< ဧဖက် 5 >
1 ၁ သင်တို့သည်ဘုရားသခင်၏ချစ်သားများဖြစ် သဖြင့် ကိုယ်တော်နှင့်တူအောင်ကြိုးစားကြရမည်။-
Ugledajte se dakle na Boga, kao ljubazna djeca,
2 ၂ ခရစ်တော်သည်ငါတို့ကိုချစ်တော်မူ၍ငါတို့ အတွက် မိမိကိုယ်ကိုဘုရားသခင်နှစ်သက် တော်မူရာမွှေးကြိုင်သောယဇ်သကာအဖြစ် ဖြင့်ဆက်သတော်မူသကဲ့သို့ သင်တို့သည် လည်းမေတ္တာတရားကိုကျင့်သုံးကြလော့။
I živite u ljubavi, kao što je i Hristos ljubio nas, i predade sebe za nas u prilog i žrtvu Bogu na slatki miris.
3 ၃ သင်တို့သည်ဘုရားသခင်၏လူစုတော်ဖြစ် သြဖင့်ကာမဂုဏ်လိုက်စားမှု၊ ညစ်ညမ်းမှုနှင့် လောဘလွန်ကူးမှုအကြောင်းတို့ကိုသင် တို့တွင်ပြောဆိုခြင်းပင်မရှိစေနှင့်။-
A kurvarstvo i svaka neèistota i lakomstvo da se i ne spominje meðu vama, kao što se pristoji svetima;
4 ၄ ညစ်ညမ်းသောစကား၊ ယုတ်မာသောစကား၊ ရိုင်းစိုင်းသောစကားများကိုလည်းမပြော မဆိုအပ်။ ကျေးဇူးတော်ကိုချီးမွမ်းသည့် စကားများကိုသာလျှင်ပြောဆိုအပ်၏။-
Tako i sramotne i lude rijeèi, ili šale, što se ne pristoji; nego još zahvaljivanje.
5 ၅ ကာမဂုဏ်လိုက်စားသူ၊ ညစ်ညမ်းသူ၊ လောဘ လွန်ကူးသူဟူသမျှသည်ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံတော်တွင်ပါဝင်ကြ ရလိမ့်မည်မဟုတ်ကြောင်းသင်တို့သိကြ၏။ (လောဘလွန်ကူးခြင်းသည်ရုပ်တုကိုးကွယ် မှုတစ်မျိုးပင်ဖြစ်သည်။)
Jer ovo da znate da nijedan kurvar, ili neèist, ili tvrdica koji je idolopoklonik neæe imati dijela u carstvu Hrista i Boga.
6 ၆ အချည်းနှီးသောစကားဖြင့်အဘယ်သူမျှ သင်တို့ကိုမလှည့်ဖြားစေနှင့်။ ထိုအမှုများ ကြောင့်ဘုရားသခင်၏အမိန့်တော်ကိုမနာ ခံသူတို့သည်အမျက်တော်သင့်ကြလိမ့်မည်။-
Niko da vas ne vara praznijem rijeèima; jer ovijeh radi ide gnjev Božij na sinove nepokornosti.
7 ၇ ထို့ကြောင့်သင်တို့သည်ထိုသို့သောသူတို့နှင့် လုံးဝမဆက်ဆံကြနှင့်။-
Ne bivajte dakle zajednièari njihovi.
8 ၈ အခါတစ်ပါးကသင်တို့သည်မှောင်မိုက်တွင် နေထိုင်ခဲ့ကြ၏။ ယခုအခါ၌မူသခင် ဘုရား၏လူစုတော်ဝင်များဖြစ်လာကြ သဖြင့်အလင်းသို့ရောက်ရှိကြလေပြီ။ သို့ ဖြစ်၍အလင်း၌ကျင်လည်သူများကဲ့သို့ ပြုကျင့်ကြလော့။-
Jer bijaste negda tama, a sad ste vidjelo u Gospodu: kao djeca vidjela živite;
9 ၉ အဘယ်ကြောင့်ဆိုသော်အလင်းသည်ကောင်း မြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်းနှင့် အမှန်တရားတို့ကိုဖြစ်ပွားစေသောကြောင့် ဖြစ်၏။-
Jer je rod duhovni u svakoj dobroti i pravdi i istini.
10 ၁၀ သခင်ဘုရားနှစ်သက်တော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုကြိုးစား ၍သင်ယူကြလော့။-
Istražujte što je Bogu ugodno.
11 ၁၁ မှောင်မိုက်တွင်ကျင်လည်သူတို့ပြုသည့်အကျိုး မဲ့သောအမှုများကိုမပြုဘဲ ယင်းအမှုတို့ ကိုအလင်းသို့ဖော်ထုတ်ကြလော့။-
I ne pristajte na bezrodna djela tame, nego još karajte.
12 ၁၂ (ဤသူတို့ဆိတ်ကွယ်ရာတွင်ပြုကျင့်သည့် အမှုများကိုဖော်ပြရန်ပင်အလွန်ရှက်စရာ ကောင်း၏။-)
Jer je sramno i govoriti šta oni tajno èine.
13 ၁၃ အလင်းသို့ဖော်ထုတ်ခြင်းခံရသည့်အရာဟူ သမျှသည် မိမိတို့၏ပင်ကိုသဘောပေါ်၍ လာလေသည်။-
A sve za što se kara, vidjelo objavljuje; jer sve što se objavljuje, vidjelo je;
14 ၁၄ အဘယ်ကြောင့်ဆိုသော်အလင်းသည်ခပ်သိမ်း သောအရာတို့ကိုပေါ်လွင်ထင်ရှားစေသော ကြောင့်ဖြစ်၏။ ဤအကြောင်းကြောင့်ကျမ်းစာ တော်တွင်၊ ``အိပ်ပျော်သူ၊ ထလော့။ သေခြင်းမှထြေမာက်လော့။ ခရစ်တော်သည်သင့်အပေါ်သို့ ထွန်းလင်းတော်မူလိမ့်မည်'' ဟုပါရှိသတည်း။
Zato govori: ustani ti koji spavaš i vaskrsni iz mrtvijeh, i obasjaæe te Hristos.
15 ၁၅ သို့ဖြစ်၍သင်တို့ပြုကျင့်ပုံကိုသတိပြုကြ လော့။ ပညာမဲ့သူများကဲ့သို့မဟုတ်ဘဲပညာ ရှိသူများကဲ့သို့ပြုကျင့်ကြလော့။-
Gledajte dakle da uredno živite, ne kao nemudri, nego kao mudri;
16 ၁၆ ဤနေ့ရက်ကာလသည်ဆိုးယုတ်သောကာလဖြစ် သောကြောင့် သင်တို့ရရှိသည့်အခွင့်အရေးရှိ သမျှကိုအကျိုးရှိအောင်အသုံးပြုကြလော့။-
Pazite na vrijeme, jer su dani zli.
17 ၁၇ ထို့ကြောင့်သင်တို့သည်မိုက်မဲ၍မနေဘဲ သခင် ဘုရား၏အလိုတော်ကိုကြိုးစား၍ရှာကြလော့။
Toga radi ne budite nerazumni, nego poznajte što je volja Božija.
18 ၁၈ သင်တို့အားပျက်စီးစေမည့်သေသောက်ကြူးခြင်း ကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်ဝလျက်ရှိကြ လော့။-
I ne opijajte se vinom, u kome je kurvarstvo, nego se još ispunjavajte duhom,
19 ၁၉ တစ်ဦးနှင့်တစ်ဦးစကားပြောကြသောအခါ ဆာလံသီချင်း၊ ဋ္ဌမ္မသီချင်းနှင့်ဘာသာရေးသီ ချင်းများမှစကားများဖြင့်ပြောဆိုကြလော့။ စိတ်နှလုံးအတွင်း၌သခင်ဘုရားအားထော မနာပြုလျက် ဋ္ဌမ္မသီချင်းများနှင့်ဆာလံ သီချင်းများကိုသီဆိုကူးအေးကြလော့။-
Govoreæi meðu sobom u psalmima i pojanju i pjesmama duhovnijem, pjevajuæi i pripijevajuæi u srcima svojijem Gospodu;
20 ၂၀ ငါတို့အရှင်ယေရှုခရစ်၏နာမတော်ကိုအမှီ ပြု၍ ခပ်သိမ်းသောအရာတို့အတွက်အဖဘုရား သခင်၏ကျေးဇူးတော်ကိုအစဉ်မပြတ်ချီး မွမ်းကြလော့။
Zahvaljujuæi za svašto u ime Gospoda našega Isusa Hrista Bogu i ocu;
21 ၂၁ ခရစ်တော်ကိုရိုသေလေးစားသောအားဖြင့်သင် တို့သည်တစ်ဦး၏အလိုကိုတစ်ဦးလိုက်လျော ကြလော့။
Slušajuæi se meðu sobom u strahu Božijemu.
22 ၂၂ မယားဖြစ်သူတို့၊ သင်တို့သည်သခင်ဘုရား၏ အုပ်စိုးခြင်းကိုခံယူသကဲ့သို့ခင်ပွန်းတို့၏အုပ် စိုးခြင်းကိုခံယူကြလော့။-
Žene! slušajte svoje muževe kao Gospoda.
23 ၂၃ ခရစ်တော်သည်အသင်းတော်အပေါ်သြဇာအာဏာ ရှိသကဲ့သို့ လင်သည်မိမိခင်ပွန်းအပေါ်သြဇာ အာဏာရှိ၏။ ခရစ်တော်သည်မိမိ၏ကိုယ်ခန္ဓာဖြစ် သောအသင်းတော်၏ကယ်တင်ရှင်ဖြစ်တော်မူ၏။-
Jer je muž glava ženi kao što je i Hristos glava crkvi, i on je spasitelj tijela.
24 ၂၄ သို့ဖြစ်၍အသင်းတော်သည်ခရစ်တော်၏အုပ်စိုး ခြင်းကိုခံယူသကဲ့သို့ မယားတို့သည်လည်းလင် တို့၏အုပ်စိုးခြင်းကိုအကြွင်းမဲ့ခံယူရကြမည်။
No kao što crkva sluša Hrista tako i žene svoje muževe u svemu.
25 ၂၅ လင်ဖြစ်သူတို့၊ ခရစ်တော်သည်အသင်းတော်ကို ချစ်တော်မူ၍ အသင်းတော်အတွက်မိမိအသက် ကိုစွန့်တော်မူသည့်နည်းတူ သင်တို့၏မယားများ ကိုချစ်ကြလော့။-
Muževi! ljubite svoje žene kao što i Hristos ljubi crkvu, i sebe predade za nju,
26 ၂၆ ကိုယ်တော်သည်မိမိအသက်ကိုစွန့်တော်မူခြင်း မှာအသင်းတော်ကိုရေဖြင့်သန့်ရှင်းစေပြီးလျှင် နှုတ်ကပတ်တော်ဖြင့်ဘုရားသခင်အားဆက် ကပ်တော်မူသဖြင့်၊-
Da je osveti oèistivši je kupanjem vodenijem u rijeèi;
27 ၂၇ အသင်းတော်ကိုမိမိအားဆက်သတော်မူရာ ၌အညစ်အကြေးအစွန်းအကွက်မရှိ၊ သန့်ရှင်း ဖြူစင်အပြစ်ကင်းလျက်လှပတင့်တယ်သော အသရေနှင့်ပြည့်စုံနိုင်စေရန်ပင်ဖြစ်သည်။-
Da je metne preda se slavnu crkvu, koja nema mane ni mrštine, ili takoga èega, nego da bude sveta i bez mane.
28 ၂၈ လင်ဖြစ်သူတို့သည်မိမိတို့ကိုယ်ခန္ဓာကိုချစ် သကဲ့သို့မယားများအားချစ်သင့်ကြ၏။ မယားကိုချစ်သောသူသည်မိမိကိုယ်ခန္ဓာ ကိုချစ်သောသူဖြစ်၏။-
Tako su dužni muževi ljubiti svoje žene kao svoja tjelesa; jer koji ljubi svoju ženu, sebe samoga ljubi.
29 ၂၉ (အဘယ်သူမျှမိမိကိုယ်ခန္ဓာကိုမုန်းသည်ဟူ၍ မရှိ။ မုန်းမည့်အစားသူသည်မိမိကိုယ်ကိုကျွေး မွေးပြုစု၏။ အသင်းတော်အားခရစ်တော် ကျွေးမွေးပြုစုတော်မူသကဲ့သို့တည်း။-
Jer niko ne omrznu kad na svoje tijelo, nego ga hrani i grije, kao i Gospod crkvu.
30 ၃၀ ငါတို့သည်ကိုယ်ခန္ဓာတော်၏အင်္ဂါများဖြစ်ကြ၏။-)
Jer smo udi tijela njegova, od mesa njegova, i od kostiju njegovijeh.
31 ၃၁ ကျမ်းစာတော်တွင်၊ ``ဤအကြောင်းကြောင့်ယောကျာ်းသည်မိဘထံမှ ထွက်ခွာ၍မယားနှင့်စုံဖက်သဖြင့်၊ သူတို့နှစ်ဦးသည်တစ်သားတစ်ကိုယ်တည်း ဖြစ်ကြရလိမ့်မည်'' ဟုဖော်ပြပါရှိ၏။-
Toga radi ostaviæe èovjek oca svojega i mater, i prilijepiæe se k ženi svojoj, i biæe dvoje jedno tijelo.
32 ၃၂ ဤကားအလွန်နက်နဲသောသစ္စာစကားဖြစ် ၍ ခရစ်တော်နှင့်အသင်းတော်ကိုရည်စူး၍ ဆိုသောစကားဖြစ်သည်ဟုငါဆို၏။-
Tajna je ovo velika; a ja govorim za Hrista i za crkvu.
33 ၃၃ သို့ရာတွင်သင်တို့တစ်ဦးစီနှင့်လည်းသက်ဆိုင် ပေသည်။ လင်ဖြစ်သူသည်မယားကိုကိုယ်နှင့် အမျှချစ်ရမည်။ မယားဖြစ်သူသည်လည်း လင်ယောကျာ်းကိုရိုသေလေးစားရမည်။
Ali i vi svaki da ljubi onako svoju ženu kao i sebe samoga; a žena da se boji svojega muža.