< ဧ​ဖက် 1 >

1 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ ခ​ရစ်​တော် ယေ​ရှု​၏​တ​မန်​တော်​အ​ဖြစ်​ခန့်​ထား​ခြင်း​ခံ ရ​သော​ပေါ​လု​ထံ​မှ ဧ​ဖက်​မြို့​နေ​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ဖြစ်​သူ၊ သစ္စာ​ရှိ​စွာ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ​သူ​အ​ပေါင်း​တို့​ထံ​သို့​စာ​ရေး လိုက်​ပါ​သည်။
Paul, apostle of Jesus Christ by the will of God, to the saints who are at Ephesus, that is, the faithful in Christ Jesus:
2 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​ကို သင်​တို့​ခံ​စား​ရ​ပါ​စေ​သ​တည်း။
Grace to you and peace from God our Father and Sovereign Jesus Christ.
3 ငါ​တို့​သ​ခင်​ယေ​ရှု​၏​ခ​မည်း​တော်​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ကုန် စို့။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကောင်း​ကင်​လော​က​ဆိုင်​ရာ​ဝိ​ညာဉ်​ကောင်း ချီး​မင်္ဂ​လာ​အ​ပေါင်း​ကို ခ​ရစ်​တော်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သူ​ငါ​တို့​အား ပေး​သ​နား​တော်​မူ​သော​ကြောင့်​တည်း။-
Blessed be the God and Father of our Lord Jesus Christ, who has blessed us with every spiritual blessing in the heavenly realms in Christ;
4 ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သော​အား​ဖြင့်​ရှေ့​တော်​တွင်​အ​ပြစ် ဆို​ဖွယ်​မ​ရှိ​ဘဲ သန့်​ရှင်း​မြင့်​မြတ်​သူ​များ ဖြစ်​နိုင်​ကြ​စေ​ရန်​ကမ္ဘာ​မ​တည်​မ​ရှိ​မီ က​ပင်​ငါ​တို့​ကို​ဘု​ရား​သ​ခင်​ရွေး​ချယ် ထား​တော်​မူ​ပေ​သည်။ ဘု​ရား​သ​ခင်​သည် မိ​မိ​မေတ္တာ​တော်​ကြောင့်၊-
just as He[F] chose us in Him[S] before the foundation of the world, that we should be holy and blameless before Him[F], in love,
5 ငါ​တို့​ကို​ကိုယ်​တော်​၏​သား​များ​ဖြစ်​စေ​ရန် ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ရွေး​ကောက်​တော်​မူ​ပြီး ဖြစ်​သည်။ ဤ​ကား​ကိုယ်​တော်​၏​အ​လို​တော် နှင့်​အ​ကြံ​အ​စည်​တော်​ပင်​ဖြစ်​ပေ​သည်။-
having predestined us into an adoption as sons through Jesus Christ, into Him[S], according to the good pleasure of His[F] will,
6 ကိုယ်​တော်​ချစ်​မြတ်​နိုး​တော်​မူ​သော​သား​တော် အား​ဖြင့် ငါ​တို့​အား​အ​ခ​မဲ့​ပေး​သ​နား​တော် မူ​သည့်​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ကျေး​ဇူး တော်​အ​တွက် ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား ထော​မ​နာ​ပြု​ကြ​ကုန်​အံ့။
to the praise of the glory of His grace, with which He graced us in the Beloved;
7 ငါ​တို့​သည်​ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း ကြောင့်၊ မိ​မိ​တို့​အ​ပြစ်​၏​အ​နှောင်​အ​ဖွဲ့​မှ​လွတ် မြောက်​ကြ​ရ​၏။ တစ်​နည်း​အား​ဖြင့်​အ​ပြစ်​ဖြေ လွှတ်​ခွင့်​ကို​ရ​ရှိ​ကြ​၏။ ငါ​တို့​အား​ဘု​ရား သ​ခင်​ဤ​ကဲ့​သို့​ရက်​ရော​စွာ​ချ​ပေး​တော်​မူ သည့်​ကျေး​ဇူး​တော်​သည်​အ​လွန်​ကြီး​မြတ် လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ခပ်​သိမ်း သော​ဉာဏ်​ပ​ညာ​အ​သိ​ပ​ညာ​နှင့်​ကြွယ်​ဝ ပြည့်​စုံ​တော်​မူ​သည်​နှင့်​အ​ညီ၊-
in whom we have the redemption through His[S] blood, the forgiveness of our trespasses, according to the riches of His[F] grace,
8
that He made to abound toward us in all wisdom and intelligent design,
9 မိ​မိ​ရည်​ရွယ်​ချက်​အ​တိုင်း​ပြု​တော်​မူ​၏။ ခ​ရစ်​တော်​အား​ဖြင့်​နက်​နဲ​သော​အ​ကြံ အ​စည်​တော်​ကို​ငါ​တို့​အား​သိ​စေ​တော်​မူ​ပြီ။-
having made known to us the ‘secret’ of His will, according to His good pleasure which He purposed in Him[S],
10 ၁၀ ဤ​အ​ကြံ​အ​စည်​တော်​ကား​အ​ချိန်​တန်​သော အ​ခါ​ခ​ရစ်​တော်​အား​ဦး​စီး​ခေါင်း​ဆောင်​ပြု​စေ လျက် မိုး​မြေ​၌​ရှိ​သ​မျှ​သော​အ​ဖန်​ဆင်း​ခံ​တို့ ကို​စု​ပေါင်း​စေ​ရန်​ပင်​ဖြစ်​သ​တည်း။
with a view to administering the fullness of the times, so as to bring all things together under one head in Christ—those on the heavens and those on the earth—in Him[S],
11 ၁၁ ခပ်​သိမ်း​သော​အ​ရာ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​ကြံ​အ​စည်​တော်​နှင့်​အ​ညီ​ကိုယ်​တော်​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​သည်​အ​တိုင်း​ဖြစ်​ပျက်​ကြ ရ​၏။ ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​လို​တော် အ​ရ​ရှေး​မ​ဆွ​က ပြု​တော်​မူ​သည့်​စီ​ရင် ဆုံး​ဖြတ်​ချက်​ကို​အ​ခြေ​ခံ​၍ ငါ​တို့​အား ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ လျက် မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​ရွေး ချယ်​တော်​မူ​ပေ​သည်။-
in whom we were also assigned an inheritance, having been predestined according to the purpose of Him[F] who works all things according to the decision of His will,
12 ၁၂ သို့​ဖြစ်​၍​ခ​ရစ်​တော်​ကို​ဦး​စွာ​ပ​ထ​မ​မျှော် လင့်​ခဲ့​ကြ​သူ​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး​ကြ​ကုန်​စို့။
so that we should be to the praise of His glory, we who first trusted in the Christ;
13 ၁၃ သင်​တို့​လည်း​ကယ်​တင်​ခြင်း​ဆိုင်​ရာ​သ​တင်း ကောင်း​တည်း​ဟူ​သော​သမ္မာ​တ​ရား​ကို​ကြား ရ​သော​အ​ခါ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် များ​ဖြစ်​လာ​ကြ​၏။ သင်​တို့​သည်​ခ​ရစ်​တော် ကို​ယုံ​ကြည်​၍​ဘု​ရား​သ​ခင်​သည် မိ​မိ က​တိ​ထား​တော်​မူ​သည့်​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​ကို​ချ​ပေး​ခြင်း​အား​ဖြင့် သင်​တို့​အား မိ​မိ​ပိုင်​တော်​မူ​ကြောင်း​တံ​ဆိပ်​ခတ်​နှိပ်​တော် မူ​၏။-
about whom, to be sure, we had heard the true Word—the Gospel of your salvation; by whom, since you also believed, you were sealed with the Holy Spirit of promise,
14 ၁၄ ဝိ​ညာဉ်​တော်​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော် အား​က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း ငါ​တို့ ခံ​စား​ရ​မည်​ဖြစ်​ကြောင်း​အာ​မ​ခံ​ချက်​ဖြစ် တော်​မူ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​မိ​မိ ပိုင်​တော်​မူ​သော​သူ​တို့​အား လုံး​ဝ​လွတ်​မြောက် စေ​တော်​မူ​မည်​ဖြစ်​ကြောင်း​ငါ​တို့​ယုံ​ကြည် စိတ်​ချ​နိုင်​ပေ​သည်။ ငါ​တို့​သည်​ကိုယ်​တော် ၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး ထော​မ​နာ​ပြု​ကြ​ကုန်​စို့။
who is the down payment on our inheritance until the release of the possession, to the praise of His glory.
15 ၁၅ ထို့​ကြောင့်​သင်​တို့​သည်​သ​ခင်​ယေ​ရှု​ကို​ယုံ ကြည်​ခြင်း၊ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ချစ်​ခြင်း​အ​ကြောင်း​ကို​ကြား​သိ​ရ​သည့် အ​ခါ​မှ​စ​၍ ငါ​သည်​သင်​တို့​ကို​အ​ကြောင်း ပြု​၍​အ​စဉ်​မ​ပြတ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၏။ သင်​တို့​အ​တွက်​ဆု​တောင်း ပတ္ထနာ​ပြု​လျက်​နေ​၏။-
Because of this, having heard about your faith in the Lord Jesus and your love toward all the saints,
16 ၁၆
I really do not stop giving thanks for you, making mention of you in my prayers:
17 ၁၇ သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ကျွမ်း​ခြင်း အ​လို့​ငှာ​သင်​တို့​အား​ဉာဏ်​ပ​ညာ​ကို​ပေး​၍ ဘု​ရား​သ​ခင်​ကို​ပေါ်​လွင်​ထင်​ရှား​စေ​မည့် ဝိ​ညာဉ်​တော်​ကို​သင်​တို့​ရ​ရှိ​ကြ​စေ​ရန် ငါ တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ဘု​ရား​သ​ခင်၊ ဘုန်း​ကြီး​သော​အ​ဖ​ခ​မည်း​တော်​ထံ​ငါ လျှောက်​ထား​၏။-
that the God of our Lord, Jesus Christ, the Father of glory, may give you the spirit of wisdom and revelation in the real knowledge of Himself,
18 ၁၈ ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဘယ်​သို့​သော အ​ရာ​ကို​မျှော်​လင့်​ကြ​စေ​ရန်​ခေါ်​ယူ​တော် မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​စု တော်​အား​က​တိ​ထား​တော်​မူ​သော​အံ့​သြ ဖွယ်​ရာ​ကောင်း​ချီး​မင်္ဂ​လာ​များ​မှာ အ​ဘယ် မျှ​များ​ပြား​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည် သူ​ငါ​တို့​အ​တွင်း​၌​လုပ်​ဆောင်​လျက်​ရှိ သော​တန်​ခိုး​တော်​သည်​အ​ဘယ်​မျှ​ကြီး မား​သည်​ကို​လည်း​ကောင်း သင်​တို့​သိ​မြင် ကြ​စေ​ရန်​သင်​တို့​၏​ဉာဏ်​မျက်​စိ​ကို​ပွင့် လင်း​စေ​တော်​မူ​ပါ​မည့်​အ​ကြောင်း ငါ​သည် ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ငါ​တို့​အ​တွင်း ၌​လုပ်​ဆောင်​လျက်​ရှိ​သည့်​တန်​ခိုး​တော် ကား၊-
the eyes of your heart having been enlightened, that you may know 1) what is the hope of His[F] calling, and 2) what the riches of the glory of His inheritance in the saints,
19 ၁၉
and 3) what the exceeding greatness of His power into us who are believing, according to the demonstration of the extent of His might
20 ၂၀ ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၍ ကောင်း​ကင်​လော​က​တွင်​မိ​မိ ၏​လက်​ယာ​တော်​ဘက်​၌​စံ​မြန်း​စေ​တော် မူ​သော​အ​ခါ​က ဘု​ရား​သ​ခင်​အ​သုံး​ပြု တော်​မူ​ခဲ့​သည့်​တန်​ခိုး​တော်​ပင်​ဖြစ်​သ​တည်း။-
which He exercised in the Christ when He raised Him[S] from among the dead and seated Him at His[F] right, in the heavenly realms,
21 ၂၁ ထို​ကောင်း​ကင်​လော​က​တွင်​ခ​ရစ်​တော်​သည် ကောင်း​ကင်​လော​က​ကို​အ​စိုး​ရ​သူ​များ၊ အာ ဏာ​ပိုင်​များ၊ တန်​ခိုး​ရှင်​များ​နှင့်​အ​ရှင်​သ​ခင် အ​ပေါင်း​တို့​၏​အ​ထွတ်​အ​ထိပ်​အ​ဖြစ်​ဖြင့် အုပ်​စိုး​တော်​မူ​၏။ ကိုယ်​တော်​၏​နာ​မ​တော် သည်​မျက်​မှောက်​လော​က​နှင့်​အ​နာ​ဂတ် လော​က​၌ ခေါ်​ဝေါ်​သ​မုတ်​နိုင်​သော​အ​ထွတ် အ​ထိပ်​ဘွဲ့​နာ​မ​အ​ပေါင်း​တို့​ထက်​ကြီး မြတ်​တော်​မူ​ပေ​သည်။- (aiōn g165)
far above every ruler and authority and power and dominion—even every name that can be named, not only in this age but also in the next. (aiōn g165)
22 ၂၂ ဘု​ရား​သ​ခင်​သည်​ခပ်သိမ်း​သော​အ​ရာ​တို့​ကို ခ​ရစ်​တော်​၏​ခြေ​ဖ​ဝါး​တော်​အောက်​တွင်​ချ ထား​၍ ကိုယ်​တော်​အား​အ​သင်း​တော်​အ​ဖို့ အ​ထွတ်​အ​ထိပ်​အ​ရှင်​သ​ခင်​အ​ဖြစ်​ဖြင့် ခန့်​ထား​တော်​မူ​၏။-
In short, He[F] placed everything under His[S] feet, and appointed Him to be Head over everything in the Church,
23 ၂၃ ထို​အ​သင်း​တော်​ကား​အ​လုံး​စုံ​တို့​ကို​ပြည့်​ဝ စုံ​လင်​စေ​တော်​မူ​သော​သူ​ပြည့်​ဝ​စုံ​လင်​ခြင်း တည်း​ဟူ​သော​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​ဖြစ် သတည်း။
which is His body, the complement of Him who fills everything in every way.

< ဧ​ဖက် 1 >