< ဒေသနာ 10 >
1 ၁ အထုံသမားလုပ်သော နံ့သာဆီကို သေသော ယင်ကောင်သည် နံစေသကဲ့သို့၊ အနည်းငယ်သောအမိုက် သည် ပညာနှင့်ဂုဏ်အသရေထင်ရှားသောသူကို ထိုအတူ ဖြစ်စေတတ်၏။
Assim como a mosca morta faz exalar mau cheiro e evaporar o unguênto do perfumador, assim o faz ao famoso em sabedoria e em honra uma pouca de estultícia.
2 ၂ ပညာရှိသောသူ၏ နှလုံးသည် မိမိလက်ျာလက် ၌ ရှိ၏။ မိုက်သောသူ၏နှလုံးမူကား၊ မိမိလက်ဝဲလက်၌ ရှိ၏။
O coração do sábio está à sua dextra, mas o coração do tolo está à sua esquerda.
3 ၃ မိုက်သောသူသည် လမ်း၌သွားစဉ်တွင်ပင် သတိ လစ်၍၊ ငါသည် လူမိုက်ဖြစ်၏ဟု ခပ်သိမ်းသောသူတို့အား ပြောတတ်၏။
E, até quando o tolo vai pelo caminho, falta-lhe o seu entendimento e diz a todos que é tolo.
4 ၄ မင်းသည် သင့်ကိုစိတ်ဆိုးလျှင်၊ ကိုယ်နေသင့် အရပ်မှ မရွေ့နှင့်။ သည်းခံခြင်းသည် ကြီးသောအပြစ်ကို ဖြေတတ်၏။
Levantando-se contra ti o espírito do governador, não deixes o teu lugar, porque é um remédio que aquieta grandes pecados.
5 ၅ မင်းမှားယွင်းခြင်းအားဖြင့် ဖြစ်တတ်သော၊ နေအောက်၌ ငါမြင်ရသောအမှုဆိုးဟူမူကား၊
Ainda há um mal que vi debaixo do sol, como o erro que procede de diante do governador.
6 ၆ မိုက်သောသူတို့သည် မြင့်သောအရပ်၊ သူဌေးတို့ သည် နိမ့်သောအရပ်၌ ထိုင်ရသောအမှု၊
Ao tolo assentam em grandes alturas, mas os ricos estão assentados na baixeza.
7 ၇ ကျွန်တို့သည် မြင်းကိုစီး၍ မှူးမတ်တို့သည် ကျွန် ကဲ့သို့ မြေပေါ်မှာ ခြေဖြင့်သွားရသောအမှုကို ငါမြင် လေပြီ။
Vi os servos a cavalo, e os príncipes que andavam a pé como servos sobre a terra.
8 ၈ တွင်းကို တူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့် မည်။ ခြံကိုဖျက်သော သူသည် မြွေကိုက်ခြင်းကို ခံရလိမ့် မည်။
Quem cavar uma cova, cairá nela, e, quem romper um muro, uma cobra o morderá.
9 ၉ ကျောက်တို့ကို ရွှေ့သောသူသည် ဖိခြင်းကို ခံရလိမ့်မည်။ ထင်းခုတ်သောသူသည်လည်း ရှနလိမ့်မည်။
Quem acarretar pedras, será maltratado por elas, e o que rachar lenha perigará com ela.
10 ၁၀ ပုဆိန်တုံးသောအခါ မသွေးဘဲနေလျှင်သာ၍ အားထုတ်ရမည်။ ပညာသည် အမှုဆောင်ရသောအခွင့် ကို ပေး၍ ကျေးဇူးကြီး၏။
Se estiver embotado o ferro, e não se amolar o corte, então se devem pôr mais forças: mas a sabedoria é excelente para dirigir.
11 ၁၁ မြွေသည် ပြုစားခြင်းကိုမခံ။ ကိုက်မိလျှင် အလမ္ပယ်သမား ကျေးဇူးမရှိ။
Se a cobra morder, não estando encantada, então remédio nenhum se espera do encantador, por mais hábil que seja.
12 ၁၂ ပညာရှိသောသူ၏စကားသည် လျောက်ပတ်၏။ မိုက်သောသူ၏ နှုတ်မူကား သူ့ကိုယ်ကိုမျိုတတ်၏။
Nas palavras da boca do sábio há favor, porém os lábios do tolo o devoram.
13 ၁၃ သူ၏စကားအစသည် မိုက်ခြင်း၊ အဆုံးသည် အပြစ်ပြုတတ်သော ရူးခြင်းဖြစ်၏။
O princípio das palavras da sua boca é a estultícia, e o fim da sua boca um desváiro péssimo.
14 ၁၄ မိုက်သောသူသည် စကားများတတ်၏။ သို့သော် လည်း ဖြစ်လတံ့သောအရာကို လူသည်မပြောနိုင်ရာ။ လူနောက်၌ အဘယ်သို့ ဖြစ်လတံ့သည်ကို အဘယ်သူ ပြောနိုင်သနည်း။
Bem que o tolo multiplique as palavras, não sabe o homem o que há de ser; e quem lhe fará saber o que será depois dele?
15 ၁၅ မြို့သို့သွာသောလမ်းကို မသိသောသူကဲ့သို့ မိုက်သော သူသည် ကြိုးစားအားထုတ်သော်လည်း၊ သူတပါးတို့ကို ပင်ပန်းစေတတ်၏။
O trabalho dos tolos a cada um deles fatiga, porque não sabem ir à cidade.
16 ၁၆ ငယ်သားအစိုးရ၍ မှူးမတ်များအချိန်မဲနံနက် စောစော စားသောက်တတ်သောပြည်သည် အမင်္ဂလာ ရှိ၏။
Ai de ti, ó terra, cujo rei é criança, e cujos príncipes comem de manhã.
17 ၁၇ မင်းသားအစိုးရ၍၊ မှူးမတ်တို့သည် လွန်ကျူးစွာ မစားမသောက်ဘဲ၊ အချိန်တန်မှအားဖြည့်ခြင်းငှါသာ၊ စားသောက်တတ်သော ပြည်သည် မင်္ဂလာရှိ၏။
Benaventurada tu, ó terra, cujo rei é filho dos nobres, e cujos príncipes comem a tempo, para refazerem as forças, e não para bebedice.
18 ၁၈ အလွန်ပျင်းရိခြင်းအားဖြင့် အိမ်သည် ဆွေးမြေ့ တတ်၏။ လက်နှင့်မပြုပြင်ဘဲနေလျှင် အိမ်မိုးယိုတတ်၏။
Pela muita preguiça se enfraquece o teto, e pela frouxidão das mãos goteja a casa.
19 ၁၉ ပျော်မွေ့ခြင်းငှါ ပွဲကိုလုပ်တတ်၏။ စပျစ်ရည် သည်လည်း ရွှင်လန်းစေတတ်၏။ ငွေမူကား၊ အရာရာ၌ နိုင်တတ်၏။
Para rir se fazem convites, e o vinho alegra a vida, e por tudo o dinheiro responde.
20 ၂၀ ရှင်ဘုရင်ကို စိတ်ဖြင့်မျှ မကျိတ်ဆဲနှင့်။ လူကြီး ကို အိပ်ခန်းထဲ၌ မကျိန်ဆဲနှင့်။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် ထိုအသံကို ဆောင်သွား လိမ့်မည်။ ပျံတတ်သော အကောင်သည် ထိုအမှုကို ဘော်ပြလမ့်မည်။
Nem ainda no teu pensamento amaldiçoes ao rei, nem tão pouco no mais interior da tua recâmara amaldiçoes ao rico: porque as aves dos céus levariam a voz, e os que tem asas dariam notícia da palavra.