< တရားဟောရာ 1 >

1 ဤ​ကျမ်း​စောင်​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တော​ကန္တာ​ရ​သို့ ရောက်​ရှိ​ကြ​သော​အ​ခါ မော​ရှေ​က​သူ​တို့ အား​ပြော​ကြား​သည့်​စ​ကား​ကို​မှတ်​တမ်း တင်​ထား​သည်။ သူ​တို့​သည်​သုဖ​မြို့​အ​နီး ယော်​ဒန်​မြစ်​ဝှမ်း​တွင်​ရောက်​ရှိ​နေ​ကြ​သည်။ သူ​တို့​တစ်​ဘက်​၌​ပါ​ရန်​မြို့​ရှိ​၍​အ​ခြား တစ်​ဘက်​၌​တော​ဖေ​လ​မြို့၊ လာ​ဗန်​မြို့၊ ဟာ​ဇ​ရုတ်​မြို့၊ ဒိ​ဇ​ဟတ်​မြို့​တို့​ရှိ​ကြ​သည်။-
이는 모세가 요단 저편 숩 맞은편의 아라바 광야 곧 바란과, 도벨과, 라반과, 하세롯과, 디사합 사이에서 이스라엘 무리에게 선포한 말씀이니라
2 (သိ​နာ​တောင်​မှ​ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သို့ တောင်​ထူ​ထပ်​သော​ဧ​ဒုံ​ပြည်​လမ်း​ဖြင့် ခ​ရီး သွား​သော်​တစ်​ဆယ့်​တစ်​ရက်​ကြာ​၏။-)
호렙산에서 세일산을 지나 가데스 바네아에까지 열 하룻 길이었더라
3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ်​ပြည် မှ​ထွက်​လာ​ကြ​ပြီး​နောက် လေး​ဆယ်​မြောက်​သော နှစ်၊ တစ်​ဆယ့်​တစ်​လ၊ ပ​ထ​မ​နေ့​ရက်​၌​ထာ​ဝ​ရ ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိန့်​တော်​မူ​သ​မျှ​ကို​မော​ရှေ​သည်​ထပ်​မံ​၍ ဆင့်​ဆို​လေ​၏။-
제 사십년 십일월 그 달 초일일에 모세가 이스라엘 자손에게 여호와께서 그들을 위하여 자기에게 주신 명령을 다 고하였으니
4 မော​ရှေ​သည်​ဟေ​ရှ​ဘုန်​မြို့​တွင်​စိုး​စံ​သော အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန်​ကို​လည်း​ကောင်း၊ အာ​ရှ တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​များ​တွင်​စိုး​စံ​သော ဗာ​ရှန်​ဘု​ရင်​သြ​ဃ​ကို​လည်​ကောင်း၊ နှိမ် နှင်း​ပြီး​နောက်​အောက်​ပါ​အ​တိုင်း​ဆင့်​ဆို ခြင်း​ဖြစ်​သည်။-
때는 모세가 헤스본에 거하는 아모리 왕 시혼을 쳐 죽이고 에드레이에서 아스다롯에 거하는 바산 왕 옥을 쳐 죽인 후라
5 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​မော​ဘ​ပြည်​တွင် ရောက်​ရှိ​နေ​ကြ​စဉ် ဘု​ရား​သ​ခင်​၏​ပ​ညတ် များ​နှင့်​သွန်​သင်​ချက်​များ​ကို​စ​တင်​ရှင်း​လင်း ပေး​လေ​သည်။
모세가 요단 저편 모압 땅에서 이 율법 설명하기를 시작하였더라 일렀으되
6 မော​ရှေ​က``ငါ​တို့​သည်​သိ​နာ​တောင်​တွင်​ရှိ​နေ ကြ​စဉ် ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က`သင်​တို့​သည်​ဤ​တောင်​တွင်​ကြာ​မြင့်​စွာ​နေ ထိုင်​ခဲ့​ကြ​ပြီ။-
우리 하나님 여호와께서 호렙산에서 우리에게 말씀하여 이르시기를 너희가 이 산에서 거한지 오래니
7 စ​ခန်း​သိမ်း​၍​ခ​ရီး​ဆက်​ကြ​လော့။ အာ​မော​ရိ အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​တောင်​ကုန်း​ဒေ​သ နှင့် ၎င်း​အ​နီး​ရှိ​ဒေ​သ​များ​ဖြစ်​သော​တောင် ကုန်း​ဒေ​သ၊ လွင်​ပြင်​ဒေ​သ၊ တောင်​ဘက်​ဒေ​သ၊ မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ​တို့​သို့​သွား​ကြ​လော့။ ခါ​နာန်​ပြည်​သို့​သွား​ကြ​လော့။ ထို​မှ​တစ်​ဖန် လေ​ဗ​နုန်​တောင်​ကို​ကျော်​၍ ဥ​ဖ​ရတ်​မြစ်​သို့ တိုင်​အောင်​သွား​ကြ​လော့။-
방향을 돌려 진행하여 아모리 족속의 산지로 가고 그 근지 곳곳으로 가고 아라바와 산지와 평지와 남방과 해변과 가나안 족속의 땅과 레바논과 큰 강 유브라데까지 가라 하셨나니
8 သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော​အာ​ဗြ ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ​၍​သူ​တို့​၏​အ​ဆက် အ​နွယ်​တို့​အား ဤ​ဒေ​သ​အား​လုံး​ကို​ပေး မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ​ထား​တော် မူ​ခဲ့​သည်။ သင်​တို့​သွား​၍​သိမ်း​ယူ​ကြ​လော့' ဟူ​၍​မိန့်​တော်​မူ​သည်'' ဟု​ဆို​၏။
여호와께서 너희의 열조 아브라함과 이삭과 야곱에게 맹세하사 그들과 그 후손에게 주리라 하신 땅이 너희 앞에 있으니 들어가서 얻을지니라
9 မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည်​သင်​တို့ အား​ခေါင်း​ဆောင်​ရ​သည့်​တာ​ဝန်​မှာ ငါ့​အ​တွက် အ​လွန်​ကြီး​လေး​လှ​သည်။ ငါ​တစ်​ဦး​တည်း ထို​တာ​ဝန်​ကို​မ​ထမ်း​နိုင်။-
그 때에 내가 너희에게 말하여 이르기를 나는 홀로 너희 짐을 질 수 없도다
10 ၁၀ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​ရှိ​ကြယ်​များ​နှင့်​အ​မျှ​သင်​တို့ ကို​များ​ပြား​စေ​တော်​မူ​ပြီ။-
너희 하나님 여호와께서 너희를 번성케 하셨으므로 너희가 오늘날 하늘의 별 같이 많거니와
11 ၁၁ သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​အား​အ​ဆ​ပေါင်း​တစ်​ထောင် တိုး​ပွား​များ​ပြား​ပါ​စေ​သော။ က​တိ​တော်​ရှိ သည့်​အ​တိုင်း​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ သော။-
너희 열조의 하나님 여호와께서 너희를 현재보다 천배나 많게 하시며 너희에게 허락하신 것과 같이 너희에게 복 주시기를 원하노라!
12 ၁၂ သို့​ရာ​တွင်​သင်​တို့​၏​အ​ငြင်း​ပွား​မှု​များ​ကို ဖြေ​ရှင်း​ရ​သည့်​ကြီး​လေး​သော​တာ​ဝန်​ကို ငါ တစ်​ဦး​တည်း​မည်​သို့​ထမ်း​ဆောင်​နိုင်​ပါ​အံ့ နည်း။-
그런즉 나 홀로 어찌 능히 너희의 괴로운 것과 너희의 무거운 짐과 너희의 다툼을 담당할 수 있으랴
13 ၁၃ သင်​တို့​အ​နွယ်​အ​သီး​သီး​မှ​ပ​ညာ​အ​မြော် အ​မြင်​နှင့် အ​တွေ့​အ​ကြုံ​ရှိ​သော​ပ္ဂိုလ်​တို့ ကို​ရွေး​ချယ်​ပေး​ကြ​လော့။ သင်​တို့​ကို​အုပ်​ချုပ် စေ​ရန်​သူ​တို့​အား​ငါ​ခန့်​ထား​မည်' ဟု​ပြော ကြား​ခဲ့​သည်။-
너희의 각 지파에서 지혜와 지식이 있는 유명한 자를 택하라 내가 그들을 세워 너희 두령을 삼으리라 한즉
14 ၁၄ သင်​တို့​က​ထို​အ​မှု​သည်​သင့်​မြတ်​ပါ​သည် ဟု​ဆို​၍ သ​ဘော​တူ​လက်​ခံ​ခဲ့​ကြ​သည်။-
너희가 대답하여 이르기를 당신의 말씀대로 하는 것이 좋다 하기에
15 ၁၅ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​အ​နွယ်​ထဲ​မှ​ပ​ညာ ရှိ​၍ အ​တွေ့​အ​ကြုံ​များ​သော​ခေါင်း​ဆောင်​များ ကို​ရွေး​ချယ်​ပြီး​လျှင်​သင်​တို့​အား​အုပ်​ချုပ် စေ​၏။ အ​ချို့​တို့​ကို​လူ​တစ်​ထောင်​အုပ်၊ အ​ချို့ တို့​ကို​လူ​တစ်​ရာ​အုပ်၊ အ​ချို့​တို့​ကို​လူ​ငါး ဆယ်​အုပ်၊ အ​ချို့​တို့​ကို​လူ​တစ်​ဆယ်​အုပ်​အ​ဖြစ် ခန့်​ထား​ခဲ့​သည်။ ထို့​ပြင်​သင်​တို့​အ​နွယ်​အား လုံး​၌ အ​ခြား​သော​အ​ရာ​ရှိ​များ​ကို​လည်း ခန့်​ထား​ခဲ့​၏။
내가 너희 지파의 두령으로 지혜가 있는 유명한 자를 취하여 너희의 어른을 삼되 곧 각 지파를 따라 천부장과, 백부장과, 오십부장과, 십부장과, 패장을 삼고
16 ၁၆ ``ထို​အ​ချိန်​က​ငါ​သည်​အုပ်​ချုပ်​သူ​တို့​အား`သင် တို့​အ​မျိုး​သား​ချင်း​နှင့်​ဆိုင်​သော​အ​မှု​အ​ခင်း များ​နှင့် သင်​တို့​တွင်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​နှင့်​ဆိုင်​သည့်​အ​မှု​အ​ခင်း​များ​ကို ကြား​နာ​၍ တ​ရား​မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ် ကြ​လော့။-
내가 그 때에 너희 재판장들에게 명하여 이르기를 너희가 너희 형제 중에 송사를 들을 때에 양방간에 공정히 판결 할 것이며 그들 중의 타국인에게도 그리할 것이라
17 ၁၇ အ​ဆုံး​အ​ဖြတ်​ပေး​ရာ​၌​မျက်​နှာ​မ​လိုက် နှင့်။ မျက်​နှာ​ကြီး​မျက်​နှာ​ငယ်​မ​လိုက်​ဘဲ ကြား​နာ​စစ်​ဆေး​လော့။ သင်​တို့​၏​အ​ဆုံး အ​ဖြတ်​သည်​ထာ​ဝ​ရ​ဘု​ရား​ချ​မှတ်​သော အ​ဆုံး​အ​ဖြတ်​ဖြစ်​သော​ကြောင့် မည်​သူ့​ကို မျှ​မ​ကြောက်​ရွံ့​ရ။ သင်​တို့​ကိုယ်​တိုင်​မ​စီ​ရင် နိုင်​သော​အ​မှု​ရှိ​လျှင် ငါ့​ထံ​သို့​တင်​ပြ​ကြ လော့။ ထို​အ​မှု​ကို​ငါ​စီ​ရင်​မည်' ဟု​မှာ​ကြား ခဲ့​၏။-
재판은 하나님께 속한 것인즉 너희는 재판에 외모를 보지 말고 귀천을 일반으로 듣고 사람의 낯을 두려워 말 것이며 스스로 결단하기 어려운 일이거든 내게로 돌리라 내가 들으리라 하였고
18 ၁၈ တစ်​ချိန်​တည်း​မှာ​ပင်​သင်​တို့​ပြု​ရ​မည့်​အ​မှု တို့​ကို​ငါ​ညွှန်​ကြား​ခဲ့​၏။''
내가 너희의 행할 모든 일을 그 때에 너희에게 다 명하였느니라
19 ၁၉ ``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း ငါ​တို့​လိုက်​နာ​ကြ​၏။ ငါ​တို့​သည်​သိ​နာ​တောင်​မှ​ထွက်​ခွာ​ခဲ့​ပြီး နောက် အ​ပြော​ကျယ်​၍​ကြောက်​မက်​ဖွယ်​ကောင်း သော​တော​ကန္တာ​ရ​ကို​ဖြတ်​သန်း​လျက် တောင် ထူ​ထပ်​သော​အာ​မော​ရိ​ပြည်​သို့​ဦး​တည် ခ​ရီး​ပြု​ခဲ့​ကြ​၏။ ငါ​တို့​သည်​ကာ​ဒေ​ရှ ဗာ​နာ​အ​ရပ်​သို့​ရောက်​သော​အ​ခါ၊-
우리 하나님 여호와께서 우리에게 명하신 대로 우리가 호렙산에서 발행하여 너희의 본바 크고 두려운 광야를 지나 아모리 족속 산지 길로 가데스 바네아에 이른 때에
20 ၂၀ ငါ​က`ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင် က ငါ​တို့​အား​ပေး​တော်​မူ​မည့်​အာ​မော​ရိ တောင်​ကုန်း​ဒေ​သ​သို့​သင်​တို့​ယ​ခု​ရောက်​ရှိ ကြ​ပြီ။ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည့်​အ​တိုင်း ချီ​တက်​၍​သိမ်း​ပိုက်​ကြ​လော့။ မ​ကြောက်​ကြ နှင့်။ တုံ့​နှေး​ခြင်း​မ​ရှိ​ကြ​နှင့်' ဟု​သင်​တို့​အား ပြော​ခဲ့​၏။
내가 너희에게 이르기를 우리 하나님 여호와께서 우리에게 주신 아모리 족속의 산지에 너희가 이르렀나니
21 ၂၁
너희 하나님 여호와께서 이 땅을 너희 앞에 두셨은즉 너희 열조의 하나님 여호와께서 너희에게 이르신 대로 올라가서 얻으라 두려워 말라! 주저하지 말라! 한즉
22 ၂၂ ``သို့​ရာ​တွင်​သင်​တို့​သည် ငါ့​ထံ​သို့​ချဉ်း​ကပ် ၍`တိုင်း​ပြည်​၏​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း လျက် မည်​သည့်​လမ်း​ဖြင့်​ချီ​တက်​ရ​မည်၊ မြို့ များ​၏​အ​နေ​အ​ထား​မည်​သို့​ရှိ​သည်​ကို ပြန် လည်​သ​တင်း​ပို့​နိုင်​ရန်​အ​ထောက်​တော်​များ ကို​စေ​လွှတ်​ကြ​ပါ​စို့' ဟူ​၍​အ​ကြံ​ပေး တင်​ပြ​ကြ​၏။''
너희가 다 내 앞으로 나아와 말하기를 우리가 사람을 우리 앞서 보내어 우리를 위하여 그 땅을 정탐하고 어느 길로 올라가야 할 것과 어느 성읍으로 들어가야 할 것을 우리에게 회보케 하자 하기에
23 ၂၃ ``ထို​အ​ကြံ​သည်​သင့်​မြတ်​သ​ဖြင့် ငါ​သည် တစ်​နွယ်​လျှင်​တစ်​ယောက်​ကျ​လူ​တစ်​ဆယ့် နှစ်​ယောက်​ကို​ရွေး​ခဲ့​၏။-
내가 그 말을 선히 여겨 너희 중에서 매 지파에 한 사람씩 열 둘을 택하매
24 ၂၄ သူ​တို့​သည်​တောင်​ကုန်း​ဒေသ​ကို​တက်​၍ ဧ​ရှ ကော​လ​ချိုင့်​သို့​တိုင်​အောင်​သွား​ပြီး​လျှင် ထို အ​ရပ်​၌​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း ကြ​၏။-
그들이 앞으로 가서 산지에 올라 에스골 골짜기에 이르러 그 곳을 정탐하고
25 ၂၅ သူ​တို့​သည်​ထို​အ​ရပ်​မှ​ထွက်​သော​သစ်​သီး အ​ချို့​ကို ငါ​တို့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။ ငါ တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​မည့်​ပြည်​သည် မြေ​သြ​ဇာ အ​လွန်​ထက်​သန်​ကြောင်း​ပြန်​ကြား​ကြ​၏။''
그 땅의 과실을 손에 가지고 우리에게로 돌아와서 우리에게 회보하여 이르되 우리의 하나님 여호와께서 우리에게 주시는 땅이 좋더라 하였느니라
26 ၂၆ ``သို့​ရာ​တွင်​သင်​တို့​သည်​သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ဖီ​ဆန်​လျက် ထို​ပြည်​ထဲ​သို့​မ​ဝင်​ဘဲ​နေ​ကြ​၏။-
그러나 너희가 올라 가기를 즐겨 아니하고 너희 하나님 여호와의 명을 거역하여
27 ၂၇ သင်​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို မုန်း​သ​ဖြင့် အာ​မော​ရိ​အ​မျိုး​သား​တို့​၏​လက် ဖြင့် ငါ​တို့​အား​သေ​စေ​ခြင်း​ငှာ​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​၏။-
장막 중에서 원망하여 이르기를 `여호와께서 우리를 미워하시는 고로 아모리 족속의 손에 붙여 멸하시려고 우리를 애굽 땅에서 인도하여 내셨도다
28 ၂၈ ငါ​တို့​သည်​အ​ဘယ်​ကြောင့် ထို​ပြည်​သို့​သွား ရ​ပါ​မည်​နည်း။ ငါ​တို့​သည်​ကြောက်​ရွံ့​ပါ​၏။ ငါ​တို့​စေ​လွှတ်​လိုက်​သော​သူ​များ​ပြော​ကြား ချက်​အ​ရ ထို​ပြည်​သား​တို့​သည်​ငါ​တို့​ထက် ခွန်​အား​ကြီး​၍ အ​ရပ်​အ​မောင်း​လည်း​မြင့်​မား သည်။ သူ​တို့​သည်​မိုး​ထိ​အောင်​မြင့်​သော​မြို့​ရိုး အ​တွင်း​၌​နေ​ထိုင်​ကြ​သည်။ အ​လွန်​ထွား ကြိုင်း​သော​သူ​များ​ကို​တွေ့​မြင်​ခဲ့​ကြ​သည်' ဟူ​၍​သင်​တို့​ပြော​ဆို​ညည်း​ညူ​ကြ​သည်။
우리가 어디로 갈꼬?' 우리의 형제들이 우리로 낙심케 하여 말하기를 `그 백성은 우리보다 장대하며 그 성읍은 크고 성곽은 하늘에 닿았으며 우리가 또 거기서 아낙 자손을 보았노라 하는도다' 하기로
29 ၂၉ ``ထို​အ​ခါ ငါ​က​သင်​တို့​အား`ထို​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။-
내가 너희에게 말하기를 `그들을 무서워 말라! 두려워 하지 말라!
30 ၃၀ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ပြည်​နှင့်​တော​ကန္တာ​ရ​၌​သင်​တို့​အား စောင့်​ရှောက်​ခဲ့​သည့်​နည်း​တူ ယ​ခု​လည်း​သင်​တို့ ကို​ဦး​ဆောင်​၍​သင်​တို့​ဘက်​၌​စစ်​ကူ​တိုက်​တော် မူ​လိမ့်​မည်။ အ​ဖ​က​သား​ကို​ချီ​ပိုက်​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ချီ​ပိုက်​လျက် ဤ​အ​ရပ်​သို့​ရောက်​ရှိ​သည့်​တိုင်​အောင်​ပို့​ဆောင် တော်​မူ​ခဲ့​ကြောင်း​ကို သင်​တို့​သိ​မြင်​ရ​ကြ​ပြီ' ဟူ​၍​ပြော​ခဲ့​သည်။-
너희 앞서 행하시는 너희 하나님 여호와께서 애굽에서 너희를 위하여 너희 목전에서 모든 일을 행하신 것 같이 이제도 너희를 위하여 싸우실 것이며
31 ၃၁
광야에서도 너희가 당하였거니와 사람이 자기 아들을 안음 같이 너희 하나님 여호와께서 너희의 행로 중에 너희를 안으사 이곳까지 이르게 하셨느니라' 하나
32 ၃၂ ယင်း​သို့​ငါ​ပြော​သော်​လည်း သင်​တို့​သည်​ည အ​ချိန်​၌​မီး​တိမ်​တိုင်​အား​ဖြင့်​လည်း​ကောင်း၊ နေ့ အ​ချိန်​၌​မိုး​တိမ်​တိုင်​အား​ဖြင့်​လည်း​ကောင်း သင် တို့​ကို​ရှေ့​က​ကြွ​သွား​၍​လမ်း​ပြ​လျက် သင်​တို့ စ​ခန်း​ချ​ရာ​နေ​ရာ​ကို​ရှာ​ပေး​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​အား​မ​ယုံ​ကြည်​မ​ကိုး စား​ကြ။''
이 일에 너희가 너희 하나님 여호와를 믿지 아니하였도다
33 ၃၃
그는 너희 앞서 행하시며 장막 칠 곳을 찾으시고 밤에는 불로, 낮에는 구름으로 너희의 행할 길을 지시하신 자니라
34 ၃၄ ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ညည်း​ညူ သံ​ကို​ကြား​ရ​သော​အ​ခါ​အ​မျက်​ထွက်​လျက် အ​လေး​အ​နက်​ကြေ​ညာ​တော်​မူ​၏။-
여호와께서 너희의 말소리를 들으시고 노하사 맹세하여 가라사대
35 ၃၅ ကိုယ်​တော်​က`သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး မည်​ဟူ​၍​က​တိ​ထား​သော​မြေ​သြ​ဇာ​ကောင်း သည့်​ပြည်​သို့ ဆိုး​ယုတ်​သော​ဤ​လူ​မျိုး​ဆက်​ထဲ မှ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ဝင်​ရ။-
이 악한 세대 사람들 중에는 내가 그들의 열조에게 주기로 맹세 한 좋은 땅을 볼 자가 하나도 없으리라
36 ၃၆ ယေ​ဖုန္နာ​၏​သား​ကာ​လက်​တစ်​ဦး​တည်း​သာ​ထို ပြည်​သို့​ဝင်​ရ​မည်။ သူ​သည်​ငါ့​အား​သစ္စာ​ရှိ​သူ ဖြစ်​၍​သူ​ထောက်​လှမ်း​ခဲ့​သော​ပြည်​ကို​သူ​နှင့်​သူ ၏​အ​ဆက်​အ​နွယ်​တို့​အား​ငါ​ပေး​မည်' ဟု​မိန့် တော်​မူ​၏။-
오직! 여분네의 아들 갈렙은 온전히 여호와를 순종하였은즉 그는 그것을 볼것이요 그가 밟은 땅을 내가 그와 그의 자손에게 주리라 하시고
37 ၃၇ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ကြောင့်​ငါ့ ကို​လည်း​အ​မျက်​တော်​ထွက်​လျက် ငါ့​အား`သင် ကိုယ်​တိုင်​ပင်​လျှင်​ထို​ပြည်​သို့​မ​ဝင်​ရ။-
여호와께서 너희의 연고로 내게도 진노하사 가라사대 너도 그리로 들어가지 못하리라
38 ၃၈ သင်​၏​လက်​ထောက်​ဖြစ်​သူ​နုန်​၏​သား​ယော​ရှု မူ​ကား​ထို​ပြည်​သို့​ဝင်​ရ​မည်။ ယောရှု​ကို​အား​ပေး လော့။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ခေါင်း​ဆောင်​၍​ထို​ပြည်​ကို​သိမ်း​ယူ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။''
너의 종자 눈의 아들 여호수아는 그리로 들어갈 것이니 너는 그를 담대케 하라 그가 이스라엘에게 그 땅을 기업으로 얻게하리라
39 ၃၉ ``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ​တို့​အား`သင် တို့​က​ရန်​သူ​၏​လက်​တွင်း​သို့​ကျ​ရောက်​မည် ဟု​ဆို​သော​က​လေး​များ၊ တစ်​နည်း​အား​ဖြင့် အ​မှား​အ​မှန်​ကို​ခွဲ​ခြား​၍​မ​သိ​နိုင်​သေး သော​သင်​တို့​၏​က​လေး​များ​သည် ထို​ပြည် သို့​ဝင်​ရောက်​ကြ​လိမ့်​မည်။ ငါ​သည်​ထို​ပြည် ကို​သူ​တို့​အား​ပေး​သ​ဖြင့်​သူ​တို့​သိမ်း​ယူ ကြ​လိမ့်​မည်။-
또 너희가 사로 잡히리라 하던 너희의 아이들과 당일에 선악을 분변치 못하던 너희 자녀들 그들은 그리로 들어갈 것이라 내가 그 땅을 그들에게 주어 산업이 되게 하리라
40 ၄၀ သင်​တို့​မူ​ကား​လှည့်​၍​အာ​ကာ​ဘာ​ပင်​လယ် ကွေ့​သို့​ဦး​တည်​လျက် တော​ကန္တာ​ရ​ထဲ​သို့​ပြန် ကြ​လော့' ဟု​မိန့်​တော်​မူ​၏။''
너희는 회정하여 홍해 길로 하여 광야로 들어갈지니라 하시매
41 ၄၁ ``သင်​တို့​က​ငါ့​အား`အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား ပြစ်​မှား​မိ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သည့်​အ​တိုင်း ယ​ခု​စစ်​ချီ​တိုက်​ခိုက်​ပါ​မည်' ဟု ဆို​ကြ​၏။ ထို့​နောက်​သင်​တို့​သည်​တောင်​ကုန်း ဒေ​သ​ကို​လွယ်​ကူ​စွာ​ဝင်​ရောက်​တိုက်​ခိုက်​နိုင် မည့်​အ​ထင်​နှင့် သင်​တို့​အား​လုံး​စစ်​ချီ​တိုက် ရန်​အ​သင့်​ပြင်​ကြ​၏။''
너희가 대답하여 내게 이르기를 `우리가 여호와께 범죄하였사오니 우리 하나님께서 우리에게 명하신 대로 우리가 올라 가서 싸우리이다' 하고 너희가 각각 병기를 띠고 경솔히 산지로 올라가려 할 때에
42 ၄၂ ``သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`ငါ​သည် သူ​တို့​နှင့်​အ​တူ​ရှိ​မည်​မ​ဟုတ်​သော​ကြောင့် စစ်​ချီ တိုက်​ခိုက်​ခြင်း​မ​ပြု​ရန်​သ​တိ​ပေး​လော့။ သူ​တို့ သည်​စစ်​ရေး​နိမ့်​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။-
여호와께서 내게 이르시되 너는 그들에게 이르기를 너희는 올라가지 말라 싸우지도 말라 내가 너희 중에 있지 아니하니 너희가 대적에게 패할까 하노라 하셨다 하라 하시기로
43 ၄၃ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို သင်​တို့​အား​ဆင့်​ဆို​သော်​လည်း သင်​တို့​သည် အ​မိန့်​တော်​ကို​မ​နာ​ခံ​ကြ။ သင်​တို့​သည် ထာ​ဝရ​ဘု​ရား​ကို​ဖီ​ဆန်​လျက် မာ​န​ထောင် လွှား​လျက်​တောင်​ကုန်း​ဒေ​သ​သို့​ချီ​တက်​ခဲ့ ကြ​၏။-
내가 너희에게 고하였으나 너희가 듣지 아니하고 여호와의 명을 거역하고 천자히 산지로 올라가매
44 ၄၄ ထို​အ​ခါ​တောင်​များ​ပေါ်​တွင်​နေ​ထိုင်​သော အာ​မော​ရိ​အ​မျိုး​သား​တို့​သည် ပျား​အုပ်​ပ​မာ သင်​တို့​အား​ထွက်​၍​တိုက်​ကြ​၏။ သူ​တို့​သည် သင်​တို့​ကို​လိုက်​လံ​တိုက်​ခိုက်​ကြ​ရာ ဧ​ဒုံ​ပြည် ဟော​မာ​မြို့​တွင်​သင်​တို့​အား​စစ်​ရေး​နိမ့်​စေ ခဲ့​ကြ​သည်။-
그 산지에 거하는 아모리 족속이 너희를 마주 나와서 벌떼같이 너희를 쫓아 세일산에서 쳐서 호르마까지 미친지라
45 ၄၅ ထို​အ​ခါ​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော် မူ​ရန်​ငို​ကြွေး​တောင်း​ပန်​ကြ​၏။ သို့​ရာ​တွင်​ကိုယ် တော်​သည် သင်​တို့​၏​တောင်း​ပန်​သံ​ကို​နား​ညောင်း တော်​မ​မူ၊ ဂ​ရု​လည်း​ပြု​တော်​မ​မူ၊-
너희가 돌아와서 여호와 앞에서 통곡하나 여호와께서 너희의 소리를 듣지 아니하시며 너희에게 귀를 기울이지 아니하셨으므로
46 ၄၆ ``ထို့​ကြောင့်​ငါ​တို့​သည်​ကာ​ဒေ​ရှ​အ​ရပ်​၌ ကြာ​မြင့်​စွာ​နေ​ထိုင်​ကြ​လျက်။-
너희가 가데스에 여러날동안 거하였었나니 곧 너희가 그 곳에 거하던 날 수대로니라

< တရားဟောရာ 1 >