< တရားဟောရာ 9 >

1 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နား​ထောင်​ကြ လော့။ သင်​တို့​သည်​ယ​နေ့​ယော်​ဒန်​မြစ်​တစ်​ဘက် သို့​ကူး​ပြီး​လျှင် သင်​တို့​ထက်​များ​ပြား​၍​အင် အား​ကြီး​သော​လူ​မျိုး​များ​၏​ပြည်​ကို​သိမ်း ယူ​ရ​တော့​မည်။ သူ​တို့​၏​မြို့​တို့​သည်​ကြီး​၍ မိုး​ထိ​မြင့်​သော​မြို့​ရိုး​ဖြင့်​ကာ​ကွယ်​ထား​၏။-
¡Escucha, Israel! Hoy vas a pasar el Jordán, para entrar a desposeer a naciones más grandes y poderosas que tú, ciudades grandes y fortificadas hasta el cielo,
2 လူ​တို့​သည်​အ​ရပ်​မြင့်​၍​ခွန်​အား​ဗ​လ​ကောင်း ၏။ သူ​တို့​သည်​အ​လွန်​ထွား​ကြိုင်း​သ​ဖြင့် မည် သူ​မျှ​သူ​တို့​ကို​မ​ယှဉ်​ပြိုင်​နိုင်​ကြောင်း​သင် တို့​ကြား​ဖူး​ခဲ့​ကြ​ပြီ။-
un pueblo grande y alto, los hijos de los Anaceos, a los que conoces y de los que has oído decir: “¿Quién podrá enfrentarse a los hijos de Anac?”
3 သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ရှေ့​က​အ​ရှိန်​ပြင်း​သော လောင်​မီး​ကဲ့​သို့​ကြွ​သွား​တော်​မူ​သည်​ကို သင် တို့​ကိုယ်​တိုင်​ယ​ခု​မြင်​ရ​မည်။ သင်​တို့​ချီ​တက် နေ​စဉ်​ကိုယ်​တော်​သည်​သူ​တို့​ကို​နှိမ်​နင်း​သ​ဖြင့် က​တိ​တော်​နှင့်​အ​ညီ​သင်​တို့​သည်​ထို​သူ​တို့ ကို​နှင်​ထုတ်​၍​လျင်​မြန်​စွာ​ပယ်​ရှင်း​နိုင်​လိမ့် မည်။''
Sabed, pues, hoy que Yahvé, vuestro Dios, es el que pasa delante de vosotros como un fuego devorador. Él los destruirá y los hará caer ante ti. Así los expulsarás y los harás perecer rápidamente, como Yahvé te ha dicho.
4 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ရှေ့​က​သူ​တို့​ကို​နှင်​ထုတ်​ပြီး​သော အ​ခါ သင်​တို့​နှင့်​ထိုက်​တန်​သော​ကြောင့် ထို​ပြည် သို့​သင်​တို့​ကို​ပို့​ဆောင်​၍​အ​ပိုင်​ပေး​တော်​မူ သည်​ဟု​မ​ဆို​ကြ​နှင့်။ သူ​တို့​၏​ဆိုး​ယုတ်​မှု ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​ကို နှင်​ထုတ်​မည်​ဖြစ်​၏။-
No digas en tu corazón, después de que Yahvé vuestro Dios los haya expulsado de delante de ti, “Por mi justicia Yahvé me ha hecho entrar a poseer esta tierra”; porque Yahvé los expulsa delante de ti por la maldad de estas naciones.
5 သင်​တို့​၏​ကောင်း​မှု​ကု​သိုလ်​ကြောင့်​ထာ​ဝ​ရ ဘု​ရား​သည် ထို​ပြည်​ကို​သင်​တို့​အား​ပေး​တော် မူ​သည်​မ​ဟုတ်။ ထို​သူ​တို့​ဆိုး​ယုတ်​သော​ကြောင့် လည်း​ကောင်း၊ သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ သော​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ထား ခဲ့​သော​က​တိ​တော်​ကို​တည်​စေ​ရန် အ​လို​တော် ရှိ​သော​ကြောင့်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား သည်​ထို​သူ​တို့​ကို​နှင်​ထုတ်​တော်​မူ​မည်။-
No por tu justicia ni por la rectitud de tu corazón entras a poseer su tierra, sino por la maldad de estas naciones que Yahvé, tu Dios, expulsa de delante de ti, y para confirmar la palabra que Yahvé juró a tus padres, a Abraham, a Isaac y a Jacob.
6 သင်​တို့​နှင့်​ထိုက်​တန်​သ​ဖြင့်​ထို​အ​စာ​ရေ​စာ ပေါ​ကြွယ်​ဝ​သော​ပြည်​ကို သင်​တို့​အား​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​ခြင်း​မ​ဟုတ်​ကြောင်း​သိ မှတ်​ကြ​လော့။ သင်​တို့​သည်​ခေါင်း​မာ​သော လူ​မျိုး​ဖြစ်​၏။''
Sabed, pues, que el Señor, vuestro Dios, no os da esta buena tierra para que la poseáis por vuestra justicia, porque sois un pueblo de cuello duro.
7 ``သင်​တို့​သည်​တော​ကန္တာ​ရ​၌​ရှိ​စဉ်​သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား အ​မျက် တော်​ထွက်​စေ​ခဲ့​ကြောင်း​အ​မြဲ​သ​တိ​ရ​ကြ လော့။ သင်​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​သော နေ့​မှ​စ​၍ ဤ​အရပ်​သို့​ရောက်​သည့်​နေ့​တိုင်​အောင် ကိုယ်​တော်​ကို​ပုန်​ကန်​ခဲ့​ကြ​၏။-
Acuérdate, y no olvides, cómo provocaste la ira del Señor, tu Dios, en el desierto. Desde el día en que saliste de la tierra de Egipto hasta que llegaste a este lugar, te has rebelado contra Yahvé.
8 သိနာ​တောင်​မှာ​ပင်​ကိုယ်​တော်​ကို သင်​တို့​အား သေ​ကြေ​ပျက်​စီး​စေ​လောက်​အောင်​အ​မျက် တော်​ထွက်​စေ​ခဲ့​ကြ​၏။-
También en Horeb provocaste la ira de Yahvé, y éste se enojó contigo para destruirte.
9 ထာ​ဝ​ရ​ဘု​ရား​နှင့်​သင်​တို့​ပြု​သော​ပ​ဋိ​ညာဉ် ကို​ရေး​ထား​သော​ကျောက်​ပြား​များ​ကို​လက်​ခံ ခြင်း​ငှာ ငါ​သည်​တောင်​ပေါ်​သို့​တက်​သွား​၏။ အ​ရက်​လေး​ဆယ်​ပတ်​လုံး​ငါ​သည်​မ​စား သောက်​ဘဲ​တောင်​ပေါ်​တွင်​နေ​၏။-
Cuando subí al monte para recibir las tablas de piedra, las tablas del pacto que Yahvé hizo con ustedes, me quedé en el monte cuarenta días y cuarenta noches. No comí pan ni bebí agua.
10 ၁၀ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ကျောက်​ပြား​နှစ် ချပ်​ကို​ငါ့​အား​ပေး​တော်​မူ​သည်။ ယင်း​ကျောက် ပြား​များ​သည်​သင်​တို့​တောင်​ခြေ​တွင်​စု​ရုံး ကြ​သော​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​မီး​ထဲ​မှ​မိန့် ကြား​သော​ပ​ညတ်​တော်​များ​ကို မိ​မိ​လက်​တော် ဖြင့်​အက္ခ​ရာ​တင်​ထား​သည့်​ကျောက်​ပြား​များ ဖြစ်​သည်။-
El Señor me entregó las dos tablas de piedra escritas con el dedo de Dios. En ellas estaban todas las palabras que Yahvé habló contigo en la montaña, en medio del fuego, el día de la asamblea.
11 ၁၁ ရက်​ပေါင်း​လေး​ဆယ်​ပြည့်​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည် ထို​ပ​ဋိ​ညာဉ်​ကျောက်​ပြား​ကို​ငါ့ အား​ပေး​တော်​မူ​၏။''
Al cabo de cuarenta días y cuarenta noches, Yahvé me dio las dos tablas de piedra, las tablas de la alianza.
12 ၁၂ ``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`အီ​ဂျစ် ပြည်​မှ​သင်​ထုတ်​ဆောင်​ခဲ့​သော​သင်​၏​လူ​တို့ သည် စက်​ဆုတ်​ဖွယ်​သော​အ​မှု​ကို​ပြု​ကြ​ပြီ ဖြစ်​သော​ကြောင့် တောင်​ပေါ်​မှ​ချက်​ချင်း​ဆင်း သွား​လော့။ သူ​တို့​သည်​ငါ​မိန့်​မှာ​တော်​မူ​သ​မျှ ကို​ပစ်​ပယ်​၍ သူ​တို့​ကိုး​ကွယ်​ရန်​ရုပ်တု​ကို သွန်း​လုပ်​ကြ​ပြီ' ဟု​မိန့်​တော်​မူ​၏။''
El Señor me dijo: “Levántate, baja pronto de aquí, porque tu pueblo que sacaste de Egipto se ha corrompido. Se han alejado rápidamente del camino que les ordené. Se han hecho una imagen de fundición”.
13 ၁၃ ``တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`သူ​တို့ သည်​ခေါင်း​မာ​သော​လူ​မျိုး​ဖြစ်​၏။-
Además, el Señor me habló diciendo: “He visto a este pueblo, y he aquí que es un pueblo de dura cerviz.
14 ၁၄ မည်​သူ​မျှ​သူ​တို့​ကို​သ​တိ​မ​ရ​စေ​ရန် သူ တို့​ကို​ငါ​ဖျက်​ဆီး​သုတ်​သင်​ပစ်​မည်​ဖြစ်​၍ ငါ့​ကို​မ​ဆီး​တား​နှင့်။ ထို့​နောက်​ငါ​သည်​သင့် အား​ထို​သူ​တို့​ထက်​များ​ပြား​၍ အင်​အား​ကြီး သော​လူ​မျိုး​၏​ဖ​ခင်​ဖြစ်​စေ​မည်' ဟု​မိန့်​တော် မူ​၏။''
Déjame, para que los destruya y borre su nombre de debajo del cielo; y haré de ti una nación más poderosa y más grande que ellos.”
15 ၁၅ ``သို့​ဖြစ်​၍​ငါ​သည်​ပ​ဋိ​ညာဉ်​ကျောက်​ပြား နှစ်​ပြား​ကို​ယူ​ဆောင်​၍ တောင်​ပေါ်​မှ​ပြန်​ဆင်း​ခဲ့ သည်။ တောင်​မှ​မီး​တောက်​မီး​လျှံ​များ​ထွက် လျက်​ရှိ​၏။-
Me volví y bajé del monte, y el monte ardía en llamas. Las dos tablas de la alianza estaban en mis dos manos.
16 ၁၆ သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​သော​ပညတ်​တော်​ကို​နား​မ​ထောင် ဘဲ သင်​တို့​ကိုး​ကွယ်​ရန်​နွား​သူ​ငယ်​ရုပ်​တု​ကို သွန်း​လုပ်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကြ​သည်​ကို​ငါ​တွေ့​မြင်​ရ​၏။-
Miré, y he aquí que ustedes habían pecado contra el Señor, su Dios. Os habíais hecho un becerro moldeado. Se habían alejado rápidamente del camino que Yahvé les había ordenado.
17 ၁၇ ထို့​ကြောင့်​ငါ​သည်​သင်​တို့​ရှေ့​တွင်​ကျောက်​ပြား များ​ကို​ပစ်​ချ​သ​ဖြင့် ကျောက်​ပြား​များ​ကျိုး ပဲ့​ကြေ​မွ​ကုန်​၏။-
Tomé las dos tablas, las arrojé de mis dos manos y las rompí ante vuestros ojos.
18 ၁၈ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​၍ အ​မျက်​တော်​ထွက်​စေ​သော​ကြောင့် ငါ​သည်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရက်​ပေါင်း​လေး ဆယ်​ပတ်​လုံး မ​စား​မ​သောက်​ဘဲ​ပျပ်​ဝပ်​လျက် နေ​ခဲ့​၏။-
Me postré ante el Señor, como al principio, durante cuarenta días y cuarenta noches. No comí pan ni bebí agua, a causa de todo el pecado que cometisteis, al hacer lo que era malo a los ojos de Yahvé, para provocarlo a la ira.
19 ၁၉ ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အား​သေ​ကြေ ပျက်​စီး​စေ​မည့်​အ​မျက်​တော်​ကို​ငါ​ကြောက်​၏။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​၏ တောင်း​ပန်​လျှောက်​ထား​ခြင်း​ကို​တစ်​ဖန် နား​ညောင်း​တော်​မူ​၏။-
Porque tuve miedo de la cólera y del ardor con que Yahvé se enojó contra ustedes para destruirlos. Pero Yahvé me escuchó también aquella vez.
20 ၂၀ ထာ​ဝ​ရ​ဘု​ရား​သည်​အာရုန်​ကို​လည်း​အ​မျက် တော်​ထွက်​သ​ဖြင့် အ​ဆုံး​စီ​ရင်​ရန်​အ​ကြံ​တော် ရှိ​၏။ ထို့​ကြောင့်​ငါ​သည် အာ​ရုန်​အ​တွက်​ကို လည်း​တောင်း​ပန်​လျှောက်​ထား​၏။-
Yahvé se enojó lo suficiente con Aarón como para destruirlo. También oré por Aarón en ese momento.
21 ၂၁ ငါ​သည်​သင်​တို့​အား​အ​ပြစ်​ရောက်​စေ​သည့် နွား​ရုပ်​တု​ကို မီး​ထဲ​သို့​ပစ်​ချ​လိုက်​၏။ ထို့ နောက်​နွား​ရုပ်​တု​ကို​အ​မှုန့်​ဖြစ်​အောင်​ထု ထောင်း​၍ အ​မှုန့်​ကို​တောင်​ကျ​ချောင်း​ထဲ​သို့ သွန်း​ချ​ခဲ့​၏။''
Tomé vuestro pecado, el becerro que habíais hecho, y lo quemé con fuego, y lo quebré, moliéndolo muy pequeño, hasta que quedó tan fino como el polvo. Arrojé su polvo al arroyo que descendía de la montaña.
22 ၂၂ ``သင်​တို့​သည်​တ​ဗေ​ရ​အ​ရပ်၊ မ​ဿာ​အ​ရပ်၊ ကိ​ဗြုတ်​ဟတ္တ​ဝါ​အ​ရပ်​တို့​၌​ရှိ​စဉ်​က​လည်း ထာ​ဝ​ရ​ဘု​ရား​အား​အ​မျက်​တော်​ထွက်​စေ ခဲ့​ကြ​သည်။-
En Taberá, en Massa y en Kibrot Hataavá provocaste la ira del Señor.
23 ၂၃ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သွား​ရောက်​သိမ်း​ယူ​ရန် သင်​တို့​အား​ကာ​ဒေ​ရှ ဗာ​နာ​အ​ရပ်​မှ​စေ​လွှတ်​သော​အ​ခါ သင်​တို့ သည်​ပုန်​ကန်​ကြ​၏။ ကိုယ်​တော်​ကို​မ​ယုံ၊ အ​မိန့်​တော်​ကို​နာ​မ​ခံ​ကြ။-
Cuando Yahvé te envió desde Cades Barnea, diciendo: “Subid y tomad la tierra que te he dado”, os rebelasteis contra el mandamiento de Yahvé vuestro Dios, y no le creísteis ni escuchasteis su voz.
24 ၂၄ သင်​တို့​သည်​ငါ​စ​တင်​သိ​ကျွမ်း​သည့်​အ​ချိန်​မှ စ​၍ ယ​နေ့​အ​ထိ​ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန် ခဲ့​ကြ​၏။''
Has sido rebelde contra el Señor desde el día en que te conocí.
25 ၂၅ ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​သုတ်​သင်​ဖျက် ဆီး​မည်​ဖြစ်​သော​ကြောင့် ငါ​သည်​ရက်​ပေါင်း​လေး ဆယ်​ပတ်​လုံး ကိုယ်​တော်​၏​ရှေ့​မှောက်​တွင်​ပျပ်​ဝပ် လျက်​နေ​ခဲ့​၏။-
Por eso me postré ante Yahvé los cuarenta días y las cuarenta noches que estuve postrado, porque Yahvé había dicho que te destruiría.
26 ၂၆ ငါ​က`အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​မ​ဟာ တန်​ခိုး​တော်​နှင့်​လက်​ရုံး​တော်​အား​ဖြင့် အီ​ဂျစ် ပြည်​မှ​ကယ်​တင်​ထုတ်​ဆောင်​ခဲ့​သော​ကိုယ်​တော် ၏​လူ​မျိုး​တော်​ကို သုတ်​သင်​ဖျက်​ဆီး​တော် မ​မူ​ပါ​နှင့်။-
Oré a Yahvé y le dije: “Señor Yahvé, no destruyas a tu pueblo y a tu herencia que has redimido con tu grandeza, que has sacado de Egipto con mano poderosa.
27 ၂၇ ကိုယ်​တော်​၏​အ​စေ​ခံ​များ​ဖြစ်​သော​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​ကို​အောက်​မေ့​သ​တိ​ရ​တော် မူ​၍ ဤ​လူ​မျိုး​တော်​၏​ခေါင်း​မာ​မှု၊ မိုက်​မဲ​မှု၊ အ​ပြစ်​ကူး​လွန်​မှု​တို့​ကို​သည်း​ခံ​တော်​မူ​ပါ။-
Acuérdate de tus siervos Abraham, Isaac y Jacob. No mires la terquedad de este pueblo, ni su maldad, ni su pecado,
28 ၂၈ သို့​မ​ဟုတ်​လျှင်​အီ​ဂျစ်​အ​မျိုး​သား​တို့​က ကိုယ် တော်​သည်​သူ​တို့​အား​ကတိ​ထား​တော်​မူ​သော ပြည်​သို့​ပို့​ဆောင်​နိုင်​စွမ်း​မ​ရှိ​ဟု​ဆို​ကြ​ပါ လိမ့်​မည်။ ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး တော်​ကို​မုန်း​သော​ကြောင့် သတ်​ပစ်​ရန်​တော ကန္တာ​ရ​သို့​ထုတ်​ဆောင်​ခဲ့​သည်​ဟု​လည်း​ဆို ကြ​ပါ​လိမ့်​မည်။-
no sea que en la tierra de donde nos sacaste digan: ‘Porque Yahvé no pudo llevarlos a la tierra que les prometió, y porque los odiaba, los ha sacado para matarlos en el desierto.’
29 ၂၉ စင်​စစ်​အား​ဖြင့်​သူ​တို့​သည်​ကိုယ်​တော်​၏​လူ မျိုး​တော်​အ​ဖြစ်​ရွေး​ချယ်​၍ အီ​ဂျစ်​ပြည်​မှ ကိုယ်​တော်​၏​မ​ဟာ​တန်​ခိုး​တော်​နှင့်​လက်​ရုံး တော်​အား​ဖြင့် ထုတ်​ဆောင်​တော်​မူ​ခဲ့​သူ​များ ပင်​ဖြစ်​ကြ​ပါ​သည်' ဟု​တောင်း​ပန်​လျှောက် ထား​ခဲ့​၏။''
Sin embargo, ellos son tu pueblo y tu herencia, que sacaste con tu gran poder y con tu brazo extendido.”

< တရားဟောရာ 9 >