< ဧသတာ 2 >
1 ၁ ထိုနောက်မင်းကြီးသည်အမျက်တော်ပြေ သောအခါ ဝါရှတိပြုခဲ့သည့်အမှုကို လည်းကောင်း၊ မိမိထုတ်ပြန်ကြေငြာခဲ့သည့် အမိန့်ကိုလည်းကောင်းသတိရတော်မူ၏။-
2 ၂ သို့ဖြစ်၍သူနှင့်ရင်းနှီးသောအကြံပေးအရာ ရှိများကမင်းကြီးအား``အရှင်သည်အဘယ် ကြောင့်အဆင်းလှသည့်အပျိုကညာများ ကိုရှာစေတော်မမူပါသနည်း။-
3 ၃ အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် အပေါင်းတွင် မင်းအရာရှိများကိုခန့်ထား၍ အဆင်းလှသည့်အပျိုကညာအပေါင်းကို မြို့တော်ရှုရှန်ရှိအရှင့်အပျိုတော်ဆောင်သို့ ခေါ်ဆောင်လာစေတော်မူပါ။ သူတို့အား အရှင့်မိန်းမစိုးဟေဂဲ၏လက်တွင်အပ်၍ အလှပြုပြင်ပေးစေတော်မူပါ။-
4 ၄ ထိုနောက်အရှင်အနှစ်သက်ဆုံးအမျိုးသမီး ကိုရွေး၍ ဝါရှတိအစားမိဖုရားမြှောက်တော် မူပါ'' ဟုအကြံပေးလျှောက်ထားကြ၏။ မင်း ကြီးသည်ထိုအကြံပေးလျှောက်ထားချက် ကိုနှစ်သက်၍ထိုအတိုင်းပြုတော်မူ၏။
5 ၅ မြို့တော်ရှုရှန်တွင်ယာဣရ၏သား မော်ဒကဲ ဆိုသူယုဒအမျိုးသားတစ်ယောက်ရှိ၏။ သူ သည်ဗင်္ယာမိန်အနွယ်ဝင်ဖြစ်၍ကိရှနှင့်ရှိမိ တို့မှဆင်းသက်လာသူဖြစ်၏။-
6 ၆ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည် ယုဒ ဘုရင်ယေခေါနိအားယေရုရှလင်မြို့မှ ဖမ်းဆီးခေါ်ဆောင်သွားသောအခါ၌ မော် ဒကဲသည်လည်းသုံ့ပန်းများအထဲတွင် ပါသွားလေသည်။-
7 ၇ သူ့မှာဧသတာဆိုသူနှမဝမ်းကွဲရှိ၏။ ဧသတာ၏ယုဒနာမည်ကားဟဒဿ တည်း။ သူ၏မိဘများကွယ်လွန်သွားသော အခါမော်ဒကဲသည်သူ့ကိုမွေးစားကာ မိမိ၏သမီးအရင်းသဖွယ်ကျွေးမွေး ပြုစုခဲ့၏။ ဧသတာသည်အဆင်းလှ၍ ကိုယ်လုံးကိုယ်ပေါက်ကောင်းသည့်အမျိုး သမီးကလေးတစ်ဦးဖြစ်ပေသည်။
8 ၈ ထိုကြောင့်မင်းကြီးကြေငြာချက်အသစ် အရ အမျိုးသမီးငယ်အမြောက်အမြား ကို ရှုရှန်မြို့သို့ခေါ်ဆောင်လာကြသော အခါဧသတာပါလာခဲ့လေသည်။ သူ့ အားလည်းနန်းတွင်း၌ထားရှိကာမိန်းမ စိုးဟေဂဲ၏လက်သို့ပေးအပ်ကြ၏။-
9 ၉ ဟေဂဲသည်ဧသတာအားစိတ်နှင့်တွေ့သဖြင့် မျက်နှာသာပေး၏။ နှိပ်နယ်ပေးခြင်း၊ အထူး အစားအစာကိုကျွေးခြင်းတို့ကိုအလျင် အမြန်စတင်ပြုလုပ်ပေး၏။ အပျိုတော် ဆောင်တွင်အကောင်းဆုံးနေရာထိုင်ခင်းကို ပေး၍ နန်းတွင်းသူအမျိုးသမီးခုနစ် ယောက်ကိုအထူးရွေးချယ်ကာဧသတာ ကိုလုပ်ကျွေးပြုစုစေ၏။
10 ၁၀ ဧသတာသည်မော်ဒကဲ၏အကြံပေးချက် အရ မိမိ၏ယုဒမျိုးရိုးဇာတိကိုလျှို့ဝှက် ၍ထားလေသည်။-
11 ၁၁ နေ့စဉ်နေ့တိုင်းပင်မော်ဒကဲသည်ဧသတာ ၏အခြေအနေကိုလည်းကောင်း၊ သူ့အား အဘယ်သို့ပြုကြမည်ကိုလည်းကောင်းသိရှိ နိုင်ရန် အပျိုတော်ဆောင်ဝင်းရှေ့၌ခေါက်တုန့် ခေါက်ပြန်လျှောက်လျက်နေတတ်၏။
12 ၁၂ အမျိုးသမီးများအတွက် ပြုလုပ်နေကျ အလှပြုပြင်မှုမှာတစ်နှစ်မျှကြာလေ သည်။ သူတို့အားမုရန်ဆီဖြင့်ခြောက်လ၊ သစ်ဆီမွှေးဖြင့်နောက်ထပ်ခြောက်လနှိပ်နယ် ပေးရ၏။ ထိုနောက်အမျိုးသမီးများသည် တစ်ယောက်ပြီးတစ်ယောက်အလှည့်ကျ ဇေရဇ်မင်း၏အထံတော်သို့ဝင်ကြရ သည်။-
13 ၁၃ အလှည့်ကျသူသည်အပျိုတော်ဆောင်မှ နန်းတော်သို့သွားသောအခါ မိမိနှစ်သက် ရာအဝတ်အစားများကိုဝတ်ဆင်နိုင်၏။-
14 ၁၄ သူသည်ညဥ့်ဦးအချိန်၌နန်းတော်သို့ဝင် ရ၍နောက်တစ်နေ့နံနက်၌ ဘုရင့်မိန်းမစိုး ရှာရှဂါဇအုပ်ချုပ်သည့်မောင်းမတော်ဆောင် သို့ပြန်ရလေသည်။ မင်းကြီးသည်မြတ်နိုး၍ နာမည်အားဖြင့်ခေါ်တော်မမူလျှင် နောက် တစ်ဖန်မင်းကြီးထံသို့မဝင်ရ။
15 ၁၅ အဘိဟဲလ၏သမီး၊ မော်ဒကဲ၏ဝမ်းကွဲ နှမနှင့်မွေးစားသမီး၊ မြင်သူတိုင်းချီးမွမ်း ခံရသည့်ဧသတာသည်မင်းကြီးထံတော် သို့ဝင်ရန်အလှည့်ရောက်သောအခါ အပျို တော်ဆောင်အုပ်၊ မိန်းမစိုးဟေဂဲအကြံ ပေးသည့်အဝတ်အစားကိုဝတ်ဆင်၍ သွားလေသည်။-
16 ၁၆ ထို့ကြောင့်ဧသတာသည်ဇေရဇ်မင်းနန်းစံ သတ္တမနှစ်တေဗက်ခေါ်ဒသမလ၌ နန်း တော်အတွင်းဇေရဇ်မင်း၏ရှေ့တော်သို့ ရောက်ရှိသွား၏။-
17 ၁၇ မင်းကြီးသည်သူ့အားအခြားအမျိုး သမီးအပေါင်းတို့ထက်ပို၍နှစ်သက်တော် မူသဖြင့် သူသည်ရှေ့တော်တွင်မျက်နှာပွင့် လန်းလျက်ချစ်ခင်မြတ်နိုးတော်မူခြင်း ကိုခံရလေသည်။ မင်းကြီးသည်သူ့အား ရာဇသရဖူကိုဆောင်း၍ပေးပြီးလျှင် ဝါရှတိ၏အစားမိဖုရားမြှောက်တော် မူ၏။-
18 ၁၈ ထိုနောက်မိမိ၏မှူးမတ်များနှင့်မင်းအရာ ရှိအပေါင်းကိုဖိတ်ကြားတော်မူ၍ ဧသတာ အားဂုဏ်ပြုစားသောက်ပွဲကြီးကိုကျင်းပ တော်မူ၏။ သူသည်အင်ပါယာနိုင်ငံတော် တစ်ဝှမ်းလုံးတွင်ထိုနေ့ကိုအလုပ်နားရက် အဖြစ်သတ်မှတ်ကြေငြာတော်မူ၍ ဘုရင့် ဂုဏ်နှင့်လျော်စွာဆုတော်လာဘ်တော်များ ကိုလည်းပေးသနားတော်မူ၏။
19 ၁၉ ဤအချိန်အတောအတွင်း၌မင်းကြီး သည်မော်ဒကဲအား အုပ်ချုပ်ရေးရာထူး တစ်နေရာတွင်ခန့်ထားတော်မူ၏။-
20 ၂၀ ဧသတာမူကားမော်ဒကဲ၏မှာကြား ချက်အရမိမိ၏ယုဒမျိုးရိုးဇာတိကို ယခုတိုင်အောင်အဘယ်သူကိုမျှအသိ မပေးဘဲနေ၏။ သူသည်ကလေးဘဝက မော်ဒကဲ၏စကားကိုနားထောင်ခဲ့သည့် နည်းတူ ဤအမှုကိစ္စတွင်လည်းနားထောင် လေသည်။
21 ၂၁ နန်းတွင်း၌မော်ဒကဲသည် အုပ်ချုပ်ရေးတာဝန် ကိုထမ်းဆောင်နေရစဉ်အခါ ဘုရင့်အဆောင် တော်တံခါးစောင့်မိန်းမစိုးနှစ်ယောက်တို့သည် ဇေရဇ်မင်းအားအမျက်ထွက်သဖြင့်လုပ် ကြံရန်လျှို့ဝှက်ကြံစည်ကြ၏။-
22 ၂၂ မော်ဒကဲသည်ထိုအကြောင်းကိုကြားသိရ သဖြင့် မိဖုရားဧသတာအားပြောကြား၏။ သို့ဖြစ်၍ဧသတာသည်မင်းကြီးအား မော်ဒကဲသိရှိရချက်ကိုလျှောက်ထား၏။-
23 ၂၃ ထိုအမှုကိုစုံစမ်းစစ်ဆေးသောအခါ မော်ဒကဲပေးသည့်သတင်းမှန်ကန်ကြောင်း တွေ့ရှိရသဖြင့် ထိုသူနှစ်ယောက်စလုံးပင် လည်ဆွဲတိုင်၌ကွပ်မျက်ခြင်းကိုခံရကြ လေသည်။ မင်းကြီးသည်ဤအမှုကိုအင် ပါယာနိုင်ငံတော်မှတ်တမ်းများတွင်ရေး မှတ်ထားစေတော်မူ၏။