်နှင့် မြင်း တော်ကို ဘုန်းကြီးသောမှူး တော်မတ်တော်တပါး၌ အပ် ပြီးမှ ၊ ရှင်ဘုရင် ချီးမြှောက် ခြင်းငှါ ၊ အလို တော်ရှိသော သူ ကို ထိုအဝတ် တန်ဆာတော်နှင့် ဝတ်ဆင် စေ၍ ၊ မြင်း တော်ကို စီး စေပြီးလျှင်၊ မြို့ တော်လမ်းမ ၌ ဆောင်သွားလျက် ၊ ရှင်ဘုရင် ချီးမြှောက် ခြင်းငှါ အလို တော်ရှိသော သူ ၌ ဤသို့ ပြု ရသည် ဟု သူ့ ရှေ့ မှာ ကြွေးကြော် ပါစေဟု ရှင်ဘုရင် အား ပြန် လျှောက် လေ၏။
10 ၁၀ ထိုအခါမင်းကြီးသည်ဟာမန်အား``အဝတ် တန်ဆာနှင့်မြင်းတော်ကိုအမြန်ယူ၍ယုဒ အမျိုးသားမော်ဒကဲအားဂုဏ်ပြုချီးမြှင့် လော့။ သင်ပြောသမျှအတိုင်းပြုလော့။ သူ သည်နန်းတော်အဝင်ဝတွင်ထိုင်လျက်နေ သည်ကိုသင်တွေ့ရှိလိမ့်မည်'' ဟုမိန့်တော် မူ၏။
၁၀ထိုအခါ ရှင် ဘုရင်က၊ သင်ပြော သည်အတိုင်း အလျင် အမြန်သွား၍၊ အဝတ် တန်ဆာနှင့် မြင်း တော်ကို ယူ ပြီးလျှင် ၊ ယုဒ အမျိုးသား၊ နန်းတော်တံခါး မှူးမော်ဒကဲ ၌ ပြု လော့။ သင်ပြော သမျှ တွင် ၊ တစုံ တခုမျှမ လပ် စေနှင့်ဟု ဟာမန် အား မိန့် တော်မူ၏။
11 ၁၁ ထို့ကြောင့်ဟာမန်သည်အဝတ်တန်ဆာတော် နှင့်မြင်းတော်ကိုယူခဲ့ပြီးလျှင် မော်ဒကဲ အားအဝတ်တန်ဆာတော်ကိုဝတ်ဆင်ပေး ကာမြင်းပေါ်သို့တင်၍``ဘုရင်မင်းမြတ်သည် မိမိဂုဏ်ပြုချီးမြှင့်လိုသူအား အဘယ်သို့ ချီးမြှင့်တော်မူသည်ကိုကြည့်ကြလော့'' ဟု ကြွေးကြော်လျက်မြင်းကိုဆွဲ၍မြို့တွင်း၌ လှည့်လည်ရလေသည်။
၁၁ထိုအခါ ဟာမန် သည် အဝတ် တန်ဆာတော်နှင့် မြင်း တော်ကို ယူ ၍ ၊ မော်ဒကဲ ကို ဝတ်ဆင် စေပြီးလျှင် ၊ မြင်းတော်ကိုစီး စေသဖြင့်၊ မြို့ တော်လမ်းမ ၌ ဆောင်သွားလျက် ရှင်ဘုရင် ချီးမြှောက် ခြင်းငှါ အလို တော်ရှိသော သူ ၌ ဤသို့ ပြု ရသည်ဟု သူ့ ရှေ့ မှာ ကြွေးကြော် ၏။
12 ၁၂ ထိုနောက်မော်ဒကဲသည် နန်းတော်တံခါးဝ သို့ပြန်ရောက်လေ၏။ ဟာမန်မူကားညည်း တွား၍ ဦးခေါင်းခြုံလျက်အိမ်သို့ပြန်ပြီး လျှင်၊-
၁၂သို့ပြီးမှ ၊ မော်ဒကဲ သည် နန်းတော်တံခါး သို့ ပြန်လာ ၏။ ဟာမန် မူကား ညည်းတွား လျက် ခေါင်း ကို ခြုံ လျက်၊ မိမိ အိမ် သို့ အလျင် အမြန်သွား ပြီးလျှင်၊
13 ၁၃ မိမိဇနီးနှင့်မိတ်ဆွေများအား မိမိကြုံတွေ့ ခဲ့ရသည့်အဖြစ်အပျက်အလုံးစုံကိုပြောပြ လေသည်။ ထိုအခါဇနီးဖြစ်သူနှင့်မိတ်ဆွေ ပညာရှိတို့က``ကိုယ်တော်သည်မော်ဒကဲကို ရှုံးစပြုလေပြီ။ သူသည်ယုဒအမျိုးသား မှန်လျှင်ကိုယ်တော်သည်သူ့ကိုမနိုင်။ သူသည် ကိုယ်တော်ကိုမုချအနိုင်ရလိမ့်မည်'' ဟု ပြောကြားကြ၏။
၁၃မိမိ ၌ဖြစ် လေသမျှ ကို မယား ဇေရက် နှင့် အဆွေ ခင်ပွန်းရှိသမျှ တို့အား ကြားပြော လေ၏။ မယား ဇေရက် နှင့် ဟာမန် ၏ အဆွေပညာရှိ တို့ကလည်း ၊ ကိုယ်တော်ရှုံး စ ရှိသော မော်ဒကဲ သည်၊ ယုဒ အမျိုး မှန်လျှင် ၊ ကိုယ်တော် သည် သူ့ ကို မ နိုင်။။ သူ့ ရှေ့ မှာ ဧကန် အမှန်ရှုံး ရမည် ဟု ပြန်ပြော ကြ၏။
14 ၁၄ ထိုသူတို့ဤသို့ပြောဆိုနေကြစဉ်ပင်နန်း တော်မိန်းမစိုးများသည် ဟာမန်အားဧသတာ ၏ညစာစားပွဲသို့ခေါ်ဆောင်ရန်အလျင်စလို ရောက်ရှိလာကြလေသည်။
၁၄ထိုသို့ပြောဆို စဉ် တွင်၊ နန်းတော်မိန်းမစိုး တို့သည် လာ ၍ ဧသတာ ပြင်ဆင် သော ပွဲ သို့ ဟာမန် ကို အလျင် အမြန် ခေါ် သွားကြ၏။