< ဧဖက် 2 >
1 ၁ အခါတစ်ပါးကသင်တို့သည်မနာခံမှုနှင့် အပြစ်ဒုစရိုက်ကြောင့် ဝိညာဉ်ရေးအရသေ လျက်ရှိနေခဲ့ကြ၏။-
Eta çuec viuificatu çaituzte hilac cinetelaric faltetan eta bekatuetan:
2 ၂ လောက၏အပြစ်လမ်းစဉ်အတိုင်းလိုက်လျှောက် ခဲ့ကြ၏။ အာကာသရှိဝိညာဉ်တန်ခိုးများကို အုပ်စိုးသောမင်းကိုနာခံသူများဖြစ်ခဲ့ကြ၏။ ဘုရားသခင်၏အမိန့်တော်ကိုမနာခံသူ တို့သည် ယခုအခါ၌ထိုသူ၏စိုးမိုးအုပ် ချုပ်ခြင်းကိုခံလျက်နေကြရ၏။- (aiōn )
Ceinétan noizpait ebili içan baitzarete mundu hunen cursuaren araura, airearen bothereco princearen araura, cein baita desobedientiazco haourretan orain obratzen duen spiritua: (aiōn )
3 ၃ အမှန်စင်စစ်ငါတို့သည်ထိုသူတို့ကဲ့သို့ ဇာတိ၏ဆွဲဆောင်ရာသို့လိုက်လျက် ကာယ၏ အလိုနှင့်စိတ်၏အလိုအရပြုကျင့်ခဲ့ကြ၏။ ငါတို့သည်ဇာတိသဘောအရအခြားသူ တို့နည်းတူ ဘုရားသခင်၏အမျက်တော်ကို ခံထိုက်သူများဖြစ်ခဲ့ကြသည်။
Ceinén artean guc guciec-ere noizpait conuersatu vkan baitugu gure haraguiaren guthicietan eguiten guentuela, haraguiaren eta gure pensamenduén desirac: eta naturaz hiraren haour guinén berceac-ere beçala.
4 ၄ သို့ရာတွင်ဘုရားသခင်၏ကရုဏာတော်သည် အလွန်ကြွယ်ဝ၍ မေတ္တာတော်သည်အလွန် ကြီးမားလှသဖြင့်ကိုယ်တော်သည်၊-
Baina Iainco misericordiaz abratsac bere charitate handi gu onhetsi gaituenagatic,
5 ၅ ငါတို့အားမနာခံမှုအားဖြင့်ဝိညာဉ်ရေး အရသေလျက်ရှိနေရာမှ ခရစ်တော်နှင့်အတူ ရှင်ပြန်စေတော်မူ၏။ သင်တို့သည်ဘုရားသခင် ၏ကျေးဇူးတော်ကြောင့်သာလျှင် ကယ်တင်ခြင်း ကိုခံရကြပေသည်။-
Eta bekatuz hilac guinelaric, elkarrequin, Christez viuificatu vkan gaitu, ceinen gratiaz saluatu içan baitzarete:
6 ၆ ငါတို့သည်ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်သဖြင့်ဘုရားသခင်သည် ငါတို့အား ခရစ်တော်နှင့်အတူသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၍ ထိုအရှင်နှင့်အတူကောင်းကင် လောကတွင်စိုးစံခွင့်ကိုပေးတော်မူ၏။-
Eta resuscitatu vkan gaitu elkarrequin eta iar eraci ceruètan Iesus Christean.
7 ၇ ဤသို့ပြုတော်မူခြင်းမှာခရစ်တော်ယေရှုအားဖြင့် ငါတို့အားမေတ္တာပြတော်မူရာ၌ကိုယ်တော်၏ ကျေးဇူးတော်သည်သာမန်ထက်လွန်ကဲသည်ကို နောင်ကာလအစဉ်အဆက်လူတို့သိမြင်နိုင် ကြစေရန်ပင်ဖြစ်သည်။- (aiōn )
Eracuts leçançát ethorteco diraden seculetan bere gratiaren abrastassun abundanta bere gureganaco benignitateaz Iesus Christean. (aiōn )
8 ၈ သင်တို့သည်ယုံကြည်သောအားဖြင့်ကျေးဇူး တော်ကြောင့်ကယ်တင်ခြင်းကိုခံကြရ၏။ သင်တို့ ၏ကြိုးစားအားထုတ်မှုရလဒ်ကြောင့်ခံကြရ သည်မဟုတ်။ ဘုရားသခင်ချပေးတော်မူသော ဆုဖြစ်၍အဘယ်သူမျှဝါကြွားစရာ အကြောင်းမရှိ။-
Ecen gratiaz saluatu içan çarete fedearen moienez: eta hori ez çuetaric: Iaincoaren dohaina da:
Ezobréz, nehor gloria eztadinçát.
10 ၁၀ ငါတို့သည်ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်လျက်ဘုရားသခင်စီမံထားတော်မူ သောအကျင့်ကောင်းများကိုပြုကျင့်စေရန် ဘုရား သခင်သည်ငါတို့အားဖန်ဆင်းတော်မူပေသည်။
Ecen haren obrá gara Iesus Christean creatuac obra onetara, cein preparatu baititu Iaincoac hetan ebil guentecençát.
11 ၁၁ ဇာတိအလျောက်လူမျိုးခြားဖြစ်ကြသောသင် တို့အား အရေဖျားလှီးမင်္ဂလာမခံသူများဟု ယုဒအမျိုးသားများကခေါ်ကြ၏။ ယုဒ အမျိုးသားများက မိမိတို့ကိုယ်ကိုအရေ ဖျားလှီးမင်္ဂလာခံသူများဟုခေါ်ကြ၏။ (အရေဖျားလှီးမင်္ဂလာဟုဆိုရာ၌ကိုယ် ကာယနှင့်ဆိုင်သောအမှုဖြစ်သည်။) အထက် ကသင်တို့၏အခြေအနေကိုသတိရ ကြလော့။-
Halacotz, orhoit çaitezte nola çuec noizpait Gentilac haraguian, Preputio deitzen baitzineten, haraguian Circoncisione deitzen denaz eta escuz eguiten denaz,
12 ၁၂ ထိုစဉ်အခါကသင်တို့သည်ခရစ်တော်နှင့် ကင်းကွာလျက်နေခဲ့ကြ၏။ သင်တို့သည်လူမျိုး ခြားများဖြစ်၍ ဘုရားသခင်ရွေးချယ်တော်မူ သောလူစုတော်တွင်ပါဝင်ခွင့်မရကြ။ မိမိ၏ လူစုတော်အား ဘုရားသခင်ထားတော်မူသော ကတိတော်များပေါ်တွင်အခြေပြုသည့်ပဋိ ညာဉ်တရားနှင့်မသက်ဆိုင်ကြ။ ဤလောက တွင်မျှော်လင့်ရာမဲ့ဘုရားမဲ့ခဲ့ရ၏။-
Baitzineten dembora hartan Christ gabe, Israeleco republicarequin deus communic etzindutelaric, eta promessaren alliancetaric estranger, sperançaric etzindutelaric, eta Iainco gabe munduan cinetelaric:
13 ၁၃ သို့ရာတွင်ယခုအခါ၌ခရစ်တော်ယေရှုနှင့် တစ်လုံးတစ်ဝတည်းဖြစ်ကြပြီဖြစ်သဖြင့် ယခင် ကဝေးလျက်နေခဲ့ကြသောသင်တို့သည်ခရစ် တော်အသေခံတော်မူခြင်းကြောင့် အပါးတော် သို့ရောက်ကြရလေပြီ။-
Baina orain Iesus Christean, çuec noizpait baitzineten vrrun, hurbildu içan çarete Christen odolaz.
14 ၁၄ ခရစ်တော်သည်ယုဒအမျိုးသားများနှင့်လူ မျိုးခြားတို့ကို လူမျိုးတစ်မျိုးတည်းဖြစ်စေ တော်မူလျက် ငါတို့အားရန်ငြိမ်းမှုကိုပေးတော် မူ၏။ ကိုယ်တော်သည်မိမိ၏ကိုယ်ခန္ဓာတော်အား ဖြင့် ငါတို့အားရန်သူများအဖြစ်ပိုင်းခြား ထားသည့်တံတိုင်းကိုဖြိုဖျက်တော်မူ၏။-
Ecen hura da gure baquea, biac bat eguin dituena, eta bién arteco paretaren cerraillua hautsi duena:
15 ၁၅ ကိုယ်တော်သည်ဥပဒေစည်းမျဉ်းများနှင့်တကွ ယုဒပညတ်တရားကိုပယ်ဖျက်တော်မူသဖြင့် ယုဒအမျိုးသားများနှင့်လူမျိုးခြားတို့အား မိမိနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေလျက်လူ မျိုးအသစ်ကိုဖြစ်ပေါ်စေတော်မူသည်။ ဤနည်း အားဖြင့်ရန်ငြိမ်းမှုကိုပေးတော်မူ၏။-
Bere haraguiaz abolituric etsaigoá, cein baita, manamenduetaco leguea, ordenancetan consistitzen dena, biéz bere baithan guiçon berribat eguin leçançát, baquea eguiten luela.
16 ၁၆ ခရစ်တော်သည်လက်ဝါးကပ်တိုင်တွင်အသေခံ တော်မူခြင်းဖြင့် သူတို့အချင်းချင်း၏ရန်ကို ဖယ်ရှားပြီးလျှင် လက်ဝါးကပ်တိုင်အားဖြင့်လူ မျိုးနှစ်စုကိုတစ်စုတည်းဖြစ်စေလျက် ဘုရား သခင်၏ထံတော်သို့ပြန်လည်ပို့ဆောင်တော်မူ၏။-
Eta biac gorputz batetan reconcilia lietzonçat, Iaincoari crutzeaz, hartan etsaigoá deseguinic.
17 ၁၇ သို့ဖြစ်၍ယခင်ဘုရားသခင်နှင့်ဝေးလျက်နေ ခဲ့သောသင်တို့လူမျိုးခြားများအားလည်းကောင်း၊ ဘုရားသခင်နှင့်နီးခဲ့သူယုဒအမျိုးသားများ အားလည်းကောင်း ခရစ်တော်သည်ကြွလာတော်မူ၍ ရန်ငြိမ်းခြင်းဆိုင်ရာသတင်းကောင်းကိုဟောပြော ကြေညာတော်မူ၏။-
Eta ethorriric euangelizatu vkan drauçue baquea, çuey vrrungoey, eta hæy hurbilecoey.
18 ၁၈ လူမျိုးခြားများနှင့်ယုဒအမျိုးသားများ ဖြစ်သည့်ငါတို့သည် ခရစ်တော်အားဖြင့်တစ် ပါးတည်းသောဝိညာဉ်တော်ကိုအမှီပြုလျက် ခမည်းတော်၏ရှေ့တော်သို့ဝင်ရောက်ခွင့်ရရှိ ကြပေသည်။
Ecen harçaz dugu biéc Spiritu batetan sartze Aitagana.
19 ၁၉ သို့ဖြစ်၍သင်တို့သည်လူမျိုးခြားမဟုတ်၊ သူ စိမ်းတစ်ရံဆံလည်းမဟုတ်ကြတော့ပေ။ သင်တို့ သည်ဘုရားသခင်၏လူစုတော်နှင့်အတူပြည် တော်သားများ၊ ကိုယ်တော်၏အိမ်ထောင်စုသား များဖြစ်ကြလေပြီ။-
Etzarete beraz guehiagoric estrangér eta campoco, baina sainduén burgesquide, eta Iaincoaren domestico:
20 ၂၀ သင်တို့သည်လည်းတမန်တော်များနှင့်ပရောဖက် များချမှတ်ခဲ့သည့်တိုက်မြစ်အပေါ်တွင်တည် ဆောက်လျက်ရှိသည့်အဆောက်အအုံဖြစ်ကြ၏။ ထိုအဆောက်အအုံ၏အရေးအကြီးဆုံးသော ထောင့်ချုပ်ကျောက်ကားခရစ်တော်ယေရှုပင်ဖြစ် သတည်း။-
Apostoluén eta Prophetén fundament gainean edificatuac, ceinen har cantoin principala baita Iesus Christ bera:
21 ၂၁ ကိုယ်တော်သည်ဤအဆောက်အအုံတစ်ခုကို တည်မြဲခိုင်ခံ့ကြီးပွားတိုးတက်စေသဖြင့် ယင်းသည်သခင်ဘုရားအားဆက်ကပ်ထား သောဗိမာန်တော်ဖြစ်လာလေသည်။-
Ceinetan edificio gucia elkarri eratchequiric, handitzen baita, temple saindu içateco Iaunean:
22 ၂၂ သင်တို့သည်လည်းခရစ်တော်နှင့်တစ်လုံးတစ် ဝတည်းဖြစ်လျက် အခြားသူအပေါင်းတို့နှင့် အတူတည်ဆောက်ခြင်းကိုခံသဖြင့်ဝိညာဉ် တော်အားဖြင့် ဘုရားသခင်ကျိန်းဝပ်တော် မူရာဌာနတော်ဖြစ်လာကြပေသည်။
Ceinetan çuec-ere elkarrequin edificatzen baitzarete Iaincoaren tabernacle çaretençát, Spirituaz.