< တရားဟောရာ 6 >

1 ``သင်​တို့​အား​သွန်​သင်​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော်​မူ​သော ပ​ညတ်​တော်​များ​သည်​ကား ဤ​သို့​တည်း။ သင် တို့​ဝင်​ရောက်​သိမ်း​ယူ​မည့်​ပြည်​တွင် ဤ​ပညတ် တော်​များ​ကို​လိုက်​နာ​စောင့်​ထိန်း​ကြ​လော့။-
သင်တို့နှင့် သားမြေးတို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊
2 သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့ ရို​သေ​ရ​ကြ​မည်။ သင်​တို့​သည်​ထို​ပြည်​တွင် ကြာ​ရှည်​စွာ​နေ​ထိုင်​နိုင်​ရန် ငါ​ပေး​သော ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို​နား​ထောင်​၍ စောင့်​ထိန်း​ကြ​လော့။-
ငါပေးထားသော ပညတ်တရားတော်ရှိသမျှ တို့ကို တသက်လုံး စောင့်ရှောက်မည်အကြောင်းနှင့် သင်တို့၏ အသက်တာရှည်စေမည်အကြောင်း၊ သင်တို့ သွား၍ ဝင်စားလတံ့သော ပြည်၌ ကျင့်ဘို့ရာ သင်တို့အား ငါသွန်သင်စိမ့်သောငှာ၊ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ် တရားဟူမူကား၊
3 အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထို​ပညတ်​တော် များ​ကို​စောင့်​ထိန်း​လော့။ ထို​သို့​ပြု​လျှင်​ဘိုး ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့​သည်​ကြွယ်​ဝ ကောင်း​စား​၍​အင်​အား​ကြီး​သော​လူ​မျိုး​ဖြစ် လာ​လိမ့်​မည်။ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ပြည်​တွင်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။''
အိုဣသရေလအမျိုး၊ ဘိုးဘေးတို့၏ ဘုရား သခင်ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း၊ သင်သည် နို့နှင့် ပျားရည်စီးသောပြည်၌ ချမ်းသာရ၍ အလွန်ပွားများမည် အကြောင်း နားထောင်လော့။ သတိနှင့်ကျင့်စောင့်လော့။
4 ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဤ​အ​ချက် ကို​မ​မေ့​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သာ​လျှင် ငါ​တို့ ၏​ဘု​ရား​ဖြစ်​တော်​မူ​၏။-
အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။
5 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​နှင့်​ချစ်​လော့။-
သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။
6 ယ​နေ့​သင်​တို့​အား​ငါ​ပေး​သော​ပ​ညတ်​တော် များ​ကို မည်​သည့်​အ​ခါ​မျှ​မ​မေ့​နှင့်။-
ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရ မည်။
7 ထို​ပ​ညတ်​များ​ကို သင်​တို့​၏​သား​သ​မီး​တို့ အား​သွန်​သင်​ရ​မည်။ အိမ်​၌​ရှိ​သည့်​အ​ခါ ဖြစ်​စေ၊ နား​နေ​သည့်​အ​ခါ​ဖြစ်​စေ၊ အ​လုပ် လုပ်​သည့်​အ​ခါ​ဖြစ်​စေ ထို​ပညတ်​တော်​များ ကို​သွန်​သင်​ရ​မည်။-
ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား ၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌ သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်။
8 ထို​ပ​ညတ်​များ​ကို​သ​တိ​ရ​နေ​စေ​ရန် သင် တို့​၏​လက်​မောင်း​၌​လည်း​ကောင်း၊ န​ဖူး​၌ လည်း​ကောင်း​ချည်​ထား​ရ​မည်။-
ထိုစကားကိုလည်း သင်၏ လက်၌ လက္ခဏာ သက်သေဘို့ရာ၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့ သို့၎င်း ချည်ထားရမည်။
9 သင်​တို့​၏​အိမ်​တံခါး​တိုင်​နှင့်​ဝင်း​တံ​ခါး​တို့ တွင် ထို​ပ​ညတ်​တော်​များ​ကို​ရေး​ထား​ရ​မည်။''
အိမ်တံခါး၊ မြို့တံခါးတို့၌လည်း ရေးထားရမည်။
10 ၁၀ ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​က​တိ ထား​တော်​မူ​သည်​အ​တိုင်း သင်​တို့​ကိုယ်​တိုင် မ​တည်​ဆောက်​သည့်​စည်​ပင်​သာ​ယာ​သော မြို့​ကြီး​များ​ကို သင်​တို့​အား​ပေး​တော်​မူ မည်။-
၁၀သင်မတည်သော မြို့ကြီးမြို့မြတ်တို့ကို၎င်း၊ သင်မဖြည့်ဘဲ ကောင်းသောအရာနှင့် ပြည့်သော အိမ်တို့ ကို၎င်း၊
11 ၁၁ သင်​တို့​မ​စု​ဆောင်း​ဘဲ ကောင်း​မွန်​သော​အ​ရာ များ​နှင့်​ပြည့်​စုံ​သော​အိမ်​များ​ကို​လည်း​ကောင်း၊ သင်​တို့​မ​တူး​သော​ရေ​တွင်း​များ​ကို​လည်း ကောင်း၊ သင်​တို့​မ​စိုက်​ပျိုး​သော​စ​ပျစ်​ခြံ​နှင့် သံ​လွင်​ခြံ​များ​ကို​လည်း​ကောင်း သင်​တို့​အား ပေး​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​ကို​ပို့​ဆောင်​၍ ထို​ပြည်​သို့​ရောက်​သ​ဖြင့် သင်​တို့​သည်​အ​စား​အ​စာ​ကို​ဝ​လင်​စွာ စား​ရ​သော​အ​ခါ၊-
၁၁သင်မတူးသော ရေတွင်းတို့ကို၎င်း၊ သင် မစိုက် ပျိုးသော စပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကို၎င်း၊ သင့်အား ပေးခြင်းငှာ၊ သင်၏ အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ အား ကျိန်ဆိုတော်မူသောပြည်သို့ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ဆောင်သွင်းတော်မူ၍၊ သင်သည် ဝစွာစားလျက် နေရသောအခါ၊
12 ၁၂ ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​သင်​တို့​ကို​ထုတ် ဆောင်​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​ကို မ​မေ့​လျော့​ရန်​သ​တိ​ပြု​ကြ​လော့။-
၁၂ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင့်ကို ကယ်နှုတ် ဆောင်ယူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည် အကြောင်း၊ ကိုယ်ကို ကိုယ်သတိပြုလော့။
13 ၁၃ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေ​လော့။ ကိုယ်​တော်​ကို​သာ​ကိုး ကွယ်​လော့။ ကိုယ်​တော်​၏​နာ​မ​တော်​ကို​သာ တိုင်​တည်​လျက်​က​တိ​သစ္စာ​ပြု​လော့။-
၁၃သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက် ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ နာမ တော်အားဖြင့်လည်း ကျိန်ဆိုခြင်းကိုပြုရမည်။
14 ၁၄ အ​ခြား​ဘုရား​များ​ကို​မ​ဆည်း​ကပ်​နှင့်။ သင် တို့​ပတ်​ဝန်း​ကျင်​တွင်​နေ​ထိုင်​သော​လူ​မျိုး တို့​၏​ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​နှင့်။-
၁၄အခြားတပါးသောဘုရား၊ သင့်ပတ်လည်၌ နေသော လူမျိုးတို့၏ ဘုရားကို မဆည်းမကပ်ရ။
15 ၁၅ သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​ခံ တော်​မ​မူ။ ထို့​ကြောင့်​သင်​တို့​သည်​အ​ခြား​သော ဘု​ရား​ကို​ဝတ်​ပြု​လျှင် အ​မျက်​တော်​သည်​မီး ကဲ့​သို့​တောက်​လောင်​၍ သင်​တို့​အ​ပေါင်း​ကို​သေ ကြေ​ပျက်​စီး​စေ​လိမ့်​မည်။''
၁၅သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ ၌ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ၏။ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကို အမျက် ထွက်၍ မြေကြီးပြင်မှာ သုတ်သင်ပယ်ရှင်းတော်မူမည်ဟု စိုးရိမ် စရာရှိ၏။
16 ၁၆ ``သင်​တို့​သည်​မ​ဿာ​အ​ရပ်​မှာ​ကဲ့​သို့ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​စစ် အ​ကြော​မ​ပြု​ရ။-
၁၆သင်သည် မဿာအရပ်၌ ပြုသကဲ့သို့၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်းမပြုရ။
17 ၁၇ ထာ​ဝ​ရ​ဘု​ရား​ပြ​ဋ္ဌာန်း​တော်​မူ​သော ပ​ညတ် အား​လုံး​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​လော့။-
၁၇သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူ သော သက်သေခံချက်၊ စီရင်ချက်၊ ပညတ်တရားတို့ကို ကြိုးစား၍ စောင့်ရှောက်ရမည်။
18 ၁၈ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင် သင့်​မြတ်​မှန်​ကန်​သော​အ​မှု​တို့​ကို​ပြု​လျှင် အ​ရာ​ရာ​၌​အောင်​မြင်​လိမ့်​မည်။ သင်​တို့​၏ ဘိုး​ဘေး​တို့​အား ထာ​ဝ​ရ​ဘု​ရား​က​တိ ထား​တော်​မူ​သော​သာ​ယာ​ဝ​ပြော​သည့် ပြည်​ကို​သိမ်း​နိုင်​လိမ့်​မည်။-
၁၈သင်သည် ချမ်းသာရခြင်းငှာ၎င်း၊
19 ၁၉ ကတိ​တော်​အ​တိုင်း​သင်​တို့​၏​ရန်​သူ​တို့​ကို လည်း​နှင်​ထုတ်​နိုင်​လိမ့်​မည်။''
၁၉ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း ရန်သူ အပေါင်းတို့ကို သင့်ရှေ့မှ နှင်ထုတ်သဖြင့်၊ သင်၏ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပြည်မြတ်ကို ဝင်စား၍ နေခြင်းငှာ၎င်း၊ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ် လျောက်ပတ်သောအမှုတို့ကို ပြုရမည်။
20 ၂၀ ``နောင်​အ​ခါ​၌​သင်​တို့​၏​သား​သ​မီး​တို့​သည် သင်​တို့​အား`ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က ဤ​ပ​ညတ်​ရှိ​သ​မျှ​ကို​အ​ဘယ် ကြောင့်​ပြ​ဋ္ဌာန်း​တော်​မူ​ရ​သ​နည်း' ဟူ​၍ မေး ကြ​လျှင်၊-
၂၀နောင်ကာလ၌ သင်၏သားက၊ ငါတို့ဘုရား သခင် ထာဝရဘုရားထားတော်မူသော ဤသက်သေခံ ချက်၊ စီရင်ထုံးဖွဲ့ချက်တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်းလျှင်၊
21 ၂၁ `ငါ​တို့​သည်​အီ​ဂျစ်​ပြည်​ဘု​ရင်​ထံ​တွင်​ကျွန် ခံ​ခဲ့​ရ​စဉ်​က ထာ​ဝ​ရ​ဘု​ရား​သည်​မဟာ တန်​ခိုး​တော်​ဖြင့်​ငါ​တို့​အား​ကယ်​ဆယ်​ခဲ့ ၏။-
၂၁သင်က၊ ငါတို့သည် အဲဂုတ္တုပြည်၌ ဖါရောဘုရင် ၏ ကျွန်ဖြစ်၍ နေစဉ်အခါ၊ ထာဝရဘုရားသည် အားကြီး သောလက်တော်နှင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူ၏။
22 ၂၂ ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​အ​မျိုး​သား​တို့ အား​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင်​နှင့်​မှူး​မတ် အ​ရာ​ရှိ​အ​ပေါင်း​တို့​အား​လည်း​ကောင်း နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​၍​ကြောက်​မက်​ဖွယ်​သော ဘေး​ဥပဒ်​များ​ကျ​ရောက်​စေ​တော်​မူ​ခဲ့​ပုံ​ကို ငါ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​ကြ​သည်။-
၂၂ထာဝရဘုရားသည်လည်း၊ ကြီးမားခက်ထန် သော နိမိတ်လက္ခဏာ အံ့ဘွယ်သရဲတို့ကို အဲဂုတ္တုပြည် အပေါ်မှာ၎င်း၊ ဖာရောဘုရင်နှင့် နန်းတော်သားတို့အပေါ်မှာ၎င်း၊ ငါတို့မျက်မှောက်၌ ပြုတော်မူပြီးလျှင်၊
23 ၂၃ ငါ​တို့​၏​ဘိုး​ဘေး​တို့​အား​က​တိ​ထား​တော်​မူ သည့်​အ​တိုင်း ငါ​တို့​ကို​အီဂျစ်​အ​မျိုး​သား​တို့ ၏​လက်​မှ​လွတ်​မြောက်​စေ​ပြီး​လျှင် ဤ​ပြည် တွင်​နေ​ထိုင်​ရန်​ပို့​ဆောင်​တော်​မူ​၏။-
၂၃ငါတို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်သို့ သွင်း၍ နေရာချခြင်းအလို့ငှာ၊ ထိုပြည်မှ နှုတ်ဆောင်တော်မူ၏။
24 ၂၄ ထို​နောက်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ပ​ညတ်​အ​လုံး​စုံ​တို့​ကို​လိုက် နာ​ကျင့်​သုံး​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​အား ကြောက်​ရွံ့​ရို​သေ​ရန်​လည်း​ကောင်း​ပြ​ဋ္ဌာန်း တော်​မူ​၏။-
၂၄ထာဝရဘုရားသည် ယနေ့တိုင်အောင် ကျေးဇူး ပြုတော်မူသကဲ့သို့၊ ငါတို့အသက်ကို စောင့်တော်မူမည် အကြောင်း၊ ငါတို့သည် ကိုယ်အကျိုးကို ထောက်၍၊ ငါတို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့လျက်၊ ဤ ပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှာ မှာထားတော်မူ၏။
25 ၂၅ ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း​နာ​ခံ​လျှင် ကိုယ်​တော်​သည်​ငါ တို့​၏​နိုင်​ငံ​ကို​အ​စဉ်​စောင့်​ရှောက်​၍​သာ​ယာ ဝ​ပြော​စေ​တော်​မူ​မည်။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​ပ​ညတ်​တော်​မူ​သ​မျှ​ကို​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အား​နှစ်​သက်​တော်​မူ​လိမ့်​မည်' ဟူ​၍ ဖြေ​ကြား​လော့။''
၂၅သို့ဖြစ်၍ ငါတို့ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဤပညတ်အလုံးစုံတို့ကို ရှေ့တော်၌ ကျင့်စောင့်ခြင်းငှာ သတိပြုလျှင်၊ ဖြောင့်မတ် ရာသို့ ရောက်ရကြလိမ့်မည်ဟု ပြန်ပြောရမည်။

< တရားဟောရာ 6 >