< ဧ​သ​တာ 5 >

1 ဧ​သ​တာ​သည်​မိ​မိ​အ​စာ​ရှောင်​၍ သုံး​ရက်​မြောက် သော​နေ့​၌​မိ​ဖု​ရား​၏​အ​ဝတ်​တန်​ဆာ​ကို​ဝတ် ဆင်​ကာ ရာ​ဇ​ပလ္လင်​တည်​ရာ​ခန်း​မ​ဆောင်​၏​ရှေ့ ၌​ရှိ​သော​နန်း​တော်​အ​တွင်း​တံ​တိုင်း​သို့​သွား ၍​ရပ်​နေ​လေ​သည်။ မင်း​ကြီး​သည်​အ​ဝင်​ဝ ဘက်​သို့​လှည့်​၍​ထိုင်​လျက်​နေ​၏။-
Il terzo giorno, Ester si mise la veste reale, e si presentò nel cortile interno della casa del re, di faccia all’appartamento del re. Il re era assiso sul trono reale nella casa reale, di faccia alla porta della casa.
2 သူ​သည်​မိ​ဖု​ရား​ဧ​သ​တာ​ကို​မြင်​သော​အ​ခါ နူး​ညွတ်​သော​စိတ်​ရှိ​သ​ဖြင့် ရာ​ဇ​လှံ​တံ​ကို​ကမ်း ၍​ပေး​တော်​မူ​၏။ ဧ​သ​တာ​သည်​ချဉ်း​ကပ်​လာ ပြီး​လျှင်​ရာ​ဇ​လှံ​တံ​ကို​တို့​ထိ​လိုက်​လေ သည်။-
E come il re ebbe veduta la regina Ester in piedi nel cortile, ella si guadagnò la sua grazia; e il re stese verso Ester lo scettro d’oro che teneva in mano; ed Ester s’appressò, e toccò la punta dello scettro.
3 မင်း​ကြီး​က``မိ​ဖု​ရား​ဧ​သ​တာ၊ အ​ကြောင်း အ​ဘယ်​သို့​ရှိ​သ​နည်း။ သင်​တောင်း​လို​သော ဆု​ကို​ငါ့​အား​ပြော​ကြား​လော့။ ငါ​၏​အင်​ပါ ယာ​နိုင်​ငံ​တစ်​ဝက်​ကို​ပင်​တောင်း​လျှင်​ငါ​ပေး မည်'' ဟု​ဆို​၏။
Allora il re le disse: “Che hai, regina Ester? che domandi? Quand’anche tu chiedessi la metà del regno, ti sarà data”.
4 ဧ​သ​တာ​က``အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော် မူ​ပါ​လျှင် ယ​နေ့​ည​ကျွန်​တော်​မ​ပြင်​ဆင်​ထား သည့်​ည​စာ​စား​ပွဲ​သို့​ဟာ​မန်​နှင့်​အ​တူ​ကြွ ရောက်​တော်​မူ​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
Ester rispose: “Se così piace al re, venga oggi il re con Haman al convito che gli ho preparato”.
5 ထို​နောက်​မင်း​ကြီး​သည်​ဧ​သ​တာ​၏​အ​လို ပြည့်​စေ​ရန် ဟာ​မန်​အား​အ​လျင်​အ​မြန်​ခေါ် ယူ​တော်​မူ​ပြီး​လျှင် သူ​နှင့်​အ​တူ​ဧ​သ​တာ ၏​ည​စာ​စား​ပွဲ​သို့​ကြွ​တော်​မူ​၏။-
E il re disse: “Fate venir subito Haman, per fare ciò che Ester ha detto”. Così il re e Haman vennero al convito che Ester avea preparato.
6 မင်း​ကြီး​သည်​စ​ပျစ်​ရည်​သောက်​လျက်​နေ​စဉ် ဧ​သ​တာ​အား``သင်​တောင်း​လို​သော​ဆု​ကို​ငါ့ အား​ပြော​ကြား​လော့။ သင့်​အား​ငါ​ပေး​မည်။ ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တော်​တစ်​ဝက်​ကို​ပင် တောင်း​ခံ​လျှင်​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
E il re disse ad Ester, mentre si beveva il vino: “Qual è la tua richiesta? Ti sarà concessa. Che desideri? Fosse anche la metà del regno, l’avrai”.
7 ဧ​သ​တာ​က​အ​ကယ်​၍​အ​ရှင်​မင်း​ကြီး သည် ကျွန်​တော်​မ​တောင်း​ခံ​သည့်​ဆု​ကို​ပေး တော်​မူ​မည်​ဆို​ပါ​က နက်​ဖြန်​ခါ​အ​ရှင်​၏ အ​တွက်​ကျွန်​တော်​မ​ပြင်​ဆင်​ကျွေး​မွေး​မည့် ည​စာ​စား​ပွဲ​သို့​လည်း ဟာ​မန်​နှင့်​အ​တူ​ကြွ တော်​မူ​ပါ။ ထို​အ​ခါ​ကျွန်​တော်​မ​တောင်း​လို သော​ဆု​ကို​ပြော​ကြား​ပါ​မည်'' ဟု​လျှောက် လေ​၏။
Ester rispose: “Ecco la mia richiesta, e quel che desidero:
8
se ho trovato grazia agli occhi del re, e se piace al re di concedermi quello che chiedo e di soddisfare il mio desiderio, venga il re con Haman al convito ch’io preparerò loro, e domani farò come il re ha detto”.
9 ည​စာ​စား​ပွဲ​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ဟာ​မန် သည်​ဝမ်း​မြောက်​ပျော်​ရွှင်​လျက်​နေ​၏။ သို့​ရာ တွင်​သူ​သည်​မော်​ဒ​ကဲ​ကို​နန်း​တော်​အ​ဝင်​ဝ တွင်​တွေ့​ရှိ​ရ​၍ မော်​ဒ​ကဲ​က​သူ့​အား​အ​ရို အ​သေ​မ​ပြု​သော​အ​ခါ​၌​မူ​ပြင်း​စွာ အ​မျက်​ထွက်​လေ​သည်။-
E Haman uscì, quel giorno, tutto allegro e col cuor contento; ma quando vide, alla porta del re, Mardocheo che non s’alzava né si moveva per lui, fu pieno d’ira contro Mardocheo.
10 ၁၀ သို့​သော်​လည်း​သူ​သည်​မိ​မိ​စိတ်​ကို​ချုပ်​တည်း လျက်​အိမ်​သို့​ပြန်​ပြီး​လျှင် မိတ်​ဆွေ​များ​ကို မိ​မိ​အိမ်​သို့​ခေါ်​ဖိတ်​ကာ​မိ​မိ​ဇ​နီး​ဇေ​ရတ် ကို​လည်း​သူ​တို့​နှင့်​အ​တူ​ထိုင်​စေ​၏။-
Nondimeno Haman si contenne, se ne andò a casa, e mandò a chiamare i suoi amici e Zeresh, sua moglie.
11 ၁၁ ထို​နောက်​ဟာ​မန်​သည်​မိ​မိ​အ​ဘယ်​မျှ​ချမ်း သာ​ကြွယ်​ဝ​ကြောင်း မိ​မိ​မှာ​သား​ယောကျာ်း အ​ဘယ်​မျှ​ရှိ​ကြောင်း၊ မိ​မိ​အား​ဘု​ရင်​မင်း မြတ်​သည်​ကြီး​မြင့်​သည့်​ရာ​ထူး​ဖြင့်​အ​ဘယ် သို့​ချီး​မြှင့်​တော်​မူ​ကြောင်း၊ မိ​မိ​သည်​အ​ခြား မင်း​အ​ရာ​ရှိ​များ​ထက် အ​ဘယ်​မျှ​ပို​၍​အ​ရေး ပါ​အ​ရာ​ရောက်​ကြောင်း​များ​ကို​ကြွား​ဝါ​ပြော ဆို​လေ​သည်။-
E Haman parlò loro della magnificenza delle sue ricchezze, del gran numero de’ suoi figliuoli, di tutto quello che il re aveva fatto per aggrandirlo, e del come l’aveva innalzato al disopra dei capi e dei servi del re.
12 ၁၂ သူ​သည်​ဆက်​လက်​၍``ဤ​အ​မှု​အ​ရာ​များ အ​ပြင်​မိ​ဖု​ရား​ဧ​သ​တာ​က​လည်း​မင်း​ကြီး နှင့်​ငါ​သာ​လျှင် ည​စာ​စား​ပွဲ​နှင့်​ဧည့်​ခံ​ခဲ့ ပါ​၏။ နက်​ဖြန်​ခါ​လည်း​ငါ​တို့​အား​ည​စာ စား​ပွဲ​သို့​ဖိတ်​ကြား​ထား​ပါ​သေး​သည်။-
E aggiunse: “Anche la regina Ester non ha fatto venire col re altri che me al convito che ha dato; e anche per domani sono invitato da lei col re.
13 ၁၃ သို့​ရာ​တွင်​နန်း​တော်​တံ​ခါး​ဝ​တွင်​ယု​ဒ​အ​မျိုး သား​မော်​ဒ​ကဲ​ထိုင်​လျက်​နေ​သည်​ကို ငါ​တွေ့​မြင် နေ​ရ​သ​မျှ​ကာ​လ​ပတ်​လုံး ယ​ခု​ဖော်​ပြ​သ​မျှ တို့​သည်​ငါ့​အ​တွက်​အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း'' ဟု​ဆို​၏။
Ma tutto questo non mi soddisfa finché vedrò quel Giudeo di Mardocheo sedere alla porta del re”.
14 ၁၄ ထို့​အ​ခါ​သူ​၏​ဇ​နီး​နှင့်​မိတ်​ဆွေ​အ​ပေါင်း တို့​က​သူ့​အား``ခု​နစ်​ဆယ့်​ငါး​ပေ​မြင့်​သည့် လည်​ဆွဲ​တိုင်​ကို​စိုက်​ထူ​စေ​ပါ​လော့။ မော်​ဒ​ကဲ အား​ထို​လည်​ဆွဲ​တိုင်​တွင်​တင်​၍​သတ်​ရန် နက် ဖြန်​နံ​နက်​၌​မင်း​ကြီး​အား​လျှောက်​ထား​ပါ လော့။ ထို​နောက်​ပျော်​ရွှင်​စွာ​ည​စာ​စား​ပွဲ​သို့ သွား​နိုင်​ပါ​လိမ့်​မည်'' ဟု​အ​ကြံ​ပေး​ကြ​၏။ ဟာ​မန်​သည်​ထို​အ​ကြံ​ကို​နှစ်​သက်​သ​ဖြင့် လည်​ဆွဲ​တိုင်​ကို​စိုက်​ထူ​စေ​၏။
Allora Zeresh sua moglie, e tutti i suoi amici gli dissero: “Si prepari una forca alta cinquanta cubiti; e domattina di’ al re che vi s’appicchi Mardocheo; poi vattene allegro al convito col re”. E la cosa piacque a Haman, che fece preparare la forca.

< ဧ​သ​တာ 5 >