< တရားဟောရာ 5 >
1 ၁ မောရှေသည်ဣသရေလအမျိုးသားအပေါင်း တို့ကိုဆင့်ခေါ်၍ သူတို့အားဤသို့ပြောကြား လေသည်။ ``ဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့အား ငါပြဋ္ဌာန်းပေးမည့်ပညတ်တော် အားလုံးကိုနားထောင်ကြလော့။ ထိုပညတ် တော်များကိုနာယူလိုက်နာရန်သတိပြု ကြလော့။-
Og Moses kalla i hop heile Israel og sagde til deim: «Høyr, Israel, dei loverne og bodi som eg lyser for dykk i dag, og lær deim, og ber deim i hugen, so de liver etter deim!
2 ၂ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သိနာတောင်ပေါ်တွင်ငါတို့နှင့်ပဋိညာဉ် ပြုတော်မူ၏။-
Herren, vår Gud, gjorde ei pakt med oss på Horeb.
3 ၃ ထာဝရဘုရားသည်ငါတို့၏ဘိုးဘေး တို့နှင့်သာလျှင် ပဋိညာဉ်ပြုသည်မဟုတ်။ ယနေ့အသက်ရှင်လျက်ရှိသော ငါတို့အား လုံးနှင့်လည်းပဋိညာဉ်ပြုတော်မူ၏။-
Ikkje med federne våre gjorde han den pakti, men med oss, alle me her som liver i dag.
4 ၄ ထာဝရဘုရားသည်တောင်ပေါ်တွင်မီးထဲ မှ သင်တို့နှင့်မျက်နှာချင်းဆိုင်၍မိန့်မြွက် တော်မူသည်။-
Åsyn mot åsyn tala Herren med dykk på fjellet midt utor elden.
5 ၅ သင်တို့သည်မီးကိုကြောက်ရွံ့သဖြင့်တောင် ပေါ်သို့မတက်ဝံ့သောကြောင့် ငါသည်ထာဝရ ဘုရားနှင့်သင်တို့စပ်ကြားတွင်ရပ်လျက် ထာဝရဘုရား၏အမိန့်တော်ကိုသင်တို့ အားဆင့်ဆိုခဲ့၏။''
Eg stod millom Herren og dykk den gongen, og bar ordi hans fram for dykk; for de var rædde elden, og våga dykk ikkje upp på fjellet. Han sagde:
6 ၆ ``ထာဝရဘုရားက၊`ငါသည်သင်တို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။'
«Eg er Herren, din Gud, som førde deg ut or Egyptarlandet, or slavehuset.
7 ၇ `` `ငါမှတစ်ပါးအခြားသောဘုရားကို မကိုးကွယ်နှင့်။-
Du skal ikkje hava nokon annan gud attåt meg!
8 ၈ `` `မိုးကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌ လည်းကောင်း၊ မြေအောက်ရေထဲ၌လည်းကောင်း ရှိသောအရာနှင့်ပုံသဏ္ဌာန်တူသောရုပ်တုများ ကိုကိုးကွယ်ရန်အတွက်မထုလုပ်နှင့်။-
Du skal ikkje gjera deg noko gudebilæte, nokor likning av det som er uppi himmelen eller det som er nedpå jordi eller det som er i vatnet nedanfor landjordi!
9 ၉ ထိုရုပ်တုများကိုဦးမချ၊ ဝတ်မပြုနှင့်။ အဘယ်ကြောင့်ဆိုသော်ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၍ ပြိုင် ဘက်ကိုလုံးဝလက်ခံတော်မမူ။ ငါ့ကို မုန်းသောသူတို့အားငါဒဏ်ခတ်မည်။ ထို မျှမကသူတို့၏တတိယမျိုးဆက်၊ စတုတ္ထမျိုးဆက်တိုင်အောင်ငါဒဏ်ခတ် မည်။-
Du skal ikkje bøygja kne for deim, og ikkje beda til deim! For eg, Herren, din Gud, er ein streng Gud; eg hemner broti åt federne på borni og barneborni og barnebarns-borni av deim som hatar meg,
10 ၁၀ သို့ရာတွင်ငါ့ကိုချစ်၍ငါ၏ပညတ်တော်တို့ ကိုစောင့်ထိန်းသောသူတို့အား အမျိုးဆက် ထောင်သောင်းတိုင်အောင်ငါ၏မေတ္တာကိုပြ မည်။
men imot deim som elskar meg og held bodi mine, gjer eg vel i tusund ættleder.
11 ၁၁ `` `သင်၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိုအလွဲသုံးစားပြုသူအားဒဏ် ခတ်တော်မူမည်ဖြစ်သောကြောင့် ကိုယ်တော်၏ နာမတော်ကိုအလွဲသုံးစားမပြုနှင့်။
Namnet åt Herren, din Gud, skal du ikkje taka vyrdlaust på tunga! For Herren held ikkje den uskuldig som nemnar namnet hans vyrdlaust.
12 ၁၂ `` `သင်တို့၏ဘုရားသခင်ငါထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဥပုသ်နေ့ကိုစောင့် ထိန်း၍ထိုနေ့ကိုငါ့အတွက်သီးသန့်ထား လော့။-
Du skal koma i hug kviledagen, og halda honom heilag, soleis som Herren, din Gud, hev sagt med deg!
13 ၁၃ ခြောက်ရက်ပတ်လုံးအလုပ်လုပ်လော့။
Seks dagar må du arbeida og gjera alt det du skal.
14 ၁၄ သတ္တမနေ့သည်ငါဘုရားအတွက်ဆက်ကပ် ရသောအလုပ်နားရက်ဖြစ်၏။ ထိုနေ့တွင်သင် မှစ၍ သင်၏သားသမီး၊ ကျေးကျွန်၊ တိရစ္ဆာန် နှင့်သင်တို့တိုင်းပြည်တွင်နေထိုင်သောလူမျိုး ခြားများသည်အလုပ်မလုပ်ရ။ သင်တို့၏ ကျေးကျွန်သည်သင်တို့ကဲ့သို့အနားယူ ရမည်။-
Men den sjuande dagen skal vera kviledag og vigd åt Herren, din Gud. Då skal du ikkje gjera noko arbeid, korkje du eller son din eller dotter di, eller drengen din eller tenestgjenta, eller uksen eller asnet eller noko anna av dyri dine, eller den framande som held til innan portarne dine! For tenarane dine lyt kvila dei som du.
15 ၁၅ သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံခဲ့ဖူး ကြောင်းကိုလည်းကောင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကိုမဟာတန်ခိုး တော်ဖြင့်ကယ်တင်ခဲ့ကြောင်းကိုလည်းကောင်း သတိရကြလော့။ ထိုအကြောင်းကြောင့်ငါ သည်သင်တို့အားဥပုသ်နေ့ကိုစောင့်ရန် မိန့်မှာတော်မူ၏။
Kom i hug at du sjølv var tenar i Egyptarlandet, og Herren, din Gud, henta deg ut derifrå med sterk hand og strak arm; difor hev han sagt deg at du skal halda kviledagen heilag.
16 ၁၆ `` `သင်တို့အားထာဝရဘုရားပေးသနား တော်မူမည့်ပြည်တွင် သင်တို့သည်ကောင်းစား ၍အသက်ရှည်စေရန် သင်တို့၏ဘုရားသခင် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မိဘကိုရိုသေသမှုပြုကြလော့။
Du skal æra far din og mor di, som Herren, din Gud, hev sagt med deg; då skal du få liva lenge og vel i det landet som Herren, din Gud, gjev deg.
17 ၁၇ `` `သူ့အသက်ကိုမသတ်နှင့်။
Du skal ikkje drepa!
18 ၁၈ `` `သူ့သားအိမ်ရာကိုမပြစ်မှားနှင့်။
Og du skal ikkje gjera hor!
19 ၁၉ `` `သူ့ဥစ္စာကိုမခိုးနှင့်။
Og du skal ikkje stela!
20 ၂၀ `` `သူတစ်ပါးတစ်ဘက်၌မတရားသက်သေ မခံနှင့်။
Og du skal ikkje vitna rangt imot grannen din!
21 ၂၁ `` `သူတစ်ပါး၏မယား၊ အိမ်၊ မြေ၊ ကျေးကျွန်၊ နွား၊ မြည်းမှစ၍သူပိုင်သမျှတို့ကိုတပ်မက် ခြင်းမရှိနှင့်' ဟုမိန့်တော်မူ၏။
Og du skal ikkje trå etter kona åt grannen din! Og du skal ikkje trå etter huset åt grannen din, eller garden hans, eller drengen eller tenestgjenta hans, eller uksen eller asnet hans eller noko anna som høyrer grannen din til.»
22 ၂၂ ``ထာဝရဘုရားသည်တောင်အနီးသို့စုရုံး လာသောသင်တို့အပေါင်းအား ဤပညတ်တော် များကိုပြဋ္ဌာန်းပေးတော်မူ၏။ ထာဝရဘုရား သည်မီးနှင့်မှောင်မည်းသောမိုးတိမ်ထဲမှကျယ် သောအသံတော်ဖြင့် ဤပညတ်တော်များကိုမိန့် မြွက်တော်မူ၏။ ထပ်၍မိန့်မြွက်တော်မမူ။ ထို့ နောက်ထာဝရဘုရားသည်ပညတ်တော်များ ကိုကျောက်ပြားနှစ်ချပ်ပေါ်တွင်ရေး၍ငါ့ အားပေးအပ်တော်မူသည်။''
Desse ordi tala Herren på fjellet med høg røyst til heile lyden dykkar, midt utor elden og skyi og myrkret, og meir sagde han ikkje; og han skreiv dei på tvo steintavlor, og gav deim til meg.
23 ၂၃ ``တောင်တစ်ခုလုံးမီးတောက်၍အမှောင်ထု ထဲမှဗျာဒိတ်တော်သံကိုသင်တို့ကြားရ သောအခါ သင်တို့၏ခေါင်းဆောင်များနှင့် အနွယ်အကြီးအကဲတို့သည်ငါ့ထံသို့ ချဉ်းကပ်၍၊-
Men då de høyrde røysti midt utor myrkret, og såg fjellet stod i ljos loge, då kom de til meg, alle ættehovdingarne og styresmennerne dykkar,
24 ၂၄ `အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ၏အသံတော်ကိုမီးထဲမှကြားရသဖြင့် အကျွန်ုပ်တို့အားထာဝရဘုရားက မိမိ ၏ဘုန်းတန်ခိုးတော်ကိုထင်ရှားပြသတော် မူပါပြီ။ ဘုရားသခင်သည်လူသားအား စကားပြောသော်လည်း လူသားသည်မသေ ဘဲအသက်ရှင်နေနိုင်ကြောင်းကိုအကျွန်ုပ် တို့ယနေ့သိမြင်ရကြပါပြီ။-
og sagde: «No hev Herren, vår Gud, synt oss sin herlegdom og sitt velde, og me hev høyrt røysti hans midt utor elden; i dag hev me set at ein mann kann liva um Gud hev tala med honom.
25 ၂၅ သို့ရာတွင်အကျွန်ုပ်တို့သည် အဘယ်ကြောင့် အရဲစွန့်၍အသေခံရမည်နည်း။ ထိုကြောက် မက်ဖွယ်မီးကြီးကြောင့် အကျွန်ုပ်တို့သည် ပျက်စီးဆုံးရှုံးရကြပါလိမ့်မည်။ အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရား၏ အသံတော်ကိုထပ်၍ကြားရလျှင်အကျွန်ုပ် တို့သေရပါလိမ့်မည်။-
Og so lyt me døy like vel! For denne svære elden kjem til å tyna oss. Høyrer me no lenger på røysti åt Herren, vår Gud, so døyr me.
26 ၂၆ အသက်ရှင်တော်မူသောဘုရား၏အသံတော် ကိုမီးထဲမှ အကျွန်ုပ်တို့ကဲ့သို့ကြားရပြီးမှ အသက်ရှင်သောလူသတ္တဝါရှိဖူးပါသလော။-
For kven finst det på jordi som hev høyrt den livande Gud tala midt utor elden, som me, og endå fenge liva?
27 ၂၇ ကိုယ်တော်သာချဉ်းကပ်၍အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားမိန့်မှာသမျှ ကိုကြားနာပြီးလျှင် အကျွန်ုပ်တို့အားဆင့် ဆိုတော်မူပါ။ အကျွန်ုပ်တို့သည်အမိန့်တော် ကိုနာခံပါမည်' ဟုလျှောက်ထားကြ၏။
Gakk du innåt, og høyr kva Herren, vår Gud, segjer! So kann du segja med oss alt det han talar til deg, og me skal høyra og lyda.»
28 ၂၈ ``ထာဝရဘုရားသည်သင်တို့ထိုသို့လျှောက် ထားသောစကားကိုကြားတော်မူလျှင် ငါ့ အား`ငါသည်ဤသူတို့လျှောက်ထားသော စကားကိုကြားရပြီ။ သူတို့ပြောသည့် အတိုင်းမှန်ပေ၏။-
Då Herren høyrde kva de tala med meg um, sagde han til meg: «Eg høyrde kva folket sagde med deg; det er rett alt det dei hev sagt.
29 ၂၉ သူတို့သည်ဤကဲ့သို့ငါ့ကိုအစဉ်ကြောက်ရွံ့ ရိုသေ၍ ငါ၏ပညတ်တော်အားလုံးကိုစောင့်ထိန်း ကြမည်ဆိုလျှင် သူတို့နှင့်သူတို့၏အဆက် အနွယ်များသည်ထာဝစဉ်ကောင်းစားကြ လိမ့်မည်။-
Gjev dei all tid måtte hava den same hugen til å ottast meg og halda alle bodi mine, so det kann ganga deim og borni deira vel i all æva!
30 ၃၀ ယခုမိမိတို့တဲအိမ်များသို့ပြန်ကြရန် သူတို့အားပြောလော့။-
Gakk burt til deim og seg at dei kann ganga heim att til buderne sine.
31 ၃၁ သင်ကိုယ်တိုင်မူကားငါနှင့်အတူနေရစ်လော့။ ငါပေးမည့်ပြည်တွင်သူတို့လိုက်နာစောင့်ထိန်း ရန် ပညတ်တော်များနှင့်ပြဋ္ဌာန်းချက်ရှိသမျှ ကိုသင့်အားငါဆင့်ဆိုမည်။ ထိုပညတ်တော် များနှင့်ပြဋ္ဌာန်းချက်များကိုသူတို့အား သွန်သင်လော့' ဟု မိန့်တော်မူ၏။-
Men du lyt vera att her hjå meg, so eg kann segja deg alle bodi og loverne og rettarne som du skal læra deim, og som dei skal liva etter i det landet eg gjev deim til eiga.»
32 ၃၂ ``ဣသရေလအမျိုးသားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း လိုက်နာရမည်။ မည်သည့်ပညတ်တော်ကိုမျှမချိုး ဖောက်နှင့်။-
So kom då i hug å gjera som Herren, dykkar Gud, hev sagt dykk! Tak ikkje or leidi, korkje til høgre eller vinstre!
33 ၃၃ သင်တို့ဝင်ရောက်သိမ်းယူမည့်ပြည်တွင်ကောင်း စား၍ ဆက်လက်နေထိုင်ရန်ပညတ်တော်ရှိ သမျှကိုလိုက်နာစောင့်ထိန်းရကြမည်။
Fylg allstødt den vegen som Herren hev synt dykk! Då skal de trivast og liva både vel og lenge i det landet de fær til eiga.