< ဧဖက် 5 >
1 ၁ သင်တို့သည်ဘုရားသခင်၏ချစ်သားများဖြစ် သဖြင့် ကိုယ်တော်နှင့်တူအောင်ကြိုးစားကြရမည်။-
Kwa nneyo, mwalandanje a Nnungu pabha mmanganyanji nshibhanganga bhana bhapingwanga na bhenebho,
2 ၂ ခရစ်တော်သည်ငါတို့ကိုချစ်တော်မူ၍ငါတို့ အတွက် မိမိကိုယ်ကိုဘုရားသခင်နှစ်သက် တော်မူရာမွှေးကြိုင်သောယဇ်သကာအဖြစ် ဖြင့်ဆက်သတော်မူသကဲ့သို့ သင်တို့သည် လည်းမေတ္တာတရားကိုကျင့်သုံးကြလော့။
Nntamangane kwa pingana malinga shibhampinjilenje a Kilishitu, kwa ligongo lyetu bhashinkwishoya bhayene mbuti mbepei inunjila ikwanonyela a Nnungu.
3 ၃ သင်တို့သည်ဘုရားသခင်၏လူစုတော်ဖြစ် သြဖင့်ကာမဂုဏ်လိုက်စားမှု၊ ညစ်ညမ်းမှုနှင့် လောဘလွန်ကူးမှုအကြောင်းတို့ကိုသင် တို့တွင်ပြောဆိုခြင်းပင်မရှိစေနှင့်။-
Pabha mmanganyanji nshibhanganga bhandu bha ukonjelo, bhai ya labhalabha na ya nyata eu ya shienga inapilikanishe munkumbi gwenunji.
4 ၄ ညစ်ညမ်းသောစကား၊ ယုတ်မာသောစကား၊ ရိုင်းစိုင်းသောစကားများကိုလည်းမပြော မဆိုအပ်။ ကျေးဇူးတော်ကိုချီးမွမ်းသည့် စကားများကိုသာလျှင်ပြောဆိုအပ်၏။-
Na kabhili malobhe ga oni eu ibheleketo ya shingumba na mitau, yeneyo ikampwaanga, ikabhe malobhe ga kwatendela eja a Nnungu genego shigampwaanje.
5 ၅ ကာမဂုဏ်လိုက်စားသူ၊ ညစ်ညမ်းသူ၊ လောဘ လွန်ကူးသူဟူသမျှသည်ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံတော်တွင်ပါဝင်ကြ ရလိမ့်မည်မဟုတ်ကြောင်းသင်တို့သိကြ၏။ (လောဘလွန်ကူးခြင်းသည်ရုပ်တုကိုးကွယ် မှုတစ်မျိုးပင်ဖြစ်သည်။)
Mmumanyanje kuti jwakwa alabhalabha eu atenda ya nyata, eu akwetela, mundu jwa kwetela indu analandana naka mundu akwiitindibhalila yanamu, akakola ulishi mu muupalume gwa a Yeshu Kilishitu na a Nnungu.
6 ၆ အချည်းနှီးသောစကားဖြင့်အဘယ်သူမျှ သင်တို့ကိုမလှည့်ဖြားစေနှင့်။ ထိုအမှုများ ကြောင့်ဘုရားသခင်၏အမိန့်တော်ကိုမနာ ခံသူတို့သည်အမျက်တော်သင့်ကြလိမ့်မည်။-
Nnakundanje tembwa naka mundu kwa malobhe gangali mana, pabha kwa yene ilebhoyo, nnjimwa ja Nnungu jinakwajiilanga bhandu bhowe bhakakwaakundanga a Nnungu.
7 ၇ ထို့ကြောင့်သင်တို့သည်ထိုသို့သောသူတို့နှင့် လုံးဝမဆက်ဆံကြနှင့်။-
Bhai, nnatendanje shilongani na bhanganyabho.
8 ၈ အခါတစ်ပါးကသင်တို့သည်မှောင်မိုက်တွင် နေထိုင်ခဲ့ကြ၏။ ယခုအခါ၌မူသခင် ဘုရား၏လူစုတော်ဝင်များဖြစ်လာကြ သဖြင့်အလင်းသို့ရောက်ရှိကြလေပြီ။ သို့ ဖြစ်၍အလင်း၌ကျင်လည်သူများကဲ့သို့ ပြုကျင့်ကြလော့။-
Pabha bhukala mmanganyanji pumwalinginji nnubhindu lwa yambi, ikabhe nnaino nshibhsnganga nshilangaya sha lumanyio nkulundana na Bhakulungwa. Ntamangananje mbuti bhana bha shilangaya,
9 ၉ အဘယ်ကြောင့်ဆိုသော်အလင်းသည်ကောင်း မြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်းနှင့် အမှန်တရားတို့ကိုဖြစ်ပွားစေသောကြောင့် ဖြစ်၏။-
pabha ikoposhela nshilangaya ni ntima gwa mmbone na aki na kweli,
10 ၁၀ သခင်ဘုရားနှစ်သက်တော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုကြိုးစား ၍သင်ယူကြလော့။-
nkagulilanje yeneyo ni ikwanonyela Bhakulungwa.
11 ၁၁ မှောင်မိုက်တွင်ကျင်လည်သူတို့ပြုသည့်အကျိုး မဲ့သောအမှုများကိုမပြုဘဲ ယင်းအမှုတို့ ကိုအလင်းသို့ဖော်ထုတ်ကြလော့။-
Wala nnatendanje shilongani na itendi ikapwaa ya nnubhindu, ikabhe nnaiyanje,
12 ၁၂ (ဤသူတို့ဆိတ်ကွယ်ရာတွင်ပြုကျင့်သည့် အမှုများကိုဖော်ပြရန်ပင်အလွန်ရှက်စရာ ကောင်း၏။-)
Pabha itendekwa kwa nng'iyo nkali kuitaya inabha oni.
13 ၁၃ အလင်းသို့ဖော်ထုတ်ခြင်းခံရသည့်အရာဟူ သမျှသည် မိမိတို့၏ပင်ကိုသဘောပေါ်၍ လာလေသည်။-
Ikabheje yowe itendwa pa shilangaya, inabhoneka,
14 ၁၄ အဘယ်ကြောင့်ဆိုသော်အလင်းသည်ခပ်သိမ်း သောအရာတို့ကိုပေါ်လွင်ထင်ရှားစေသော ကြောင့်ဖြစ်၏။ ဤအကြောင်းကြောင့်ကျမ်းစာ တော်တွင်၊ ``အိပ်ပျော်သူ၊ ထလော့။ သေခြင်းမှထြေမာက်လော့။ ခရစ်တော်သည်သင့်အပေါ်သို့ ထွန်းလင်းတော်မူလိမ့်မည်'' ဟုပါရှိသတည်း။
pabha shilangaya ni shitenda indu ibhoneshe. Kwa nneyo tukuti, “Nnjumushe mmwe muubhelu gwa yambi, nkole lumanyio lwa kwaamanya a Nnungu, na bhalabho a Kilishitu shibhannangashiye.”
15 ၁၅ သို့ဖြစ်၍သင်တို့ပြုကျင့်ပုံကိုသတိပြုကြ လော့။ ပညာမဲ့သူများကဲ့သို့မဟုတ်ဘဲပညာ ရှိသူများကဲ့သို့ပြုကျင့်ကြလော့။-
Bhai mwilolesheyanje shinkuti tamangananga. Nnatamangananje mbuti mabhelu, ikabhe malinga bhakwetenje lunda,
16 ၁၆ ဤနေ့ရက်ကာလသည်ဆိုးယုတ်သောကာလဖြစ် သောကြောင့် သင်တို့ရရှိသည့်အခွင့်အရေးရှိ သမျှကိုအကျိုးရှိအောင်အသုံးပြုကြလော့။-
Ntendelanje ukoto malanga, pabha mobha ga nnaino gano ga ya nyata.
17 ၁၇ ထို့ကြောင့်သင်တို့သည်မိုက်မဲ၍မနေဘဲ သခင် ဘုရား၏အလိုတော်ကိုကြိုးစား၍ရှာကြလော့။
Kwa nneyo, nnabhanganje mabhelu, ikabhe mwimanyanje indu ikwanonyela Bhakulungwa.
18 ၁၈ သင်တို့အားပျက်စီးစေမည့်သေသောက်ကြူးခြင်း ကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်ဝလျက်ရှိကြ လော့။-
Kabhili nnakolelwanje ukana, pabha shigumpuganyanje, ikabhe nngumbaywanje Mbumu jwa a Nnungu,
19 ၁၉ တစ်ဦးနှင့်တစ်ဦးစကားပြောကြသောအခါ ဆာလံသီချင်း၊ ဋ္ဌမ္မသီချင်းနှင့်ဘာသာရေးသီ ချင်းများမှစကားများဖြင့်ပြောဆိုကြလော့။ စိတ်နှလုံးအတွင်း၌သခင်ဘုရားအားထော မနာပြုလျက် ဋ္ဌမ္မသီချင်းများနှင့်ဆာလံ သီချင်းများကိုသီဆိုကူးအေးကြလော့။-
mmeleketanje malobhe ga shabhuli na nyimbo ya muntima, akuno nnijimbanga na kwaangalila Bhakulungwa mmitima jenunji;
20 ၂၀ ငါတို့အရှင်ယေရှုခရစ်၏နာမတော်ကိုအမှီ ပြု၍ ခပ်သိမ်းသောအရာတို့အတွက်အဖဘုရား သခင်၏ကျေးဇူးတော်ကိုအစဉ်မပြတ်ချီး မွမ်းကြလော့။
Nnikwatendelanga eja a Nnungu Atati, mobha gowe kwa ligongo lya indu yowe, kwa lina lya Bhakulungwa bhetu a Yeshu Kilishitu.
21 ၂၁ ခရစ်တော်ကိုရိုသေလေးစားသောအားဖြင့်သင် တို့သည်တစ်ဦး၏အလိုကိုတစ်ဦးလိုက်လျော ကြလော့။
Kila mundu ankunde nnjakwe kwa ligongo lya a Yeshu Kilishitu.
22 ၂၂ မယားဖြစ်သူတို့၊ သင်တို့သည်သခင်ဘုရား၏ အုပ်စိုးခြင်းကိုခံယူသကဲ့သို့ခင်ပွန်းတို့၏အုပ် စိုးခြင်းကိုခံယူကြလော့။-
Bhanabhakongwe, bhaakundanje ashimbuje bhabhonji malinga shitukwaakunda Bhakulungwa bhetu a Yeshu.
23 ၂၃ ခရစ်တော်သည်အသင်းတော်အပေါ်သြဇာအာဏာ ရှိသကဲ့သို့ လင်သည်မိမိခင်ပွန်းအပေါ်သြဇာ အာဏာရှိ၏။ ခရစ်တော်သည်မိမိ၏ကိုယ်ခန္ဓာဖြစ် သောအသင်းတော်၏ကယ်တင်ရှင်ဖြစ်တော်မူ၏။-
Pabha jwannume ni kalongolele juka nkagwe, malinga a Kilishitu nabhalabho shibhali a kalongolele bha likanisha, nabhalabho a Kilishitu ni Bhaatapula bha likanisha lili shiilu shabho.
24 ၂၄ သို့ဖြစ်၍အသင်းတော်သည်ခရစ်တော်၏အုပ်စိုး ခြင်းကိုခံယူသကဲ့သို့ မယားတို့သည်လည်းလင် တို့၏အုပ်စိုးခြင်းကိုအကြွင်းမဲ့ခံယူရကြမည်။
Ikabheje malinga likanisha shilikwaakunda a Kilishitu, nneyo peyo na bhanabhakongwe bhaakundanje ashimbuje bhabhonji kwa indu yowe.
25 ၂၅ လင်ဖြစ်သူတို့၊ ခရစ်တော်သည်အသင်းတော်ကို ချစ်တော်မူ၍ အသင်းတော်အတွက်မိမိအသက် ကိုစွန့်တော်မူသည့်နည်းတူ သင်တို့၏မယားများ ကိုချစ်ကြလော့။-
Numbe mmanganyanji mmanabhalume, mwaapinganje ashaakongo bhenunji, malinga na bhalabho a Kilishitu shibhalipinjile likanisha, nikwiishoya mbepei kwa ligongo lyakwe.
26 ၂၆ ကိုယ်တော်သည်မိမိအသက်ကိုစွန့်တော်မူခြင်း မှာအသင်းတော်ကိုရေဖြင့်သန့်ရှင်းစေပြီးလျှင် နှုတ်ကပတ်တော်ဖြင့်ဘုရားသခင်အားဆက် ကပ်တော်မူသဖြင့်၊-
Bhashinkutenda nneyo nkupinga kwa lilobhe lyabho, bhalikonjeleye likanisha kwa ligongo lya a Nnungu kwa mashi na lilobhe,
27 ၂၇ အသင်းတော်ကိုမိမိအားဆက်သတော်မူရာ ၌အညစ်အကြေးအစွန်းအကွက်မရှိ၊ သန့်ရှင်း ဖြူစင်အပြစ်ကင်းလျက်လှပတင့်တယ်သော အသရေနှင့်ပြည့်စုံနိုင်စေရန်ပင်ဖြစ်သည်။-
nkupinga bhalipate likanisha likwete ukonjelo, lyangali lilembwani, wala ngwinyai yoyowe, ikabhe libhe lya ukonjelo.
28 ၂၈ လင်ဖြစ်သူတို့သည်မိမိတို့ကိုယ်ခန္ဓာကိုချစ် သကဲ့သို့မယားများအားချစ်သင့်ကြ၏။ မယားကိုချစ်သောသူသည်မိမိကိုယ်ခန္ဓာ ကိုချစ်သောသူဖြစ်၏။-
Bhai, bhanabhalume bhanaapinjikwanga kwaapinganga ashaakongo bhabhonji malinga iilu yabhonji ashayenenji. Pabha akumpinga nkagwe, anakwiipinga nnyene.
29 ၂၉ (အဘယ်သူမျှမိမိကိုယ်ခန္ဓာကိုမုန်းသည်ဟူ၍ မရှိ။ မုန်းမည့်အစားသူသည်မိမိကိုယ်ကိုကျွေး မွေးပြုစု၏။ အသင်းတော်အားခရစ်တော် ကျွေးမွေးပြုစုတော်မူသကဲ့သို့တည်း။-
Jwakwapi mundu akushishima shiilu shakwe, ikabhe anakushiliya na kushigoya na kushiwasha. Mbuti nabhalabho a Kilishitu shibhakuti kulitendela likanisha,
30 ၃၀ ငါတို့သည်ကိုယ်ခန္ဓာတော်၏အင်္ဂါများဖြစ်ကြ၏။-)
pabha uwe ni ibhalo ya shiilu shabho.
31 ၃၁ ကျမ်းစာတော်တွင်၊ ``ဤအကြောင်းကြောင့်ယောကျာ်းသည်မိဘထံမှ ထွက်ခွာ၍မယားနှင့်စုံဖက်သဖြင့်၊ သူတို့နှစ်ဦးသည်တစ်သားတစ်ကိုယ်တည်း ဖြစ်ကြရလိမ့်မည်'' ဟုဖော်ပြပါရှိ၏။-
Kwa lyene ligongolyo, jwannume shabhalekanje ainagwe na akwabhe, nilundana naka nkagwe na bhene bhabhilibho shibhabhanganje shiilu shimo.
32 ၃၂ ဤကားအလွန်နက်နဲသောသစ္စာစကားဖြစ် ၍ ခရစ်တော်နှင့်အသင်းတော်ကိုရည်စူး၍ ဆိုသောစကားဖြစ်သည်ဟုငါဆို၏။-
Upali nng'iyo kwa gene malobhego, ikabhe nne ngunabheleketa ga ngani ja a Kilishitu na likanisha.
33 ၃၃ သို့ရာတွင်သင်တို့တစ်ဦးစီနှင့်လည်းသက်ဆိုင် ပေသည်။ လင်ဖြစ်သူသည်မယားကိုကိုယ်နှင့် အမျှချစ်ရမည်။ မယားဖြစ်သူသည်လည်း လင်ယောကျာ်းကိုရိုသေလေးစားရမည်။
Kwa nneyo kila jwannume ampinje nkagwe malinga shiikupinjikwa na wala jwankongwe analeshe kunkunda mmbujegwe kwa indu yowe.