< ဒေသနာ 9 >
1 ၁ အထက်ဆိုခဲ့ပြီးသော အမှုအရာအလုံးစုံတို့ကို ငါသည် စုံစမ်းခြင်းငှါ ဆင်ခြင်ရသည်ကား၊ ဖြောင့်မတ် သောသူနှင့် ပညာရှိသောသူတို့သည် သူတို့ပြုသောအမှု များနှင့်တကွ၊ ဘုရားသခင်၏ လက်တော်၌ ရှိကြ၏။ ချစ်တော်မူသော လက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့် အဘယ်သူမျှမသိနိုင်။
我將這一切事放在心上,詳細考究,就知道義人和智慧人,並他們的作為都在上帝手中;或是愛,或是恨,都在他們的前面,人不能知道。
2 ၂ ခပ်သိမ်းသော သူတို့သည် ခပ်သိမ်းသောအမှု အရာတို့နှင့် ဆက်ဆံကြ၏။ တရားသောသူနှင့် မတရား သောသူ၊ ကောင်းသောသူနှင့် မကောင်းသောသူ၊ စင်ကြယ် သောသူနှင့် မစင်ကြယ်သောသူ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူ၊ အပြစ်မရှိသောသူနှင့် အပြစ်ရှိ သောသူ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကို ကြောက် သောသူတို့သည် တခုတည်းသောအမှုနှင့် တွေ့ကြုံတတ် ၏။
凡臨到眾人的事都是一樣:義人和惡人都遭遇一樣的事;好人,潔淨人和不潔淨人,獻祭的與不獻祭的,也是一樣。好人如何,罪人也如何;起誓的如何,怕起誓的也如何。
3 ၃ နေအောက်မှာ ပြုသမျှသောအမှု၌ပါသော ဝမ်း နည်းစရာဟူမူကား၊ ခပ်သိမ်းသောသူတို့သည် တခုတည်း သောအမှုနှင့် တွေ့ကြုံရကြ၏။ အကယ်စင်စစ် လူသားတို့ ၏ စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏။ အသက် ရှင်စဉ်အခါ၊ သူတို့သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန် သေသွားတတ်ကြ၏။
在日光之下所行的一切事上有一件禍患,就是眾人所遭遇的都是一樣,並且世人的心充滿了惡;活着的時候心裏狂妄,後來就歸死人那裏去了。
4 ၄ အသက်ရှင်သော လူစုအပေါင်းနှင့် ဆိုင်သေး သောသူသည် မြော်လင့်စရာရှိ၏။ အသက်ရှင်သောခွေး သည် သေသောခြင်္သေ့ထက် သာ၍ကောင်းမြတ်၏။
與一切活人相連的,那人還有指望,因為活着的狗比死了的獅子更強。
5 ၅ အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်းမခံရ။ သူ့ကိုလည်း မေ့လျော့တတ် ကြ၏။
活着的人知道必死;死了的人毫無所知,也不再得賞賜;他們的名無人記念。
6 ၆ သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက် ပျက်၏။ နေအောက်မှာ ပြုသမျှသောအမှု၌ သူတပါးနှင့် ရောနှော၍ မဆိုင်ရ။
他們的愛,他們的恨,他們的嫉妒,早都消滅了。在日光之下所行的一切事上,他們永不再有分了。
7 ၇ သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ၏။
你只管去歡歡喜喜吃你的飯,心中快樂喝你的酒,因為上帝已經悅納你的作為。
8 ၈ သင့်အဝတ်လည်း၊ အစဉ်ဖြူစင်ပါလေစေ။ သင့်ခေါင်းသည်လည်း နံ့သာဆီမခန်းမခြောက်စေနှင့်။
你的衣服當時常潔白,你頭上也不要缺少膏油。
9 ၉ နေအောက်မှာ ပေးသနားတော်မူသော အနတ္တ အသက်ကာလပတ်လုံး၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာကြိုးစားအားထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။
在你一生虛空的年日,就是上帝賜你在日光之下虛空的年日,當同你所愛的妻,快活度日,因為那是你生前在日光之下勞碌的事上所得的分。
10 ၁၀ ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။ (Sheol )
凡你手所當做的事要盡力去做;因為在你所必去的陰間沒有工作,沒有謀算,沒有知識,也沒有智慧。 (Sheol )
11 ၁၁ တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။
我又轉念:見日光之下,快跑的未必能贏;力戰的未必得勝;智慧的未必得糧食;明哲的未必得資財;靈巧的未必得喜悅。所臨到眾人的是在乎當時的機會。
12 ၁၂ လူသည် မိမိကာလအချိန်ကိုမသိတတ်။ ဘေးပြု ရာ ပိုက်ကွန်အုပ်မိသော ငါးကဲ့သို့၎င်း၊ ကျော့ကွင်း၌ ကျော့မိသော ငှက်ကဲ့သို့၎င်း၊ လူသားတို့သည် ဘေးပြုရာ ကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။
原來人也不知道自己的定期。魚被惡網圈住,鳥被網羅捉住,禍患忽然臨到的時候,世人陷在其中也是如此。
13 ၁၃ နေအောက်မှာ ငါတွေ့မြင်၍ ချီးမွမ်းဘွယ်သော ပညာဟူမူကား၊
我見日光之下有一樣智慧,據我看乃是廣大,
14 ၁၄ မြို့သားနည်းသောမြို့ငယ်တမြို့ရှိ၏။ ကြီးသော ရှင်ဘုရင်တပါးသည်လာ၍၊ ထိုမြို့ပြင်မှာ ကြီးစွာသော တပ်တို့ကို တည်၍ဝိုင်းထား၏။
就是有一小城,其中的人數稀少,有大君王來攻擊,修築營壘,將城圍困。
15 ၁၅ ထိုမြို့၌နေသော ဆင်းရဲသားပညာရှိတယောက် သည် မိမိပညာအားဖြင့် ထိုမြို့ကို ကယ်တင်၏။ သို့သော် လည်း၊ ထိုဆင်းရဲသားကို အဘယ်သူမျှ မအောက်မေ့။
城中有一個貧窮的智慧人,他用智慧救了那城,卻沒有人記念那窮人。
16 ၁၆ ထိုအခါ ငါဆိုသည်ကား၊ ပညာသည် ခွန်အားထက် သာ၍ ကောင်းမြတ်၏။ သို့သော်လည်း၊ ဆင်းရဲသောသူ၏ ပညာကို မထီမဲ့မြင်ပြုတတ်ကြ၏။ သူ၏စကားကို နား မထောင်တတ်ကြ။
我就說,智慧勝過勇力;然而那貧窮人的智慧被人藐視,他的話也無人聽從。
17 ၁၇ အုပ်စိုးသောသူသည် မိုက်သောသူတို့တွင် ကြွေး ကြော်သောအသံကို နားထောင်ကြသည်ထက်၊ ငြိမ်ဝပ် ရာ၌ ပညာရှိပြောသောစကားကို သာ၍နားထောင်တတ် ကြ၏။
寧可在安靜之中聽智慧人的言語,不聽掌管愚昧人的喊聲。
18 ၁၈ ပညာသည် စစ်လက်နက်ထက်သာ၍ ကောင်း မြတ်၏။ ဒုစရိုက်ကိုပြုသောသူသည်လည်း၊ ကောင်းသော အမှုများကို ဖျက်ဆီးတတ်၏။
智慧勝過打仗的兵器;但一個罪人能敗壞許多善事。