< ဒေသနာ 7 >
1 ၁ ကောင်းသောအသရေသည် နံ့သာဆီထက်သာ ၍ ကောင်း၏။ သေရသောနေ့သည်လည်း ဘွားမြင်သော နေ့ထက်သာရောကောင်း၏။
Ett godt rykte är bättre än god salva, och dödsens dag bättre än födelsedagen.
2 ၂ မသာအိမ်သို့ သွားခြင်းသည်၊ ပွဲခံရာအိမ်သို့ သွားခြင်းထက်သာ၍ကောင်း၏။ အကြောင်းမူကား၊ လူခပ်သိမ်းတို့သည် မသာအိမ်၌ လမ်းဆုံးရကြ၏။ အသက်ရှင်လျက်ရှိသောသူတို့လည်း၊ အသင့်နှလုံး သွင်းမိကြလိမ့်မည်။
Bättre är gå i sorgahus än i gästabådshus; uti det ena är alla menniskors ändalykt, och den lefvande lägger det uppå hjertat.
3 ၃ ပြုံးရယ်ခြင်းထက် ဝမ်းနည်းခြင်းသည်သာ၍ ကောင်း၏။ အကြောင်းမူကား၊ မျက်နှာညှိုးငယ်သော အားဖြင့် နှလုံးသာ၍ကောင်းတတ်၏။
Sörja är bättre än le; ty genom sorg varder hjertat förbättradt.
4 ၄ ပညာရှိသောသူတို့၏နှလုံးသည် မသာအိမ်၌ ရှိ၏။ မိုက်သောသူတို့၏ နှလုံးမူကား၊ ပျော်မွေ့ခြင်းပြုရာ အိမ်၌ ရှိ၏။
De visas hjerta är i sorgahuset, och dårars hjerta i glädjehuset.
5 ၅ လူမိုက်သီချင်းဆိုသောစကားကို နားထောင် သည်ထက်၊ ပညာရှိဆုံးမသောစကားကို နားထောင်သော် သာ၍ ကောင်း၏။
Bättre är höra dens visas straff, än att höra dårars sång.
6 ၆ အကြောင်းမူကား၊ မိုက်သောသူ၏ ရယ်ခြင်း သည် အိုးအောက်၌ ဆူးပင်ကိုလောင်သောအသံနှင့် တူ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
Ty dårars löje är såsom sprakande af törne under grytone; och det är ock fåfängelighet.
7 ၇ အကယ်စင်စစ်၊ ညှဉ်းဆဲခြင်းသည် ပညာရှိ သောသူကို ရူးစေတတ်၏။ တံစိုးသည်လည်း စိတ်နှလုံးကို ယိုယွင်းစေတတ်၏။
En genvördig gör en visan oviljog, och förderfvar ett mildt hjerta.
8 ၈ အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။ သည်းခံတတ်သော သဘောရှိသောသူသည် မာနကြီး သော သူထက်သာ၍ကောင်း၏။
Änden på ett ting är bättre än dess begynnelse; en tålig ande är bättre än en hög ande.
9 ၉ အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏ စိတ်နှလုံး၌ နေရာကျတတ် ၏။
Var icke hastig till vrede; ty vreden hvilar uti ens dåras hjerta.
10 ၁၀ ရှေးကာလသည် ယခုကာလထက် အလယ် ကြောင့် သာ၍ကောင်းသနည်းဟုမမေးနှင့်။ ထိုသို့မေး လျှင်၊ ပညာတရားအတိုင်းမေးသည်မဟုတ်။
Säg icke: Hvad är det, att de förra dagar voro bättre än denne? Ty du frågar sådant icke visliga.
11 ၁၁ ပညာသည် အမွှေဥစ္စာကဲ့သို့ ကောင်း၍၊ နေကို မြင်သော သူတို့အား ကျေးဇူးပြုတတ်၏။
Vishet är god mild arfvedelen, och hjelper, att en kan glädja sig af solene.
12 ၁၂ အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ် ၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ် သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။
Ty vishet beskärmar; penningar beskärma ock; men visheten gifver lif honom, som henne hafver.
13 ၁၃ ဘုရားသခင်၏ အမှုတော်ကိုဆင်ခြင်လော့။ ကောက်စေတော်မူသော အရာကိုအဘယ်သို့ ဖြောင့်စေ နိုင်သနည်း။
Se på Guds verk; ty ho kan rätta det han gör krokot?
14 ၁၄ ကောင်းစားသည်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲခံရသည်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိ နောက်မှာဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကို လည်း အလှည့်လှည့်ပေးတော်မူ၏။
I goda dagar var glad, och den onda dagen tag ock till godo; ty denna skapade Gud jemte den andra, att menniskan icke skall veta hvad tillkommande är.
15 ၁၅ ငါသည် အချည်းနှီးနေသော ကာလ၌ ခပ်သိမ်း သောအရာတို့ကို တွေ့မြင်ပြီ။ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း၌ ဆုံးရှုံးကြောင်းကို၎င်း၊ အဓမ္မလူ သည် မိမိအဓမ္မအမှု၌ အသက်ရှည်ကြောင်းကို၎င်း ငါမြင်၏။
Jag hafver allahanda sett i mine fåfängelighets tid: Det är en rättfärdig, och förgås i sine rättfärdighet; och det är en ogudaktig, som länge lefver i sine ondsko.
16 ၁၆ လွန်ကျူးစွာ မဖြောင့်မတ်နှင့်။ လွန်ကျူးစွာ ပညာမရှိနှင့်။ အဘယ်ကြောင့် ကိုယ်အကျိုးကို ဖျက်ချင် သနည်း။
Var icke allt för mycket rättfärdig, ej heller för mycket vis, att du icke förderfvar dig.
17 ၁၇ လွန်ကျူးစွာမဆိုးညစ်နှင့်။ မမိုက်နှင့်။ အချိန် မရောက်မှီ အဘယ်ကြောင့်သေချင်သနည်း။
Var icke allt för mycket ogudaktig, och galnas icke, att du icke dör i otid.
18 ၁၈ ဤစကားကိုစွဲလန်းကောင်း၏။ လက်မလွှတ်နှင့်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူသည် ခပ်သိမ်းသော အမှုထဲက ထွက်မြောက်လိမ့်မည်။
Det är godt att du detta fattar, och att du ock icke släpper det andra utu dina hand; ty den der Gud fruktar, han undkommer det allt.
19 ၁၉ မြို့ထဲမှာနေသောသူရဲတကျိပ်ထက် ပညာရှိ သောသူတယောက်သည် ပညာအားဖြင့်သာ၍ တန်ခိုး ကြီး၏။
Vishet stärker den visa, mer än tio väldige, som i stadenom äro.
20 ၂၀ အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့် သော သူတော်ကောင်းတစုံတယောက်မျှ မြေကြီးပေါ်မှာ မရှိ။
Ty det är ingen menniska på jordene, som godt gör, och icke syndar.
21 ၂၁ သူတပါးပြောသမျှသော စကားတို့ကို မမှတ်နှင့်။ သို့ပြု လျှင်၊ ကိုယ်ကျွန်ကျိန်ဆဲသောစကားကို ကြားလိမ့်မည်။
Lägg ock icke på hjertat allt det man säger; på det du icke skall höra din tjenare banna dig.
22 ၂၂ သင်သည်ကိုယ်တိုင် သူတပါးတို့ကိုအဖန်ဖန် ကျိန်ဆဲ ကြောင်းကို၊ ကိုယ်စိတ်နှလုံးထဲမှာသိ၏။
Ty ditt hjerta vet, att du ock ofta androm bannat hafver.
23 ၂၃ ဤအမှုအရာအလုံးစုံတို့ကို ငါသည်ပညာတရား အားဖြင့် စုံစမ်းပြီ။ ပညာနှင့်ငါပြည့်စုံမည်ဟုဆိုသော် လည်း၊ ပညာသည် ငါနှင့်ဝေး၏။
Sådant allt hafver jag försökt visliga. Jag tänkte: Jag vill vara vis; men visheten kom långt ifrå mig.
24 ၂၄ ဝေးသောအရာ၊ အလွန်နက်နဲသောအရာကို အဘယ်သူရှာ၍ တွေ့နိုင်သနည်း။
Det är fjerran, hvad skall det varda? Och det är fast djupt, ho kan finnat?
25 ၂၅ ပညာတရားနှင့် အကျိုးအကြောင်းကို ရှာဖွေ စစ်ဆေး၍ သိနားလည်ခြင်းငှါ၎င်း၊ မိုက်စွာကျင့်ခြင်း၏ အပြစ်နှင့် ရူးခြင်း၏အပြစ်ကို သိနားလည်ခြင်းငှါ၎င်း၊ ငါနှင့်ငါ့နှလုံးသည် ဝိုင်းညီ၍ ကြိုးစားလေပြီ။
Jag vände mitt hjerta till att förfara, och uppspörja, och uppsöka vishet och konst, till att förfara de ogudaktigas dårhet, och de galnas villfarelse;
26 ၂၆ ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သော မိန်းမသည်၊ သေခြင်းထက် သာ၍ ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင် စိတ်တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့် မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဘမ်းမိလိမ့်မည်။
Och fann, att en sådana qvinna, hvilkens hjerta är nät och snara, och hennes händer bojor äro, är bittrare än döden. Den Gudi täck är, han undkommer henne; men syndaren varder genom henne fången.
27 ၂၇ ဓမ္မဒေသနာဆရာ ဆိုသည်ကား၊ ငါရှာ၍ မ တွေ့သေး သောအရာကို တွေ့အံ့သောငှါ၊ တခုနောက် တခု စစ်ဆေးချင့်တွက်သောအခါ၊
Si, det hafver jag funnit, säger Predikaren, hvart efter det andra, att jag måtte finna konst.
28 ၂၈ ယောက်ျားတထောင်တို့တွင် တယောက်ကို ငါတွေ့ပြီ။ မိန်းမတထောင်တို့တွင် တယောက်ကိုမျှ ငါမတွေ့။
Och min själ söker ännu, och hafver intet funnit. Ibland tusende hafver jag funnit en man; men ingen qvinno hafver jag funnit ibland alla.
29 ၂၉ ငါတွေ့သောအရာ တခုတည်းဟူမူကား၊ ဘုရား သခင်သည် လူကိုဖြောင့်မတ်အောင် ဖန်ဆင်းတော်မူ သော်လည်း၊ လူတို့သည် များပြာသော အကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။
Allena skåda härtill: Jag hafver funnit, att Gud hafver gjort menniskona rätta; men de söka många konster.