< ဧသတာ 10 >
1 ၁ ဇေရဇ်မင်းသည်မိမိ၏အင်ပါယာနိုင်ငံ တော်ကမ်းရိုးတန်းဒေသများတွင်နေထိုင် သူများနှင့် နိုင်ငံတော်အတွင်းပိုင်းတွင်နေ ထိုင်သူများကို ချွေးတပ်များတွင်အမှု ထမ်းစေတော်မူ၏။-
Inkosi u-Ahasuweru wenza isinqumo sokuthelisa abantu kuwo wonke umbuso lasemikhunjini ekhatshana.
2 ၂ မင်းကြီးသည်အဘယ်မျှတန်ခိုးကြီးတော် မူကြောင်းနှင့်ကြီးမြင့်သောရာထူးဖြင့် မော်ဒ ကဲအားအဘယ်သို့ချီးမြှင့်တော်မူကြောင်း ကိုပေရသိနှင့်မေဒိဘုရင်တို့၏တရား ဝင်မှတ်တမ်းများတွင်ရေးသားထားပေ သည်။-
Zonke izenzo zamandla akhe amakhulu, kanye lemibhalo elandisa ngobukhulu bukaModekhayi inkosi eyayimphakamise ngabo, akulotshwanga na egwalweni lwemiLando yamakhosi aseMediya lasePhezhiya?
3 ၃ ယုဒအမျိုးသားမော်ဒကဲသည်ဇေရဇ်ဘုရင် ပြီးလျှင် နိုင်ငံတော်တွင်တန်ခိုးအကြီးဆုံး သောသူဖြစ်၏။ သူသည်ယုဒအမျိုးသား တို့၏ချစ်ခင်ကြည်ညိုရိုသေလေးစားမှုကို ခံရလေသည်။ သူသည်မိမိလူမျိုး၏အ ကျိုးနှင့် သူတို့၏သားမြေးများ၏လုံခြုံမှု အတွက်ဆောင်ရွက်ခဲ့သောသူဖြစ်ပေသည်။ ဧသတာဝတ္ထုပြီး၏။
UModekhayi umJuda wayelandela inkosi u-Ahasuweru esikhundleni embusweni, engumhlonitshwa omkhulu phakathi kwamaJuda, njalo eqakathekiswa ngabanengi kubaJuda bakibo, ngoba wayesebenzela ukuphila kuhle kwabantu bakibo njalo wayemela inhlalakahle yawo wonke amaJuda.