< တရားဟောရာ 8 >
1 ၁ ``သင်တို့သည်အသက်ရှင်၍တိုးပွားများပြား လျက် သင်တို့၏ဘိုးဘေးတို့အား ထာဝရဘုရား ကတိထားတော်မူသောပြည်ကိုသိမ်းပိုက်နေ ထိုင်နိုင်ခြင်းအလို့ငှာ ယနေ့ငါပေးသောပညတ် ရှိသမျှကိုလိုက်နာရန်သတိပြုကြလော့။-
Iskulle holde alle de Bud, som jeg byder dig i Dag, saa at I gøre derefter, at I maa leve og formeres og komme ind og eje det Land, som Herren har tilsvoret eders Fædre.
2 ၂ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ပတ်လုံး သင်တို့ အားတောကန္တာရကိုဖြတ်၍ပို့ဆောင်တော်မူ ခဲ့၏။ ထိုစဉ်ကသင်တို့သည်ပညတ်တော်များ ကို လိုက်နာလိုသောစိတ်ဆန္ဒရှိသည်မရှိသည် ကိုစစ်ဆေးရန် သင်တို့အားဆင်းရဲဒုက္ခအမျိုး မျိုးရောက်စေခဲ့ကြောင်းကိုသတိရကြလော့။-
Og du skal ihukomme al den Vej, som Herren din Gud har ladet dig gaa disse fyrretyve Aar i Ørken for at ydmyge dig, for at forsøge dig, for at fornemme, hvad der var i dit Hjerte, om du vilde holde hans Bud eller ej.
3 ၃ ကိုယ်တော်သည်သင်တို့ကိုအစာငတ်စေတော် မူ၏။ ထို့နောက်သင်တို့နှင့်သင်တို့၏ဘိုးဘေး များမစားဘူးသောမန္နမုန့်ကိုကျွေးတော်မူ သည်။ ဤနည်းအားဖြင့်လူသည်အစားအစာ ကိုသာမှီဝဲ၍ အသက်ရှင်ရသည်မဟုတ်။ ထာဝရ ဘုရားမိန့်တော်မူသမျှကိုမှီဝဲ၍ အသက်ရှင် ရမည်ဖြစ်ကြောင်းသင်တို့အားသွန်သင်တော် မူ၏။-
Og han ydmygede dig og lod dig hungre og gav dig Man at æde, hvilket du ikke kendte, og dine Fædre ej kendte, for at lade dig vide, at Mennesket lever ikke ved Brødet alene, men Mennesket lever ved alt det, som udgaar af Herrens Mund.
4 ၄ ထိုနှစ်ပေါင်းလေးဆယ်ပတ်လုံးသင်တို့၏ အဝတ်အင်္ကျီများမဟောင်းနွမ်းခဲ့ရ။ သင်တို့ ၏ခြေထောက်များလည်းမရောင်ခဲ့ရ။-
Dit Klædebon blev ikke gammelt paa dig, og din Fod blev ikke hoven disse fyrretyve Aar.
5 ၅ ဖခင်သည်မိမိ၏သားသမီးများကိုအပြစ် ဒဏ်ပေးဆုံးမသကဲ့သို့ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အားဆုံးမသည် ကိုသိမှတ်ကြလော့။-
Saa kan du kende i dit Hjerte, at ligesom en Mand tugter sin Søn, har Herren din Gud tugtet dig.
6 ၆ သို့ဖြစ်၍သင်တို့အား ထာဝရဘုရားမိန့်တော် မူသည်အတိုင်းနာခံလော့။ ပညတ်တော်များ ကိုလိုက်နာ၍ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေ ကြလော့။-
Saa hold Herren din Guds Bud, at du vandrer i hans Veje og frygter ham.
7 ၇ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုအစာရေစာပေါကြွယ်ဝသောပြည် သို့ပို့ဆောင်လျက်ရှိတော်မူ၏။ ထိုပြည်ရှိချိုင့် ဝှမ်းနှင့်တောင်ကုန်းများတွင် မြစ်များ၊ စမ်းပေါက် များ၊ မြေအောက်စမ်းများစီးထွက်လျက်ရှိလေ သည်။-
Thi Herren din Gud fører dig ind i et godt Land, et Land med Vandbække, Kilder og dybe Brønde, som udvælde i Dalene og paa Bjergene;
8 ၈ ထိုပြည်တွင်ဂျုံ၊ မုယောစပါး၊ စပျစ်သီး၊ သဖန်း သီး၊ သလဲသီး၊ သံလွင်သီး၊ ပျားရည်စသည်တို့ ပေါများသည်။-
et Land med Hvede og Byg og Vintræer og Figentræer og Granatæbletræer, et Land med Olietræer og Honning,
9 ၉ ထိုပြည်တွင်အစားအစာပြတ်လပ်ခြင်းမရှိရ။ အဘယ်အရာကိုမျှလိုလိမ့်မည်မဟုတ်။ ကျောက် တောင်မှသံကိုလည်းကောင်း၊ တောင်ကုန်းများမှ ကြေးနီကိုလည်းကောင်းတူးဖော်ရရှိနိုင်လိမ့် မည်။-
et Land, hvor du ikke skal æde Brød i Armod, hvor du ikke skal fattes noget; et Land, hvis Stene ere Jern, og af hvis Bjerge du kan udhugge Kobber.
10 ၁၀ သင်တို့သည်အစားအစာကိုဝစွာစားရကြ သဖြင့် အစာရေစာပေါကြွယ်ဝသောပြည်ကို ပေးသနားတော်မူသော သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီး မွမ်းကြလိမ့်မည်။''
Og du skal æde og blive mæt og love Herren din Gud for det gode Land, som han har givet dig.
11 ၁၁ ``သင်တို့၏ဘုရားသခင်ထာဝရဘုရားကို မမေ့ရန်သတိပြုလော့။ ယနေ့သင်တို့အား ငါပေးသောပညတ်တော်ရှိသမျှကိုလိုက် နာရန်မမေ့နှင့်။-
Vogt dig, at du ikke forglemmer Herren din Gud, saa at du ikke holder hans Bud og hans Befalinger og hans Skikke, som jeg byder dig i Dag;
12 ၁၂ ဝစွာစားရလျက်အိမ်ကြီးအိမ်ကောင်းများ ဆောက်လျက် နေထိုင်ရသည့်အခါ၌လည်း ကောင်း၊-
at du ikke skal æde og blive mæt og bygge gode Huse og bo deri,
13 ၁၃ သိုး၊ နွား၊ ရွှေ၊ ငွေမှစ၍ပစ္စည်းဥစ္စာတိုးပွား လာသည့်အခါ၌လည်းကောင်း၊-
og dit store Kvæg og dit smaa Kvæg skal formeres, og Sølv og Guld skal formeres for dig, og alt det, som du har, formeres,
14 ၁၄ သင်တို့သည်မာနထောင်လွှား၍သင်တို့အား ကျွန်ခံရာအီဂျစ်ပြည်မှကယ်ဆယ်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုမမေ့ရန်သတိပြုကြလော့။-
og dit Hjerte skulde ophøje sig, og du skulde glemme Herren din Gud, som udførte dig af Ægyptens Land, af Trælles Hus;
15 ၁၅ ကိုယ်တော်သည်သင်တို့အားမြွေဆိုးနှင့်ကင်းမီး ကောက်ပေါ၍ ကျယ်ဝန်းကြောက်မက်ဖွယ်ကောင်း သောတောကန္တာရကိုဖြတ်သန်းပို့ဆောင်တော် မူခဲ့၏။ ခြောက်သွေ့၍ရေမရှိသောအရပ်တွင် ကိုယ်တော်သည်ကျောက်ဆောင်မှရေကိုထွက်စေ တော်မူ၏။-
ham, som ledte dig igennem den store og forfærdelige Ørk, hvor der var giftige Slanger og Skorpioner og Tørhed, hvor der ikke var Vand; ham, som lod Vand udflyde til dig af en haard Stenklippe;
16 ၁၆ တောကန္တာရထဲတွင်သင်တို့၏ဘိုးဘေးများမစား ဘူးသောမန္နမုန့်ကိုကျွေးတော်မူ၏။ နောက်ဆုံး၌ သင်တို့ကောင်းချီးခံစားရစေရန် သင်တို့အား ဆင်းရဲဒုက္ခရောက်စေတော်မူ၏။ ထိုသို့ဆင်းရဲဒုက္ခ ရောက်စေရခြင်းအကြောင်းမှာ သင်တို့ကိုစစ် ဆေးရန်ဖြစ်၏။-
ham, som gav dig Man at æde i Ørken, hvilket dine Fædre ikke kendte, for at ydmyge dig og for at forsøge dig og at gøre vel imod dig i den sidste Tid;
17 ၁၇ ထို့ကြောင့်သင်တို့၏အစွမ်းသတ္တိဖြင့်ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာလာသည်ဟူ၍မထင်မမှတ် နှင့်။-
og du skulde sige i dit Hjerte: Min Kraft og min Haands Styrke har skaffet mig denne Vælde.
18 ၁၈ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေး တော်မူသောအစွမ်းသတ္တိကြောင့်သာ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာလာရကြောင်းသိမှတ်လော့။ ယင်းသို့အစွမ်းသတ္တိပေးတော်မူခြင်းအကြောင်း မှာ ကိုယ်တော်သည်သင်တို့၏ဘိုးဘေးတို့နှင့် ပြုတော်မူသောပဋိညာဉ်ကို ယနေ့တိုင်အောင် တည်စေလျက်ရှိသောကြောင့်တည်း။-
Men du skal komme Herren din Gud i Hu, thi han er den, som giver dig Kraft til at skaffe dig Vælde, for at stadfæste sin Pagt, som han svor dine Fædre, som det ses paa denne Dag.
19 ၁၉ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို မေ့လျော့၍ အခြားသောဘုရားများကိုဆည်း ကပ်ဝတ်ပြုခြင်းမပြုနှင့်။ ထိုသို့ပြုလျှင်သင် တို့သည်မုချပျက်စီးဆုံးပါးရမည်ဖြစ် ကြောင်း သင်တို့အားငါယနေ့သတိပေး၏။-
Og det skal ske, om du glemmer Herren din Gud og vandrer efter andre Guder og tjener og tilbeder dem, da vidner jeg over eder i Dag, at I skulle omkomme.
20 ၂၀ သင်တို့သည်ထာဝရဘုရား၏စကားတော် ကိုနားမထောင်လျှင် သင်တို့ချီတက်သည့်အခါ သင်တို့ကိုခုခံတိုက်ခိုက်သောလူမျိုးတို့အား ထာဝရဘုရားသေကြေပျက်စီးစေသကဲ့ သို့ သင်တို့ကိုလည်းသေကြေပျက်စီးစေတော် မူမည်။''
Ligesom Hedningerne, hvilke Herren lader omkomme for eders Ansigt, saaledes skulle I omkomme, fordi I ikke vilde høre Herren eders Guds Røst.