< ဧ​သ​တာ 4 >

1 ဤ​အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​ကို မော်​ဒ​ကဲ သိ​ရ​သော​အ​ခါ​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​လျက် မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ပြီး​လျှင်​လျှော် တေ​ကို​ဝတ်​၍​ဦး​ခေါင်း​ကို​ပြာ​နှင့်​လူး​၏။ ထို နောက်​သူ​သည်​ပြင်း​ပြ​စွာ​ငို​ကြွေး​မြည်​တမ်း လျက် နန်း​တော်​အ​ဝင်​ဝ​သို့​ရောက်​သည်​တိုင် အောင်​မြို့​ကို​ဖြတ်​၍​လျှောက်​သွား​လေ​သည်။ မည်​သူ​မ​ဆို​လျှော်​တေ​ကို​ဝတ်​၍ နန်း​တွင်း သို့​မ​ဝင်​ရ​သော​ကြောင့်​သူ​သည်​နန်း​တွင်း သို့​မ​ဝင်​ချေ။-
Quæ cum audisset Mardochæus, scidit vestimenta sua, et indutus est sacco, spargens cinerem capiti: et in platea mediæ civitatis voce magna clamabat, ostendens amaritudinem animi sui,
2
et hoc eiulatu usque ad fores palatii gradiens. Non enim erat licitum indutum sacco aulam regis intrare.
3 မင်း​ကြီး​၏​အ​မိန့်​ကြေ​ငြာ​ချက်​ရောက်​ရှိ လေ​ရာ​ပြည်​နယ်​တို့​၌ ယု​ဒ​အ​မျိုး​သား တို့​သည်​အ​စာ​ရှောင်​၍​အော်​ဟစ်​ငို​ကြွေး မြည်​တမ်း​ကြ​ကုန်​၏။ လူ​တိုင်း​လို​ပင်​လျှော် တေ​ကို​ဝတ်​ကာ​ပြာ​ပေါ်​တွင်​လှဲ​၍​နေ​ကြ ကုန်​၏။
In omnibus quoque provinciis, oppidis, ac locis, ad quæ crudele regis dogma pervenerat, planctus ingens erat apud Iudæos, ieiunium, ululatus, et fletus, sacco et cinere multis pro strato utentibus.
4 အ​ပျို​တော်​တို့​နှင့်​မိန်း​မ​စိုး​တို့​သည် မော်​ဒ​ကဲ အ​ဘယ်​သို့​ပြု​လျက်​နေ​သည်​ကို​ဧ​သ​တာ အား​ပြော​ပြ​ကြ​၏။ ထို​အ​ခါ​ဧ​သ​တာ သည်​လွန်​စွာ​စိတ်​ဒုက္ခ​ရောက်​၍ မော်​ဒ​ကဲ​အား လျှော်​တေ​ကို​လဲ​စေ​ရန်​ပေး​ပို့​သော်​လည်း မော်​ဒ​ကဲ​လက်​မ​ခံ​ဘဲ​နေ​၏။-
Ingressæ autem sunt puellæ Esther et eunuchi, nuntiaveruntque ei. Quod audiens consternata est: et vestem misit, ut ablato sacco induerent eum: quam accipere noluit.
5 ထို​အ​ခါ​မိ​ဖု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ အ​ဖြစ် မင်း​ကြီး​ခန့်​ထား​ပေး​သူ၊ မိန်း​မ​စိုး ဟာ​တက်​ကို​ခေါ်​ယူ​ပြီး​လျှင် အ​ကျိုး အ​ကြောင်း​ကို​စုံ​စမ်း​ရန်​မော်​ဒ​ကဲ​ထံ သို့​စေ​လွှတ်​လိုက်​လေ​သည်။-
Accitoque Athach eunucho, quem rex ministrum ei dederat, præcepit ei ut iret ad Mardochæum, et disceret ab eo cur hoc faceret.
6 ဟာ​တက်​သည်​နန်း​တော်​တံ​ခါး​ရှေ့​မြို့​တော် ကွက်​လပ်​တွင်​ရှိ​သော​မော်​ဒ​ကဲ​ထံ​သို့​သွား​၏။-
Egressusque Athach, ivit ad Mardochæum stantem in platea civitatis, ante ostium palatii:
7 မော်​ဒ​ကဲ​က​သူ့​အား​ဖြစ်​ပျက်​ခဲ့​သည့် အ​မှု​အ​ရာ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ကွပ် မျက်​လျှင်​ဘု​ရင့်​ဘဏ္ဍာ​တော်​သို့​ငွေ​မည်​မျှ ပေး​သွင်း​ရန် ဟာ​မန်​က​တိ​ပြု​ထား​ကြောင်း ကို​လည်း​ကောင်း​ပြော​ပြ​၏။-
qui indicavit ei omnia, quæ acciderant, quo modo Aman promisisset, ut in thesauros regis pro Iudæorum nece inferret argentum.
8 ယု​ဒ​အ​မျိုး​သား​များ​အား​ကွပ်​မျက်​ရန် အ​တွက် ရှု​ရှန်​မြို့​တွင်​ထုတ်​ပြန်​ထား​သည့် အ​မိန့်​ကြေ​ငြာ​ချက်​မိတ္တူ​တစ်​စောင်​ကို လည်း​ပေး​လိုက်​၏။ မော်​ဒ​ကဲ​သည်​ဟာ​တက် အား``ဤ​အ​မိန့်​ကြေ​ငြာ​ချက်​မိတ္တူ​ကို​ဧ​သ တာ​အား​ပေး​၍ ဖြစ်​ပျက်​လျက်​ရှိ​သည့် အ​ခြေ​အ​နေ​ကို​ရှင်း​ပြ​ပါ​လော့။ ထို​နောက် သူ့​အား​မင်း​ကြီး​ထံ​သို့​ဝင်​၍ မိ​မိ​၏​လူ မျိုး​အ​ပေါ်​တွင်​က​ရု​ဏာ​ထား​တော်​မူ​ရန် လျှောက်​ထား​တောင်း​ပန်​စေ​ပါ​လော့'' ဟု မှာ​ကြား​လိုက်​လေ​သည်။-
exemplar quoque edicti, quod pendebat in Susan, dedit ei, ut reginæ ostenderet, et moneret eam, ut intraret ad regem, et deprecaretur eum pro populo suo.
9 ဟာ​တက်​သည်​လည်း​မော်​ဒ​ကဲ​မှာ​ကြား လိုက်​သည့်​အ​တိုင်း​ပြု​၏။-
Regressus Athach, nuntiavit Esther omnia, quæ Mardochæus dixerat.
10 ၁၀ ထို​အ​ခါ​ဧ​သ​တာ​သည်​ဟာ​တက်​မှ​တစ်​ဆင့် မော်​ဒ​ကဲ​အား၊-
Quæ respondit ei, et iussit ut diceret Mardochæo:
11 ၁၁ ``ယောကျာ်း​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ​မင်း​ကြီး ခေါ်​တော်​မ​မူ​ဘဲ​နန်း​တော်​အ​တွင်း​တံ​တိုင်း၊ မင်း​ကြီး​ထံ​တော်​သို့​ဝင်​မိ​သူ​သည်​သေ​ဒဏ် ခံ​ရ​မည်​ဖြစ်​ပါ​၏။ ဤ​ကား​တ​ရား​ဥ​ပ​ဒေ အ​ရ​ဖြစ်​သ​ဖြင့်​ဘု​ရင့်​အ​ကြံ​ပေး​အ​မတ် များ​မှ​စ​၍ ပြည်​နယ်​အ​သီး​သီး​ရှိ​လူ​အ ပေါင်း​တို့​သိ​ကြ​ပါ​သည်။ ထို​ဥ​ပ​ဒေ​ကို ရှောင်​ကွင်း​နိုင်​ရန်​လမ်း​တစ်​လမ်း​သာ​ရှိ​ပါ သည်။ အ​ကယ်​၍​မင်း​ကြီး​က​ရာ​ဇ​လှံ​တံ တော်​ကို​ကမ်း​တော်​မူ​လျှင် ဝင်​မိ​သူ​အ​သက် ချမ်း​သာ​ရာ​ရ​ပါ​၏။ သို့​ရာ​တွင်​ကျွန်​မ အား​မင်း​ကြီး​ခေါ်​ယူ​တော်​မ​မူ​သည်​မှာ တစ်​လ​ရှိ​ပါ​ပြီ'' ဟု​ပြန်​ကြား​လေ​သည်။
Omnes servi regis, et cunctæ, quæ sub ditione eius sunt, norunt provinciæ, quod sive vir, sive mulier non vocatus, interius atrium regis intraverit, absque ulla cunctatione statim interficiatur: nisi forte rex auream virgam ad eum tetenderit pro signo clementiæ, atque ita possit vivere. Ego igitur quo modo ad regem intrare potero, quæ triginta iam diebus non sum vocata ad eum?
12 ၁၂ မော်​ဒ​ကဲ​သည်​ဧ​သ​တာ​ပြန်​ကြား​သည့် စ​ကား​ကို​ကြား​ရ​သော​အ​ခါ၊-
Quod cum audisset Mardochæus,
13 ၁၃ ဧ​သ​တာ​အား``သင်​သည်​နန်း​တွင်း​၌​နေ​ရ သ​ဖြင့် အ​ခြား​ယု​ဒ​အ​မျိုး​သား​များ​ထက် ပို​၍​လုံ​ခြုံ​မှု​ရှိ​လိမ့်​မည်​ဟု​မ​ထင်​မှတ်​ပါ​နှင့်။-
rursum mandavit Esther, dicens: Ne putes quod animam tuam tantum liberes, quia in domo regis es præ cunctis Iudæis:
14 ၁၄ အ​ကယ်​၍​သင်​သည်​ယ​ခု​အ​ချိန်​အ​ခါ​မျိုး ၌​ဆိတ်​ဆိတ်​နေ​ပါ​မူ ယု​ဒ​အ​မျိုး​သား​တို့ သည် ကောင်း​ကင်​ဘုံ​မှ​အ​ကူ​အ​ညီ​ကို​ရ​ရှိ ၍​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​ပါ​မည်။ သင်​မူ ကား​အ​သတ်​ခံ​ရ​လျက်​ဖ​ခင်​၏​အိမ်​ထောင်​စု သည်​လည်း​ပျက်​စီး​ဆုံး​ပါး​ကြ​လိမ့်​မည်။ သို့ ရာ​တွင်​သင်​မိ​ဖု​ရား​ဖြစ်​လာ​ရ​သည်​မှာ ဤ အ​ချိန်​အ​ခါ​မျိုး​အ​တွက်​ပင်​ဖြစ်​သည်​မ ဟုတ်​ပါ​လော'' ဟု​သ​တိ​ပေး​စ​ကား​မှာ ကြား​လိုက်​၏။
si enim nunc silueris, per aliam occasionem liberabuntur Iudæi: et tu, et domus patris tui peribitis. Et quis novit utrum idcirco ad regnum veneris, ut in tali tempore parareris?
15 ၁၅ ဧ​သ​တာ​သည်​မော်​ဒ​ကဲ​အား၊
Rursumque Esther hæc Mardochæo verba mandavit:
16 ၁၆ ``ရှု​ရှန်​မြို့​တွင်​ရှိ​သ​မျှ​သော​ယု​ဒ​အ​မျိုး သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ကျွန်​မ​အ​တွက် အ​စာ​ရှောင်​စေ​၍ နေ့​ညဥ့်​မ​ပြတ်​သုံး​ရက် ပတ်​လုံး​မ​စား​မ​သောက်​ဘဲ​နေ​ကြ​ပါ​စေ။ ကျွန်​မ​နှင့်​ကျွန်​မ​၏​အ​ပျို​တော်​တို့​သည် လည်း​အ​စာ​ရှောင်​ကြ​ပါ​မည်။ ထို​နောက်​တ​ရား ဥ​ပ​ဒေ​ကူး​လွန်​၍​သေ​ဒဏ်​ခံ​ရ​စေ​ကာ​မူ မင်း​ကြီး​ထံ​သို့​ကျွန်​မ​ဝင်​ပါ​မည်'' ဟု​ပြန် ကြား​လိုက်​၏။
Vade et congrega omnes Iudæos, quos in Susan repereris, et orate pro me. Non comedatis, et non bibatis tribus diebus, et tribus noctibus: et ego cum ancillis meis similiter ieiunabo, et tunc ingrediar ad regem contra legem faciens, non vocata, tradensque me morti et periculo.
17 ၁၇ ထို​အ​ခါ​မော်​ဒ​ကဲ​သည်​ထွက်​ခွာ​ကာ ဧ​သ​တာ မှာ​ကြား​လိုက်​သည့်​အ​တိုင်း​ပြု​လေ​သည်။
Ivit itaque Mardochæus, et fecit omnia, quæ ei Esther præceperat.

< ဧ​သ​တာ 4 >