< ဒေသနာ 9 >

1 အထက်ဆိုခဲ့ပြီးသော အမှုအရာအလုံးစုံတို့ကို ငါသည် စုံစမ်းခြင်းငှါ ဆင်ခြင်ရသည်ကား၊ ဖြောင့်မတ် သောသူနှင့် ပညာရှိသောသူတို့သည် သူတို့ပြုသောအမှု များနှင့်တကွ၊ ဘုရားသခင်၏ လက်တော်၌ ရှိကြ၏။ ချစ်တော်မူသော လက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့် အဘယ်သူမျှမသိနိုင်။
အထက်ဆိုခဲ့ပြီးသော အမှု အရာအလုံးစုံ တို့ကို ငါ သည် စုံစမ်း ခြင်းငှါ ဆင်ခြင် ရသည်ကား၊ ဖြောင့်မတ် သောသူနှင့် ပညာရှိ သောသူတို့သည် သူ တို့ပြုသောအမှု များနှင့်တကွ ၊ ဘုရား သခင်၏ လက် တော်၌ ရှိကြ၏။ ချစ် တော်မူသောလက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့်အဘယ်သူ မျှမ သိနိုင်။
2 ခပ်သိမ်းသော သူတို့သည် ခပ်သိမ်းသောအမှု အရာတို့နှင့် ဆက်ဆံကြ၏။ တရားသောသူနှင့် မတရား သောသူ၊ ကောင်းသောသူနှင့် မကောင်းသောသူ၊ စင်ကြယ် သောသူနှင့် မစင်ကြယ်သောသူ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူ၊ အပြစ်မရှိသောသူနှင့် အပြစ်ရှိ သောသူ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကို ကြောက် သောသူတို့သည် တခုတည်းသောအမှုနှင့် တွေ့ကြုံတတ် ၏။
ခပ်သိမ်း သောသူတို့ သည် ခပ်သိမ်း သောအမှုအရာတို့နှင့် ဆက်ဆံ ကြ၏။ တရား သောသူနှင့် မ တရား သောသူ၊ ကောင်း သောသူနှင့် မကောင်းသောသူ၊ စင်ကြယ် သောသူနှင့် မ စင်ကြယ်သောသူ၊ ယဇ် ပူဇော်သောသူနှင့် ယဇ် မ ပူဇော်သောသူ၊ အပြစ် မရှိသောသူနှင့် အပြစ် ရှိသောသူ၊ ကျိန်ဆို သောသူနှင့် ကျိန်ဆို ခြင်းကို ကြောက် သောသူတို့သည် တခု တည်းသောအမှုနှင့် တွေ့ကြုံကြတတ် ၏။
3 နေအောက်မှာ ပြုသမျှသောအမှု၌ပါသော ဝမ်း နည်းစရာဟူမူကား၊ ခပ်သိမ်းသောသူတို့သည် တခုတည်း သောအမှုနှင့် တွေ့ကြုံရကြ၏။ အကယ်စင်စစ် လူသားတို့ ၏ စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏။ အသက် ရှင်စဉ်အခါ၊ သူတို့သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန် သေသွားတတ်ကြ၏။
နေ အောက် မှာ ပြု သမျှ သောအမှု၌ ပါသောဝမ်းနည်း စရာဟူမူကား ၊ ခပ်သိမ်း သောသူတို့သည် တခု တည်း သောအမှု နှင့် တွေ့ကြုံရကြ၏။ အကယ် စင်စစ်လူ သား တို့ ၏ စိတ် နှလုံးသည် ဒုစရိုက် သဘောနှင့်ပြည့် ၏။ အသက်ရှင် စဉ်အခါ ၊ သူ တို့သည် ရူး သောစိတ် ကို စွဲလမ်း၍ ၊ နောက် တဖန် သေ သွားတတ်ကြ၏။
4 အသက်ရှင်သော လူစုအပေါင်းနှင့် ဆိုင်သေး သောသူသည် မြော်လင့်စရာရှိ၏။ အသက်ရှင်သောခွေး သည် သေသောခြင်္သေ့ထက် သာ၍ကောင်းမြတ်၏။
အသက်ရှင် သော လူစုအပေါင်း နှင့် ဆိုင် သေး သောသူသည် မြော်လင့် စရာရှိ ၏။ အသက်ရှင် သောခွေး သည် သေ သောခြင်္သေ့ ထက် သာ၍ကောင်းမြတ် ၏။
5 အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်းမခံရ။ သူ့ကိုလည်း မေ့လျော့တတ် ကြ၏။
အသက်ရှင် သောသူသည် မိမိသေ ရမည်ကို သိ ၏။ သေ သောသူမူကား၊ အဘယ် အရာကိုမျှမ သိ။ အကျိုး အပြစ်ကိုလည်း မ ခံရ။ သူ့ ကိုလည်း မေ့လျော့ တတ် ကြ၏။
6 သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက် ပျက်၏။ နေအောက်မှာ ပြုသမျှသောအမှု၌ သူတပါးနှင့် ရောနှော၍ မဆိုင်ရ။
သူ ၏ချစ် ခြင်း၊ မုန်း ခြင်း၊ ငြူစူ ခြင်းလည်း ပျောက်ပျက် ၏။ နေ အောက် မှာ ပြု သမျှ သောအမှု၌ သူတပါး နှင့် ရောနှော ၍ မ ဆိုင်ရ။
7 သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ၏။
သွား လော့။ ဝမ်းမြောက် သောစိတ်နှင့် အစာစား လော့။ ရွှင်လန်း သောစိတ် နှင့် စပျစ်ရည် ကို သောက် လော့။ သင် ပြုသောအမှု တို့ကို ဘုရား သခင်ဝန်ခံ တော်မူ၏။
8 သင့်အဝတ်လည်း၊ အစဉ်ဖြူစင်ပါလေစေ။ သင့်ခေါင်းသည်လည်း နံ့သာဆီမခန်းမခြောက်စေနှင့်။
သင့် အဝတ် လည်း ၊ အစဉ် ဖြူစင် ပါလေစေ။ သင့် ခေါင်း သည်လည်း နံ့သာ ဆီမ ခန်း မခြောက်စေနှင့်။
9 နေအောက်မှာ ပေးသနားတော်မူသော အနတ္တ အသက်ကာလပတ်လုံး၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာကြိုးစားအားထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။
နေ အောက် မှာ ပေး သနားတော်မူသောအနတ္တ အသက် ကာလပတ်လုံး ၊ သင်ချစ် သောမယား နှင့် ရွှင်လန်း စွာ အသက် ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင် ၍ နေ အောက် မှာကြိုးစား အားထုတ်ရာ၌ သင် ခံရသောအကျိုး ပေတည်း။
10 ၁၀ ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။ (Sheol h7585)
၁၀ဆောင်ရွက် စရာအမှုရှိသမျှ ကိုကြိုးစား အားထုတ် ၍ ဆောင်ရွက် လော့။ အကြောင်း မူကား၊ သင် ယခု သွား ၍ ရောက်ရလတံ့သောအရပ် တည်းဟူသော မရဏာ နိုင်ငံလုပ်ဆောင် ခြင်းမ ရှိ။ ကြံစည် ခြင်းမရှိ။ သိပ္ပံ အတတ် မရှိ။ ပညာ မရှိပါတကား။ (Sheol h7585)
11 ၁၁ တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။
၁၁တဖန် နေ အောက် မှာရှိသော အမှုအရာတို့ကို ငါပြန် ၍ ကြည့်ရှု သောအခါ၊ လျင်မြန် သောသူသည် ပြိုင် ၍ ပြေးသော်လည်း မ နိုင်တတ်။ ခွန်အား ကြီးသောသူသည် စစ်တိုက် ၍ မ အောင်တတ်။ ပညာရှိ သောသူသည် ဝစွာ မ စား တတ်။ ဉာဏ် ကောင်းသောသူသည် စည်းစိမ် ကို မ ရတတ်။ လိမ္မာ သောသူသည် သူတပါးရှေ့၌ မျက်နှာ မ ရတတ်။ ခပ်သိမ်း သောသူ တို့၌ ကာလ အချိန်စေ့ခြင်း၊ အဆင်သင့် ခြင်းရှိသည်အတိုင်း ဖြစ် တတ်သည်ကို ငါမြင် ၏။
12 ၁၂ လူသည် မိမိကာလအချိန်ကိုမသိတတ်။ ဘေးပြု ရာ ပိုက်ကွန်အုပ်မိသော ငါးကဲ့သို့၎င်း၊ ကျော့ကွင်း၌ ကျော့မိသော ငှက်ကဲ့သို့၎င်း၊ လူသားတို့သည် ဘေးပြုရာ ကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။
၁၂လူ သည် မိမိ ကာလ အချိန်ကိုမ သိ တတ်။ ဘေး ပြု ရာ ပိုက်ကွန် အုပ်မိ သော ငါး ကဲ့သို့ ၎င်း၊ ကျော့ကွင်း ၌ ကျော့မိ သော ငှက် ကဲ့သို့ ၎င်း၊ လူ သား တို့သည် ဘေး ပြုရာ ကာလ ထဲသို့ အမှတ်တမဲ့ ရောက် ၍ ကျော့မိ တတ်ကြ၏။
13 ၁၃ နေအောက်မှာ ငါတွေ့မြင်၍ ချီးမွမ်းဘွယ်သော ပညာဟူမူကား၊
၁၃နေ အောက် မှာ ငါတွေ့မြင် ၍ ချီးမွမ်း ဘွယ်သော ပညာ ဟူမူကား၊
14 ၁၄ မြို့သားနည်းသောမြို့ငယ်တမြို့ရှိ၏။ ကြီးသော ရှင်ဘုရင်တပါးသည်လာ၍၊ ထိုမြို့ပြင်မှာ ကြီးစွာသော တပ်တို့ကို တည်၍ဝိုင်းထား၏။
၁၄မြို့သား နည်း သောမြို့ ငယ် တမြို့ရှိ၏။ ကြီး သော ရှင် ဘုရင်တပါးသည်လာ ၍ ၊ ထိုမြို့ ပြင် မှာ ကြီးစွာ သော တပ် တို့ကို တည် ၍ ဝိုင်း ထား၏။
15 ၁၅ ထိုမြို့၌နေသော ဆင်းရဲသားပညာရှိတယောက် သည် မိမိပညာအားဖြင့် ထိုမြို့ကို ကယ်တင်၏။ သို့သော် လည်း၊ ထိုဆင်းရဲသားကို အဘယ်သူမျှ မအောက်မေ့။
၁၅ထိုမြို့ ၌ နေ သောဆင်းရဲသား ပညာရှိ တယောက်သည် မိမိ ပညာ အားဖြင့် ထိုမြို့ ကို ကယ်တင် ၏။ သို့သော်လည်း ၊ ထို ဆင်းရဲသား ကို အဘယ်သူ မျှမ အောက်မေ့။
16 ၁၆ ထိုအခါ ငါဆိုသည်ကား၊ ပညာသည် ခွန်အားထက် သာ၍ ကောင်းမြတ်၏။ သို့သော်လည်း၊ ဆင်းရဲသောသူ၏ ပညာကို မထီမဲ့မြင်ပြုတတ်ကြ၏။ သူ၏စကားကို နား မထောင်တတ်ကြ။
၁၆ထိုအခါ ငါဆို သည်ကား၊ ပညာ သည် ခွန်အား ထက် သာ၍ကောင်းမြတ် ၏။ သို့သော်လည်း ၊ ဆင်းရဲ သောသူ၏ ပညာ ကို မထီမဲ့မြင် ပြုတတ်ကြ၏။ သူ ၏စကား ကို နား မ ထောင်တတ်ကြ။
17 ၁၇ အုပ်စိုးသောသူသည် မိုက်သောသူတို့တွင် ကြွေး ကြော်သောအသံကို နားထောင်ကြသည်ထက်၊ ငြိမ်ဝပ် ရာ၌ ပညာရှိပြောသောစကားကို သာ၍နားထောင်တတ် ကြ၏။
၁၇အုပ်စိုး သောသူသည် မိုက် သောသူတို့တွင် ကြွေးကြော် သောအသံကို နားထောင်ကြသည်ထက် ၊ ငြိမ်ဝပ် ရာ၌ ပညာရှိ ပြောသောစကား ကို သာ၍နားထောင် တတ် ကြ၏။
18 ၁၈ ပညာသည် စစ်လက်နက်ထက်သာ၍ ကောင်း မြတ်၏။ ဒုစရိုက်ကိုပြုသောသူသည်လည်း၊ ကောင်းသော အမှုများကို ဖျက်ဆီးတတ်၏။
၁၈ပညာ သည် စစ် လက်နက် ထက် သာ၍ကောင်း မြတ် ၏။ ဒုစရိုက် ကိုပြုသောသူသည်လည်း ၊ ကောင်း သော အမှုအများ ကို ဖျက်ဆီး တတ်၏။

< ဒေသနာ 9 >