< ဧ​သ​တာ 3 >

1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော်​ဇေ​ရဇ်​မင်း သည်​အာ​ဂတ် မှ​ဆင်း​သက်​သူ၊ ဟ​မ္မေဒါ​သ​၏​သား​ဟာ​မန် အား​ဝန်​ကြီး​ချုပ်​အ​ဖြစ်​ချီး​မြှင့်​တော်​မူ​၏။-
Zitachitika izi, mfumu Ahasiwero anamukweza Hamani mwana wa Hamedata Mwagagi, anamulemekeza ndikumupatsa mpando wa ulemu kuposa nduna zina zonse.
2 မင်း​ကြီး​သည်​ဟာ​မန်​အား​ဦး​ညွတ်​ရှိ​ခိုး ၍​အ​ရို​အ​သေ​ပေး​ကြ​ရန် အ​မှု​တော်​ထမ်း အ​ရာ​ရှိ​အ​ပေါင်း​တို့​အား​အ​မိန့်​ထုတ်​ပြန် တော်​မူ​သည့်​အ​တိုင်း​လိုက်​နာ​ကြ​လေ​သည်။-
Atumiki onse a mfumu amene anali pa chipata cha nyumba ya mfumu ankagwadira ndi kuweramira Hamani monga mwa lamulo la mfumu. Koma Mordekai sankamugwadira kapena kumuweramira.
3 မော်​ဒ​ကဲ​တစ်​ဦး​တည်း​သာ​လျှင်​မ​လိုက်​နာ ဘဲ​နေ​၏။ အ​ခြား​နန်း​တွင်း​အ​ရာ​ရှိ​များ​က သူ့​အား``သင်​သည်​အ​ဘယ်​ကြောင့်​ဘု​ရင့်​အ​မိန့် တော်​ကို​ဖီ​ဆန်​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကာ၊-
Kenaka atumiki a mfumu amene anali pa chipata anafunsa Mordekai kuti, “Kodi nʼchifukwa chiyani sumvera lamulo la mfumu?”
4 အ​လျှော့​ပေး​ရန်​နေ့​စဉ်​နေ့​တိုင်း​တိုက်​တွန်း ကြ​၏။ သို့​ရာ​တွင်​မော်​ဒ​ကဲ​သည်​နား​မ​ထောင် ဘဲ``ငါ​သည်​ယု​ဒ​အ​မျိုး​သား​တစ်​ဦး​ဖြစ် သ​ဖြင့်​ဟာ​မန်​အား​ဦး​မ​ညွှတ်​ရှိ​မ​ခိုး​နိုင် ပါ'' ဟု​ရှင်း​ပြ​လေ​သည်။ ထို့​ကြောင့်​ထို​သူ တို့​သည်​မော်​ဒ​ကဲ​၏​အ​ပြု​အ​မူ​ကို ဟာ​မန် သည်း​ခံ​မည်​မ​ခံ​မည်​ကို​သိ​လို​၍​ဟာ​မန် အား​တိုင်​ကြား​ကြ​၏။-
Tsiku ndi tsiku ankayankhula naye koma iye sanamverebe. Choncho anamuwuza Hamani kuti aone ngati angavomereze khalidwe lotere la Mordekai, popeza anawawuza kuti anali Myuda.
5 ဤ​သို့​မော်​ဒ​ကဲ​ဦး​မ​ညွှတ်​ရှိ​မ​ခိုး​လို သည့်​အ​ကြောင်း​ကို​ကြား​သိ​ရ​သော​အ​ခါ ဟာ​မန်​သည်​လွန်​စွာ​အ​မျက်​ထွက်​လေ​သည်။-
Hamani ataona kuti Mordekai sankamugwadira kapena kumuweramira, anapsa mtima kwambiri.
6 မော်​ဒ​ကဲ​သည်​ယု​ဒ​အ​မျိုး​သား​တစ်​ဦး ဖြစ်​ကြောင်း​ကို​လည်း​သိ​ရှိ​ရ​သ​ဖြင့် ဟာ​မန် သည်​မော်​ဒ​ကဲ​တစ်​ဦး​တည်း​ကို​သာ​မ​ဟုတ်၊ ပေ​ရ​သိ​အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း ရှိ ရှိ​သ​မျှ​သော​ယု​ဒ​အ​မျိုး​သား​တို့​ကို​ပါ ကွပ်​မျက်​ရန်​ကြံ​စည်​လေ​သည်။
Hamani atamva kuti Mordekai anali Myuda, anatsimikiza kuti ndi kosakwanira kulanga Mordekai yekha. Mʼmalo mwake anapeza njira yowonongera Ayuda onse okhala mʼdziko lonse limene mfumu Ahasiwero ankalamulira.
7 ဇေ​ရဇ်​မင်း​နန်း​စံ​ဆယ့်​နှစ်​နှစ်​မြောက်၊ နိ​သန် ခေါ်​ပ​ထ​မ​လ​၌​ဟာ​မန်​သည် မိ​မိ​၏​အ​ကြံ အ​စည်​ကို​အ​ကောင်​အ​ထည်​ဖော်​ရန် သင့် လျော်​မည့်​နေ့​ရက်​ကို​ပု​ရ​ဟု​ခေါ်​သော မဲ စ​နစ်​ဖြင့်​ရွေး​ချယ်​စေ​ရာ​အာ​ဒါ​ခေါ်​ဒွါ ဒ​သ​မ​လ၊ ဆယ့်​သုံး​ရက်​နေ့​ကို​ရ​ရှိ​လေ သည်။
Mwezi woyamba, umene ndi mwezi wa Nisani, chaka cha khumi ndi chiwiri cha ufumu wa Ahasiwero anachita maere, otchedwa Purimu pamaso pa Hamani kuti apeze tsiku ndi mwezi woyenera. Ndipo maere anagwera pa mwezi wa khumi ndi chiwiri ndiwo mwezi wa Adara.
8 ထို့​ကြောင့်​ဟာ​မန်​သည်​မင်း​ကြီး​အား``အ​ရှင် ၏​အင်​ပါ​ယာ​နိုင်​ငံ​တော်​ပြည်​နယ်​တိုင်း​မှာ ပင်​ပျံ့​နှံ့​လျက်​နေ​သည့်​လူ​မျိုး​တစ်​မျိုး​ရှိ ပါ​သည်။ သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​သည် အ​ခြား​လူ​မျိုး​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​နှင့် မ​တူ​ပါ။ သူ​တို့​သည်​နိုင်​ငံ​တော်​၏​တရား ဥ​ပ​ဒေ​များ​ကို​လည်း​မ​လိုက်​နာ​ကြ​ပါ။ သို့​ဖြစ်​၍​သူ​တို့​အား​သည်း​ခံ​လျက်​နေ ခြင်း​အား​ဖြင့်​အ​ရှင့်​၏​အ​တွက်​အ​ကျိုး ရှိ​မည်​မ​ဟုတ်​ပါ။-
Kenaka Hamani anakawuza mfumu Ahasiwero kuti, “Pali mtundu wina wa anthu umene unabalalika ndipo wamwazikana pa mitundu ina mʼzigawo zonse za ufumu wanu umene miyambo yawo ndi yosiyana ndi ya anthu ena onse ndiponso amene safuna kumvera malamulo a mfumu, kotero si chinthu cha phindu kuti mfumu iwalekerere anthu otere.
9 အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော်​မူ​ပါ​လျှင် သူ​တို့​အား​ကွပ်​မျက်​ရန်​အ​မိန့်​ထုတ်​ပြန်​တော် မူ​ပါ။ အ​ရှင်​ဤ​သို့​ပြု​တော်​မူ​မည်​ဆို​ပါ​လျှင် နိုင်​ငံ​တော်​အုပ်​ချုပ်​ရေး​အ​တွက် အ​ရှင့်​ဘဏ္ဍာ တော်​သို့​ငွေ​သုံး​ရာ​ခု​နစ်​ဆယ့်​ငါး​တန်​ပေး သွင်း​ရန်​ကျွန်​တော်​မျိုး​တာ​ဝန်​ယူ​ပါ​မည်'' ဟု​လျှောက်​၏။
Ngati chingakukomereni mfumu, ikani lamulo kuti tiwawononge, ndipo ndidzalipira matalente 10,000 asiliva mosungiramo chuma cha mfumu za anthu amene adzachite ntchito imeneyi.”
10 ၁၀ ထို​အ​ခါ​မင်း​ကြီး​သည်​မိ​မိ​၏​အ​မိန့်​ကြေ ငြာ​ချက်​များ​ကို​တ​ရား​ဝင်​ဖြစ်​စေ​ရန် တံ​ဆိပ် ခတ်​နှိပ်​ရ​သည့်​လက်​စွပ်​တော်​ကို​ချွတ်​၍​ယု​ဒ အ​မျိုး​သား​တို့​၏​ရန်​သူ၊ အာ​ဂတ်​မှ​ဆင်း သက်​သူ၊ ဟ​မ္မေ​ဒါ​သ​၏​သား​ဟာ​မန်​အား ပေး​အပ်​လျက်၊-
Choncho mfumu inavula mphete yodindira ku chala chake ndi kumupatsa Hamani mwana wa Hamedata Mwagagi, mdani wa Ayuda.
11 ၁၁ ``သင့်​သ​ဘော​အ​တိုင်း​ပြု​ရန်​ထို​လူ​မျိုး​နှင့် သူ​တို့​၏​ငွေ​ကို​သင့်​လက်​သို့​ငါ​ပေး​အပ်​၏'' ဟု​မိန့်​တော်​မူ​၏။
Mfumu inati kwa Hamani, “Sunga ndalamazo, ndipo uchite ndi anthuwo monga ufunira.”
12 ၁၂ ပ​ထ​မ​လ၊ ဆယ့်​သုံး​ရက်​နေ့​၌​ဟာ​မန်​သည် မင်း​ကြီး​၏​အ​တွင်း​ဝန်​များ​ကို​ခေါ်​၍ အ​မိန့် ကြေ​ငြာ​ချက်​ရေး​သား​ရန်​နှုတ်​တိုက်​ချ​၍ ပေး​လေ​သည်။ ထို​နောက်​ထို​အ​မိန့်​ကို​အင် ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရှိ​လူ​အ​မျိုး မျိုး​တို့​၏​ဘာ​သာ​စ​ကား​သို့​ပြန်​ဆို​ရေး သား​စေ​၍​အုပ်​ချုပ်​သူ​များ၊ ဘု​ရင်​ခံ​များ နှင့်​မင်း​အရာ​ရှိ​ထံ​သို့​ပေး​ပို့​၏။ ထို​အ​မိန့် တော်​ကို​ဇေ​ရဇ်​မင်း​၏​နာ​မည်​နှင့်​ထုတ် ပြန်​ကာ ဘု​ရင့်​တံ​ဆိပ်​တော်​ခတ်​နှိပ်​ထား လေ​သည်။-
Alembi analemba zonse zimene Hamani analamula mʼmakalata opita kwa akazembe a mfumu, abwanamkubwa a zigawo zonse ndi kwa oyangʼanira mtundu uliwonse wa anthu. Kalatazo zinali za mʼchiyankhulo cha mtundu uliwonse ndipo zinalembedwa mʼdzina la Mfumu Ahasiwero ndi kusindikizidwa ndi mphete yake.
13 ၁၃ စာ​ပို့​လု​လင်​တို့​သည်​ထို​အ​မိန့်​တော်​ကို အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရှိ​ပြည်​နယ် ရှိ​သ​မျှ​သို့​ယူ​ဆောင်​သွား​ကြ​၏။ ထို​အ​မိန့် တော်​တွင်``အာ​ဒါ​လ၊ ဆယ့်​သုံး​ရက်​နေ့​တစ်​နေ့ တည်း​၌​ယု​ဒ​အ​မျိုး​သား​လူ​ကြီး​လူ​ငယ် ယောကျာ်း​မိန်း​မ​ရှိ​သ​မျှ​ကို​မ​သ​နား၊ မ ညှာ​တာ​ဘဲ​သတ်​ဖြတ်​ကာ​သူ​တို့​၏​ဥစ္စာ ပစ္စည်း​များ​ကို​လု​ယူ​စေ'' ဟု​ပါ​ရှိ​၏။-
Makalatawa anawatumiza amithenga ku zigawo zonse za mfumu kuti awononge, aphe ndi kufafaniziratu a Yuda onse, anyamata, anthu okalamba, ana ndi amayi, pa tsiku limodzi la 13 la mwezi wa Adara ndipo alande katundu wawo.
14 ၁၄ ယင်း​သို့​ဆောင်​ရွက်​ရန်​အ​ချိန်​ကျ​လျှင် အ​သင့်​ရှိ​နေ​ကြ​စေ​ရန် ထို​အ​မိန့်​တော်​ကို ပြည်​နယ်​တိုင်း​တွင်​ကြေ​ငြာ​ရန်​ဖြစ်​သည်။
Mwachidule kalatayi inanena kuti mawu olembedwamowo anayenera kuperekedwa ngati lamulo mʼchigawo chilichonse ndi kuti anthu a mtundu uliwonse adziwe ndi kukhala okonzeka pa tsikulo.
15 ၁၅ မင်း​ကြီး​၏​အ​မိန့်​တော်​အ​ရ​ရှု​ရှန်​မြို့​တော် တွင်​ဤ​အ​မိန့်​တော်​ကို​ထုတ်​ပြန်​ကြေ​ငြာ ကြ​၏။ ထို​နောက်​စာ​ပို့​လု​လင်​တို့​သည်​ကြေ ငြာ​ချက်​ကို​ပြည်​နယ်​များ​သို့​ယူ​ဆောင်​သွား ကြ​၏။ ရှု​ရှန်​မြို့​တော်​တွင်​မ​ငြိမ်​မ​သက်​ဖြစ် နေ​ချိန်​၌​မင်း​ကြီး​နှင့်​ဟာ​မန်​တို့​သည်​ထိုင် လျက်​စ​ပျစ်​ရည်​သောက်​နေ​ကြ​လေ​သည်။
Potsata lamulo la mfumu, amithenga aja anapita mwachangu ndipo lamuloli linaperekedwanso ku Susa, likulu la dziko. Mfumu ndi Hamani anakhala pansi ndikumamwa, koma mzinda onse wa Susa unasokonezeka.

< ဧ​သ​တာ 3 >