< ဧသတာ 3 >
1 ၁ ကာလအနည်းငယ်ကြာသော်ဇေရဇ်မင်း သည်အာဂတ် မှဆင်းသက်သူ၊ ဟမ္မေဒါသ၏သားဟာမန် အားဝန်ကြီးချုပ်အဖြစ်ချီးမြှင့်တော်မူ၏။-
Post hæc rex Assuerus exaltavit Aman filium Amadathi, qui erat de stirpe Agag: et posuit solium eius super omnes principes, quos habebat.
2 ၂ မင်းကြီးသည်ဟာမန်အားဦးညွတ်ရှိခိုး ၍အရိုအသေပေးကြရန် အမှုတော်ထမ်း အရာရှိအပေါင်းတို့အားအမိန့်ထုတ်ပြန် တော်မူသည့်အတိုင်းလိုက်နာကြလေသည်။-
Cunctique servi regis, qui in foribus palatii versabantur, flectebant genua, et adorabant Aman: sic enim præceperat eis imperator. Solus Mardochæus non flectebat genu, neque adorabat eum.
3 ၃ မော်ဒကဲတစ်ဦးတည်းသာလျှင်မလိုက်နာ ဘဲနေ၏။ အခြားနန်းတွင်းအရာရှိများက သူ့အား``သင်သည်အဘယ်ကြောင့်ဘုရင့်အမိန့် တော်ကိုဖီဆန်ပါသနည်း'' ဟုမေးမြန်းကာ၊-
Cui dixerunt pueri regis, qui ad fores palatii præsidebant: Cur præter ceteros non observas mandatum regis?
4 ၄ အလျှော့ပေးရန်နေ့စဉ်နေ့တိုင်းတိုက်တွန်း ကြ၏။ သို့ရာတွင်မော်ဒကဲသည်နားမထောင် ဘဲ``ငါသည်ယုဒအမျိုးသားတစ်ဦးဖြစ် သဖြင့်ဟာမန်အားဦးမညွှတ်ရှိမခိုးနိုင် ပါ'' ဟုရှင်းပြလေသည်။ ထို့ကြောင့်ထိုသူ တို့သည်မော်ဒကဲ၏အပြုအမူကို ဟာမန် သည်းခံမည်မခံမည်ကိုသိလို၍ဟာမန် အားတိုင်ကြားကြ၏။-
Cumque hoc crebrius dicerent, et ille nollet audire, nuntiaverunt Aman, scire cupientes utrum perseveraret in sententia: dixerat enim eis se esse Iudæum.
5 ၅ ဤသို့မော်ဒကဲဦးမညွှတ်ရှိမခိုးလို သည့်အကြောင်းကိုကြားသိရသောအခါ ဟာမန်သည်လွန်စွာအမျက်ထွက်လေသည်။-
Quod cum audisset Aman, et experimento probasset quod Mardochæus non flecteret sibi genu, nec se adoraret, iratus est valde,
6 ၆ မော်ဒကဲသည်ယုဒအမျိုးသားတစ်ဦး ဖြစ်ကြောင်းကိုလည်းသိရှိရသဖြင့် ဟာမန် သည်မော်ဒကဲတစ်ဦးတည်းကိုသာမဟုတ်၊ ပေရသိအင်ပါယာနိုင်ငံတော်အတွင်း ရှိ ရှိသမျှသောယုဒအမျိုးသားတို့ကိုပါ ကွပ်မျက်ရန်ကြံစည်လေသည်။
et pro nihilo duxit in unum Mardochæum mittere manus suas: audierat enim quod esset gentis Iudææ. Magisque voluit omnem Iudæorum, qui erant in regno Assueri, perdere nationem.
7 ၇ ဇေရဇ်မင်းနန်းစံဆယ့်နှစ်နှစ်မြောက်၊ နိသန် ခေါ်ပထမလ၌ဟာမန်သည် မိမိ၏အကြံ အစည်ကိုအကောင်အထည်ဖော်ရန် သင့် လျော်မည့်နေ့ရက်ကိုပုရဟုခေါ်သော မဲ စနစ်ဖြင့်ရွေးချယ်စေရာအာဒါခေါ်ဒွါ ဒသမလ၊ ဆယ့်သုံးရက်နေ့ကိုရရှိလေ သည်။
Mense primo (cuius vocabulum est Nisan) anno duodecimo regni Assueri, missa est sors in urnam, quæ Hebraice dicitur phur, coram Aman, quo die et quo mense gens Iudæorum deberet interfici: et exivit mensis duodecimus, qui vocatur Adar.
8 ၈ ထို့ကြောင့်ဟာမန်သည်မင်းကြီးအား``အရှင် ၏အင်ပါယာနိုင်ငံတော်ပြည်နယ်တိုင်းမှာ ပင်ပျံ့နှံ့လျက်နေသည့်လူမျိုးတစ်မျိုးရှိ ပါသည်။ သူတို့၏ဋ္ဌလေ့ထုံးစံများသည် အခြားလူမျိုးတို့၏ဋ္ဌလေ့ထုံးစံများနှင့် မတူပါ။ သူတို့သည်နိုင်ငံတော်၏တရား ဥပဒေများကိုလည်းမလိုက်နာကြပါ။ သို့ဖြစ်၍သူတို့အားသည်းခံလျက်နေ ခြင်းအားဖြင့်အရှင့်၏အတွက်အကျိုး ရှိမည်မဟုတ်ပါ။-
Dixitque Aman regi Assuero: Est populus per omnes provincias regni tui dispersus, et a se mutuo separatus, novis utens legibus et ceremoniis, insuper et regis scita contemnens. Et optime nosti quod non expediat regno tuo ut insolescat per licentiam.
9 ၉ အရှင်မင်းကြီးသဘောတူတော်မူပါလျှင် သူတို့အားကွပ်မျက်ရန်အမိန့်ထုတ်ပြန်တော် မူပါ။ အရှင်ဤသို့ပြုတော်မူမည်ဆိုပါလျှင် နိုင်ငံတော်အုပ်ချုပ်ရေးအတွက် အရှင့်ဘဏ္ဍာ တော်သို့ငွေသုံးရာခုနစ်ဆယ့်ငါးတန်ပေး သွင်းရန်ကျွန်တော်မျိုးတာဝန်ယူပါမည်'' ဟုလျှောက်၏။
Si tibi placet, decerne, ut pereat, et decem millia talentorum appendam arcariis gazæ tuæ.
10 ၁၀ ထိုအခါမင်းကြီးသည်မိမိ၏အမိန့်ကြေ ငြာချက်များကိုတရားဝင်ဖြစ်စေရန် တံဆိပ် ခတ်နှိပ်ရသည့်လက်စွပ်တော်ကိုချွတ်၍ယုဒ အမျိုးသားတို့၏ရန်သူ၊ အာဂတ်မှဆင်း သက်သူ၊ ဟမ္မေဒါသ၏သားဟာမန်အား ပေးအပ်လျက်၊-
Tulit ergo rex annulum, quo utebatur, de manu sua, et dedit eum Aman filio Amadathi de progenie Agag, hosti Iudæorum,
11 ၁၁ ``သင့်သဘောအတိုင်းပြုရန်ထိုလူမျိုးနှင့် သူတို့၏ငွေကိုသင့်လက်သို့ငါပေးအပ်၏'' ဟုမိန့်တော်မူ၏။
dixitque ad eum: Argentum, quod tu polliceris, tuum sit. De populo age quod tibi placet.
12 ၁၂ ပထမလ၊ ဆယ့်သုံးရက်နေ့၌ဟာမန်သည် မင်းကြီး၏အတွင်းဝန်များကိုခေါ်၍ အမိန့် ကြေငြာချက်ရေးသားရန်နှုတ်တိုက်ချ၍ ပေးလေသည်။ ထိုနောက်ထိုအမိန့်ကိုအင် ပါယာနိုင်ငံတော်အတွင်းရှိလူအမျိုး မျိုးတို့၏ဘာသာစကားသို့ပြန်ဆိုရေး သားစေ၍အုပ်ချုပ်သူများ၊ ဘုရင်ခံများ နှင့်မင်းအရာရှိထံသို့ပေးပို့၏။ ထိုအမိန့် တော်ကိုဇေရဇ်မင်း၏နာမည်နှင့်ထုတ် ပြန်ကာ ဘုရင့်တံဆိပ်တော်ခတ်နှိပ်ထား လေသည်။-
Vocatique sunt scribæ regis mense primo Nisan, tertiadecima die eiusdem mensis: et scriptum est, ut iusserat Aman, ad omnes satrapas regis, et iudices provinciarum, diversarumque gentium, ut quæque gens legere poterat, et audire pro varietate linguarum ex nomine regis Assueri: et litteræ signatæ ipsius annulo,
13 ၁၃ စာပို့လုလင်တို့သည်ထိုအမိန့်တော်ကို အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် ရှိသမျှသို့ယူဆောင်သွားကြ၏။ ထိုအမိန့် တော်တွင်``အာဒါလ၊ ဆယ့်သုံးရက်နေ့တစ်နေ့ တည်း၌ယုဒအမျိုးသားလူကြီးလူငယ် ယောကျာ်းမိန်းမရှိသမျှကိုမသနား၊ မ ညှာတာဘဲသတ်ဖြတ်ကာသူတို့၏ဥစ္စာ ပစ္စည်းများကိုလုယူစေ'' ဟုပါရှိ၏။-
missæ sunt per cursores regis ad universas provincias ut occiderent atque delerent omnes Iudæos, a puero usque ad senem, parvulos, et mulieres, uno die, hoc est tertiodecimo mensis duodecimi, qui vocatur Adar, et bona eorum diriperent.
14 ၁၄ ယင်းသို့ဆောင်ရွက်ရန်အချိန်ကျလျှင် အသင့်ရှိနေကြစေရန် ထိုအမိန့်တော်ကို ပြည်နယ်တိုင်းတွင်ကြေငြာရန်ဖြစ်သည်။
Summa autem epistolarum hæc fuit, ut omnes provinciæ scirent, et pararent se ad prædictam diem.
15 ၁၅ မင်းကြီး၏အမိန့်တော်အရရှုရှန်မြို့တော် တွင်ဤအမိန့်တော်ကိုထုတ်ပြန်ကြေငြာ ကြ၏။ ထိုနောက်စာပို့လုလင်တို့သည်ကြေ ငြာချက်ကိုပြည်နယ်များသို့ယူဆောင်သွား ကြ၏။ ရှုရှန်မြို့တော်တွင်မငြိမ်မသက်ဖြစ် နေချိန်၌မင်းကြီးနှင့်ဟာမန်တို့သည်ထိုင် လျက်စပျစ်ရည်သောက်နေကြလေသည်။
Festinabant cursores, qui missi erant, regis imperium explere. Statimque in Susan pependit edictum, rege et Aman celebrante convivium, et cunctis Iudæis, qui in urbe erant, flentibus.