< ဧ​သ​တာ 2 >

1 ထို​နောက်​မင်း​ကြီး​သည်​အ​မျက်​တော်​ပြေ သော​အ​ခါ ဝါ​ရှ​တိ​ပြု​ခဲ့​သည့်​အ​မှု​ကို လည်း​ကောင်း၊ မိ​မိ​ထုတ်​ပြန်​ကြေ​ငြာ​ခဲ့​သည့် အ​မိန့်​ကို​လည်း​ကောင်း​သ​တိ​ရ​တော်​မူ​၏။-
MAHOPE iho o keia mau mea, i ka wa i maalili ai ka huhu o ke alii o Ahasuero, hoomanao iho la ia ia Vaseti, a me na mea ana i hana'i, a me ka kanawai i kauia nona.
2 သို့​ဖြစ်​၍​သူ​နှင့်​ရင်း​နှီး​သော​အ​ကြံ​ပေး​အ​ရာ ရှိ​များ​က​မင်း​ကြီး​အား``အ​ရှင်​သည်​အ​ဘယ် ကြောင့်​အ​ဆင်း​လှ​သည့်​အ​ပျို​က​ညာ​များ ကို​ရှာ​စေ​တော်​မ​မူ​ပါ​သ​နည်း။-
Alaila, olelo ae la na kanaka o ke alii, o ka poe i lawelawe nana, E imiia ua ke alii na kaikamahine puupaa, a maikai ke nana aku:
3 အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရှိ​ပြည်​နယ် အ​ပေါင်း​တွင် မင်း​အ​ရာ​ရှိ​များ​ကို​ခန့်​ထား​၍ အ​ဆင်း​လှ​သည့်​အ​ပျို​က​ညာ​အ​ပေါင်း​ကို မြို့​တော်​ရှု​ရှန်​ရှိ​အ​ရှင့်​အ​ပျို​တော်​ဆောင်​သို့ ခေါ်​ဆောင်​လာ​စေ​တော်​မူ​ပါ။ သူ​တို့​အား အ​ရှင့်​မိန်း​မ​စိုး​ဟေ​ဂဲ​၏​လက်​တွင်​အပ်​၍ အ​လှ​ပြု​ပြင်​ပေး​စေ​တော်​မူ​ပါ။-
A e hoonoho hoi ke alii i mau luna ma na aina a pau o kona aupuni, i hoakoakoa mai ai lakou ma Susana nei, ma ka pakaua, i na kaikamahine puupaa a pau, na mea maikai ke nana aku, a i ka hele o na wahine, malalo o ka lima o Hegai ka luna o ke alii, o ka mea malama i na wahine, a e haawiia no lakou na laau ala e maemae ai.
4 ထို​နောက်​အ​ရှင်​အ​နှစ်​သက်​ဆုံး​အ​မျိုး​သ​မီး ကို​ရွေး​၍ ဝါ​ရှ​တိ​အ​စား​မိ​ဖု​ရား​မြှောက်​တော် မူ​ပါ'' ဟု​အ​ကြံ​ပေး​လျှောက်​ထား​ကြ​၏။ မင်း ကြီး​သည်​ထို​အ​ကြံ​ပေး​လျှောက်​ထား​ချက် ကို​နှစ်​သက်​၍​ထို​အ​တိုင်း​ပြု​တော်​မူ​၏။
A o ke kaikamahine e lealea ai ke alii, e lilo ia i alii wahine ma ka hakahaka o Vaseti. A oluolu ke alii ia mea, a hana iho la oia pela.
5 မြို့​တော်​ရှု​ရှန်​တွင်​ယာ​ဣ​ရ​၏​သား မော်​ဒ​ကဲ ဆို​သူ​ယု​ဒ​အ​မျိုး​သား​တစ်​ယောက်​ရှိ​၏။ သူ သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဖြစ်​၍​ကိ​ရှ​နှင့်​ရှိ​မိ တို့​မှ​ဆင်း​သက်​လာ​သူ​ဖြစ်​၏။-
Ma Susana ka pakaua kekahi Iudalo, o Moredekai kona inoa, he keiki ia na Iaira, ke keiki a Simei, ke keiki a Kisa, he Beniamina;
6 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ ဘု​ရင်​ယေ​ခေါ​နိ​အား​ယေ​ရု​ရှ​လင်​မြို့​မှ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​သော​အ​ခါ​၌ မော် ဒ​ကဲ​သည်​လည်း​သုံ့​ပန်း​များ​အ​ထဲ​တွင် ပါ​သွား​လေ​သည်။-
Ua lawe pio ia, mai Ierusalema aku, me ka poe pio i lawe pu ia me Iekonia, ke alii o ka Iada, ka mea a Nebukaneza ke alii o Babulona i lawe pio ai.
7 သူ့​မှာ​ဧ​သ​တာ​ဆို​သူ​နှ​မ​ဝမ်း​ကွဲ​ရှိ​၏။ ဧ​သ​တာ​၏​ယု​ဒ​နာ​မည်​ကား​ဟ​ဒ​ဿ တည်း။ သူ​၏​မိ​ဘ​များ​ကွယ်​လွန်​သွား​သော အ​ခါ​မော်​ဒ​ကဲ​သည်​သူ့​ကို​မွေး​စား​ကာ မိ​မိ​၏​သ​မီး​အ​ရင်း​သ​ဖွယ်​ကျွေး​မွေး ပြု​စု​ခဲ့​၏။ ဧ​သ​တာ​သည်​အ​ဆင်း​လှ​၍ ကိုယ်​လုံး​ကိုယ်​ပေါက်​ကောင်း​သည့်​အ​မျိုး သ​မီး​က​လေး​တစ်​ဦး​ဖြစ်​ပေ​သည်။
Nana no i hanai ia Hadasa, oia hoi o Esetera, ke kaikamahine a kekahi makuakane ona. No ka mea, aole o Esetera makuakane, aole ona makuwahine; ua maikai ka helehelena o ua kaikamahine la, ua uani hoi; a make kona makuakane a me kona makuwahine, lawe o Moredekai ia ia i kaikamahine nana.
8 ထို​ကြောင့်​မင်း​ကြီး​ကြေ​ငြာ​ချက်​အ​သစ် အ​ရ အ​မျိုး​သ​မီး​ငယ်​အ​မြောက်​အ​မြား ကို ရှု​ရှန်​မြို့​သို့​ခေါ်​ဆောင်​လာ​ကြ​သော အ​ခါ​ဧ​သ​တာ​ပါ​လာ​ခဲ့​လေ​သည်။ သူ့ အား​လည်း​နန်း​တွင်း​၌​ထား​ရှိ​ကာ​မိန်း​မ စိုး​ဟေ​ဂဲ​၏​လက်​သို့​ပေး​အပ်​ကြ​၏။-
A loheia ka olelo a ke alii, a me kona kanawai, a hoakoakoaia mai na kaikamahine he nui loa ma Susana ka pakaua, ma ka lima o Hegai, o Esetera kekahi i laweia mai iloko o ka hale o ke alii, ma ka lima o Hegai, o ka mea malama i na wahine.
9 ဟေ​ဂဲ​သည်​ဧ​သ​တာ​အား​စိတ်​နှင့်​တွေ့​သ​ဖြင့် မျက်​နှာ​သာ​ပေး​၏။ နှိပ်​နယ်​ပေး​ခြင်း၊ အ​ထူး အ​စား​အ​စာ​ကို​ကျွေး​ခြင်း​တို့​ကို​အ​လျင် အ​မြန်​စ​တင်​ပြု​လုပ်​ပေး​၏။ အ​ပျို​တော် ဆောင်​တွင်​အ​ကောင်း​ဆုံး​နေ​ရာ​ထိုင်​ခင်း​ကို ပေး​၍ နန်း​တွင်း​သူ​အ​မျိုး​သ​မီး​ခု​နစ် ယောက်​ကို​အ​ထူး​ရွေး​ချယ်​ကာ​ဧ​သ​တာ ကို​လုပ်​ကျွေး​ပြု​စု​စေ​၏။
Ua maikai ia kaikamahine i kona manao, a loaa ia ia ke alohaia mai e ia, a haawi koke ae la oia ia ia i na mea ala e maemae ai, a me na mea i pili ia ia, a me na kauwa wahine ehiku, na mea pono ke haawiia mai nona mailoko mai o ka hale o ke alii. A hoonoho oia ia ia a me kana mau kauwa wahine, ma ka hale maikai o na wahine.
10 ၁၀ ဧ​သ​တာ​သည်​မော်​ဒ​ကဲ​၏​အ​ကြံ​ပေး​ချက် အ​ရ မိ​မိ​၏​ယု​ဒ​မျိုး​ရိုး​ဇာ​တိ​ကို​လျှို့​ဝှက် ၍​ထား​လေ​သည်။-
Aole i hoike o Esetera i kona lahuikanaka, a me kona hanauna; no ka mea, ua kauoha mai o Moredekai ia ia, aole e hoike.
11 ၁၁ နေ့​စဉ်​နေ့​တိုင်း​ပင်​မော်​ဒ​ကဲ​သည်​ဧ​သ​တာ ၏​အ​ခြေ​အ​နေ​ကို​လည်း​ကောင်း၊ သူ့​အား အ​ဘယ်​သို့​ပြု​ကြ​မည်​ကို​လည်း​ကောင်း​သိ​ရှိ နိုင်​ရန် အ​ပျို​တော်​ဆောင်​ဝင်း​ရှေ့​၌​ခေါက်​တုန့် ခေါက်​ပြန်​လျှောက်​လျက်​နေ​တတ်​၏။
A holoholo ae la o Moredekai i kela la i keia la, ma ke kahua o ka hale o na wahine, i ike ia i ko Esetera noho ana, a me ka mea e hauaia mai ia ia.
12 ၁၂ အ​မျိုး​သ​မီး​များ​အ​တွက် ပြု​လုပ်​နေ​ကျ အ​လှ​ပြု​ပြင်​မှု​မှာ​တစ်​နှစ်​မျှ​ကြာ​လေ သည်။ သူ​တို့​အား​မု​ရန်​ဆီ​ဖြင့်​ခြောက်​လ၊ သစ်​ဆီ​မွှေး​ဖြင့်​နောက်​ထပ်​ခြောက်​လ​နှိပ်​နယ် ပေး​ရ​၏။ ထို​နောက်​အ​မျိုး​သ​မီး​များ​သည် တစ်​ယောက်​ပြီး​တစ်​ယောက်​အ​လှည့်​ကျ ဇေ​ရဇ်​မင်း​၏​အ​ထံ​တော်​သို့​ဝင်​ကြ​ရ သည်။-
A hiki i ka manawa pono e hele aku ai kela kaikamahine keia kaikamahine iloko i ke alii ia Ahasuero, mahope iho o kona noho ana he umi a me kumamalua malama, e like me ka hana mau ana a na wahine, (no ka mea, penei i malamaia'i na la o ka hoomaemae ana: eono malama me ka aila mura, a eono malama me na mea ala, a me na mea e maemae ai na wahine: )
13 ၁၃ အ​လှည့်​ကျ​သူ​သည်​အ​ပျို​တော်​ဆောင်​မှ နန်း​တော်​သို့​သွား​သော​အ​ခါ မိ​မိ​နှစ်​သက် ရာ​အ​ဝတ်​အ​စား​များ​ကို​ဝတ်​ဆင်​နိုင်​၏။-
Pela i hele ai na kaikamahine i ke alii. O ka mea ana i makemake ai, haawiia mai no ia nana, e lawe pu me ia, mai ka hale o na wahine aku, a ka hale o ke alii.
14 ၁၄ သူ​သည်​ညဥ့်​ဦး​အ​ချိန်​၌​နန်း​တော်​သို့​ဝင် ရ​၍​နောက်​တစ်​နေ့​နံ​နက်​၌ ဘု​ရင့်​မိန်း​မ​စိုး ရှာ​ရှ​ဂါ​ဇ​အုပ်​ချုပ်​သည့်​မောင်း​မ​တော်​ဆောင် သို့​ပြန်​ရ​လေ​သည်။ မင်း​ကြီး​သည်​မြတ်​နိုး​၍ နာ​မည်​အား​ဖြင့်​ခေါ်​တော်​မ​မူ​လျှင် နောက် တစ်​ဖန်​မင်း​ကြီး​ထံ​သို့​မ​ဝင်​ရ။
I ke ahiahi, komo aku la oia iloko, a kakahiaka hoi mai la, a i ka lua o ka hale o na wahine, ma ka lima o Saasegaza, ka luna o ke alii nana i malama i na haiawahine; aole ia i komo hou aku i ke alii la, ke olioli ole ke alii ia ia, a heaia'ku hoi ia ma ka inoa.
15 ၁၅ အ​ဘိ​ဟဲ​လ​၏​သ​မီး၊ မော်​ဒ​ကဲ​၏​ဝမ်း​ကွဲ နှ​မ​နှင့်​မွေး​စား​သ​မီး၊ မြင်​သူ​တိုင်း​ချီး​မွမ်း ခံ​ရ​သည့်​ဧ​သ​တာ​သည်​မင်း​ကြီး​ထံ​တော် သို့​ဝင်​ရန်​အ​လှည့်​ရောက်​သော​အ​ခါ အ​ပျို တော်​ဆောင်​အုပ်၊ မိန်း​မ​စိုး​ဟေ​ဂဲ​အ​ကြံ ပေး​သည့်​အ​ဝတ်​အ​စား​ကို​ဝတ်​ဆင်​၍ သွား​လေ​သည်။-
A hiki i ka manawa pono e komo aku ai i ke alii la, o Esetera, e ke kaikamahine a Abihaila, he makuakane no Moredekai, ka mea i lawe ia ia i kaikamahine nana, aole i makeraake o Esetera i kekahi mea e ae, i na mea wale no a Hegai i olelo ai, ka luna o ke alii, ka mea malama i na wahine. Loaa no ia Esetera ka hoomaikaiia mai e ka poe a pau i ike ia ia.
16 ၁၆ ထို့​ကြောင့်​ဧ​သ​တာ​သည်​ဇေ​ရဇ်​မင်း​နန်း​စံ သတ္တ​မ​နှစ်​တေ​ဗက်​ခေါ်​ဒ​သ​မ​လ​၌ နန်း တော်​အ​တွင်း​ဇေ​ရဇ်​မင်း​၏​ရှေ့​တော်​သို့ ရောက်​ရှိ​သွား​၏။-
A laweia'ku la o Esetera i ke alii, ia Ahasuero, iloko o kona hale alii, i ka malama umi, oia hoi ka malama o Tebeta, i ka hiku o ka makahiki o kona noho alii ana.
17 ၁၇ မင်း​ကြီး​သည်​သူ့​အား​အ​ခြား​အ​မျိုး သ​မီး​အ​ပေါင်း​တို့​ထက်​ပို​၍​နှစ်​သက်​တော် မူ​သ​ဖြင့် သူ​သည်​ရှေ့​တော်​တွင်​မျက်​နှာ​ပွင့် လန်း​လျက်​ချစ်​ခင်​မြတ်​နိုး​တော်​မူ​ခြင်း ကို​ခံ​ရ​လေ​သည်။ မင်း​ကြီး​သည်​သူ့​အား ရာ​ဇ​သ​ရ​ဖူ​ကို​ဆောင်း​၍​ပေး​ပြီး​လျှင် ဝါ​ရှ​တိ​၏​အ​စား​မိ​ဖု​ရား​မြှောက်​တော် မူ​၏။-
A oi aku ka makemake o ke alii ia Esetera, mamua o na wahine a pau, a loaa ia ia ke alohaia, a me ka lokomaikaiia mai e ia, mamua o na wahine puupaa a pau. A kau iho la ia i ka leialii maluna o kona poo, a hoolilo iho la ia ia i alii wahine ma ka hakahaka o Vaseti.
18 ၁၈ ထို​နောက်​မိ​မိ​၏​မှူး​မတ်​များ​နှင့်​မင်း​အ​ရာ ရှိ​အ​ပေါင်း​ကို​ဖိတ်​ကြား​တော်​မူ​၍ ဧ​သ​တာ အား​ဂုဏ်​ပြု​စား​သောက်​ပွဲ​ကြီး​ကို​ကျင်း​ပ တော်​မူ​၏။ သူ​သည်​အင်​ပါ​ယာ​နိုင်​ငံ​တော် တစ်​ဝှမ်း​လုံး​တွင်​ထို​နေ့​ကို​အ​လုပ်​နား​ရက် အ​ဖြစ်​သတ်​မှတ်​ကြေ​ငြာ​တော်​မူ​၍ ဘု​ရင့် ဂုဏ်​နှင့်​လျော်​စွာ​ဆု​တော်​လာဘ်​တော်​များ ကို​လည်း​ပေး​သ​နား​တော်​မူ​၏။
Alaila, hana iho la ke alii i ahaaina nui na kona mau alii a pau, a me kona poe kanaka; o ka Esetera ahaaina ia. A haawi ae la oia i ka hoomaha no ua aina, a haawi no hoi i ka manawalea, e like me ka aoao mau o ke alii.
19 ၁၉ ဤ​အ​ချိန်​အ​တော​အ​တွင်း​၌​မင်း​ကြီး သည်​မော်​ဒ​ကဲ​အား အုပ်​ချုပ်​ရေး​ရာ​ထူး တစ်​နေ​ရာ​တွင်​ခန့်​ထား​တော်​မူ​၏။-
A i ka lua o ka hoakoakoa ana mai o na wahine puupaa, e noho ana no o Moredekai ma ka pukapa o ke alii.
20 ၂၀ ဧ​သ​တာ​မူ​ကား​မော်​ဒ​ကဲ​၏​မှာ​ကြား ချက်​အ​ရ​မိ​မိ​၏​ယု​ဒ​မျိုး​ရိုး​ဇာ​တိ​ကို ယ​ခု​တိုင်​အောင်​အ​ဘယ်​သူ​ကို​မျှ​အ​သိ မ​ပေး​ဘဲ​နေ​၏။ သူ​သည်​က​လေး​ဘ​ဝ​က မော်​ဒ​ကဲ​၏​စ​ကား​ကို​နား​ထောင်​ခဲ့​သည့် နည်း​တူ ဤ​အ​မှု​ကိစ္စ​တွင်​လည်း​နား​ထောင် လေ​သည်။
Aole i hoike o Esetera i kona hanauna, a me kona lahuikanaka, e like me ka Moredekai i kauoha aku ai ia ia; no ka mea, malama no o Esetera i ke kauoha a Moredekai, e like me kona manawa i malamaia'i e ia.
21 ၂၁ နန်း​တွင်း​၌​မော်​ဒ​ကဲ​သည် အုပ်​ချုပ်​ရေး​တာ​ဝန် ကို​ထမ်း​ဆောင်​နေ​ရ​စဉ်​အ​ခါ ဘု​ရင့်​အ​ဆောင် တော်​တံ​ခါး​စောင့်​မိန်း​မ​စိုး​နှစ်​ယောက်​တို့​သည် ဇေ​ရဇ်​မင်း​အား​အ​မျက်​ထွက်​သ​ဖြင့်​လုပ် ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​၏။-
Ia manawa, i ko Moredokai noho ana ma ka pukapa o ke alii, huhu aku la na luna elua o ke alii, o Bigetana, a me Teresa, na mea kiaipuka, a imi iho la laua i wahi e hiki ai e kau ka lima maluna o ke alii o Ahasuero.
22 ၂၂ မော်​ဒ​ကဲ​သည်​ထို​အ​ကြောင်း​ကို​ကြား​သိ​ရ သ​ဖြင့် မိ​ဖု​ရား​ဧ​သ​တာ​အား​ပြော​ကြား​၏။ သို့​ဖြစ်​၍​ဧ​သ​တာ​သည်​မင်း​ကြီး​အား မော်​ဒ​ကဲ​သိ​ရှိ​ရ​ချက်​ကို​လျှောက်​ထား​၏။-
A ua ikeia ia mea e Moredekai, a nana no i hai aku ia Esetera, i ke alii wahine; a hai aku o Esetera i ke alii, ma ka inoa o Moredekai.
23 ၂၃ ထို​အ​မှု​ကို​စုံ​စမ်း​စစ်​ဆေး​သော​အ​ခါ မော်​ဒ​ကဲ​ပေး​သည့်​သ​တင်း​မှန်​ကန်​ကြောင်း တွေ့​ရှိ​ရ​သ​ဖြင့် ထို​သူ​နှစ်​ယောက်​စ​လုံး​ပင် လည်​ဆွဲ​တိုင်​၌​ကွပ်​မျက်​ခြင်း​ကို​ခံ​ရ​ကြ လေ​သည်။ မင်း​ကြီး​သည်​ဤ​အ​မှု​ကို​အင် ပါ​ယာ​နိုင်​ငံ​တော်​မှတ်​တမ်း​များ​တွင်​ရေး မှတ်​ထား​စေ​တော်​မူ​၏။
A hookolokoloia ua mea la, loaa no; nolaila, liia laua a elua maluna o ka laau; a kakauia no hoi ia ma ka buke oihaua imua i ke alo o ke alii.

< ဧ​သ​တာ 2 >