< တရားဟောရာ 6 >
1 ၁ ``သင်တို့အားသွန်သင်ရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးအပ်တော်မူသော ပညတ်တော်များသည်ကား ဤသို့တည်း။ သင် တို့ဝင်ရောက်သိမ်းယူမည့်ပြည်တွင် ဤပညတ် တော်များကိုလိုက်နာစောင့်ထိန်းကြလော့။-
၁သင် တို့နှင့် သား မြေး တို့သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ကို ကြောက်ရွံ့ ၍၊
2 ၂ သင်တို့နှင့်သင်တို့၏အဆက်အနွယ်တို့သည် အသက်ရှင်သမျှကာလပတ်လုံးသင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ ရိုသေရကြမည်။ သင်တို့သည်ထိုပြည်တွင် ကြာရှည်စွာနေထိုင်နိုင်ရန် ငါပေးသော ပညတ်တော်ရှိသမျှတို့ကိုနားထောင်၍ စောင့်ထိန်းကြလော့။-
၂ငါ ပေး ထားသော ပညတ် တရား တော်ရှိသမျှ တို့ ကို တသက်လုံး စောင့်ရှောက် မည်အကြောင်း နှင့် သင် တို့၏ အသက်တာ ရှည် စေမည်အကြောင်း ၊ သင် တို့သွား ၍ ဝင်စား လတံ့သော ပြည် ၌ ကျင့် ဘို့ရာ သင် တို့အား ငါသွန်သင် စိမ့်သောငှာ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသော စီရင် ထုံးဖွဲ့ချက် ပညတ် တရားဟူမူကား၊
3 ၃ အို ဣသရေလအမျိုးသားတို့၊ ထိုပညတ်တော် များကိုစောင့်ထိန်းလော့။ ထိုသို့ပြုလျှင်ဘိုး ဘေးတို့၏ဘုရားသခင်ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း သင်တို့သည်ကြွယ်ဝ ကောင်းစား၍အင်အားကြီးသောလူမျိုးဖြစ် လာလိမ့်မည်။ အစာရေစာပေါကြွယ်ဝသော ပြည်တွင်နေထိုင်ရကြလိမ့်မည်။''
၃အိုဣသရေလ အမျိုး၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ၊ သင် သည် နို့ နှင့် ပျားရည် စီး သောပြည် ၌ ချမ်းသာ ရ၍ အလွန် ပွား များမည် အကြောင်း နားထောင် လော့။ သတိ နှင့် ကျင့် စောင့်လော့။
4 ၄ ``အို ဣသရေလအမျိုးသားတို့ ဤအချက် ကိုမမေ့နှင့်။ ထာဝရဘုရားသာလျှင် ငါတို့ ၏ဘုရားဖြစ်တော်မူ၏။-
၄အိုဣသရေလ အမျိုး၊ နားထောင် လော့။ ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် တဆူ တည်းသော ထာဝရ ဘုရား ဖြစ်တော်မူ၏။
5 ၅ သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။-
၅သင် ၏ဘုရား သခင်ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ၊ အစွမ်း သတ္တိရှိသမျှ နှင့် ချစ် လော့။
6 ၆ ယနေ့သင်တို့အားငါပေးသောပညတ်တော် များကို မည်သည့်အခါမျှမမေ့နှင့်။-
၆ယနေ့ ငါ မှာ ထားသော စကား ကို နှလုံး သွင်း ရမည်။
7 ၇ ထိုပညတ်များကို သင်တို့၏သားသမီးတို့ အားသွန်သင်ရမည်။ အိမ်၌ရှိသည့်အခါ ဖြစ်စေ၊ နားနေသည့်အခါဖြစ်စေ၊ အလုပ် လုပ်သည့်အခါဖြစ်စေ ထိုပညတ်တော်များ ကိုသွန်သင်ရမည်။-
၇ထို စကားကို သင် ၏သားသမီး တို့အား ကြိုးစား ၍ သွန်သင်ရမည်။ အိမ် ၌ ထိုင် လျက် နေသည်ဖြစ်စေ၊ ခရီး ၌ သွား သည်ဖြစ်စေ ၊ အိပ် လျက် ၊ ထ လျက်ရှိသည် ဖြစ်စေ ၊ ထို စကားကို ပြော ရမည်။
8 ၈ ထိုပညတ်များကိုသတိရနေစေရန် သင် တို့၏လက်မောင်း၌လည်းကောင်း၊ နဖူး၌ လည်းကောင်းချည်ထားရမည်။-
၈ထိုစကားကိုလည်း သင် ၏ လက် ၌ လက္ခဏာ သက်သေဘို့ရာ၎င်း၊ သင် ၏ မျက်စိ ကြား မှာ သင်းကျစ် ကဲ့သို့ ၎င်း ချည် ထားရမည်။
9 ၉ သင်တို့၏အိမ်တံခါးတိုင်နှင့်ဝင်းတံခါးတို့ တွင် ထိုပညတ်တော်များကိုရေးထားရမည်။''
၉အိမ် တံခါး ၊ မြို့တံခါး တို့၌ လည်း ရေးထား ရမည်။
10 ၁၀ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့၏ဘိုးဘေးများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကတိ ထားတော်မူသည်အတိုင်း သင်တို့ကိုယ်တိုင် မတည်ဆောက်သည့်စည်ပင်သာယာသော မြို့ကြီးများကို သင်တို့အားပေးတော်မူ မည်။-
၁၀သင်မ တည် သော မြို့ ကြီး မြို့မြတ် တို့ကို၎င်း ၊ သင်မ ဖြည့် ဘဲကောင်း သောအရာနှင့်ပြည့် သောအိမ် တို့ကို၎င်း၊ သင်မ တူး သော ရေတွင်း တို့ကို၎င်း ၊ သင်မ စိုက်ပျိုး သော စပျစ်ဥယျာဉ် နှင့် သံလွင်ပင် တို့ကို၎င်း၊ သင့် အား ပေး ခြင်းငှာ၊ သင် ၏အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသော ပြည် သို့ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကိုဆောင်သွင်း တော်မူ၍၊ သင်သည်ဝစွာ စား လျက်နေရသောအခါ၊
11 ၁၁ သင်တို့မစုဆောင်းဘဲ ကောင်းမွန်သောအရာ များနှင့်ပြည့်စုံသောအိမ်များကိုလည်းကောင်း၊ သင်တို့မတူးသောရေတွင်းများကိုလည်း ကောင်း၊ သင်တို့မစိုက်ပျိုးသောစပျစ်ခြံနှင့် သံလွင်ခြံများကိုလည်းကောင်း သင်တို့အား ပေးတော်မူမည်။ ထာဝရဘုရားသည်သင် တို့ကိုပို့ဆောင်၍ ထိုပြည်သို့ရောက်သဖြင့် သင်တို့သည်အစားအစာကိုဝလင်စွာ စားရသောအခါ၊-
၁၁
12 ၁၂ ကျွန်ခံရာအီဂျစ်ပြည်မှသင်တို့ကိုထုတ် ဆောင်တော်မူခဲ့သော ထာဝရဘုရားကို မမေ့လျော့ရန်သတိပြုကြလော့။-
၁၂ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ သင့် ကို ကယ်နှုတ် ဆောင်ယူခဲ့သော ထာဝရဘုရား ကို မ မေ့လျော့ မည် အကြောင်း၊ ကိုယ် ကို ကိုယ်သတိ ပြုလော့။
13 ၁၃ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရိုသေလော့။ ကိုယ်တော်ကိုသာကိုး ကွယ်လော့။ ကိုယ်တော်၏နာမတော်ကိုသာ တိုင်တည်လျက်ကတိသစ္စာပြုလော့။-
၁၃သင် ၏ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ ရမည်။ ထို ဘုရားသခင်ကိုသာ ဝတ်ပြု ရမည်။ နာမ တော် အားဖြင့် လည်း ကျိန်ဆို ခြင်းကိုပြုရမည်။
14 ၁၄ အခြားဘုရားများကိုမဆည်းကပ်နှင့်။ သင် တို့ပတ်ဝန်းကျင်တွင်နေထိုင်သောလူမျိုး တို့၏ဘုရားများကိုမကိုးကွယ်နှင့်။-
၁၄အခြား တပါးသောဘုရား ၊ သင့် ပတ်လည် ၌ နေသော လူမျိုး တို့၏ ဘုရား ကို မ ဆည်း မကပ်ရ။
15 ၁၅ သင်တို့နှင့်အတူရှိတော်မူသောဘုရားသခင် ထာဝရဘုရားသည် ပြိုင်ဘက်ကိုလုံးဝလက်ခံ တော်မမူ။ ထို့ကြောင့်သင်တို့သည်အခြားသော ဘုရားကိုဝတ်ပြုလျှင် အမျက်တော်သည်မီး ကဲ့သို့တောက်လောင်၍ သင်တို့အပေါင်းကိုသေ ကြေပျက်စီးစေလိမ့်မည်။''
၁၅သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် တို့၌ အပြစ် ရှိသည်ဟု ယုံလွယ်သော ဘုရား ဖြစ်တော်မူ၏။ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို အမျက် ထွက် ၍ မြေကြီး ပြင် မှာ သုတ်သင် ပယ်ရှင်းတော်မူမည်ဟု စိုးရိမ်စရာရှိ၏။
16 ၁၆ ``သင်တို့သည်မဿာအရပ်မှာကဲ့သို့ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားကိုအစစ် အကြောမပြုရ။-
၁၆သင်သည် မဿာ အရပ်၌ ပြု သကဲ့သို့ ၊ သင် ၏ ဘုရား သခင်ထာဝရဘုရား ကို အစုံအစမ်း မ ပြုရ။
17 ၁၇ ထာဝရဘုရားပြဋ္ဌာန်းတော်မူသော ပညတ် အားလုံးကိုလိုက်နာရန်သတိပြုလော့။-
၁၇သင် ၏ဘုရား သခင်ထာဝရဘုရား ထား တော်မူသော သက်သေခံ ချက်၊ စီရင် ချက်၊ ပညတ် တရားတို့ကို ကြိုးစား၍ စောင့်ရှောက် ရမည်။
18 ၁၈ သင်တို့သည်ထာဝရဘုရား၏ရှေ့တော်တွင် သင့်မြတ်မှန်ကန်သောအမှုတို့ကိုပြုလျှင် အရာရာ၌အောင်မြင်လိမ့်မည်။ သင်တို့၏ ဘိုးဘေးတို့အား ထာဝရဘုရားကတိ ထားတော်မူသောသာယာဝပြောသည့် ပြည်ကိုသိမ်းနိုင်လိမ့်မည်။-
၁၈သင်သည် ချမ်းသာရခြင်းငှာ၎င်း၊
19 ၁၉ ကတိတော်အတိုင်းသင်တို့၏ရန်သူတို့ကို လည်းနှင်ထုတ်နိုင်လိမ့်မည်။''
၁၉ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ရန်သူ အပေါင်း တို့ကို သင့် ရှေ့ မှ နှင်ထုတ် သဖြင့် ၊ သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် မြတ် ကို ဝင်စား ၍ နေ ခြင်းငှာ၎င်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် လျောက်ပတ် သောအမှုတို့ကို ပြု ရမည်။
20 ၂၀ ``နောင်အခါ၌သင်တို့၏သားသမီးတို့သည် သင်တို့အား`ငါတို့၏ဘုရားသခင်ထာဝရ ဘုရားက ဤပညတ်ရှိသမျှကိုအဘယ် ကြောင့်ပြဋ္ဌာန်းတော်မူရသနည်း' ဟူ၍ မေး ကြလျှင်၊-
၂၀နောင် ကာလ၌ သင် ၏သား က၊ ငါ တို့ဘုရား သခင် ထာဝရဘုရား ထား တော်မူသော ဤသက်သေခံ ချက်၊ စီရင် ထုံးဖွဲ့ ချက်တို့သည် အဘယ်သို့ ဆိုလို သနည်းဟု မေးမြန်း လျှင်၊
21 ၂၁ `ငါတို့သည်အီဂျစ်ပြည်ဘုရင်ထံတွင်ကျွန် ခံခဲ့ရစဉ်က ထာဝရဘုရားသည်မဟာ တန်ခိုးတော်ဖြင့်ငါတို့အားကယ်ဆယ်ခဲ့ ၏။-
၂၁သင်က၊ ငါတို့သည် အဲဂုတ္တု ပြည်၌ ဖါရော ဘုရင် ၏ ကျွန် ဖြစ် ၍နေစဉ်အခါ၊ ထာဝရဘုရား သည် အားကြီး သောလက် တော်နှင့် ငါ တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူ၏။
22 ၂၂ ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့ အားလည်းကောင်း၊ သူတို့၏ဘုရင်နှင့်မှူးမတ် အရာရှိအပေါင်းတို့အားလည်းကောင်း နိမိတ် လက္ခဏာများကိုပြ၍ကြောက်မက်ဖွယ်သော ဘေးဥပဒ်များကျရောက်စေတော်မူခဲ့ပုံကို ငါတို့ကိုယ်တိုင်တွေ့မြင်ခဲ့ရကြသည်။-
၂၂ထာဝရဘုရား သည်လည်း ၊ ကြီးမား ခက်ထန် သော နိမိတ် လက္ခဏာ အံ့ဘွယ် သရဲတို့ကို အဲဂုတ္တု ပြည် အပေါ် မှာ၎င်း၊ ဖာရော ဘုရင်နှင့် နန်းတော် သားတို့အပေါ် မှာ၎င်း၊ ငါ တို့မျက်မှောက် ၌ ပြတော်မူပြီးလျှင်၊
23 ၂၃ ငါတို့၏ဘိုးဘေးတို့အားကတိထားတော်မူ သည့်အတိုင်း ငါတို့ကိုအီဂျစ်အမျိုးသားတို့ ၏လက်မှလွတ်မြောက်စေပြီးလျှင် ဤပြည် တွင်နေထိုင်ရန်ပို့ဆောင်တော်မူ၏။-
၂၃ငါ တို့ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် သို့ သွင်း ၍ နေရာချ ခြင်းအလို့ငှာ ၊ ထို ပြည်မှ နှုတ်ဆောင် တော်မူ၏။
24 ၂၄ ထိုနောက်ငါတို့၏ဘုရားသခင်ထာဝရ ဘုရားသည် ပညတ်အလုံးစုံတို့ကိုလိုက် နာကျင့်သုံးရန်လည်းကောင်း၊ ကိုယ်တော်အား ကြောက်ရွံ့ရိုသေရန်လည်းကောင်းပြဋ္ဌာန်း တော်မူ၏။-
၂၄ထာဝရဘုရား သည် ယနေ့ တိုင်အောင် ကျေးဇူး ပြုတော်မူသကဲ့သို့ ၊ ငါ တို့အသက် ကို စောင့်တော်မူမည် အကြောင်း ၊ ငါတို့သည် ကိုယ်အကျိုးကိုထောက် ၍၊ ငါ တို့ ဘုရား သခင်ထာဝရဘုရား ကို ကြောက်ရွံ့ လျက် ၊ ဤ ပညတ် အလုံးစုံ တို့ကို ကျင့် စေခြင်းငှာ မှာ ထားတော်မူ၏။
25 ၂၅ ငါတို့သည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်းနာခံလျှင် ကိုယ်တော်သည်ငါ တို့၏နိုင်ငံကိုအစဉ်စောင့်ရှောက်၍သာယာ ဝပြောစေတော်မူမည်။ ငါတို့သည်ဘုရားသခင်ပညတ်တော်မူသမျှကိုတစ်သဝေ မတိမ်းလိုက်နာလျှင် ထာဝရဘုရားသည် ငါတို့အားနှစ်သက်တော်မူလိမ့်မည်' ဟူ၍ ဖြေကြားလော့။''
၂၅သို့ဖြစ်၍ ငါ တို့ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ဤ ပညတ် အလုံးစုံ တို့ကို ရှေ့ တော်၌ ကျင့် စောင့်ခြင်းငှာ သတိပြု လျှင် ၊ ဖြောင့်မတ် ရာသို့ ရောက် ရကြလိမ့်မည်ဟု ပြန်ပြောရမည်။