< တရားဟောရာ 7 >
1 ၁ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့သိမ်းယူမည့်ပြည်သို့သင်တို့ကို ပို့ဆောင်လျက် ထိုပြည်တွင်နေထိုင်သောသင်တို့ ထက်လူဦးရေများ၍အင်အားကြီးသောဟိတ္တိ လူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါ နာနိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတည်းဟူသောလူမျိုးခုနစ် မျိုးတို့ကိုနှင်ထုတ်တော်မူလိမ့်မည်။-
QUANDO il Signore Iddio tuo ti avrà introdotto nel paese, al quale tu vai per possederlo, e avrà stirpate d'innanzi a te molte nazioni, gli Hittei, e i Ghirgasei, e gli Amorrei, e i Cananei, e i Ferezei, e gli Hivvei, e i Gebusei, sette nazioni maggiori e più potenti di te;
2 ၂ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကိုသင်တို့လက်သို့အပ်သဖြင့် သူတို့ကိုသင်တို့တိုက်ခိုက်အောင်မြင်သောအခါ ထိုသူအပေါင်းတို့ကိုသတ်ဖြတ်သုတ်သင်ပစ်ရ မည်။ သူတို့နှင့်မိတ်မဖွဲ့ရ။ သူတို့အားမကြင် နာမသနားရ။-
e il Signore le avrà messe in tuo potere, e tu le avrai sconfitte; del tutto distruggile al modo dell'interdetto; non far patto con loro, e non far loro grazia.
3 ၃ သူတို့နှင့်လက်ထပ်ထိမ်းမြားခြင်းမပြုရ။ သင်တို့၏သားသမီးများကိုလည်း သူတို့ နှင့်လက်ထပ်ထိမ်းမြားခြင်းမပြုစေရ။-
E non imparentarti con loro; non dar le tue figliuole a' lor figliuoli, e non prender le lor figliuole per li tuoi figliuoli.
4 ၄ ထိုသို့ပြုလျှင်သင်တို့သည်သင်တို့၏သား သမီးများအား ထာဝရဘုရားကိုစွန့်၍ အခြားသောဘုရားများကိုကိုးကွယ်စေ ကြလိမ့်မည်။ ထိုအခါထာဝရဘုရားသည် အမျက်ထွက်၍ သင်တို့ကိုချက်ခြင်းဖျက် ဆီးပစ်တော်မူလိမ့်မည်။-
Perciocchè rivolgerebbero i tuoi figliuoli di dietro a me; onde essi servirebbero a dii stranieri; e l'ira del Signore si accenderebbe contro a voi, ed egli vi distruggerebbe subitamente.
5 ၅ ထို့ကြောင့်သူတို့၏ယဇ်ပလ္လင်များကိုဖြိုချ ရမည်။ သူတို့၏ဘုရားကျောက်တိုင်များကို ချိုးပစ်ရမည်။ အာရှရဘုရားမ၏တိုင်များ ကိုခုတ်လှဲရမည်။ သူတို့၏ရုပ်တုများကို မီးရှို့ဖျက်ဆီးရမည်။-
Anzi fate loro così: Disfate i loro altari, e spezzate le loro statue, e tagliate i lor boschi, e bruciate col fuoco le loro sculture.
6 ၆ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုပိုင်သောကြောင့်ထိုသို့ဆောင်ရွက်ရ မည်။ ကမ္ဘာပေါ်တွင်ရှိသမျှသောလူမျိုးတို့ အနက် သင်တို့ကိုမိမိ၏အထူးလူမျိုး တော်အဖြစ်ထာဝရဘုရားရွေးချယ်တော် မူ၏။''
Perciocchè tu [sei] un popol santo al Signore Iddio tuo; il Signore Iddio tuo ti ha scelto, acciocchè tu gli sii un popolo peculiare d'infra tutti i popoli che [son] sopra la faccia della terra.
7 ၇ ``သင်တို့သည်အခြားသောလူမျိုးများထက် လူဦးရေပိုများသောကြောင့် ထာဝရဘုရား သည်သင်တို့ကိုချစ်၍ရွေးချယ်ခြင်းမဟုတ်။ သင်တို့သည်ကမ္ဘာပေါ်တွင်လူဦးရေအနည်း ဆုံးလူမျိုးဖြစ်သည်။-
Il Signore non vi ha posta affezione, e non vi ha eletti, perchè foste più grandi che tutti gli [altri] popoli; conciossiachè [eravate] in minor numero [che alcun] di tutti gli [altri] popoli.
8 ၈ သို့သော်လည်းထာဝရဘုရားသည်သင်တို့ကို ချစ်၍ သင်တို့၏ဘိုးဘေးတို့အားထားသော ကတိတည်စေလိုတော်မူသောကြောင့် အီဂျစ် ဘုရင်ထံကျွန်ခံရာမှမဟာတန်ခိုးတော် အားဖြင့် သင်တို့ကိုလွတ်မြောက်စေတော်မူ သည်။-
Anzi, perchè il Signore vi ha amati, e perchè egli attiene il giuramento fatto a' vostri padri, egli vi ha tratti fuori con potente mano, e vi ha riscossi della casa di servitù, della man di Faraone, re di Egitto.
9 ၉ သင်တို့၏ဘုရားသခင်ထာဝရဘုရားသာ လျှင် ဘုရားဖြစ်တော်မူကြောင်း၊ သစ္စာတော်တည် မြဲကြောင်းသိမှတ်လော့။ ထာဝရဘုရားသည် မိမိကိုချစ်၍ပညတ်တော်များကိုလိုက်နာ သောသူတို့၏အမျိုးအစဉ်အဆက်ထောင် သောင်းအထိ မိမိ၏ပဋိညာဉ်ကိုတည်စေ ၍သူတို့အားမေတ္တာကရုဏာကိုပြတော် မူမည်။-
Conosci adunque che il Signore Iddio tuo [è] Iddio, l'Iddio verace che osserva il patto e la benignità in mille generazioni, inverso quelli che l'amano, e osservano i suoi comandamenti;
10 ၁၀ သို့ရာတွင်ကိုယ်တော်ကိုမုန်းသောသူတို့ အားချက်ချင်းဒဏ်ခတ်တော်မူမည်။-
e che fa la retribuzione in faccia a quelli che l'odiano, per distruggerli; egli non [la] prolunga a quelli che l'odiano, anzi [la] rende loro in faccia.
11 ၁၁ ထို့ကြောင့်သင်တို့အား ယနေ့ငါသွန်သင်ပေး အပ်သောပညတ်ရှိသမျှတို့ကိုလိုက်နာ ကျင့်သုံးကြလော့။''
Osserva adunque i comandamenti, e gli statuti, e le leggi, le quali oggi ti do, acciocchè tu le metta in opera.
12 ၁၂ ``သင်တို့သည်ဤပညတ်တို့ကိုတစ်သဝေမတိမ်း လိုက်နာလျှင် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ဘိုးဘေးတို့အားကတိထားတော် မူသည့်အတိုင်းပဋိညာဉ်ကိုဆက်လက်တည် စေ၍ ခိုင်မြဲသောမေတ္တာကိုပြတော်မူလိမ့်မည်။-
E avverrà, perciocchè voi avrete udite queste leggi, e le avrete osservate, e messe in opera, che il Signore Iddio vostro vi osserverà il patto e la benignità ch'egli ha giurata a' vostri padri.
13 ၁၃ ကိုယ်တော်သည်သင်တို့ကိုချစ်၍ကောင်းချီးပေး တော်မူသဖြင့် သင်တို့သည်လူဦးရေတိုးပွား၍ သားသမီးများစွာရကြလိမ့်မည်။ သင်တို့၏ လယ်ကွင်းများကိုကောင်းချီးပေးသဖြင့်အသီး အနှံ၊ စပျစ်ရည်၊ သံလွင်ဆီတို့အထွက်များ လိမ့်မည်။ သင်တို့ကိုကောင်းချီးပေးသဖြင့် သင် တို့တွင်သိုးနွားတိရစ္ဆာန်များတိုးပွားများပြား လိမ့်မည်။ သင်တို့ဘိုးဘေးတို့အားကတိထား သောပြည်သို့သင်တို့ရောက်ရှိသောအခါ ထို ကောင်းချီးမင်္ဂလာများကိုချပေးတော်မူလိမ့် မည်။-
Ed egli ti amerà, e ti benedirà, e ti accrescerà, e benedirà il frutto del tuo seno, e il frutto della tua terra; il tuo frumento, e il tuo mosto, e il tuo olio; i parti delle tue vacche, e le gregge delle tue pecore; nel paese del quale egli giurò a' tuoi padri, ch'egli te lo darebbe.
14 ၁၄ သင်တို့သည်ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ ထက် ကောင်းချီးမင်္ဂလာပို၍ခံစားရလိမ့်မည်။ သင်တို့တွင်မြုံသောသူ၊ သားမပေါက်သော တိရစ္ဆာန်မရှိစေရ။-
Tu sarai benedetto sopra tutti i popoli; ei non vi sarà nel mezzo di te, e del tuo bestiame, nè maschio, nè femmina sterile.
15 ၁၅ ထာဝရဘုရားသည်သင်တို့အားရောဂါ ဘေးအမျိုးမျိုးမှကာကွယ်တော်မူလိမ့်မည်။ အီဂျစ်ပြည်တွင်သင်တို့တွေ့မြင်ခဲ့ရသော ရောဂါဆိုးဘေးမသင့်စေရ။ သို့သော်သင် တို့၏ရန်သူဟူသမျှမူကား ရောဂါဆိုး ဘေးသင့်လိမ့်မည်။-
E il Signore rimoverà da te ogni malattia; e non ti metterà addosso alcuna di quelle malvage infermità di Egitto, delle quali tu hai avuto conoscenza; anzi le metterà addosso a tutti i tuoi nemici.
16 ၁၆ သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင် တို့၏လက်သို့အပ်တော်မူသောလူမျိုးရှိသမျှ ကို သင်တို့သည်သုတ်သင်ဖျက်ဆီးပစ်ရမည်။ ထို သူတို့အားမသနားမညှာတာရ။ ထိုသူတို့ ၏ဘုရားများကိုဝတ်မပြုရ။ ဝတ်ပြုလျှင် သင်တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့် မည်။''
Distruggi adunque tutti i popoli che il Signore Iddio tuo ti dà; l'occhio tuo non li risparmi, e non servire agl'iddii loro; perciocchè ciò ti [sarebbe] un laccio.
17 ၁၇ ``ထိုလူမျိုးတို့သည်ငါတို့ထက်လူဦးရေ များပြားသဖြင့် ငါတို့နှင်ထုတ်ခြင်းငှာမ တတ်နိုင်ပါ' ဟူ၍မဆိုကြနှင့်။-
Se pur tu dici nel tuo cuore: Queste nazioni [sono] più grandi di me, come le potrò io scacciare?
18 ၁၈ သူတို့ကိုမကြောက်နှင့်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည် ဘုရင်နှင့်ပြည်သူပြည်သားအပေါင်းတို့ အား မည်ကဲ့သို့စီရင်တော်မူခဲ့ကြောင်း ကိုသတိရကြလော့။-
Non temer di loro; ricordati pur delle cose che il Signore Iddio tuo ha fatte a Faraone, e a tutti gli Egizj;
19 ၁၉ သင်တို့ကိုယ်တိုင်မြင်ခဲ့ရသောကြောက်မက်ဖွယ် ကပ်ကြီးများ၊ အံ့သြဖွယ်သောနိမိတ်လက္ခဏာ များ၊ သင်တို့အားလွတ်မြောက်စေခဲ့သော သင်တို့ ၏ဘုရားသခင်ထာဝရဘုရား၏မဟာတန် ခိုးတော်နှင့်လက်ရုံးတော်တို့ကိုသတိရကြ လော့။ ထာဝရဘုရားသည်အီဂျစ်အမျိုးသား တို့ကိုသေကြေပျက်စီးစေခဲ့သည့်နည်းတူ ယခုသင်တို့ကြောက်ရွံ့သောလူမျိုးအပေါင်း တို့ကိုလည်းသေကြေပျက်စီးစေတော်မူ မည်။-
delle gran prove che gli occhi tuoi hanno vedute, e de' miracoli, e de' prodigi, e della potente mano, e del braccio steso, col quale il Signore Iddio tuo ti ha tratto fuori; e così farà il Signore Iddio tuo a tutti i popoli, dei quali tu temi.
20 ၂၀ သင်တို့၏လက်မှလွတ်၍ထွက်ပြေးပုန်း အောင်းနေသူတို့ပင်လျှင် ကပ်ဆိုက်၍သေ ကြေပျက်စီးလိမ့်မည်။-
Il Signore Iddio tuo manderà eziandio de' calabroni contro a loro, finchè quelli che saran rimasti, e quelli che si saran nascosti dal tuo cospetto, sieno periti.
21 ၂၁ သို့ဖြစ်၍ထိုလူမျိုးတို့ကိုမကြောက်ကြနှင့်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူ၏။ ကိုယ်တော်သည် တန်ခိုးကြီး၍ကြောက်ရွံ့ဖွယ်သောဘုရား ဖြစ်တော်မူ၏။-
Non isgomentarti per cagion di loro; conciossiachè il Signore Iddio tuo, Dio grande e tremendo, [sia] nel mezzo di te.
22 ၂၂ ကိုယ်တော်သည်သင်တို့ချီတက်နေစဉ် ထိုလူ မျိုးများကိုတဖြည်းဖြည်းနှင်ထုတ်တော်မူ လိမ့်မည်။ သင်တို့သည်သူတို့အားလုံးကို ချက်ချင်းမပယ်ရှင်းနှင့်။ ချက်ချင်းပယ်ရှင်း လျှင် သားရဲတိရစ္ဆာန်တို့သည်များပြားလာ၍ သင်တို့ကိုအန္တရာယ်ပြုလိမ့်မည်။-
Or il Signore Iddio tuo stirperà quelle nazioni d'innanzi a te, a poco a poco; tu non le potrai distruggere subitamente; che talora le fiere della campagna non moltiplichino contro a te.
23 ၂၃ ထာဝရဘုရားသည်ရန်သူများကိုသင်တို့ ၏လက်သို့အပ်သဖြင့် သူတို့သည်ကစဥ့် ကလျားဖြစ်၍ချေမှုန်းခြင်းကိုခံရကြ လိမ့်မည်။-
E il Signore Iddio tuo le metterà in tuo potere, e le romperà d'una gran rotta, finchè sieno distrutte.
24 ၂၄ ကိုယ်တော်သည်သူတို့၏ဘုရင်များကိုသင်တို့ ၏လက်သို့အပ်မည်။ သင်တို့သည်ထိုဘုရင်များ ကိုသုတ်သင်ပယ်ရှင်းသဖြင့် သူတို့အကြောင်းကို လူတို့သတိရကြတော့မည်မဟုတ်။ မည်သည့် ရန်သူကမျှသင်တို့ကိုမခုခံနိုင်။ သင်တို့ သည်ရန်သူအားလုံးကိုချေမှုန်းလိမ့်မည်။-
E ti darà i re loro nelle mani, e tu farai perire il lor nome di sotto al cielo; niuno potrà starti a fronte, finchè tu le abbia distrutte.
25 ၂၅ သူတို့၏ရုပ်တုများကိုမီးရှို့ပစ်လော့။ ထိုရုပ်တု များတွင်မွမ်းမံထားသောရွှေငွေကိုတပ်မက်၍ သင်တို့အဖို့မယူကြနှင့်။ ထာဝရဘုရားသည် ရုပ်တုကိုးကွယ်ခြင်းကိုရွံရှာမုန်းတီးတော်မူ သဖြင့် ရုပ်တုများမှရွှေငွေကိုယူမိလျှင်သင် တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့်မည်။-
Brucia col fuoco le sculture de' loro dii; non appetir l'argento, nè l'oro [che sarà] sopra esse, e [non] prender[lo] per te; che talora tu non ne sii allacciato; perciocchè è cosa abbominevole al Signore Iddio tuo.
26 ၂၆ ထိုရုပ်တုများကိုသင်တို့၏နေအိမ်များသို့မ ယူဆောင်ခဲ့ရ။ ယင်းသို့ယူဆောင်ခဲ့လျှင်ရုပ်တု များကဲ့သို့ သင်တို့သည်လည်းကျိန်စာသင့်လိမ့် မည်။ ရုပ်တုများသည်ထာဝရဘုရား၏ကျိန် စာသင့်သောကြောင့် ရုပ်တုများကိုသင်တို့ရွံ ရှာမုန်းတီးကြရမည်။''
E non recare in casa tua cosa abbominevole, onde tu sii interdetto, come [è] quella cosa; abbilo del tutto in detestazione, e abbominalo; conciossiachè sia interdetto.