< ဒေသနာ 1 >

1 ဒါဝိဒ်၏သားတော်၊ ဓမ္မဒေသနာဆရာဖြစ်သော ယေရုရှလင်မင်းကြီး၏စကားဟူမူကား၊
O NA olelo a ke kahuna, a ke keiki a Davida, oia ke alii ma Ierusalema.
2 အနတ္တသက်သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။
Lapuwale o na lapuwale, wahi a ke kahuna; lapuwale o na lapuwale, pau loa na mea i ka lapuwale.
3 လူသည် နေအောက်မှာ ကြိုးစားအားထုတ်သမျှ တို့၌ အဘယ်အကျိုးရှိသနည်း။
Heaha ka uku i ke kanaka i ka hana a pau ana i hana'i malalo iho o ka la?
4 လူတဆက်လွန်သွား၏။ တဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲတည်၏။
Hele aku la kekahi hanauna, a hele mai la kekahi hanauna; aka, ua mau no ka honua.
5 နေလည်းထွက်လျက် ဝင်လျက်၊ ထွက်ရာအရပ်သို့ တဖန်ပြေးလျက်၊ တောင်လမ်းသို့လိုက်၍၊ တဖန် မြောက်လမ်းသို့ ပြန်လည်တတ်၏။
Puka mai ka la, a napoo ka la, a wikiwiki aku la ia ma kona wahi i puka mai ai.
6 လေသည်လည်း အစဉ်လည်သွား၍၊ လည်ပြီး သောအရပ်သို့ တဖန်ပြန်၍လည်ပြန်တတ်၏။
Puhi aku la ka makani i ke kukulu hema, a huli mai la ia i ke kukulu akau; huli ae la ia io, a io; a hoi hou ka makani i kona wahi i puhi ai.
7 ခပ်သိမ်းသော မြစ်တို့သည် ပင်လယ်ထဲသို့ ရောက်ကြ၏။ သို့သော်လည်း၊ ပင်လယ်သည် မပြည့် တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တဖန်ပြန်သွား တတ်၏။
Kahe aku la na muliwai a pau i ke kai, aole nae i piha ke kai; i kahi a lakou i kahe mai ai, malaila lakou e hoi hou aku ai.
8 ခပ်သိမ်းသော အရာတို့သည် လူမပြောနိုင် အောင် ပင်ပန်းခြင်းနှင့် ယှဉ်ကြ၏။ မျက်စိသည် မြင်၍ မကုန်တတ်။ နားသည်လည်း ကြား၍မဝတတ်။
He mea luhi na olelo a pau, aole hiki i ke kanaka ke hai aku; aole i ana ka maka i ka ike ana, aole hoi i piha ka pepeiao i ka lohe ana.
9 ဖြစ်ဘူးသော အရာသည် ဖြစ်လတံ့သောအရာ နှင့်တူ၏။ ယခုပြုသောအမှုသည် ပြုလတံ့သောအမှုအရာမရှိ။
O na mea mamua, oia na mea e hiki mai ana; a o na mea i hanaia, oia na mea e hanaia mahope aku nei: aohe mea hou malalo iho o ka la.
10 ၁၀ ကြည့်ပါ။ အသစ်ဖြစ်၏ဟုဆိုရသော အမှုအရာ တစုံတခုရှိသလော။ ထိုအမှုအရာသည် ငါတို့အရင်၊ ရှေးကာလ၌ ဖြစ်ဘူးပြီ။
No kekahi mea e hiki anei ke olelo mai, Eia! he mea hou keia? he mea no ia i ka wa kahiko mamua loa o kakou.
11 ၁၁ ရှေးဖြစ်ဘူးသော အမှုအရာတို့ကို မေ့လျော့ တတ်၏။ နောက်ဖြစ်လတံ့သောအမှုအရာတို့ကိုလည်း၊ ထိုအမှုအရာနောက်၌ ဖြစ်လတံ့သော သူတို့သည် မေ့လျော့ကြလိမ့်မည်။
Aole i hoomanaoia mai na mea kahiko; a o na mea e hiki mai ana, aole e hoomanaoia ia mau mea e ka poe mahope aku.
12 ၁၂ ငါဓမ္မဒေသနာဆရာသည်၊ ယေရုရှလင်မြို့၌ ဣသရေလရှင်ဘုရင်ဖြစ်စဉ်တွင်၊
Owau o ke kahuna, ua noho au i alii maluna o ka Iseraela ma Ierusalema.
13 ၁၃ မိုဃ်းကောင်းကင်အောက်၌ ပြုသမျှတို့ကို ဥာဏ်ပညာ အားဖြင့်၊ ရှာဖွေစစ်ဆေးခြင်းငှါ နှလုံးထား၏။ လူသား တို့ ကျင်လည်ရာဘို့ ထိုပင်ပန်းစေသောအမှုကို ဘုရား သခင်ပေးတော်မူပြီ။
Ua haawi au i ko'u naau e imi, a e huli me ka noeau i na mea a pau i hanaia malalo iho o ka lani. He mea kaumaba loa keia a ke Akua i haawi mai ai i na keiki a kanaka e hana'i.
14 ၁၄ နေအောက်မှာ ပြုလေသမျှသော အမှုအရာ တို့ကို ငါမြင်ပြီ။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသော အမှုဖြစ်ကြ၏။
Ua ike au i na mea a pau i hanaia malalo iho o ka lani, aia hoi, he mau mea lapuwale ia a pau a me ka luhi hewa.
15 ၁၅ ကောက်သောအရာကို မဖြောင့်စေနိုင်။ ချို့တဲ့ သောအရာကို မရေတွက်ရာ။
O na mea kekee, aole ia e hoopololeiia; a o ka mea nele, aole hiki ke helu aku.
16 ၁၆ ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောဆိုသည်ကား၊ ငါသည်ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက် ကြီးမြင့်၍ပညာရှိ၏။ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျက်၏။
Ua kukakuka au me ko'u naau iho, a i iho la, Ka! ua hookiekieia'ku au, a ua hoonui au i ka naauao mamua o na mea a pau ma Ierusalema; a ua hoomaopopo aku ko'u naau i ka noeau, a me ka ike.
17 ၁၇ ပညာတရားကို၎င်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲ ခြင်းတို့ကို၎င်း ပိုင်းခြား၍ သိအံ့သောငှါ ငါသည်နှလုံး ထား၏။ ထိုအမှုသည်လည်း၊ လေကို ကျက်စားသောအမှု ဖြစ်သည်ကို ရိပ်မိ၏။
A haawi au i ko'u naau e ike i ka naauao, a e ike no hoi i ka uhauha, a me ka lapuwale; a ike iho la au, he mea luhi hewa ia.
18 ၁၈ အကြောင်းမူကား၊ ပညာများလျှင်၊ ငြိုငြင်စရာ အကြောင်းများ၏။ သိပ္ပံအတတ် တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏။
No ka mea, ma ka naauao nui, malaila ke kaumaha; a o ka mea i hoonui i ka ike, hoonui no ia i ka eha.

< ဒေသနာ 1 >